Analysis Other Premier League

ပရီးမီးယားလိဂ်ရာသီသစ်မှာ လူကာကူးအားကိုးနဲ့ တူဟယ်လ် ဖော်ဆောင်မယ့် ကစားကွက် ၄ မျိုး

ချယ်လ်ဆီးနည်းပြ သောမတ်စ် တူဟယ်လ်ဟာ အထောင်တိုက်စစ်မှူး ရိုမီလူ လူကာကူးကို အပြီးသတ်ခေါ်ယူဖို့ ယူရို ၁၁၅ သန်းအထိ သုံးစွဲခဲ့ပြီး ဒါဟာ ပရီးမီးယားလိဂ်ချန်ပီယံအသင်းဖြစ်လာမယ့် အဆင့်အတန်းကို ရာသီသစ်မှာ လူကာကူးအားကိုးနဲ့ တူဟယ်လ် ဖော်ဆောင်မယ့် ကစားကွက် ၄ မျိုးကိုလည်း ဖော်ပြပေးလိုပြီး အသင်းကြီးကို အရန်သင့် ဖြည်ဆည်းဆောင်ရွက်ပြဖို့လည်း အကယ်ဒမီကစားသမားတွေက စိတ်အေးစရာ ဖြစ်နေခဲ့ပါတယ်။

၃-၄-၃
ဒီကစားကွက်က တူဟယ်လ် စိတ်ကြိုက်အဖြစ်ဆုံးတည်ဆောက်မှုဆိုတာ မေးခွန်းထုတ်စရာမရှိသလို ချယ်လ်ဆီးအသင်းသားတွေနဲ့ နားလည်မှုပိုင်းအရ ကောင်းကောင်းကျေညက်ပြီးသားလည်း ဖြစ်ပါတယ်။ ဒီကစားကွက်နဲ့ပဲ ချန်ပီယံလိဂ်ဖလားနဲ့ ဥရောပဆူပါဖလားကို ဆွတ်ခူးနိုင်ခဲ့တာပါ။

အထူးထပ်ဖြည့်ပြောစရာက မန်စီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာကို ၃ ပွဲဆက် လှဲသိပ်နိုင်ခဲ့တဲ့ ကစားကွက်ဖြစ်သလို ချန်ပီယံလိဂ်မှာ သိပ်ကိုမာကျောပါတယ်ဆိုတဲ့ အက်သလက်တီကို မက်ဒရစ်အသင်းကို ဖျာလိပ်စေခဲ့တဲ့အပြင် ခံစစ်ပိုင်း ကျစ်လျစ်မှု၊ တန်ပြန်တိုက်စစ်မှာ လျင်မြန်ဖျတ်လတ်မှုကိုလည်း သက်သေပြခဲ့သလို ပေါက်ကွဲအားမြင့်တဲ့ Pressing ကစားဟန်ကိုလည်း ပုံဖော်နိုင်ခဲ့တာပါ။

ဒီကစားကွက်မှာတော့ ဂိုးသမား မန်ဒီ၊ ဗဟိုခံစစ်မှာ အက်ဇ်ပီလီကွေတာ၊ ရူဒီဂါနဲ့ သီယာဂို ဆေးလ်ဗား၊ ညာနောက်ခံအစွန်မှာ ရီးစ်ဂျိမ်း၊ ဘယ်နောက်ခံလူနေရာမှာ ဘန်​ချေးလ်ဝဲလ်၊ ကွင်းလယ်အထိုင်မှာ ကွန်တေ+ဂျော်ဂျင်ဟို၊ တိုက်စစ်မှာတော့ မေဆန်မောင့်၊ တီမို ဗာနာနဲ့ ရိုမီလူ လူကာကူးတို့က ပွဲထွက်လာဖို့ ရှိနေပါတယ်။

၃-၅-၂
ဒီကစားကွက်မှာတော့ တိုက်စစ်မှာ လူကာကူးက ဗာနာ သို့ ခိုင်ဟာဗတ်ဇ်နဲ့ တွဲဖက်လာဖို့ ရှိနေပြီး အင်တာမီလန်မှာ လော်တာရို မာတီးနက်ဇ်နဲ့ လက်တွဲ​ခြေစွမ်းပြခဲ့သလို စွမ်းဆောင်ရည်မျိုးကို ဘယ်လ်ဂျီယမ်သားက ပြန်လည်တူးဖော်လာဖို့ ရှိနေတာပါ။

