Premier League

DFLဆူပါဖလားကို ဘိုင်ယန် ၉ ကြိမ်မြောက်ဆွတ်ခူးတဲ့ ဘိုင်ယန် ၃-၁ ဒေါ့မန်ပွဲအပြီး ထုတ်နုတ်ပြောစရာ ၇ ချက်

၂၀၂၁-၂၂ ဂျာမန်ဘွန်ဒက်လီဂါအဖွင့်မှာ မိုချန်ဂလာဘတ်အသင်းကို ၁ ဂိုးစီသရေနဲ့ အမှတ်ခွဲယူခဲ့ရတဲ့ နည်းပြ နာဂယ်စ်မန်းးရဲ့ ဘိုင်ယန်မြူးနစ်အသင်းကတော့ ပြီးခဲ့တဲ့ညက ကစားခဲ့တဲ့ ဂျာမန်ဆူပါဖလားဗိုလ်လုပွဲမှာ ဒေါ့မန်အသင်းကို ၃-၁ နဲ့ အနိုင်ကစားပြီး ဗိုလ်စွဲသွားခဲ့ပါတယ်။

DFB-Pokalချန်ပီယံ ဒေါ့မန်အသင်းဟာ ဆစ်ဂနယ် အီဒူနာကွင်းထဲမှာ အိမ်ကွင်းပရိသတ်အားကို တခဲနက်ရရှိခဲ့ပေမယ့် အိမ်ရှင်ပရိသတ်တွေရှေ့မှာပဲ လက်ရှိဘွန်ဒက်လီဂါချန်ပီယံဘိုင်ယန်မြူးနစ်ကို ဒူးထောက်ခဲ့ရပြီး ဘိုင်ယန်အသင်းကတော့ ၉ ကြိမ်မြောက် ဂျာမန်ဆူပါဖလားကို ကိုင်မြှောက်နိုင်ခဲ့သလို တိုက်စစ်မှူး ရောဘတ် လီဗန်ဒေါ့ဗ်စကီး ခြေစွမ်းပြပြီး ၂ ဂိုးနဲ့ သောမတ်စ်မူလာကလည်း ၁ ဂိုးသွင်းယူပေးခဲ့တဲ့အတွက် နာဂယ်စ်မန်းအတွက်လည်း ဘိုင်ယန်နည်းပြသစ်အဖြစ် ပထမဆုံးအောင်မြင်မှုကို သိမ်းပိုက်နိုင်ခဲ့တာပါ။

ဒေါ့မန်ကို အမှားတွေလုပ်စေခဲ့တဲ့ ဘိုင်ယန်
ရာသီကြိုပြင်ဆင်မှုတွေမှာ အားရစရာမရှိခဲ့သလို ဘွန်ဒက်လီဂါအဖွင့်ပွဲမှာ မိုချန်ဂလာဘတ်ကို သရေသာရခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီနေ့ပွဲမှာတော့ ပုံမှန်ခြေစွမ်းကို ပြန်ရလာခဲ့ပြီး ဂျာမန်ဆူပါဖလားကို သိမ်းပိုက်နိုင်ခဲ့တယ်။ ဆစ်ဂနယ် အီဒူနာကွင်းထဲမှာ နည်းပြ နာဂယ်စ်မန်းရဲ့ လုပ်ပုံကိုင်ပုံတွေကို ပွဲကြည့်စင်မှာ ရှိနေတဲ့ ဘိုင်ယန်အမှုဆောင်ချုပ် အိုလီဗာခန်းကလည်း စောင့်ကြည့်နေခဲ့တာပါ။

တန်ပိုအမြင့်နှုန်းနဲ့ ကစားသွားတဲ့ ဘိုင်ယန်က ဒေါ့မန်ကို အမှားတွေကျူးလွန်စေခဲ့ပြီး ပထမပိုင်း ၄၁ မိနစ်မှာတင် လီဗန်ဒေါ့ဗ်စကီးရဲ့ အဖွင့်ဂိုးကို ရခဲ့တာက အကျိုးဖြစ်ခဲ့သလို ဂိုးသမား နွိုင်ယာရဲ့လက်စွမ်းပြ ကာကွယ်မှုတွေကလည်း အတော်လေးအဖိုးတန်ခဲ့ပြီး ဝေဖန်မှုတွေခံနေရတဲ့ ဂျာမန်ဘီလူးကြီးရဲ့ ရာသီသစ်အတွက် အိပ်မက်တွေလည်း ဆက်လက်ရှင်သန်လာခဲ့ပါတယ်။

