Premier League

အာတီတာအတွက် ပေါင်သန်း ၁၅၀ ကျော် သုံးစွဲထားပြီးတဲ့ ဂန်းနားတို့ရဲ့ အကြီးမားဆုံးအမှားတခုက ဘာလဲ?

ဂန်းနားနည်းပြ မီခေးလ် အာတီတာကို ခန့်အပ်ပြီးကတည်းက အာဆင်နယ်အနေနဲ့ တနှစ်ခွဲအတွင်း ပေါင်သန်း ၁၅၀ ကျော် အထိ သုံးစွဲထားခဲ့ပြီးဖြစ်ပေမယ့် အသင်းတာဝန်ရှိသူတွေဟာ လူသစ်ဝယ်ယူရေးမှာတော့ မဟာအမှားတခုကို ကျူးလွန်ထားခဲ့ပါတယ်။ အာဆင်နယ်ပရိသတ်တွေအမြင်မှာ အသင်းပိုင်ရှင် ခရွန်ကီအုပ်စုက ခွက်ကျလွန်းတယ်လို့ ရှုမြင်ခံထားရပေမယ့် ဒါက အဖြေမဟုတ်ခဲ့ပါဘူး။

မန်ချက်စတာစီးတီး၊ ချယ်လ်ဆီးတို့လို အသင်းတွေနဲ့ ယှဉ်လိုက်ရင် အာဆင်နယ်ရဲ့ အပြောင်းအရွေ့သုံးစွဲမှုစရိတ်က သန်း ၁၅၀ ( မကြာခင်ခေါ်ယူမယ့် အော်ဒီဂွါဒ်နဲ့အာရွန်ရမ်စ်ဒေးတို့အတွက် ပေါင် ၅၄ သန်းပေါင်းလျှင် ပေါင်သန်း၂၀၀ ကျော်) ဆိုတာ မနည်းလွန်းသလို ဒါဟာ နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးအတွက် ငွေထုတ်ပေးခဲ့တာတောင် ပိုနေတယ်လို့ သိရပြီး ဘန်ဝှိုက်၊ သောမတ်စ် ပါတေးတို့လို အဓိကအပြောင်းအရွှေ့တွေကိုလည်း အောင်မြင်ခဲ့သေးတာဖြစ်ပါတယ်။

နည်းပြအာတီတာနဲ့ နည်းစနစ်ဒါရိုက်တာအီဒူးတို့ခေါ်ယူခဲ့တဲ့ လူစာရင်းကိုကြည့်ရင် ဆစ်ဒရစ် ဆောရက်စ်၊ ပါဘလို မာရီ၊ ရူနာ အဲလက်စ် ရူနာဆန်၊ ဝီလီယံ၊ ဂါဘရီယယ်လ်၊ သောမတ်စ် ပါတေး၊ နူနို တာဗာရက်စ်၊ အဲလ်ဘတ် ဆန်ဘီ လာကွန်ဂါတို့အပြင် လက်ရှိ ပေါင်သန်း ၅၀ တန် အသက် ၂၃ နှစ်သား ဘန်ဝှိုက်တို့အထိ မြင်တွေ့ရမှာဖြစ်ပြီး တိုက်စစ်အားဖြည့်မှုအပိုင်းမှာတော့ ဘရာဇီးလ်သား ဝီလီယံတဦးတည်းသာ ရှိထားခဲ့ပါတယ်။

အဆိုပါ အသက် ၃၃ နှစ် ဘရာဇီးလ်သားကိုလည်း အလွတ်နဲ့ရခဲ့သော်ငြား အမှိုက်ဖြစ်ခဲ့တယ်လို့ဆိုရင် မလွန်နိုင်သလို လစာကုန်တာသာ အဖတ်တင်ခဲ့ပြီး အာဆင်နယ်အသင်းအနေနဲ့ တိုက်စစ်ပိုင်းအတွက် တပြားမှ ထုတ်မသုံးသေးတာကို ထင်ထင်ရှားရှား တွေ့ရချိန်မှာ ပြီးခဲ့တဲ့ရာသီမှာ ဂိုးသွင်းအားကလည်း ကမ်းကုန်အောင် တွင်းဆုံးကျခဲ့တာပါ။

