Premier League Transfer News

Breaking News: အော်ဒီဂွါဒ်ကို ရီးရဲလ်နဲ့ သဘောတူညီနိုင်လိုက်ပြီဖြစ်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ဦးစားပေးအပြောင်းအရွှေ့ပစ်မှတ်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်ကို ခေါ်ယူဖို့ ဒီညနေမှာပဲ သဘောတူညီမှု ရရှိခဲ့ပြီး မကြာခင်အချိန်အတွင်း နှစ်ရှည်စာချုပ် ချုပ်ဆိုဖို့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ကနေစပြီး ၆ လတာအတွင်း မြောက်လန်ဒန်အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ နော်ဝေကွင်းလယ်လူဟာ ဘာနေဗျူးကနေ ထွက်ခွာဖို့ စိတ်ပြောင်းလဲခဲ့အပြီးမှာ သူ့ရဲ့ ဘူမိနက်သန်မှန်တဲ့ အမ်းမရိတ်ကိုပဲ ရွေးချယ်ခဲ့တာဖြစ်သလို နည်းပြ မီခယ်လ် အာတီတာနဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးတို့နဲ့လည်း သဘောချင်း ကြိုက်ညီခဲ့တာဖြစ်ပါတယ်။

ဘာနေဗျူးမှာ ပွဲထွက်ခွင့်အတွက် ပြီးခဲ့တဲ့ နှစ်တွေကနဲ့ ဘာမှ ထူးလာတာမျိုး မရှိခဲ့ချိန်မှာ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်ဖန်တီးရှင်ရဲ့ စိတ်က အာဆင်နယ်အသင်းဆီကိုပဲ ရောက်နေခဲ့တာက ရီးရဲလ်မက်ဒရစ်အတွက် ထိုးနှက်ချက်လည်းဖြစ်ခဲ့ပြီး သူတို့ ကနဦးက ပြောထားတဲ့ ဆိုဈေး ပေါင်သန်း ၆၀ ဆိုတာမျိုးကို အိပ်မက်မက်ခွင့်လည်း မရှိတော့တာပါ။

ဒီလိုနဲ့ အော်ဒီဂွါဒ်အတွက် အာဆင်နယ်အသင်းအနေနဲ့ ယူရိုသန်း ၄၀ အောက် လျော့နည်းတဲ့ ပမာဏနဲ့ ခေါ်ယူခွင့် ရရှိနိုင်ခဲ့တယ်လို့ အပြောင်းအရွှေ့ ကျွမ်းကျင်သူ အီတလီဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြခဲ့ပြီး ပုဂ္ဂိုလ်ရေး ဆွေးနွေးမှုတွေကိုလည်း အလျင်အမြန် သဘောတူညီခဲ့သလို ငါးနှစ်စာချုပ် ချုပ်ဆိုသွားဖို့ ရှိတယ်လို့ ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ပြောင်းရွှေ့ကြေး အတိအကျနဲ့ လစာငွေ အတိအကျကိုတော့ ထုတ်ပြန်သေးခြင်း မရှိဘူးလို့ သိရပြီး အော်ဒီဂွါဒ်ရဲ့ ကျောနံပါတ်ကတော့ ဆောင်းရာသီအငှားကာလက သူဝတ်ဆင်ခဲ့ဖူးသလို အသင်းကနေ အခွင့်မရဘဲ လစ်နေပြီး ဥရုဂွေးမှာ ပြောင်ပြောင်တင်းတင်း ဆန္ဒပြနေတဲ့ လူးကပ်စ် တော်ရဲရားရဲ့ နံပါတ် ၁၁ ပဲ ဖြစ်လာနိုင်တယ်လို့လည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ဦးစားေပးအေျပာင္းအေ႐ႊ႕ပစ္မွတ္ျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္ကို ေခၚယူဖို႔ ဒီညေနမွာပဲ သေဘာတူညီမႈ ရရွိခဲ့ၿပီး မၾကာခင္အခ်ိန္အတြင္း ႏွစ္ရွည္စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ လုပ္ငန္းေဆာင္တာေတြကို လုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ေဆာင္းရာသီ အေျပာင္းအေ႐ႊ႕ကေနစၿပီး ၆ လတာအတြင္း ေျမာက္လန္ဒန္အသင္းမွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့ ေနာ္ေဝကြင္းလယ္လူဟာ ဘာေနဗ်ဴးကေန ထြက္ခြာဖို႔ စိတ္ေျပာင္းလဲခဲ့အၿပီးမွာ သူ႔ရဲ႕ ဘူမိနက္သန္မွန္တဲ့ အမ္းမရိတ္ကိုပဲ ေ႐ြးခ်ယ္ခဲ့တာျဖစ္သလို နည္းျပ မီခယ္လ္ အာတီတာနဲ႔ နည္းစနစ္ဒါ႐ိုက္တာ အီဒူးတို႔နဲ႔လည္း သေဘာခ်င္း ႀကိဳက္ညီခဲ့တာျဖစ္ပါတယ္။