လီဗန်ဒေါ့ဗ်စကီး ၂-၀ ဟာလန်း
ဒီပွဲမစခင်မှာ ကွယ်လွန်သူ ဘိုင်ယန်ဂန္ထဝင်တိုက်စစ်မှူးကြီး ဂတ်မူလာအတွက် ဆုတောင်းဂုဏ်ပြုသွားခဲ့ကြပြီး လီဗန်ဒေါ့ဗ်စကီးနဲ့ ဟာလန်းတို့ရဲ့တိုက်ပွဲကလည်း အထူးအာရုံစိုက်စရာဖြစ်ခဲ့ပါတယ်။ ပထမပိုင်းမပြီးခင် ၅ မိနစ်မှာပဲ မန်နူယယ်လ် အာကန်ဂျီရဲ့ အမှားကနေဆင့် ပိုလန်သားရဲ့ဂိုးနဲ့ ဘိုင်ယန်တို့ ဆက်ဦးဆောင်နိုင်ခဲ့ပါတယ်။

ဟာလန်းကတော့ အချိတ်အဆက်မမိတဲ့ တိုက်စစ်မှာ အထီးကျန်နေခဲ့ပြီး ဘိုင်ယန်ဂိုးပေါက်နဲ့ စိတ်ကောက်နေခဲ့သလို ဖြစ်နေခဲ့သလို နွိုင်ယာရဲ့ကာကွယ်မှုတွေကြောင့်လည်း နစ်နာခဲ့ပါသေးတယ်။ လူငယ်လေး နော်ဝေသားခြေစွမ်းမပြနိုင်ချိန်မှာ အသက် ၃၂ နှစ်သား လီဗန်ဒေါ့ဗ်စကီးကတော့ တဦးတည်း ၂ ဂိုးသွင်းယူသွားခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ဖရန့်ဖတ်ကို နိုင်သလို ဘိုင်ယန်မလုပ်ပြနိုင်ခဲ့တဲ့ ဒေါ့မန်နည်းပြ မာကိုရို့စ်ဆာ
ဒေါ့မန်နည်းပြ မာကိုရို့စ်ကတော့ ပြီးခဲ့တဲ့ ဖရန့်ဖတ်နဲ့ပွဲစဉ်မှာ ၅-၂ နဲ့ ဂိုးပြတ်ခြေပြတ်ကစားခဲ့သလိုမျိုး ဘိုင်ယန်ကိုတော့ မစွမ်းနိုင်ခဲ့တာ တွေ့ရပြီး ခံစစ်ပိုင်းက အမှားအယွင်းတွေများသလို မတ်ဟမ်းမဲလ်စ်နဲ့ ရာဖေးလ် ဂွာရဲရိုးတို့ရဲ့ ဗဟိုခံစစ်အတွဲက ဟာကွက်တွေများနေခဲ့တာပါ။

ပထမပိုင်းက ဘိုင်ယန်တိုက်စစ်ရဲ့ ၆၀ ရာခိုင်နှုန်းက အားပျော့နေတဲ့ ဖဲလစ် ပက်စ်လက်ခ်ရဲ့အခြမ်းကနေ ပစ်မှတ်ထားထိုးဖောက်ခဲ့တာဖြစ်ပြီး ၆၄ မိနစ်မှာ အသင်းခေါင်းဆောင် မာကိုရူးစ်ရဲ့ ချေပဂိုးကြောင့် အိမ်ရှင်ပရိသတ်တွေ ပျော်ရွှင်ခွင့်မျှော်လင့်ချက်ခဲ့ရပေမယ့် ဘိုင်ယန်တိုက်စစ်မှူးလီဗန်ဒေါ့ဗ်စကီးကပဲ ပွဲချိန် ၇၄ မိနစ်မှာ ထပ်မံတစ်ဦးသွင်းယူလိုက်တဲ့အတွက် ၃ ဂိုး ၁ ဂိုးဖြစ်သွားခဲ့ပြီး ဒေါ့မန်ပရိသတ်တွေအနေနဲ့ခဏတာပဲ ပျော်ရွှင်ခွင့်ရခဲ့ကြပါတယ်။အရန်ခုံထလာတဲ့ လူသစ်တောင်ပံတိုက်စစ်မှူး ဒွန်ညယ် မာလန်ကလည်း ခြေမပေါ်ခဲ့တဲ့အတွက် နောက်တပတ် ဖရိုင်းဘတ်နဲ့ ကစားရမယ့်ပွဲစဉ်မှာ နည်းပြ မာကိုရို့စ်တယောက် ဖိအားများသွားခဲ့ပြီလို့ ဆိုရမှာပါ။