ဒီလိုမဟာအမှားမျိုးကို အခုနှစ်နွေအပြောင်းအရွှေ့မှာလည်း ဆက်လက်ကျူးလွန်ခဲ့တာကို မြင်နေရတာဖြစ်ပြီး ခံစစ်ပိုင်းက မန်ချက်စတာစီးတီး၊ ချယ်လ်ဆီးတို့ပြီးရင် ပရီးမီးယားလိဂ်ရဲ့ ပေးဂိုးအနည်းဆုံးအသင်းဖြစ်လာတဲ့အထိ တိုးတက်ခဲ့သလောက် ဘရန့်ဖို့ဒ်ကို ၂ ဂိုးပြတ်ရှူံးခဲ့တဲ့နောက်မှာ လက်ရှိအချိန်အထိ အာဆင်နယ်တိုက်စစ်ကို ယုံစားလို့ မရနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် မှာ ၅၅ ဂိုးသာသွင်းနိုင်ခဲ့သလို ဒါဟာ အာဆင်နယ်အသင်းကို ဥရောပတန်းမဝင်စေခဲ့တဲ့ အဓိကတရားခံအချက်လို့လည်း ဆိုနိုင်သလို အသင်းခေါင်းဆောင် အူဘာမီယန်းအပါအဝင် တိုက်စစ်ပိုင်းက အသက်ငင်နေသလို မြင်တွေ့ခဲ့ရတာက ဂန်းနားပရိသတ်တွေကို မချင့်မရဲနဲ့ ပေါက်ကွဲစေခဲ့ပါတယ်။

တိုက်စစ်မှူးနေရာအတွက် သေချာ အင်အားဖြည့်တင်း ခေါ်ယူမှု မပြုလုပ်သလို ခြေစွမ်းခြေစရှိပြီး ပါဝင်ကစားရတဲ့အချိန်တိုင်း ခြေစွမ်းပြတဲ့ လူငယ်တိုက်စစ်မှူး မာတင်နယ်လီကိုလည်း ပွဲထွက်ခွင့်သေသေချာချာမပေးခဲ့တဲ့ နည်းပြအာတီတာကို နားမလည်နိုင်အောင်ဖြစ်ကြပြီး တိုက်စစ်မှူးစစ်စစ်မပါပဲ ပွဲထွက်ကစားတတ်တဲ့ မန်စီးတီးနည်းပြ ဂွာဒီယိုလာကို အတုခိုးနေလားဆိုပြီးတောင် မေးခွန်းတွေထုတ်နေကြတယ်။

ဒီအပြောင်းအရွှေ့တံခါးမပိတ်ခင်မှာတော့ အာတီတာအနေနဲ့ တိုက်စစ်ကို လက်သွက်ခြေသွက်နဲ့ အားဖြည့်သွားဖို့ တိုက်တွန်းခံထားရပြီး ခံစစ်နဲ့ ကွင်းလယ်က လုံလောက်နေတယ်လို့ ပြောလို့ရချိန်မှာ ကွင်းလယ်အတွက် ထပ်မံအားဖြည့်တဲ့အနေနဲ့ အော်ဒီဂွါဒ်ကို ပေါင်သန်း ၃၀ ခန့်နဲ့ ရီးရဲလ်မက်ဒရစ်ကနေ ခေါ်ယူဖို့ သဘောတူညီချက်ရထားပြီးဖြစ်သလို ဒုတိယဂိုးသမားနေရာအတွက် သုံးစားမရတဲ့ ရူနာဆန်ကို ခေါ်ယူမိခဲ့လို့ ငွေထပ်သုံးရတော့မှာ ဖြစ်ပြီး ယခုအခါ ရှဖီးလ်ယူနိုက်တက်ဂိုးသမား အာရွန်ရမ်စ်ဒေးကိုလည်း ပေါင် ၂၄ သန်းနဲ့ ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