ဘာေနဗ်ဴးမွာ ပြဲထြက္ခြင့္အတြက္ ၿပီးခဲ့တဲ့ ႏွစ္ေတြကနဲ႔ ဘာမွ ထူးလာတာမ်ိဳး မရွိခဲ့ခ်ိန္မွာ အသက္ ၂၂ ႏွစ္အ႐ြယ္ ကြင္းလယ္ဖန္တီးရွင္ရဲ႕ စိတ္က အာဆင္နယ္အသင္းဆီကိုပဲ ေရာက္ေနခဲ့တာက ရီးရဲလ္မက္ဒရစ္အတြက္ ထိုးႏွက္ခ်က္လည္းျဖစ္ခဲ့ၿပီး သူတို႔ ကနဦးက ေျပာထားတဲ့ ဆိုေဈး ေပါင္သန္း ၆၀ ဆိုတာမ်ိဳးကို အိပ္မက္မက္ခြင့္လည္း မရွိေတာ့တာပါ။

ဒီလိုနဲ႔ ေအာ္ဒီဂြါဒ္အတြက္ အာဆင္နယ္အသင္းအေနနဲ႔ ယူ႐ိုသန္း ၄၀ ေအာက္ ေလ်ာ့နည္းတဲ့ ပမာဏနဲ႔ ေခၚယူခြင့္ ရရွိႏိုင္ခဲ့တယ္လို႔ အေျပာင္းအေ႐ႊ႕ ကြၽမ္းက်င္သူ အီတလီဂ်ာနယ္လစ္ ဖာဘရီဇီယို ႐ိုမာႏိုက ေဖာ္ျပခဲ့ၿပီး ပုဂၢိဳလ္ေရး ေဆြးေႏြးမႈေတြကိုလည္း အလ်င္အျမန္ သေဘာတူညီခဲ့သလို ငါးႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုသြားဖို႔ ရွိတယ္လို႔ ဆိုခဲ့ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ ေျပာင္းေ႐ႊ႕ေၾကး အတိအက်နဲ႔ လစာေငြ အတိအက်ကိုေတာ့ ထုတ္ျပန္ေသးျခင္း မရွိဘူးလို႔ သိရၿပီး ေအာ္ဒီဂြါဒ္ရဲ႕ ေက်ာနံပါတ္ကေတာ့ ေဆာင္းရာသီအငွားကာလက သူဝတ္ဆင္ခဲ့ဖူးသလို အသင္းကေန အခြင့္မရဘဲ လစ္ေနၿပီး ဥ႐ုေဂြးမွာ ေျပာင္ေျပာင္တင္းတင္း ဆႏၵျပေနတဲ့ လူးကပ္စ္ ေတာ္ရဲရားရဲ႕ နံပါတ္ ၁၁ ပဲ ျဖစ္လာႏိုင္တယ္လို႔လည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.