Analysis Article Premier League

လေးဂိုးဖန်ဆရာကြီးအဖွဲ့ဝင်ဖြစ်လာခဲ့တဲ့ ယူနိုက်တက်ရဲ့ပေါ့ဘာနဲ့ စံချိန်ရှင်များစုစည်းမှု

ပရီးမီးယားလိဂ်လို ခက်ခဲတဲ့ ပြိုင်ပွဲကြီးမျိုးမှာ တစ်ပွဲတည်းကို နှစ်ဂိုးလောက် ဖန်တီးနိုင်ရင်ကို အတော်လေး ဟုတ်နေပါပြီ။ ဒါပေမယ့် သူ့ထက် မြင့်မားတဲ့ Assist Hat-Trick အဆင့်ကို ကျော်ပြီး ထိပ်တန်းအဆင့် စွမ်းဆောင်ရည် မှတ်တမ်းဖြစ်တဲ့ တစ်ပွဲတည်း ၄ ဂိုး ဖန်တီးသူဆိုတာကတော့ သိပ်ကို ရှားပါးတဲ့ အဆင့်အတန်း Class လည်းဖြစ်သလို သီယာရီ အွန်နရီ၊ မီဆွတ် အိုဇေးလ်၊ ကီဗင် ဒီဘရိုင်းနား၊ ဘရူနို ဖာနန်ဒက်စ်တို့လို ကစားသမားတွေတောင် ရယူနိုင်ခြင်းမရှိခဲ့တာကို ဒီရာသီအဖွင့်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ပေါလ် ပေါ့ဘာက ရယူနိုင်ခဲ့ပါတယ်။

လိဒ်စ်ယူနိုက်တက်နဲ့ပွဲမှာ ကွင်းလယ်ကနေ ဒိုင်ခံပေးပို့ခဲ့တဲ့ ပေါ့ဘာရဲ့ ဖန်တီးမှုက အသင်းရဲ့ သွင်းဂိုး ၅ ဂိုးမှာ ၄ ကြိမ်ဆိုတော့ ၈၀ ရာခိုင်နှုန်း ရှိခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်ရဲ့ ဟက်ထရစ်နဲ့အတူ ထူးချွန်တဲ့ စွမ်းဆောင်ရည်လည်းဖြစ်ခဲ့သလို ပရီးမီးယားလိဂ်မှာ ဒီလိုစံချိန်မျိုးတွေကို တင်ရှိထားနိုင်ခဲ့တဲ့ ကစားသမားတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

၁။ ဒင်းနစ္စ ဘားကမ့် (အာဆင်နယ် ၅-၀ လက်စတာစီးတီး ၁၉၉၉)
အာဆင်နယ်ကစားသမားတွေ ကြီးစိုးထားတဲ့ ဒီစာရင်းမှာတော့ ဒတ်ချ်ဂန္ထဝင် ဘားကမ့်က စွန့်ဦးတီထွင်ဖြစ်ခဲ့ပြီး ၁၉၉၉ ခုနှစ်က လက်စတာ စီးတီးအသင်းကို ငါးဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ နီကိုလာ အနယ်လ်ကာနဲ့ ရေးပါလာတို့အတွက် နှစ်ဂိုးစီ ဖန်တီးပေးခဲ့တာဖြစ်ပြီး ပြင်သစ်သားလေးရဲ့ ဟက်ထရစ်ရခဲ့တဲ့ အမှတ်တရနဲ့အတူ ဂန်းနားတွေအတွက် ချိုမြိန်တဲ့ ပွဲတစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။

၂။ ဟိုဆေး အန်တိုနီယို ရေးယက်စ် (အာဆင်နယ် ၇-၀ မစ်ဒယ်ဘရော့ ၂၀၀၆)
အာဆင်ဝင်းဂါးရဲ့အသင်းက အကောင်းဆုံးအနေအထားတစ်ရပ်ကို ရောက်ရှိနေခဲ့တဲ့ အမ်းမရိတ် ပထမဆုံးရာသီက ဘိုရိုတို့အပေါ် ရက်စက်ခဲ့တဲ့ ခုနစ်ဂိုးပြတ် ချေမှုန်းပွဲမှာ အွန်နရီအတွက် နှစ်ဂိုး၊ ဆန်းဒရို့စ်အတွက် ထောင့်ကန်ဘောကနေ တစ်ဂိုး၊ လက်ဘ်အတွက် သူ့ကို လာမှန်ပြီး ထွက်လာတဲ့ ဘောလုံးကို တစ်ဂိုးအဖြစ် သတ်မှတ်အပြီးမှာ ယာဉ်မတော်တဆမှုနဲ့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ရေးယက်စ်ဟာ အာဆင်နယ် အတွက် ၇ နှစ်အကြာမှာ ဒီစံချိန်ကို ပြန်ဖော်ထုတ်ခဲ့တာပါ။

