Premier League Transfer News

ကစားသမားနှစ်ဦးကို သဘောတူပြီး တတိယတစ်ဦးအတွက် အလုပ်များနေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်နဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်တို့ကို ခေါ်ယူဖို့ သဘောတူညီမှုတွေရပြီလို့ သတင်းထွက်လာခဲ့အပြီးမှာ ချူဆီထည့်လိုက်သလို လှုပ်ရှားသွက်လက်သွားတဲ့ အပြောင်းအရွှေ့ဌာနအနေနဲ့ စက်တင်ဘာလ ၂ ရက်နေ့ Transfer Windows ပိတ်ချိန်အထိ အလုပ်များသွားဖို့ ရှိနေပါတယ်။

ကစားသမားနှစ်ဦးအတွက် ကနဦးပေးချေမှု ပေါင်သန်း ၅၀ ကျော် သုံးစွဲမယ့် အာဆင်နယ်အသင်းအနေနဲ့ အသင်းကို သတင်းမပို့ဘဲ ထွက်ပြေးနေတဲ့ ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားကိုလည်း ရောင်းချသွားဖို့ ကြိုးစားနေသလို သူ့ဆီက ရတဲ့ ငွေကြေးနဲ့ ကစားသမားသစ်တွေအတွက် ရန်ပုံငွေဖို့ ကြိုးစားနေပါတယ်။

နောက်ဆုံးသတင်းတွေအရတော့ ရိုးမားနည်းပြ ဂျိုဆေး မော်ရင်ညိုအနေနဲ့ ဂရာနစ် ချာကာကို လက်လွှတ်ခဲ့ရအပြီးမှာ မြောက်လန်ဒန်နဲ့ အဆင်မပြေတော့တဲ့ ဥရုဂွေးသားကို အလိုရှိနေသလို အာဆင်နယ်ပရိသတ်တွေကလည်း စည်းကမ်းကိုင်ရင်ကိုင် မကိုင်နိုင်ရင် စောစောစီးစီး ကန်ထုတ်စေဖို့ ဆန္ဒရှိနေပြီး ပေါင် ၁၅ သန်းကနေ သန်း ၂၀ ကြားမှာ အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ ကယ်လ်စယို မာကာတိုက ဖော်ပြလိုက်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့လည်း တော်ရဲရားကို ရောင်းထုတ်ဖို့ တတ်စွမ်းသမျှ လုပ်ဆောင်နေပြီး အသင်းနဲ့ အပြန်အလှန် ပြိုကွဲနေတဲ့ ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ဖို့ မဖြစ်နိုင်တော့သလို နည်းပြ မီခယ်လ် အာတီတာရဲ့ ကစားကွက်မှာလည်း အံမဝင်တာကြောင့် သူ့ကို အလိုရှိနေတဲ့ ပေါ်တူဂီသားကြီးနဲ့ ပူးပေါင်းမလား၊ ဘိုကာဂျူနီယာလား အက်သလက်တီကို မက်ဒရစ်လားတော့ စောင့်ကြည့်ရမှာပါ။

စောင့်ကြည့်သူတွေကတော့ အာဆင်နယ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းက အော်ဒီဂွါဒ်နဲ့ ရမ်းစ်ဒေးလ်တို့ကို သဘောတူညီအပြီး တတိယတစ်ယောက်ကိုပါ ရရှိနိုင်ဖို့ လျှို့လျှို့ဝှက်ဝှက် ကြိုးစားနေတယ်လို့ ဆိုခဲ့သလို ခန့်မှန်းမှုတွေကတော့ စတင်နေပြီး စပိန်ဘက်က ကစားသမားတွေ ဖြစ်နိုင်တယ်လို့လည်း ဆိုနေကြပါတယ်။

