Premier League Transfer News

2 Aug နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်ပရိသတ်တွေအနေနဲ့ ချဲလ်ဆီးနဲ့ပွဲမှာ လူစားဝင်လာပြီး ဂိုးဝင်နိုင်မယ့် အခွင့်အရေး ၂ ကြိမ်လောက်ကို ရှင်းထုတ်နိုင်ခဲ့တဲ့ ပေါင် သန်း ၅၀ တန် နောက်ခံလူသစ် ဘန်ဝှိုက်အတွက် နှစ်ထောင်းအားရဖြစ်နေကြပြီး ဂိုးသမား ဘန်းဒ် လီနိုကိုတော့ တော်ပါတော့လို့ပဲ ဆိုနေကြ။

– ပရီးမီးယားလိဂ်ကနေ နှစ်ရာသီဆက်တိုက် တန်းဆင်းထားခဲ့ရတဲ့ ကစားသမားဖြစ်ပေမယ့် ဂိုးပေါက်ကာကွယ်မှုအများဆုံးနဲ့ ရဲရင့်တဲ့ ပုံစံကို ပြသထားတဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက် ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်အနေနဲ့ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့လိုကြောင်း နီးစပ်ရာ အသိုင်းအဝိုင်းကို ပြောကြားထားတယ်လို့ သတင်းထွက်လာ။

– အာဆင်နယ်အသင်းမှာ ကွင်းလယ်လူ ဂရာနစ် ချာကာ ဆက်ရှိဖို့ ရာခိုင်နှုန်း ၉၀ နဲ့ အထက်မှာ ရှိနေပြီလို့ သိရပြီး ရိုးမားနဲ့ ချိတ်ဆက်နေတဲ့ ဆွစ်ဇာလန်သားအနေနဲ့ သူ့ရဲ့ အင်စတာဂရမ်မှာ “အိမ်ပြန်ရောက်လာတဲ့ ခံစားမှုက ကောင်းလိုက်တာ”လို့ အသင်းနဲ့ ပူးပေါင်းအပြီးမှာ ရေးသားသွားခဲ့။

– ချဲလ်ဆီးနဲ့ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာရရှိသွားခဲ့တဲ့ သောမတ်စ် ပါတေးရဲ့ အခြေအနေက ထင်တာထက် ဆိုးရွားတယ်လို့ နည်းပြ မီခယ်လ် အာတီတာက စိတ်ပျက်လက်ပျက် အတည်ပြုသွားခဲ့ပြီး မာကျောလှပါတယ်ဆိုတဲ့ ဂါနာသားအနေနဲ့ အင်္ဂလန်မှာ ထင်သလောက် ကြံ့ခိုင်မှု မပြသနိုင်သလို ပြီးခဲ့တဲ့ ရာသီကလည်း အသင်းရဲ့ ပွဲစဉ် ၂၀ လောက်ကို လွဲချော်ထားခဲ့။

– ပြီးခဲ့တဲ့ ချဲလ်ဆီးနဲ့ပွဲမှာ ခံစစ်ကစားပုံ လျော့တိလျော့ရဲဖြစ်ခဲ့တဲ့ အာဆင်နယ်နောက်တန်းမှာ တမ်မီ အေဘရာဟမ် ဂိုးသွင်းယူနိုင်ဖို့ တိတိကျကျ နောက်ပြန်ပေးခဲ့တဲ့ ဟက်တာ ဘယ်လာရင်ကို ပရိသတ်တွေက အသင်းကနေ ထွက်သွားဖို့ တောင်းဆိုနေကြပြီး အလိုမရှိဘူးလို့ ပေါက်ကွဲခဲ့ကြ။

– အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းနှစ်သင်းအနေနဲ့ ဝုလ်ဗာဟမ့်ပ်တန်ကွင်းလယ်လူ ရူဘင် နီဗက်စ်အတွက် မကြာခင် အချိန်တွင်းမှာ ပြိုင်ဆိုင်ခေါ်ယူလာနိုင်ဖွယ်ရှိနေကြတယ်လို့ အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက ပြောကြား လိုက်ပြီး ဘယ်သူတွေ ထွက်ခွာမလဲဆိုတဲ့ အပေါ်မှာလည်း မူတည်တယ်လို့ သုံးသပ်ပြောကြားသွားခဲ့။