သာမန်လူတွေကြားထဲ နတ်ဘုရားတပါးအလား လက်စွမ်းပြတဲ့ နွိုင်ယာ
ကမ္ဘာ့အကောင်းဆုံး နံပါတ် ၁ ဂိုးသမားအဖြစ် သတ်မှတ်ခံထားရတဲ့ ဂျာမန်သားကတော့ ဒီနေ့ပွဲမှာ မကုန်ခမ်းသေးတဲ့ သူ့လက်စွမ်းတွေကို နတ်ဘုရားတပါးအလား ထုတ်ပြသွားခဲ့ပြီး ဘိုင်ယန်ရဲ့ အနိုင် ၃ မှတ်မှာ အတော်လေးအရေးပါခဲ့တဲ့ အမြင့်ဆုံးစွမ်းဆောင်ရည်ကို ပြသခဲ့တယ်လို့ ဆိုရမှာပါ။ သာမန်လူတွေကြားထဲ နတ်ဘုရားတပါးအလား လက်စွမ်းပြတဲ့ နွိုင်ယာက ဒီနေ့ဆုဖလားအတွက် အရေးအပါဆုံးလည်းဖြစ်ခဲ့တာပါ။

ပွဲချိန် ၁၉ မိနစ်မှာ မာကိုရူးစ်ရဲ့ တစ်ယောက်ချင်းအတွေ့ အပိုင်ဂိုးရနိုင်မယ့် ကန်သွင်းချက်ကို ခြေစွမ်းပြ ကာကွယ်ပေးသွားခဲ့တဲ့အတွက် ဘိုင်ယန်မြူးနစ်အသင်း ဂိုးမပေးရပဲ တစ်ဂိုးသက်သာခဲ့ပါတယ်။ပွဲချိန် ၁၉ မိနစ်မှာ မာကိုရူးစ်ရဲ့ တစ်ယောက်ချင်းအတွေ့ အပိုင်ဂိုးရနိုင်မယ့် ကန်သွင်းချက်ကို ခြေစွမ်းပြ ကာကွယ်ပေးသွားခဲ့တဲ့အတွက် ဘိုင်ယန်မြူးနစ်အသင်း ဂိုးမပေးရပဲ တစ်ဂိုးသက်သာခဲ့ပါတယ်။

ဟာလန်းကို ကောင်းကောင်းထိန်းသွားတဲ့ အူပါမီကာနို+နစ်ကလပ်စ် ဆူလား အတွဲ
ပြောစရာမလိုဘဲ အတွဲအဖက်မိနေတဲ့ ဘိုင်ယန်ဗဟိုခံစစ်က အူပါမီကာနို+နစ်ကလပ်စ် ဆူလားအတွဲရဲ့ နားလည်မှုက ဒီပွဲရဲ့အသက်လို့လည်း ဆိုနိုင်ပြီး ကြံ့ခိုင်မှုပိုင်းအရရော လျင်မြန်မှုပိုင်းအရပါ အယ်လ်ဖွန်ဆို ဒေးဗီးစ်နဲ့ ချိတ်ဆက်ပြီး ဂိုးမုဆိုး ဟာလန်းကို အပိုင်နိုင်ဆုံး ထိန်းချုပ်ကစားပြသွားခဲ့တာပါ။

ဆန်ချိုကို မေ့လိုက်လို့ရပြီ
ဒေါ့မန်ရဲ့ ခံစစ်က ဗွေဖောက်ခဲ့သလောက် တိုက်စစ်ပိုင်းကတော့ အထူးချီးကျူးစရာဖြစ်ခဲ့ပြီး နည်းပြ မာကိုရို့စ်ဆာတယောက် ကျေနပ်ရတဲ့ ကစားပုံဖြစ်ခဲ့သလို အိုးထရက်ဖို့ဒ်မှာ နားခိုရာရှာသွားတဲ့ ဂျေဒန် ဆန်ချိူကို မေ့လိုက်လို့ရပြီဖြစ်သလို နွိုင်ယာရဲ့လက်စွမ်းကြောင့်သာ မဟုတ်ရင် လီဗန်ဒေါ့ဗ်စကီးရဲ့ ခေါင်းတိုက်ဂိုးမတိုင်မီ ဒေါ့မန်တို့ ၂ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်စွမ်းအထိ တိုက်စစ်ကစားအားက ထိရောက်ခဲ့တာပါ။