အာဆင်နယ်တို့အနေနဲ့ ဘာစီလိုနာနဲ့ နောက်ထပ် အလဲအထပ်တစ်ခုကို ဖန်တီးသွားဖို့ ရှိနေသလို ဟက်တာ ဘယ်လာရင်နဲ့ အီမာဆန် ရွိုင်ယယ်လ်တို့ကို ညာနောက်ခံလူချင်း တိုက်ရိုက်လဲလှယ်သွားဖို့ နှစ်သင်းကြား အဆိုပြုထားတယ်လို့ သိရပြီး လူငယ်ကွင်းလယ်လူ အီလေ့စ် မိုရီဘာအတွက်လည်း လီဗာပူးလ်အသင်းနဲ့ ပြိုင်ဆိုင်သွားဖို့ ရှိနေတာပါ။

ဘက်တစ်အသင်းမှာ ခြေစွမ်းပြခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် ဘရာဇီးလ်သား အီမာဆန်နဲ့ လူငယ်အသင်းမှာ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေတဲ့ ပေါင် ၁၂.၇၅ သန်းတန် မိုရီဘာတို့ကို အာဆင်နယ်တို့ ခေါ်ယူနိုင်ဖို့ အခြေအနေပေးလာနိုင်သလို တော်ရဲရားကို စီးရီးအေကလပ်တွေ ဖြစ်ကြတဲ့ ဖီအိုရင်တီးနား၊ လာဇီယိုတို့ကပါ အလိုရှိနေချိန်မှာ အပြောင်းအရွှေ့ဌာနကတော့ အလုပ်များဦးမှာဖြစ်ပြီး ကစားသမားအဝင်အထွက်က မထင်မှတ်ဘဲ များပြားသွားနိုင်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္းမွာ ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္နဲ႔ ရွက္ဖီးလ္ဒ္ယူႏိုက္တက္ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္တို႔ကို ေခၚယူဖို႔ သေဘာတူညီမႈေတြရၿပီလို႔ သတင္းထြက္လာခဲ့အၿပီးမွာ ခ်ဴဆီထည့္လိုက္သလို လႈပ္ရွားသြက္လက္သြားတဲ့ အေျပာင္းအေ႐ႊ႕ဌာနအေနနဲ႔ စက္တင္ဘာလ ၂ ရက္ေန႔ Transfer Windows ပိတ္ခ်ိန္အထိ အလုပ္မ်ားသြားဖို႔ ရွိေနပါတယ္။

ကစားသမားႏွစ္ဦးအတြက္ ကနဦးေပးေခ်မႈ ေပါင္သန္း ၅၀ ေက်ာ္ သုံးစြဲမယ့္ အာဆင္နယ္အသင္းအေနနဲ႔ အသင္းကို သတင္းမပို႔ဘဲ ထြက္ေျပးေနတဲ့ ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားကိုလည္း ေရာင္းခ်သြားဖို႔ ႀကိဳးစားေနသလို သူ႔ဆီက ရတဲ့ ေငြေၾကးနဲ႔ ကစားသမားသစ္ေတြအတြက္ ရန္ပုံေငြဖို႔ ႀကိဳးစားေနပါတယ္။