– အာဆင်နယ်အသင်းဘက်က ကမ်းလှမ်းထားတဲ့ ပေါင်သန်း ၆၀ ကို အင်တာမီလန်အသင်းက ပယ်ချလိုက်ပြီးတဲ့နောက် သူတို့ရဲ့ တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၇၆.၈ သန်း (ယူရိုသန်း ၉၀) ကျသင့်လိမ့်မယ်လို့ ဈေးနှုန်းသတ်မှတ် အကြောင်း ပြန်သွားခဲ့။

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကို ပေါင် ၁၅ သန်း ရရှိရင် ထွက်ခွာခွင့်ပေးသွားမယ့် နောက်ဆုံးအခြေအနေကြောင့် အက်သလက်တီကို မက်ဒရစ်အသင်းက စိတ်ဝင်စားလာခဲ့ပြီး ကစားသမားသစ်တွေ ခေါ်ယူရာမှာ ဘဏ္ဏာရေး ချိန်ခွင်လျှာကို ထိန်းညှိနိုင်ဖို့ အလျင်အမြန် ရောင်းချသွားဖို့ အမ်းမရိတ်ဘက်က စီစဉ်နေ။

– အာဆင်နယ်အသင်းရဲ့ ပေးခဲ့ရတဲ့ ဂိုးတွေအတွက် နည်းပြ မီခယ်လ် အာတီတာက စိတ်ပျက်နေပြီး ဘောလုံးပေးပို့မှုလေး နှစ်ကြိမ်လောက်နဲ့ သူတို့ရဲ့ ခံစစ်ကို တစ်ဖက်အသင်းက ဂိုးသွင်းသွားနိုင်တာလားလို့ မေးခွန်းထုတ်လိုက်သလို အသင်းရဲ့ ခံစစ်နေရာယူပုံတွေ ဆိုးရွားမှုအတွက် မကျေမနပ်ဖြစ်နေကြောင်း ချဲလ်ဆီးနဲ့ ရှုံးပွဲအပြီးမှာ ဝေဖန်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ ခ်ဲလ္ဆီးနဲ႔ပြဲမွာ လူစားဝင္လာၿပီး ဂိုးဝင္ႏိုင္မယ့္ အခြင့္အေရး ၂ ႀကိမ္ေလာက္ကို ရွင္းထုတ္ႏိုင္ခဲ့တဲ့ ေပါင္ သန္း ၅၀ တန္ ေနာက္ခံလူသစ္ ဘန္ဝႈိက္အတြက္ ႏွစ္ေထာင္းအားရျဖစ္ေနၾကၿပီး ဂိုးသမား ဘန္းဒ္ လီႏိုကိုေတာ့ ေတာ္ပါေတာ့လို႔ပဲ ဆိုေနၾက။

– ပရီးမီးယားလိဂ္ကေန ႏွစ္ရာသီဆက္တိုက္ တန္းဆင္းထားခဲ့ရတဲ့ ကစားသမားျဖစ္ေပမယ့္ ဂိုးေပါက္ကာကြယ္မႈအမ်ားဆုံးနဲ႔ ရဲရင့္တဲ့ ပုံစံကို ျပသထားတဲ့ ရွက္ဖီးလ္ဒ္ယူႏိုက္တက္ ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္အေနနဲ႔ အာဆင္နယ္အသင္းဆီ ေျပာင္းေ႐ႊ႕လိုေၾကာင္း နီးစပ္ရာ အသိုင္းအဝိုင္းကို ေျပာၾကားထားတယ္လို႔ သတင္းထြက္လာ။

– အာဆင္နယ္အသင္းမွာ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာ ဆက္ရွိဖို႔ ရာခိုင္ႏႈန္း ၉၀ နဲ႔ အထက္မွာ ရွိေနၿပီလို႔ သိရၿပီး ႐ိုးမားနဲ႔ ခ်ိတ္ဆက္ေနတဲ့ ဆြစ္ဇာလန္သားအေနနဲ႔ သူ႔ရဲ႕ အင္စတာဂရမ္မွာ “အိမ္ျပန္ေရာက္လာတဲ့ ခံစားမႈက ေကာင္းလိုက္တာ”လို႔ အသင္းနဲ႔ ပူးေပါင္းအၿပီးမွာ ေရးသားသြားခဲ့။

