La Liga Premier League UCL&UEL

ဘလွန်ဒေါဆုကို မက်ဆီမရသင့်ဘဲ ဘယ်သူရသင့်လဲဆိုတာ ပေါ့ဘာနဲ့ တယ်ရီတို့ ဘယ်လို သဘောတူညီသွားကြလဲ

လာမယ့် ၂၀၂၁ ဘလွန်ဒေါဆုရှင် ဘယ်သူဖြစ်လာမလဲလို့ ရင်ခုန်နေကြချိန်မှာ အာဂျင်တီးနားနဲ့ ကိုပါအမေရိကချန်ပီယံဖြစ်ခဲ့တဲ့ GOAT ကြီး လီယွန်နယ် မက်ဆီအတွက် ၅ လေး ၂ လေးနဲ့ တစ်ပေးခံထားရပေမယ့် ချယ်လ်ဆီးဂန္ထဝင်ကစားသမားကြီး ဂျွန်တယ်ရီကတော့ သဘောတူညီခဲ့ခြင်း မရှိပါဘူး။

နောက်ဆုံး ၁၂ နှစ်မှာ မက်ဆီနဲ့ ရော်နယ်လ်ဒိုကတော့ ကြီးစိုးထားပြီး နှစ်ဦးပေါင်း ၁၁ ဆုအထိ ရယူထားတဲ့ ဘလွန်ဒေါဆုကို ဒီဇင်ဘာလမှာ ချီးမြှင့်သွားမှာဖြစ်ပြီး တယ်ရီကတော့ ဒီဆုဟာ ချယ်လ်ဆီးကွင်းလယ်လူ အန်ဂိုလို ကွန်တေနဲ့သာ ထိုက်တန်တယ်လို့ အခိုင်အမာယုံကြည်နေပါတယ်။

LONDON,

ဒီနေရာမှာတော့ သူ့ရဲ့အမြင်ဟာ ​ကွန်တေရဲ့ ပြင်သစ်အသင်းဖော်ဖြစ်တဲ့ မန်ယူနိုက်တက်ကွင်းလယ်လူ ပေါလ်ပေါ့ဘာနဲ့ ထပ်တူကျနေပြီး ချယ်လ်ဆီးအသင်းသာ ချန်ပီယံလိဂ်ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် ကွန်တေကသာ ဘလွန်ဒေါဆုရှင်ဖြစ်လာသင့်တယ်လို့ ၂၀၂၀-၂၁ ချန်ပီယံလိဂ်ပြိုင်ပွဲမပြီးခင်ကတည်းက ကြိုတင်သုံးသပ်ထားခဲ့တာပါ။

ကွန်တေဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဥရောပအဆင့် အင်အားကြီးအသင်းအဖြစ် သတ်မှတ်ခံထားရတဲ့ မန်စီးတီးအသင်းရဲ့ ကစားကွက်ကို တည်မရအောင် ဖျက်ဆီးကစားသွားခဲ့ပြီး တသင်းလုံးရဲ့ တိုက်စစ်လမ်းကြောင်းတွေ မပွင့်အောင် ထိန်းချုပ်ကစားခဲ့သလို ဆီမီးဖိုင်နယ်က ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဥ်၊ ကွာတားအဆင့် အက်သလက်တီကို မက်ဒရစ်တို့နဲ့ ပွဲစဥ်တွေအပြင် ရှုံးထွက်အဆင့်မှာ အကောင်းဆုံးကစားသမားဆုကို ၄ ပွဲအထိ ရယူခဲ့သူလည်းဖြစ်ပါတယ်။

“ချန်ပီယံလိဂ်ဆီမီးအဆင့်မှာ ရော်နယ်လ်ဒိုမပါခဲ့ဘူး။ မက်ဆီမပါခဲ့ဘူး။ ဒါကြောင့် ကွင်းလယ်ကစားသမားတွေရဲ့အစွမ်းကို ကောင်းကောင်းအရသာခံခဲ့ရပါတယ်။ ခံစစ်မှူးတွေရောပေါ့ဗျာ။ တကယ်ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ကျွန်တော်ကတော့ ချယ်လ်ဆီး ချန်ပီယံလိဂ်ဖလားရရင် ကွန်တေဟာလည်း ဘလွန်ဒေါဆုရှင် ဖြစ်သင့်တယ်လို့ ကြိုယူဆထားခဲ့ပြီးသားပါ”လို့ ပေါ့ဘာက ဒီနှစ်အစောပိုင်းမှာ ပြောထားခဲ့ခြင်းဖြစ်ပါတယ်။