၃။ ဖရန်ဆက်စ် ဖာဘရီဂက်စ် (အာဆင်နယ် ၆-၂ ဘလက်ဘန်းရိုဗာစ် ၂၀၀၉)
နောက်ထပ်နှစ်နှစ်အကြာမှာတော့ ဖန်တီးရတာကို ဝါသနာကြီးတဲ့ အာဆင်နယ်အသင်းမှာပဲ တတိယမြောက်ကစားသမား ပေါ်ထွက်ခဲ့ပါတယ်။ သူကတော့ အသင်းခေါင်းဆောင် ဖာဘရီဂက်စ်ပဲဖြစ်ပြီး ဘလက်ဘန်းကို အနိုင်ရတဲ့ပွဲမှာ ဗာမေလန်၊ ဗန်ပါစီ၊ အာရှာဗင်နဲ့ ဝဲလ်ကော့တို့အတွက် တစ်ဂိုးစီ ဖန်တီးပေးနိုင်ခဲ့သလို သူကိုယ်တိုင်လည်း တစ်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

၄။ အီမန်နူယယ် အဒီဘာယော (တော့တင်ဟမ်ဟော့စပါးစ် ၅-၀ နယူးကာဆယ်လ် ၂၀၁၂)
ဒီစံချိန်ကို စတုတ္ထမြောက် ရရှိခဲ့တာကလည်း အာဆင်နယ်အသင်းနဲ့တော့ ကင်းလွတ်ခြင်း မရှိသေးဘဲ သူတို့ရဲ့ ကစားသမားဟောင်း တိုဂိုသားအနေနဲ့ မြောက်လန်ဒန်ပြိုင်ဘက်အသင်းမှာ ကစားရင်း မှတ်တမ်းဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ အက်ဆူး-အီကော့တို၊ ကရန်ဂျာတို့အတွက် တစ်ဂိုးစီနဲ့ ဆာဟာအတွက် နှစ်ဂိုးဖန်တီးပေးခဲ့တဲ့ အဒီဘာယောဟာ စပါးစ်အသင်းအတွက် ငါးဂိုးမြောက် နောက်ဆုံးဂိုးကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။

၅။ ဆန်တီ ကာဇိုလာ (အာဆင်နယ် ၄-၁ ဝီဂန် အက်သလက်တစ် ၂၀၁၃)
ဒီရှစ်ဦးစာရင်းထဲမှာ အာဆင်နယ်အသင်းရဲ့ လေးဦးမြောက်နဲ့ နောက်ဆုံးစံချိန်ကို ရရှိခဲ့တဲ့ ကွင်းလယ်လူ ဆန်တီ ကာဇိုလာဟာ ဒဏ်ရာတွေနဲ့ နပမ်းလုံးခဲ့ရပေမယ့် သူ့ရဲ့ ဖန်တီးမှု စွမ်းရည်ကတော့ ဘယ်တုန်းမှ သံသယ မရှိစရာပဲဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ တောင်ပံသမားတစ်ဦးအဖြစ် ကစားခဲ့တဲ့ စပိန် ဖန်တီးရှင်အနေနဲ့ ပိုဒေါလ်စကီးအတွက် နှစ်ဂိုးနဲ့ ဝဲလ်ကော့၊ ရမ်ဆေးတို့အတွက် တစ်ဂိုးစီ ဖန်တီးပေးနိုင်ခဲ့တာပါ။