– ခ်ဲလ္ဆီးနဲ႔ပြဲမွာ ေျခက်င္းဝတ္ဒဏ္ရာရရွိသြားခဲ့တဲ့ ေသာမတ္စ္ ပါေတးရဲ႕ အေျခအေနက ထင္တာထက္ ဆိုး႐ြားတယ္လို႔ နည္းျပ မီခယ္လ္ အာတီတာက စိတ္ပ်က္လက္ပ်က္ အတည္ျပဳသြားခဲ့ၿပီး မာေက်ာလွပါတယ္ဆိုတဲ့ ဂါနာသားအေနနဲ႔ အဂၤလန္မွာ ထင္သေလာက္ ႀကံ့ခိုင္မႈ မျပသႏိုင္သလို ၿပီးခဲ့တဲ့ ရာသီကလည္း အသင္းရဲ႕ ပြဲစဥ္ ၂၀ ေလာက္ကို လြဲေခ်ာ္ထားခဲ့။

– ၿပီးခဲ့တဲ့ ခ်ဲလ္ဆီးနဲ႔ပြဲမွာ ခံစစ္ကစားပုံ ေလ်ာ့တိေလ်ာ့ရဲျဖစ္ခဲ့တဲ့ အာဆင္နယ္ေနာက္တန္းမွာ တမ္မီ ေအဘရာဟမ္ ဂိုးသြင္းယူႏိုင္ဖို႔ တိတိက်က် ေနာက္ျပန္ေပးခဲ့တဲ့ ဟက္တာ ဘယ္လာရင္ကို ပရိသတ္ေတြက အသင္းကေန ထြက္သြားဖို႔ ေတာင္းဆိုေနၾကၿပီး အလိုမရွိဘူးလို႔ ေပါက္ကြဲခဲ့ၾက။

– အာဆင္နယ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းႏွစ္သင္းအေနနဲ႔ ဝုလ္ဗာဟမ့္ပ္တန္ကြင္းလယ္လူ ႐ူဘင္ နီဗက္စ္အတြက္ မၾကာခင္ အခ်ိန္တြင္းမွာ ၿပိဳင္ဆိုင္ေခၚယူလာႏိုင္ဖြယ္ရွိေနၾကတယ္လို႔ အေျပာင္းအေ႐ႊ႕ ကြၽမ္းက်င္သူ ဂ်ာနယ္လစ္ ဖာဘရီဇီယို ႐ိုမာႏိုက ေျပာၾကား လိုက္ၿပီး ဘယ္သူေတြ ထြက္ခြာမလဲဆိုတဲ့ အေပၚမွာလည္း မူတည္တယ္လို႔ သုံးသပ္ေျပာၾကားသြားခဲ့။

– အာဆင္နယ္အသင္းဘက္က ကမ္းလွမ္းထားတဲ့ ေပါင္သန္း ၆၀ ကို အင္တာမီလန္အသင္းက ပယ္ခ်လိုက္ၿပီးတဲ့ေနာက္ သူတို႔ရဲ႕ တိုက္စစ္မႉး ေလာ္တာ႐ို မာတီနက္ဇ္အတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၇၆.၈ သန္း (ယူ႐ိုသန္း ၉၀) က်သင့္လိမ့္မယ္လို႔ ေဈးႏႈန္းသတ္မွတ္ အေၾကာင္း ျပန္သြားခဲ့။

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္ကို ေပါင္ ၁၅ သန္း ရရွိရင္ ထြက္ခြာခြင့္ေပးသြားမယ့္ ေနာက္ဆုံးအေျခအေနေၾကာင့္ အက္သလက္တီကို မက္ဒရစ္အသင္းက စိတ္ဝင္စားလာခဲ့ၿပီး ကစားသမားသစ္ေတြ ေခၚယူရာမွာ ဘဏၰာေရး ခ်ိန္ခြင္လွ်ာကို ထိန္းညႇိႏိုင္ဖို႔ အလ်င္အျမန္ ေရာင္းခ်သြားဖို႔ အမ္းမရိတ္ဘက္က စီစဥ္ေန။

– အာဆင္နယ္အသင္းရဲ႕ ေပးခဲ့ရတဲ့ ဂိုးေတြအတြက္ နည္းျပ မီခယ္လ္ အာတီတာက စိတ္ပ်က္ေနၿပီး ေဘာလုံးေပးပို႔မႈေလး ႏွစ္ႀကိမ္ေလာက္နဲ႔ သူတို႔ရဲ႕ ခံစစ္ကို တစ္ဖက္အသင္းက ဂိုးသြင္းသြားႏိုင္တာလားလို႔ ေမးခြန္းထုတ္လိုက္သလို အသင္းရဲ႕ ခံစစ္ေနရာယူပုံေတြ ဆိုး႐ြားမႈအတြက္ မေက်မနပ္ျဖစ္ေနေၾကာင္း ခ်ဲလ္ဆီးနဲ႔ ရႈံးပြဲအၿပီးမွာ ေဝဖန္သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.