ေနာက္ဆုံးသတင္းေတြအရေတာ့ ႐ိုးမားနည္းျပ ဂ်ိဳေဆး ေမာ္ရင္ညိဳအေနနဲ႔ ဂရာနစ္ ခ်ာကာကို လက္လႊတ္ခဲ့ရအၿပီးမွာ ေျမာက္လန္ဒန္နဲ႔ အဆင္မေျပေတာ့တဲ့ ဥ႐ုေဂြးသားကို အလိုရွိေနသလို အာဆင္နယ္ပရိသတ္ေတြကလည္း စည္းကမ္းကိုင္ရင္ကိုင္ မကိုင္ႏိုင္ရင္ ေစာေစာစီးစီး ကန္ထုတ္ေစဖို႔ ဆႏၵရွိေနၿပီး ေပါင္ ၁၅ သန္းကေန သန္း ၂၀ ၾကားမွာ အေရာင္းအဝယ္ျဖစ္ႏိုင္တယ္လို႔ ကယ္လ္စယို မာကာတိုက ေဖာ္ျပလိုက္ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔လည္း ေတာ္ရဲရားကို ေရာင္းထုတ္ဖို႔ တတ္စြမ္းသမွ် လုပ္ေဆာင္ေနၿပီး အသင္းနဲ႔ အျပန္အလွန္ ၿပိဳကြဲေနတဲ့ ဆက္ဆံေရးကို ျပန္လည္တည္ေဆာက္ဖို႔ မျဖစ္ႏိုင္ေတာ့သလို နည္းျပ မီခယ္လ္ အာတီတာရဲ႕ ကစားကြက္မွာလည္း အံမဝင္တာေၾကာင့္ သူ႔ကို အလိုရွိေနတဲ့ ေပၚတူဂီသားႀကီးနဲ႔ ပူးေပါင္းမလား၊ ဘိုကာဂ်ဴနီယာလား အက္သလက္တီကို မက္ဒရစ္လားေတာ့ ေစာင့္ၾကည့္ရမွာပါ။

ေစာင့္ၾကည့္သူေတြကေတာ့ အာဆင္နယ္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္းက ေအာ္ဒီဂြါဒ္နဲ႔ ရမ္းစ္ေဒးလ္တို႔ကို သေဘာတူညီအၿပီး တတိယတစ္ေယာက္ကိုပါ ရရွိႏိုင္ဖို႔ လွ်ိဳ႕လွ်ိဳ႕ဝွက္ဝွက္ ႀကိဳးစားေနတယ္လို႔ ဆိုခဲ့သလို ခန႔္မွန္းမႈေတြကေတာ့ စတင္ေနၿပီး စပိန္ဘက္က ကစားသမားေတြ ျဖစ္ႏိုင္တယ္လို႔လည္း ဆိုေနၾကပါတယ္။

အာဆင္နယ္တို႔အေနနဲ႔ ဘာစီလိုနာနဲ႔ ေနာက္ထပ္ အလဲအထပ္တစ္ခုကို ဖန္တီးသြားဖို႔ ရွိေနသလို ဟက္တာ ဘယ္လာရင္နဲ႔ အီမာဆန္ ႐ြိဳင္ယယ္လ္တို႔ကို ညာေနာက္ခံလူခ်င္း တိုက္႐ိုက္လဲလွယ္သြားဖို႔ ႏွစ္သင္းၾကား အဆိုျပဳထားတယ္လို႔ သိရၿပီး လူငယ္ကြင္းလယ္လူ အီေလ့စ္ မိုရီဘာအတြက္လည္း လီဗာပူးလ္အသင္းနဲ႔ ၿပိဳင္ဆိုင္သြားဖို႔ ရွိေနတာပါ။

ဘက္တစ္အသင္းမွာ ေျခစြမ္းျပခဲ့တဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ ဘရာဇီးလ္သား အီမာဆန္နဲ႔ လူငယ္အသင္းမွာ စာခ်ဳပ္သက္တမ္းတိုးဖို႔ အဆင္မေျပတဲ့ ေပါင္ ၁၂.၇၅ သန္းတန္ မိုရီဘာတို႔ကို အာဆင္နယ္တို႔ ေခၚယူႏိုင္ဖို႔ အေျခအေနေပးလာႏိုင္သလို ေတာ္ရဲရားကို စီးရီးေအကလပ္ေတြ ျဖစ္ၾကတဲ့ ဖီအိုရင္တီးနား၊ လာဇီယိုတို႔ကပါ အလိုရွိေနခ်ိန္မွာ အေျပာင္းအေ႐ႊ႕ဌာနကေတာ့ အလုပ္မ်ားဦးမွာျဖစ္ၿပီး ကစားသမားအဝင္အထြက္က မထင္မွတ္ဘဲ မ်ားျပားသြားႏိုင္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.