၆။ ဒူဆန် တာဒစ်ချ် (ဆောက်သမ်တန် ၈-၀ ဆန်ဒါးလန်း ၂၀၁၄)
အိုင်းယက်စ်အသင်းမှာ အသက် ၃၂ နှစ်အရွယ်အထိ အမြင့်မားဆုံး ခြေစွမ်းကို ပိုင်ဆိုင်ထားဆဲဖြစ်တဲ့ ဆားဘီးယားသားဟာ သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ရာသီမှာပဲ စတင်ခြေစွမ်းပြခဲ့တာဖြစ်ပြီး ဆန်ဒါးလန်းအသင်းကို အိမ်ကွင်းမှာ အရှက်ခွဲခဲ့တဲ့ ပွဲစဉ်မှာ ဂျက်ကော့ခ်၊ ပယ်လေ၊ ဝမ်ညာမာနဲ့ မာနေးတို့အတွက် တစ်ဂိုးစီ ဖန်တီးပေးခဲ့ပြီး တစ်ဂိုးသွင်းယူနိုင်ခဲ့သလို ငါးဂိုးအထိ ဖန်တီးမှုစာရင်း ပေါက်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ပယ်လေရဲ့ တစ်ဂိုးက ဂိုးသမားနဲ့ထိပြီး နောက်ခံလူနဲ့ထိပြီးမှ ဂိုးထဲဝင်ခဲ့လို့ Own Goal အဖြစ် သတ်မှတ်ထားခဲ့တာပါ။

၇။ ဟာရီကိန်း (တော့တင်ဟမ်ဟော့စပါးစ် ၅-၂ ဆောက်သမ်တန် ၂၀၂၀)
ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်မှာ စပါးစ်အသင်းရဲ့ ဒုတိယမြောက်ကစားသမားအဖြစ် ဒီစံချိန်ကို ရရှိခဲ့သူက တိုက်စစ်မှူး ဟာရီကိန်းပဲဖြစ်ပြီး အသင်းအတွက် တစ်ဂိုးသွင်းယူပေးခဲ့သလို အသင်းဖော် တွဲဖက်ကစားသမား ဆွန်ဟောင်မင်အတွက် လေးဂိုးစလုံးကို ဖန်တီးပေးခဲ့တာပါ။ ကစားသမား တစ်ဦးတည်းအတွက် လေးဂိုးအထိ တစ်လမ်းသွားဖန်တီးပေးခဲ့တာက ထူးခြားတဲ့ မှတ်တမ်းတစ်ခုလည်းဖြစ်ခဲ့ပြီး မြောက်လန်ဒန်အသင်းအတွက် ဂုဏ်ယူစရာလည်းဖြစ်ခဲ့ပါတယ်။

၈။ ပေါလ် ပေါ့ဘာ (မန်ချက်စတာယူနိုက်တက် ၅-၁ လိဒ်စ်ယူနိုက်တက် ၂၀၂၁)
ပေါ့ဘာကတော့ လေးလုံးဖန်တီးမှု ဆရာကြီးအဖွဲ့ထဲကို နောက်ဆုံးဝင်ရောက်လာခဲ့တဲ့ ကစားသမားဖြစ်သလို ပထမဆုံး မန်ချက်စတာ ယူနိုက်တက်ကစားသမားလည်းဖြစ်ခဲ့ပြီး လိဒ်စ်ကို အိုးလ်ထရက်ဖို့ဒ်မှာ ပြတ်ပြတ်သားသား ချေမှုန်းခဲ့တဲ့ပွဲမှာ ဘရူနို ဖာနန်ဒက်စ်အတွက် နှစ်ဂိုးနဲ့ ဂရင်းဝုဒ်၊ ဖရက်ဒ်တို့အတွက် တစ်ဂိုးစီ ဖန်တီးပေးခဲ့သလို ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ဒီလိုလုပ်ပြနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားလည်းဖြစ်လာခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပပရီးမီးယားလိဂ္လို ခက္ခဲတဲ့ ၿပိဳင္ပြဲႀကီးမ်ိဳးမွာ တစ္ပြဲတည္းကို ႏွစ္ဂိုးေလာက္ ဖန္တီးႏိုင္ရင္ကို အေတာ္ေလး ဟုတ္ေနပါၿပီ။ ဒါေပမယ့္ သူ႔ထက္ ျမင့္မားတဲ့ Assist Hat-Trick အဆင့္ကို ေက်ာ္ၿပီး ထိပ္တန္းအဆင့္ စြမ္းေဆာင္ရည္ မွတ္တမ္းျဖစ္တဲ့ တစ္ပြဲတည္း ၄ ဂိုး ဖန္တီးသူဆိုတာကေတာ့ သိပ္ကို ရွားပါးတဲ့ အဆင့္အတန္း Class လည္းျဖစ္သလို သီယာရီ အြန္နရီ၊ မီဆြတ္ အိုေဇးလ္၊ ကီဗင္ ဒီဘ႐ိုင္းနား၊ ဘ႐ူႏို ဖာနန္ဒက္စ္တို႔လို ကစားသမားေတြေတာင္ ရယူႏိုင္ျခင္းမရွိခဲ့တာကို ဒီရာသီအဖြင့္ပြဲစဥ္မွာ မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ေပါလ္ ေပါ့ဘာက ရယူႏိုင္ခဲ့ပါတယ္။