တကယ် အားဖြည့်ရမယ့် အလုပ်မဖြစ်တော့တဲ့ တိုက်စစ်ပိုင်းကိုတော့ အားဖြည့်ဖို့ပြုလုပ်တာမတွေ့ရှိရပဲ ယခုလက်ရှိအထိလည်း ကွင်းလယ်အတွက် အော်ဒီဂွါဒ်နဲ့ ဒုတိယဂိုးသမားနေရာအတွက် ဂိုးသမား အာရွန်ရမ်စ်ဒေးတို့ကိုသာ အားဖြည့်ဖို့ပြုလုပ်နေတာ တွေ့ရပြီး တချိန်က အသင်းတိုင်းကြောက်တဲ့အာဆင်နယ်အသင်းတိုက်စစ်ကို အလုပ်မဖြစ်တဲ့ ဝီလီယံ၊ လာကာဇက်၊ အူဘာမီယန်းတို့နဲ့အတူ ယခုရာသီဖြတ်သန်းဦးမယ်ဆိုရင် ဆက်ပြီးဖွတ်ကျားဖြစ်နေမယ်လို့ သုံးသပ်ဝေဖန်မှုတွေရှိနေတဲ့အပေါ် အာဆင်နယ်အသင်းတာဝန်ရှိသူတွေအနေနဲ့ထင်ရှားနေတဲ့ မဟာအမှားကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာ လာမယ့် ၂ ပတ်အတွင်း ဆက်လက်စောင့်ကြည့်သွားရဦးမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ဂန္းနားနည္းျပ မီေခးလ္ အာတီတာကို ခန႔္အပ္ၿပီးကတည္းက အာဆင္နယ္အေနနဲ႔ တႏွစ္ခြဲအတြင္း ေပါင္သန္း ၁၅၀ ေက်ာ္ အထိ သုံးစြဲထားခဲ့ၿပီးျဖစ္ေပမယ့္ အသင္းတာဝန္ရွိသူေတြဟာ လူသစ္ဝယ္ယူေရးမွာေတာ့ မဟာအမွားတခုကို က်ဴးလြန္ထားခဲ့ပါတယ္။ အာဆင္နယ္ပရိသတ္ေတြအျမင္မွာ အသင္းပိုင္ရွင္ ခ႐ြန္ကီအုပ္စုက ခြက္က်လြန္းတယ္လို႔ ရႈျမင္ခံထားရေပမယ့္ ဒါက အေျဖမဟုတ္ခဲ့ပါဘူး။

မန္ခ်က္စတာစီးတီး၊ ခ်ယ္လ္ဆီးတို႔လို အသင္းေတြနဲ႔ ယွဥ္လိုက္ရင္ အာဆင္နယ္ရဲ႕ အေျပာင္းအေ႐ြ႕သုံးစြဲမႈစရိတ္က သန္း ၁၅၀ ( မၾကာခင္ေခၚယူမယ့္ ေအာ္ဒီဂြါဒ္နဲ႔အာ႐ြန္ရမ္စ္ေဒးတို႔အတြက္ ေပါင္ ၅၄ သန္းေပါင္းလွ်င္ ေပါင္သန္း၂၀၀ ေက်ာ္) ဆိုတာ မနည္းလြန္းသလို ဒါဟာ နည္းျပေဟာင္းႀကီး အာဆင္ဝင္းဂါးအတြက္ ေငြထုတ္ေပးခဲ့တာေတာင္ ပိုေနတယ္လို႔ သိရၿပီး ဘန္ဝႈိက္၊ ေသာမတ္စ္ ပါေတးတို႔လို အဓိကအေျပာင္းအေ႐ႊ႕ေတြကိုလည္း ေအာင္ျမင္ခဲ့ေသးတာျဖစ္ပါတယ္။