မုန်းမုန်းတီးတီးပွဲကြမ်းခဲ့တဲ့ ဖိုင်နယ်
ဘိုင်ယန်နဲ့ ဒေါ့မန်တို့ကြားက အမုန်းအားကတော့ ဒီနှစ်သင်းတွေ့ဆုံတိုင်း ကြောက်စရာကောင်းသလို ဒီနေ့ပွဲကလည်း နဖူးတောက်ကြေးမဟုတ်တဲ့ ဗိုလ်လုပွဲပီပီ ပွဲကြမ်းခဲ့ကြတာပါ။ ဘောလုံးကို သဲကြီးမဲကြီး ဖျက်ထုတ်မှုတွေက ရင်ခုန်စရာဖြစ်ခဲ့သလို ဘောင်ထဲကနေ ပါးပါးနပ်နပ် ပြစ်ဒဏ်ကျူးလွန်သွားခဲ့တာကိုလည်း မြင်တွေ့ခဲ့ရတာက ကြည့်ကောင်းခဲ့ပေမယ့် ကွင်းလယ်ဒိုင်အတွက် သတိကြီးကြီးထားနေရပြီး ထိန်းချုပ်ခဲ့သလို ပေါက်ကွဲအားက အတော်လေးမြင့်တဲ့ပွဲစဉ်လို့ သတ်မှတ်ရမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
၂၀၂၁-၂၂ ဂ်ာမန္ဘြန္ဒက္လီဂါအဖြင့္မွာ မိုခ်န္ဂလာဘတ္အသင္းကို ၁ ဂိုးစီသေရနဲ႔ အမွတ္ခြဲယူခဲ့ရတဲ့ နည္းျပ နာဂယ္စ္မန္းးရဲ႕ ဘိုင္ယန္ျမဴးနစ္အသင္းကေတာ့ ၿပီးခဲ့တဲ့ညက ကစားခဲ့တဲ့ ဂ်ာမန္ဆူပါဖလားဗိုလ္လုပြဲမွာ ေဒါ့မန္အသင္းကို ၃-၁ နဲ႔ အႏိုင္ကစားၿပီး ဗိုလ္စြဲသြားခဲ့ပါတယ္။

DFB-Pokalခ်န္ပီယံ ေဒါ့မန္အသင္းဟာ ဆစ္ဂနယ္ အီဒူနာကြင္းထဲမွာ အိမ္ကြင္းပရိသတ္အားကို တခဲနက္ရရွိခဲ့ေပမယ့္ အိမ္ရွင္ပရိသတ္ေတြေရွ႕မွာပဲ လက္ရွိဘြန္ဒက္လီဂါခ်န္ပီယံဘိုင္ယန္ျမဴးနစ္ကို ဒူးေထာက္ခဲ့ရၿပီး ဘိုင္ယန္အသင္းကေတာ့ ၉ ႀကိမ္ေျမာက္ ဂ်ာမန္ဆူပါဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့သလို တိုက္စစ္မႉး ေရာဘတ္ လီဗန္ေဒါ့ဗ္စကီး ေျခစြမ္းျပၿပီး ၂ ဂိုးနဲ႔ ေသာမတ္စ္မူလာကလည္း ၁ ဂိုးသြင္းယူေပးခဲ့တဲ့အတြက္ နာဂယ္စ္မန္းအတြက္လည္း ဘိုင္ယန္နည္းျပသစ္အျဖစ္ ပထမဆုံးေအာင္ျမင္မႈကို သိမ္းပိုက္ႏိုင္ခဲ့တာပါ။