လိဒ္စ္ယူႏိုက္တက္နဲ႔ပြဲမွာ ကြင္းလယ္ကေန ဒိုင္ခံေပးပို႔ခဲ့တဲ့ ေပါ့ဘာရဲ႕ ဖန္တီးမႈက အသင္းရဲ႕ သြင္းဂိုး ၅ ဂိုးမွာ ၄ ႀကိမ္ဆိုေတာ့ ၈၀ ရာခိုင္ႏႈန္း ရွိခဲ့ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ဟက္ထရစ္နဲ႔အတူ ထူးခြၽန္တဲ့ စြမ္းေဆာင္ရည္လည္းျဖစ္ခဲ့သလို ပရီးမီးယားလိဂ္မွာ ဒီလိုစံခ်ိန္မ်ိဳးေတြကို တင္ရွိထားႏိုင္ခဲ့တဲ့ ကစားသမားေတြကို စုစည္းေဖာ္ျပေပးလိုက္ပါတယ္။

၁။ ဒင္းနစၥ ဘားကမ့္ (အာဆင္နယ္ ၅-၀ လက္စတာစီးတီး ၁၉၉၉)
အာဆင္နယ္ကစားသမားေတြ ႀကီးစိုးထားတဲ့ ဒီစာရင္းမွာေတာ့ ဒတ္ခ်္ဂႏၴဝင္ ဘားကမ့္က စြန႔္ဦးတီထြင္ျဖစ္ခဲ့ၿပီး ၁၉၉၉ ခုႏွစ္က လက္စတာ စီးတီးအသင္းကို ငါးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ နီကိုလာ အနယ္လ္ကာနဲ႔ ေရးပါလာတို႔အတြက္ ႏွစ္ဂိုးစီ ဖန္တီးေပးခဲ့တာျဖစ္ၿပီး ျပင္သစ္သားေလးရဲ႕ ဟက္ထရစ္ရခဲ့တဲ့ အမွတ္တရနဲ႔အတူ ဂန္းနားေတြအတြက္ ခ်ိဳၿမိန္တဲ့ ပြဲတစ္ပြဲလည္းျဖစ္ခဲ့ပါတယ္။

၂။ ဟိုေဆး အန္တိုနီယို ေရးယက္စ္ (အာဆင္နယ္ ၇-၀ မစ္ဒယ္ဘေရာ့ ၂၀၀၆)
အာဆင္ဝင္းဂါးရဲ႕အသင္းက အေကာင္းဆုံးအေနအထားတစ္ရပ္ကို ေရာက္ရွိေနခဲ့တဲ့ အမ္းမရိတ္ ပထမဆုံးရာသီက ဘို႐ိုတို႔အေပၚ ရက္စက္ခဲ့တဲ့ ခုနစ္ဂိုးျပတ္ ေခ်မႈန္းပြဲမွာ အြန္နရီအတြက္ ႏွစ္ဂိုး၊ ဆန္းဒ႐ို႕စ္အတြက္ ေထာင့္ကန္ေဘာကေန တစ္ဂိုး၊ လက္ဘ္အတြက္ သူ႔ကို လာမွန္ၿပီး ထြက္လာတဲ့ ေဘာလုံးကို တစ္ဂိုးအျဖစ္ သတ္မွတ္အၿပီးမွာ ယာဥ္မေတာ္တဆမႈနဲ႔ ကြယ္လြန္သြားရွာၿပီျဖစ္တဲ့ ေရးယက္စ္ဟာ အာဆင္နယ္ အတြက္ ၇ ႏွစ္အၾကာမွာ ဒီစံခ်ိန္ကို ျပန္ေဖာ္ထုတ္ခဲ့တာပါ။