ဒါ့အပြင် ဂျွန်တယ်ရီကလည်း “ကွန်တေဆိုတဲ့ ကစားသမားမျိုးက သူတယောက်တည်းနဲ့တင် ၁၁ ယောက်စာ ကစားနေတာပါ။ သူလုပ်ပြနေတဲ့အရာတွေဟာ တကယ့်ကမ္ဘာ့အဆင့် ထိပ်တန်းစစ်စစ်ဆိုတာ သက်သေပြနေပါတယ်။ ကျွန်တော် သူ့ကို ဘလွန်ဒေါဆုရစေချင်ပါတယ်။ သူနဲ့ သိပ်ထိုက်တန်ပါတယ်”

“သူက သိပ်ပြီးလည်း ရိုးသားနှိမ့်ချတတ်တဲ့သူပါ။ သူ့အလုပ်ပဲ သူအာရုံစိုက်လုပ်ဆောင်တယ်။ ကွင်းထဲမှာ သူ့အတွက် ဘာအရှုပ်အရှင်းမှ မရှိတဲ့သူလို့ ဆိုရမှာပေါ့။ ကျွန်တော်မြင်ဖူးသမျှ အကြံ့ခိုင်ဆုံးဘောလုံသမားဖြစ်တာကြောင့် လာမယ့်နှစ်တွေမှာ အခုထက်ပိုတဲ့ ​ခြေစွမ်းကို ပြသဦးမှာပါ။ ချယ်လ်ဆီးက သူ့ကို ဆက်ထိန်းထားသင့်ပါတယ်”လို့ သူ့ရဲ့အမြင်ကို ရှင်းရှင်းလင်းလင်း ပြောသွားခဲ့ပြီး ၂၀၂၁ ဘလွန်ဒေါဆုကို ကွန်တေအတွက် တစ်ပေးသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လာမယ့္ ၂၀၂၁ ဘလြန္ေဒါဆုရွင္ ဘယ္သူျဖစ္လာမလဲလို႔ ရင္ခုန္ေနၾကခ်ိန္မွာ အာဂ်င္တီးနားနဲ႔ ကိုပါအေမရိကခ်န္ပီယံျဖစ္ခဲ့တဲ့ GOAT ႀကီး လီယြန္နယ္ မက္ဆီအတြက္ ၅ ေလး ၂ ေလးနဲ႔ တစ္ေပးခံထားရေပမယ့္ ခ်ယ္လ္ဆီးဂႏၴဝင္ကစားသမားႀကီး ဂြၽန္တယ္ရီကေတာ့ သေဘာတူညီခဲ့ျခင္း မရွိပါဘူး။

ေနာက္ဆုံး ၁၂ ႏွစ္မွာ မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုကေတာ့ ႀကီးစိုးထားၿပီး ႏွစ္ဦးေပါင္း ၁၁ ဆုအထိ ရယူထားတဲ့ ဘလြန္ေဒါဆုကို ဒီဇင္ဘာလမွာ ခ်ီးျမႇင့္သြားမွာျဖစ္ၿပီး တယ္ရီကေတာ့ ဒီဆုဟာ ခ်ယ္လ္ဆီးကြင္းလယ္လူ အန္ဂိုလို ကြန္ေတနဲ႔သာ ထိုက္တန္တယ္လို႔ အခိုင္အမာယုံၾကည္ေနပါတယ္။

LONDON,

ဒီေနရာမွာေတာ့ သူ႔ရဲ႕အျမင္ဟာ ​ကြန္ေတရဲ႕ ျပင္သစ္အသင္းေဖာ္ျဖစ္တဲ့ မန္ယူႏိုက္တက္ကြင္းလယ္လူ ေပါလ္ေပါ့ဘာနဲ႔ ထပ္တူက်ေနၿပီး ခ်ယ္လ္ဆီးအသင္းသာ ခ်န္ပီယံလိဂ္ခ်န္ပီယံျဖစ္ခဲ့မယ္ဆိုရင္ ကြန္ေတကသာ ဘလြန္ေဒါဆုရွင္ျဖစ္လာသင့္တယ္လို႔ ၂၀၂၀-၂၁ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမၿပီးခင္ကတည္းက ႀကိဳတင္သုံးသပ္ထားခဲ့တာပါ။