ေဒါ့မန္ကို အမွားေတြလုပ္ေစခဲ့တဲ့ ဘိုင္ယန္
ရာသီႀကိဳျပင္ဆင္မႈေတြမွာ အားရစရာမရွိခဲ့သလို ဘြန္ဒက္လီဂါအဖြင့္ပြဲမွာ မိုခ်န္ဂလာဘတ္ကို သေရသာရခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္အသင္းဟာ ဒီေန႔ပြဲမွာေတာ့ ပုံမွန္ေျခစြမ္းကို ျပန္ရလာခဲ့ၿပီး ဂ်ာမန္ဆူပါဖလားကို သိမ္းပိုက္ႏိုင္ခဲ့တယ္။ ဆစ္ဂနယ္ အီဒူနာကြင္းထဲမွာ နည္းျပ နာဂယ္စ္မန္းရဲ႕ လုပ္ပုံကိုင္ပုံေတြကို ပြဲၾကည့္စင္မွာ ရွိေနတဲ့ ဘိုင္ယန္အမႈေဆာင္ခ်ဳပ္ အိုလီဗာခန္းကလည္း ေစာင့္ၾကည့္ေနခဲ့တာပါ။

တန္ပိုအျမင့္ႏႈန္းနဲ႔ ကစားသြားတဲ့ ဘိုင္ယန္က ေဒါ့မန္ကို အမွားေတြက်ဴးလြန္ေစခဲ့ၿပီး ပြဲအစ ၁၅ မိနစ္မွာတင္ လီဗန္ေဒါ့ဗ္စကီးရဲ႕ အဖြင့္ဂိုးကို ရခဲ့တာက အက်ိဳးျဖစ္ခဲ့သလို ဂိုးသမား ႏြိဳင္ယာရဲ႕လက္စြမ္းျပ ကာကြယ္မႈေတြကလည္း အေတာ္ေလးအဖိုးတန္ခဲ့ၿပီး ေဝဖန္မႈေတြခံေနရတဲ့ ဂ်ာမန္ဘီလူးႀကီးရဲ႕ ရာသီသစ္အတြက္ အိပ္မက္ေတြလည္း ဆက္လက္ရွင္သန္လာခဲ့ပါတယ္။

လီဗန္ေဒါ့ဗ္စကီး ၂-၀ ဟာလန္း
တန္ပိုအျမင့္ႏႈန္းနဲ႔ ကစားသြားတဲ့ ဘိုင္ယန္က ေဒါ့မန္ကို အမွားေတြက်ဴးလြန္ေစခဲ့ၿပီး ပထမပိုင္း ၄၁ မိနစ္မွာတင္ လီဗန္ေဒါ့ဗ္စကီးရဲ႕ အဖြင့္ဂိုးကို ရခဲ့တာက အက်ိဳးျဖစ္ခဲ့သလို ဂိုးသမား ႏြိဳင္ယာရဲ႕လက္စြမ္းျပ ကာကြယ္မႈေတြကလည္း အေတာ္ေလးအဖိုးတန္ခဲ့ၿပီး ေဝဖန္မႈေတြခံေနရတဲ့ ဂ်ာမန္ဘီလူးႀကီးရဲ႕ ရာသီသစ္အတြက္ အိပ္မက္ေတြလည္း ဆက္လက္ရွင္သန္လာခဲ့ပါတယ္။

ဟာလန္းကေတာ့ အခ်ိတ္အဆက္မမိတဲ့ တိုက္စစ္မွာ အထီးက်န္ေနခဲ့ၿပီး ဘိုင္ယန္ဂိုးေပါက္နဲ႔ စိတ္ေကာက္ေနခဲ့သလို ျဖစ္ေနခဲ့သလို ႏြိဳင္ယာရဲ႕ကာကြယ္မႈေတြေၾကာင့္လည္း နစ္နာခဲ့ပါေသးတယ္။ လူငယ္ေလး ေနာ္ေဝသားေျခစြမ္းမျပႏိုင္ခ်ိန္မွာ အသက္ ၃၂ ႏွစ္သား လီဗန္ေဒါ့ဗ္စကီးကေတာ့ တဦးတည္း ၂ ဂိုးသြင္းယူသြားခဲ့ျခင္းလည္း ျဖစ္ပါတယ္။