၃။ ဖရန္ဆက္စ္ ဖာဘရီဂက္စ္ (အာဆင္နယ္ ၆-၂ ဘလက္ဘန္း႐ိုဗာစ္ ၂၀၀၉)
ေနာက္ထပ္ႏွစ္ႏွစ္အၾကာမွာေတာ့ ဖန္တီးရတာကို ဝါသနာႀကီးတဲ့ အာဆင္နယ္အသင္းမွာပဲ တတိယေျမာက္ကစားသမား ေပၚထြက္ခဲ့ပါတယ္။ သူကေတာ့ အသင္းေခါင္းေဆာင္ ဖာဘရီဂက္စ္ပဲျဖစ္ၿပီး ဘလက္ဘန္းကို အႏိုင္ရတဲ့ပြဲမွာ ဗာေမလန္၊ ဗန္ပါစီ၊ အာရွာဗင္နဲ႔ ဝဲလ္ေကာ့တို႔အတြက္ တစ္ဂိုးစီ ဖန္တီးေပးႏိုင္ခဲ့သလို သူကိုယ္တိုင္လည္း တစ္ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

၄။ အီမန္ႏူယယ္ အဒီဘာေယာ (ေတာ့တင္ဟမ္ေဟာ့စပါးစ္ ၅-၀ နယူးကာဆယ္လ္ ၂၀၁၂)
ဒီစံခ်ိန္ကို စတုတၳေျမာက္ ရရွိခဲ့တာကလည္း အာဆင္နယ္အသင္းနဲ႔ေတာ့ ကင္းလြတ္ျခင္း မရွိေသးဘဲ သူတို႔ရဲ႕ ကစားသမားေဟာင္း တိုဂိုသားအေနနဲ႔ ေျမာက္လန္ဒန္ၿပိဳင္ဘက္အသင္းမွာ ကစားရင္း မွတ္တမ္းဝင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အက္ဆူး-အီေကာ့တို၊ ကရန္ဂ်ာတို႔အတြက္ တစ္ဂိုးစီနဲ႔ ဆာဟာအတြက္ ႏွစ္ဂိုးဖန္တီးေပးခဲ့တဲ့ အဒီဘာေယာဟာ စပါးစ္အသင္းအတြက္ ငါးဂိုးေျမာက္ ေနာက္ဆုံးဂိုးကိုလည္း သြင္းယူႏိုင္ခဲ့ပါတယ္။

၅။ ဆန္တီ ကာဇိုလာ (အာဆင္နယ္ ၄-၁ ဝီဂန္ အက္သလက္တစ္ ၂၀၁၃)
ဒီရွစ္ဦးစာရင္းထဲမွာ အာဆင္နယ္အသင္းရဲ႕ ေလးဦးေျမာက္နဲ႔ ေနာက္ဆုံးစံခ်ိန္ကို ရရွိခဲ့တဲ့ ကြင္းလယ္လူ ဆန္တီ ကာဇိုလာဟာ ဒဏ္ရာေတြနဲ႔ နပမ္းလုံးခဲ့ရေပမယ့္ သူ႔ရဲ႕ ဖန္တီးမႈ စြမ္းရည္ကေတာ့ ဘယ္တုန္းမွ သံသယ မရွိစရာပဲျဖစ္ခဲ့ပါတယ္။ ဒီပြဲမွာ ေတာင္ပံသမားတစ္ဦးအျဖစ္ ကစားခဲ့တဲ့ စပိန္ ဖန္တီးရွင္အေနနဲ႔ ပိုေဒါလ္စကီးအတြက္ ႏွစ္ဂိုးနဲ႔ ဝဲလ္ေကာ့၊ ရမ္ေဆးတို႔အတြက္ တစ္ဂိုးစီ ဖန္တီးေပးႏိုင္ခဲ့တာပါ။