ကြန္ေတဟာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ဥေရာပအဆင့္ အင္အားႀကီးအသင္းအျဖစ္ သတ္မွတ္ခံထားရတဲ့ မန္စီးတီးအသင္းရဲ႕ ကစားကြက္ကို တည္မရေအာင္ ဖ်က္ဆီးကစားသြားခဲ့ၿပီး တသင္းလုံးရဲ႕ တိုက္စစ္လမ္းေၾကာင္းေတြ မပြင့္ေအာင္ ထိန္းခ်ဳပ္ကစားခဲ့သလို ဆီမီးဖိုင္နယ္က ရီးရဲလ္မက္ဒရစ္နဲ႔ပြဲစဥ္၊ ကြာတားအဆင့္ အက္သလက္တီကို မက္ဒရစ္တို႔နဲ႔ ပြဲစဥ္ေတြအျပင္ ရႈံးထြက္အဆင့္မွာ အေကာင္းဆုံးကစားသမားဆုကို ၄ ပြဲအထိ ရယူခဲ့သူလည္းျဖစ္ပါတယ္။

“ခ်န္ပီယံလိဂ္ဆီမီးအဆင့္မွာ ေရာ္နယ္လ္ဒိုမပါခဲ့ဘူး။ မက္ဆီမပါခဲ့ဘူး။ ဒါေၾကာင့္ ကြင္းလယ္ကစားသမားေတြရဲ႕အစြမ္းကို ေကာင္းေကာင္းအရသာခံခဲ့ရပါတယ္။ ခံစစ္မႉးေတြေရာေပါ့ဗ်ာ။ တကယ္ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ ကြၽန္ေတာ္ကေတာ့ ခ်ယ္လ္ဆီး ခ်န္ပီယံလိဂ္ဖလားရရင္ ကြန္ေတဟာလည္း ဘလြန္ေဒါဆုရွင္ ျဖစ္သင့္တယ္လို႔ ႀကိဳယူဆထားခဲ့ၿပီးသားပါ”လို႔ ေပါ့ဘာက ဒီႏွစ္အေစာပိုင္းမွာ ေျပာထားခဲ့ျခင္းျဖစ္ပါတယ္။

ဒါ့အျပင္ ဂြၽန္တယ္ရီကလည္း “ကြန္ေတဆိုတဲ့ ကစားသမားမ်ိဳးက သူတေယာက္တည္းနဲ႔တင္ ၁၁ ေယာက္စာ ကစားေနတာပါ။ သူလုပ္ျပေနတဲ့အရာေတြဟာ တကယ့္ကမာၻ႔အဆင့္ ထိပ္တန္းစစ္စစ္ဆိုတာ သက္ေသျပေနပါတယ္။ ကြၽန္ေတာ္ သူ႔ကို ဘလြန္ေဒါဆုရေစခ်င္ပါတယ္။ သူနဲ႔ သိပ္ထိုက္တန္ပါတယ္”

“သူက သိပ္ၿပီးလည္း ႐ိုးသားႏွိမ့္ခ်တတ္တဲ့သူပါ။ သူ႔အလုပ္ပဲ သူအာ႐ုံစိုက္လုပ္ေဆာင္တယ္။ ကြင္းထဲမွာ သူ႔အတြက္ ဘာအရႈပ္အရွင္းမွ မရွိတဲ့သူလို႔ ဆိုရမွာေပါ့။ ကြၽန္ေတာ္ျမင္ဖူးသမွ် အႀကံ့ခိုင္ဆုံးေဘာလုံသမားျဖစ္တာေၾကာင့္ လာမယ့္ႏွစ္ေတြမွာ အခုထက္ပိုတဲ့ ​ေျခစြမ္းကို ျပသဦးမွာပါ။ ခ်ယ္လ္ဆီးက သူ႔ကို ဆက္ထိန္းထားသင့္ပါတယ္”လို႔ သူ႔ရဲ႕အျမင္ကို ရွင္းရွင္းလင္းလင္း ေျပာသြားခဲ့ၿပီး ၂၀၂၁ ဘလြန္ေဒါဆုကို ကြန္ေတအတြက္ တစ္ေပးသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.