ဖရန႔္ဖတ္ကို ႏိုင္သလို ဘိုင္ယန္မလုပ္ျပႏိုင္ခဲ့တဲ့ ေဒါ့မန္နည္းျပ မာကို႐ို႕စ္ဆာ
ေဒါ့မန္နည္းျပ မာကို႐ို႕စ္ကေတာ့ ၿပီးခဲ့တဲ့ ဖရန႔္ဖတ္နဲ႔ပြဲစဥ္မွာ ၅-၂ နဲ႔ ဂိုးျပတ္ေျချပတ္ကစားခဲ့သလိုမ်ိဳး ဘိုင္ယန္ကိုေတာ့ မစြမ္းႏိုင္ခဲ့တာ ေတြ႕ရၿပီး ခံစစ္ပိုင္းက အမွားအယြင္းေတြမ်ားသလို မတ္ဟမ္းမဲလ္စ္နဲ႔ ရာေဖးလ္ ဂြာရဲ႐ိုးတို႔ရဲ႕ ဗဟိုခံစစ္အတြဲက ဟာကြက္ေတြမ်ားေနခဲ့တာပါ။

ပထမပိုင္းက ဘိုင္ယန္တိုက္စစ္ရဲ႕ ၆၀ ရာခိုင္ႏႈန္းက အားေပ်ာ့ေနတဲ့ ဖဲလစ္ ပက္စ္လက္ခ္ရဲ႕အျခမ္းကေန ပစ္မွတ္ထားထိုးေဖာက္ခဲ့တာျဖစ္ၿပီး ၆၄ မိနစ္မွာ အသင္းေခါင္းေဆာင္ မာကို႐ူးစ္ရဲ႕ ေခ်ပဂိုးေၾကာင့္ အိမ္ရွင္ပရိသတ္ေတြ ေပ်ာ္႐ႊင္ခြင့္ေမွ်ာ္လင့္ခ်က္ခဲ့ရေပမယ့္ ဘိုင္ယန္တိုက္စစ္မွဴးလီဗန္ေဒါ့ဗ္စကီးကပဲ ပြဲခ်ိန္ ၇၄ မိနစ္မွာ ထပ္မံတစ္ဦးသြင္းယူလိုက္တဲ့အတြက္ ၃ ဂိုး ၁ ဂိုးျဖစ္သြားခဲ့ျပီး ေဒါ့မန္ပရိသတ္ေတြအေနနဲ႔ခဏတာပဲ ေပ်ာ္ရႊင္ခြင့္ရခဲ့ၾကပါတယ္။အရန္ခုံထလာတဲ့ လူသစ္ေတာင္ပံတိုက္စစ္မႉး ဒြန္ညယ္ မာလန္ကလည္း ေျခမေပၚခဲ့တဲ့အတြက္ ေနာက္တပတ္ ဖ႐ိုင္းဘတ္နဲ႔ ကစားရမယ့္ပြဲစဥ္မွာ နည္းျပ မာကို႐ို႕စ္တေယာက္ ဖိအားမ်ားသြားခဲ့ၿပီလို႔ ဆိုရမွာပါ။

သာမန္လူေတြၾကားထဲ နတ္ဘုရားတပါးအလား လက္စြမ္းျပတဲ့ ႏြိဳင္ယာ
ကမာၻ႔အေကာင္းဆုံး နံပါတ္ ၁ ဂိုးသမားအျဖစ္ သတ္မွတ္ခံထားရတဲ့ ဂ်ာမန္သားကေတာ့ ဒီေန႔ပြဲမွာ မကုန္ခမ္းေသးတဲ့ သူ႔လက္စြမ္းေတြကို နတ္ဘုရားတပါးအလား ထုတ္ျပသြားခဲ့ၿပီး ဘိုင္ယန္ရဲ႕ အႏိုင္ ၃ မွတ္မွာ အေတာ္ေလးအေရးပါခဲ့တဲ့ အျမင့္ဆုံးစြမ္းေဆာင္ရည္ကို ျပသခဲ့တယ္လို႔ ဆိုရမွာပါ။ သာမန္လူေတြၾကားထဲ နတ္ဘုရားတပါးအလား လက္စြမ္းျပတဲ့ ႏြိဳင္ယာက ဒီေန႔ဆုဖလားအတြက္ အေရးအပါဆုံးလည္းျဖစ္ခဲ့တာပါ။

ပြဲခ်ိန္ ၁၉ မိနစ္မွာ မာကို႐ူးစ္ရဲ႕ တစ္ေယာက္ခ်င္းအေတြ႕ အပိုင္ဂိုးရႏိုင္မယ့္ ကန္သြင္းခ်က္ကို ေျခစြမ္းျပ ကာကြယ္ေပးသြားခဲ့တဲ့အတြက္ ဘိုင္ယန္ျမဴးနစ္အသင္း ဂိုးမေပးရပဲ တစ္ဂိုးသက္သာခဲ့ပါတယ္။ပြဲခ်ိန္ ၁၉ မိနစ္မွာ မာကို႐ူးစ္ရဲ႕ တစ္ေယာက္ခ်င္းအေတြ႕ အပိုင္ဂိုးရႏိုင္မယ့္ ကန္သြင္းခ်က္ကို ေျခစြမ္းျပ ကာကြယ္ေပးသြားခဲ့တဲ့အတြက္ ဘိုင္ယန္ျမဴးနစ္အသင္း ဂိုးမေပးရပဲ တစ္ဂိုးသက္သာခဲ့ပါတယ္။