၆။ ဒူဆန္ တာဒစ္ခ်္ (ေဆာက္သမ္တန္ ၈-၀ ဆန္ဒါးလန္း ၂၀၁၄)
အိုင္းယက္စ္အသင္းမွာ အသက္ ၃၂ ႏွစ္အ႐ြယ္အထိ အျမင့္မားဆုံး ေျခစြမ္းကို ပိုင္ဆိုင္ထားဆဲျဖစ္တဲ့ ဆားဘီးယားသားဟာ သူ႔ရဲ႕ ပထမဆုံး ပရီးမီးယားလိဂ္ရာသီမွာပဲ စတင္ေျခစြမ္းျပခဲ့တာျဖစ္ၿပီး ဆန္ဒါးလန္းအသင္းကို အိမ္ကြင္းမွာ အရွက္ခြဲခဲ့တဲ့ ပြဲစဥ္မွာ ဂ်က္ေကာ့ခ္၊ ပယ္ေလ၊ ဝမ္ညာမာနဲ႔ မာေနးတို႔အတြက္ တစ္ဂိုးစီ ဖန္တီးေပးခဲ့ၿပီး တစ္ဂိုးသြင္းယူႏိုင္ခဲ့သလို ငါးဂိုးအထိ ဖန္တီးမႈစာရင္း ေပါက္ႏိုင္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ပယ္ေလရဲ႕ တစ္ဂိုးက ဂိုးသမားနဲ႔ထိၿပီး ေနာက္ခံလူနဲ႔ထိၿပီးမွ ဂိုးထဲဝင္ခဲ့လို႔ Own Goal အျဖစ္ သတ္မွတ္ထားခဲ့တာပါ။

၇။ ဟာရီကိန္း (ေတာ့တင္ဟမ္ေဟာ့စပါးစ္ ၅-၂ ေဆာက္သမ္တန္ ၂၀၂၀)
ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္မွာ စပါးစ္အသင္းရဲ႕ ဒုတိယေျမာက္ကစားသမားအျဖစ္ ဒီစံခ်ိန္ကို ရရွိခဲ့သူက တိုက္စစ္မႉး ဟာရီကိန္းပဲျဖစ္ၿပီး အသင္းအတြက္ တစ္ဂိုးသြင္းယူေပးခဲ့သလို အသင္းေဖာ္ တြဲဖက္ကစားသမား ဆြန္ေဟာင္မင္အတြက္ ေလးဂိုးစလုံးကို ဖန္တီးေပးခဲ့တာပါ။ ကစားသမား တစ္ဦးတည္းအတြက္ ေလးဂိုးအထိ တစ္လမ္းသြားဖန္တီးေပးခဲ့တာက ထူးျခားတဲ့ မွတ္တမ္းတစ္ခုလည္းျဖစ္ခဲ့ၿပီး ေျမာက္လန္ဒန္အသင္းအတြက္ ဂုဏ္ယူစရာလည္းျဖစ္ခဲ့ပါတယ္။

၈။ ေပါလ္ ေပါ့ဘာ (မန္ခ်က္စတာယူႏိုက္တက္ ၅-၁ လိဒ္စ္ယူႏိုက္တက္ ၂၀၂၁)
ေပါ့ဘာကေတာ့ ေလးလုံးဖန္တီးမႈ ဆရာႀကီးအဖြဲ႕ထဲကို ေနာက္ဆုံးဝင္ေရာက္လာခဲ့တဲ့ ကစားသမားျဖစ္သလို ပထမဆုံး မန္ခ်က္စတာ ယူႏိုက္တက္ကစားသမားလည္းျဖစ္ခဲ့ၿပီး လိဒ္စ္ကို အိုးလ္ထရက္ဖို႔ဒ္မွာ ျပတ္ျပတ္သားသား ေခ်မႈန္းခဲ့တဲ့ပြဲမွာ ဘ႐ူႏို ဖာနန္ဒက္စ္အတြက္ ႏွစ္ဂိုးနဲ႔ ဂရင္းဝုဒ္၊ ဖရက္ဒ္တို႔အတြက္ တစ္ဂိုးစီ ဖန္တီးေပးခဲ့သလို ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္မွာ ဒီလိုလုပ္ျပႏိုင္ခဲ့တဲ့ ပထမဆုံးကစားသမားလည္းျဖစ္လာခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.