နည္းျပအာတီတာနဲ႔ နည္းစနစ္ဒါ႐ိုက္တာအီဒူးတို႔ေခၚယူခဲ့တဲ့ လူစာရင္းကိုၾကည့္ရင္ ဆစ္ဒရစ္ ေဆာရက္စ္၊ ပါဘလို မာရီ၊ ႐ူနာ အဲလက္စ္ ႐ူနာဆန္၊ ဝီလီယံ၊ ဂါဘရီယယ္လ္၊ ေသာမတ္စ္ ပါေတး၊ ႏူႏို တာဗာရက္စ္၊ အဲလ္ဘတ္ ဆန္ဘီ လာကြန္ဂါတို႔အျပင္ လက္ရွိ ေပါင္သန္း ၅၀ တန္ အသက္ ၂၃ ႏွစ္သား ဘန္ဝႈိက္တို႔အထိ ျမင္ေတြ႕ရမွာျဖစ္ၿပီး တိုက္စစ္အားျဖည့္မႈအပိုင္းမွာေတာ့ ဘရာဇီးလ္သား ဝီလီယံတဦးတည္းသာ ရွိထားခဲ့ပါတယ္။

အဆိုပါ အသက္ ၃၃ ႏွစ္ ဘရာဇီးလ္သားကိုလည္း အလြတ္နဲ႔ရခဲ့ေသာ္ျငား အမႈိက္ျဖစ္ခဲ့တယ္လို႔ဆိုရင္ မလြန္ႏိုင္သလို လစာကုန္တာသာ အဖတ္တင္ခဲ့ၿပီး အာဆင္နယ္အသင္းအေနနဲ႔ တိုက္စစ္ပိုင္းအတြက္ တျပားမွ ထုတ္မသုံးေသးတာကို ထင္ထင္ရွားရွား ေတြ႕ရခ်ိန္မွာ ၿပီးခဲ့တဲ့ရာသီမွာ ဂိုးသြင္းအားကလည္း ကမ္းကုန္ေအာင္ တြင္းဆုံးက်ခဲ့တာပါ။

ဒီလိုမဟာအမွားမ်ိဳးကို အခုႏွစ္ေႏြအေျပာင္းအေ႐ႊ႕မွာလည္း ဆက္လက္က်ဴးလြန္ခဲ့တာကို ျမင္ေနရတာျဖစ္ၿပီး ခံစစ္ပိုင္းက မန္ခ်က္စတာစီးတီး၊ ခ်ယ္လ္ဆီးတို႔ၿပီးရင္ ပရီးမီးယားလိဂ္ရဲ႕ ေပးဂိုးအနည္းဆုံးအသင္းျဖစ္လာတဲ့အထိ တိုးတက္ခဲ့သေလာက္ ဘရန႔္ဖို႔ဒ္ကို ၂ ဂိုးျပတ္ရႉံးခဲ့တဲ့ေနာက္မွာ လက္ရွိအခ်ိန္အထိ အာဆင္နယ္တိုက္စစ္ကို ယုံစားလို႔ မရႏိုင္ေသးပါဘူး။

ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ မွာ ၅၅ ဂိုးသာသြင္းႏိုင္ခဲ့သလို ဒါဟာ အာဆင္နယ္အသင္းကို ဥေရာပတန္းမဝင္ေစခဲ့တဲ့ အဓိကတရားခံအခ်က္လို႔လည္း ဆိုႏိုင္သလို အသင္းေခါင္းေဆာင္ အူဘာမီယန္းအပါအဝင္ တိုက္စစ္ပိုင္းက အသက္ငင္ေနသလို ျမင္ေတြ႕ခဲ့ရတာက ဂန္းနားပရိသတ္ေတြကို မခ်င့္မရဲနဲ႔ ေပါက္ကြဲေစခဲ့ပါတယ္။