ဟာလန္းကို ေကာင္းေကာင္းထိန္းသြားတဲ့ အူပါမီကာႏို+နစ္ကလပ္စ္ ဆူလား အတြဲ
ေျပာစရာမလိုဘဲ အတြဲအဖက္မိေနတဲ့ ဘိုင္ယန္ဗဟိုခံစစ္က အူပါမီကာႏို+နစ္ကလပ္စ္ ဆူလားအတြဲရဲ႕ နားလည္မႈက ဒီပြဲရဲ႕အသက္လို႔လည္း ဆိုႏိုင္ၿပီး ႀကံ့ခိုင္မႈပိုင္းအရေရာ လ်င္ျမန္မႈပိုင္းအရပါ အယ္လ္ဖြန္ဆို ေဒးဗီးစ္နဲ႔ ခ်ိတ္ဆက္ၿပီး ဂိုးမုဆိုး ဟာလန္းကို အပိုင္ႏိုင္ဆုံး ထိန္းခ်ဳပ္ကစားျပသြားခဲ့တာပါ။

ဆန္ခ်ိဳကို ေမ့လိုက္လို႔ရၿပီ
ေဒါ့မန္ရဲ႕ ခံစစ္က ေဗြေဖာက္ခဲ့သေလာက္ တိုက္စစ္ပိုင္းကေတာ့ အထူးခ်ီးက်ဴးစရာျဖစ္ခဲ့ၿပီး နည္းျပ မာကို႐ို႕စ္ဆာတေယာက္ ေက်နပ္ရတဲ့ ကစားပုံျဖစ္ခဲ့သလို အိုးထရက္ဖို႔ဒ္မွာ နားခိုရာရွာသြားတဲ့ ေဂ်ဒန္ ဆန္ခ်ိဴကို ေမ့လိုက္လို႔ရၿပီျဖစ္သလို ေနာ္ယာရဲ႕လက္စြမ္းေၾကာင့္သာ မဟုတ္ရင္ လီဗန္ေဒါ့ဗ္စကီးရဲ႕ ေခါင္းတိုက္ဂိုးမတိုင္မီ ေဒါ့မန္တို႔ ၂ ဂိုးျပတ္နဲ႔ ဦးေဆာင္ႏိုင္စြမ္းအထိ တိုက္စစ္ကစားအားက ထိေရာက္ခဲ့တာပါ။

မုန္းမုန္းတီးတီးပြဲၾကမ္းခဲ့တဲ့ ဖိုင္နယ္
ဘိုင္ယန္နဲ႔ ေဒါ့မန္တို႔ၾကားက အမုန္းအားကေတာ့ ဒီႏွစ္သင္းေတြ႕ဆုံတိုင္း ေၾကာက္စရာေကာင္းသလို ဒီေန႔ပြဲကလည္း နဖူးေတာက္ေၾကးမဟုတ္တဲ့ ဗိုလ္လုပြဲပီပီ ပြဲၾကမ္းခဲ့ၾကတာပါ။ ေဘာလုံးကို သဲႀကီးမဲႀကီး ဖ်က္ထုတ္မႈေတြက ရင္ခုန္စရာျဖစ္ခဲ့သလို ေဘာင္ထဲကေန ပါးပါးနပ္နပ္ ျပစ္ဒဏ္က်ဴးလြန္သြားခဲ့တာကိုလည္း ျမင္ေတြ႕ခဲ့ရတာက ၾကည့္ေကာင္းခဲ့ေပမယ့္ ကြင္းလယ္ဒိုင္အတြက္ သတိႀကီးႀကီးထားေနရၿပီး ထိန္းခ်ဳပ္ခဲ့သလို ေပါက္ကြဲအားက အေတာ္ေလးျမင့္တဲ့ပြဲစဥ္လို႔ သတ္မွတ္ရမွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.