တိုက္စစ္မႉးေနရာအတြက္ ေသခ်ာ အင္အားျဖည့္တင္း ေခၚယူမႈ မျပဳလုပ္သလို ေျခစြမ္းေျခစရွိၿပီး ပါဝင္ကစားရတဲ့အခ်ိန္တိုင္း ေျခစြမ္းျပတဲ့ လူငယ္တိုက္စစ္မႉး မာတင္နယ္လီကိုလည္း ပြဲထြက္ခြင့္ေသေသခ်ာခ်ာမေပးခဲ့တဲ့ နည္းျပအာတီတာကို နားမလည္ႏိုင္ေအာင္ျဖစ္ၾကၿပီး တိုက္စစ္မႉးစစ္စစ္မပါပဲ ပြဲထြက္ကစားတတ္တဲ့ မန္စီးတီးနည္းျပ ဂြာဒီယိုလာကို အတုခိုးေနလားဆိုၿပီးေတာင္ ေမးခြန္းေတြထုတ္ေနၾကတယ္။

ဒီအေျပာင္းအေ႐ႊ႕တံခါးမပိတ္ခင္မွာေတာ့ အာတီတာအေနနဲ႔ တိုက္စစ္ကို လက္သြက္ေျခသြက္နဲ႔ အားျဖည့္သြားဖို႔ တိုက္တြန္းခံထားရၿပီး ခံစစ္နဲ႔ ကြင္းလယ္က လုံေလာက္ေနတယ္လို႔ ေျပာလို႔ရခ်ိန္မွာ ကြင္းလယ္အတြက္ ထပ္မံအားျဖည့္တဲ့အေနနဲ႔ ေအာ္ဒီဂြါဒ္ကို ေပါင္သန္း ၃၀ ခန႔္နဲ႔ ရီးရဲလ္မက္ဒရစ္ကေန ေခၚယူဖို႔ သေဘာတူညီခ်က္ရထားၿပီးျဖစ္သလို ဒုတိယဂိုးသမားေနရာအတြက္ သုံးစားမရတဲ့ ႐ူနာဆန္ကို ေခၚယူမိခဲ့လို႔ ေငြထပ္သုံးရေတာ့မွာ ျဖစ္ၿပီး ယခုအခါ ရွဖီးလ္ယူႏိုက္တက္ဂိုးသမား အာ႐ြန္ရမ္စ္ေဒးကိုလည္း ေပါင္ ၂၄ သန္းနဲ႔ ေခၚယူဖို႔ ႀကိဳးစားေနတယ္လို႔ သိရပါတယ္။

တကယ္ အားျဖည့္ရမယ့္ အလုပ္မျဖစ္ေတာ့တဲ့ တိုက္စစ္ပိုင္းကိုေတာ့ အားျဖည့္ဖို႔ျပဳလုပ္တာမေတြ႕ရွိရပဲ ယခုလက္ရိွအထိလည္း ကြင္းလယ္အတြက္ ေအာ္ဒီဂြါဒ္နဲ႔ ဒုတိယဂိုးသမားေနရာအတြက္ ဂိုးသမား အာ႐ြန္ရမ္စ္ေဒးတို႔ကိုသာ အားျဖည့္ဖို႔ျပဳလုပ္ေနတာ ေတြ႕ရၿပီး တခ်ိန္က အသင္းတိုင္းေၾကာက္တဲ့အာဆင္နယ္အသင္းတိုက္စစ္ကို အလုပ္မျဖစ္တဲ့ ဝီလီယံ၊ လာကာဇက္၊ အူဘာမီယန္းတို႔နဲ႔အတူ ယခုရာသီျဖတ္သန္းဦးမယ္ဆိုရင္ ဆက္ၿပီးဖြတ္က်ားျဖစ္ေနမယ္လို႔ သုံးသပ္ေဝဖန္မႈေတြရွိေနတဲ့အေပၚ အာဆင္နယ္အသင္းတာဝန္ရွိသူေတြအေနနဲ႔ထင္ရွားေနတဲ့ မဟာအမွားကို ဘယ္လိုကိုင္တြယ္ေျဖရွင္းသြားမလဲဆိုတာ လာမယ့္ ၂ ပတ္အတြင္း ဆက္လက္ေစာင့္ၾကည့္သြားရဦးမွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.