“လူကာကူး အင်တာမှာ ကစားခဲ့တဲ့ပုံစံအတိုင်း တိုက်စစ်မှူး ၂ ဦး သို့ ၃ ဦးကို အသုံးပြုသွားမှာပါ”လို့ ကတိပေးထားတဲ့ တူဟယ်လ်ရဲ့စကားအတိုင်းဆိုရင်တော့ နံပါတ် ၁၀ နေရာကို အဓိကအားပြုကစားတဲ့ ပူလီရှစ်ချ်နဲ့ ဟာကင်းမ် ဇီးယက်ရှ်တို့က နေရာပျောက်သွားဖွယ် ရှိနေသလို ဒီကစားကွက်မှာတော့ လူကာကူးရဲ့စိတ်ကြိုက်လည်း ဖြစ်လာမှာပါ။

၃-၅-၂ ( ၃-၄-၁-၂ )
၃-၅-၂ မှာ တိုက်စစ်ပိုအားသန်စေတဲ့ ထူးမခြားနားကစားကွက်လို့သာ ဆိုရမှာဖြစ်ပြီး အသင်းငယ်တွေနဲ့ တွေ့ဆုံမှုမှာ ပိုပြီးအကျိုးပြုနိုင်သလို ၃၅၂ ပုံစံစစ်စစ်ထက် ကွာခြားမှုတွေလည်း ရှိနေပါတယ်။ တူဟယ်လ်ကို ယုံကြည်ရမယ့်တချက်ကတော့ နောက်တန်း ၃ ဦးအထိုင်ထားတဲ့ ကစားကွက်တိုင်းမှာ ပွဲ ၂၀ တိတိ ပေးဂိုးမရှိတာကိုလည်း မြင်တွေ့ရပါတယ်။

ဗဟိုခံစစ် ၃ ဦးနဲ့ ကွင်းလယ်အထိုင် ၂ ဦးက ခံစစ်ကို ပိုအားပြုချိန်မှာ ဘယ်ညာနောက်ခံအစွန်တောင်ပံတစုံနဲ့အတူ တိုက်စစ်မှူး ၃ ဦးက လွတ်လွတ်လပ်လပ် ကစားခွင့်ရှိနေပြီး မေဆန်မောင့်ကတော့ Free Role နေရာက တာဝန်ယူကာ ပွဲထွက်လာဖို့လည်း ရှိနေပါတယ်။

၄-၃-၃
ဒါကတော့ တူဟယ်လ်အနေနဲ့ နောက်ဆုံးမှ စဥ်းစားမယ့် ကစားကွက်မျိုးဖြစ်ပြီး ၁၈ လတာ ကိုင်တွယ်ခဲ့တဲ့ ချယ်လ်ဆီးနည်းပြဟောင်း ဖရန့် လမ်းပတ်က အသည်းအသန်အသုံးပြုခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ အနေအထားမျိုးလည်း ရှိထားခဲ့သလို ၂၀၁၈-၁၉ ရာသီမှာ အီတလီသားကြီး မော်ရီဇီယို ဆာရီရဲ့ ကျရှုံးမှုတစ်ခုအဖြစ်လည်း ရှိနေတာပါ။

ချယ်လ်ဆီးအသင်းက တိုက်စစ်ကို အားပြုမယ်ဆိုရင်တော့ ဒီကစားကွက်ကို အဓိကအနေနဲ့ အသုံးပြုပြီး ဂိုးရှာဖွေနိုင်မှာဖြစ်သလို အားနည်းချက်ကတော့ ဘယ်ညာတောင်ပံနောက်ခံလူအတွဲအဖြစ် ပွဲထုတ်လာရဖွယ်လည်း ရှိနေတာပါ။ လူကာကူးကြောင့်သာ အဆုံးသတ်ပိုင်းက ပိုင်ပိုင်နိုင်နိုင်နဲ့ ဂိုးမြူးပြီး ခံစစ်ပိုင်းမှာ ဂိုးသွင်းမခံရဖို့ နည်းပြ တူဟယ်လ်ရဲ့ နောက်ဆုံးအကြံလည်း ဖြစ်လာနိုင်ဖွယ်ရှိနေတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ယ္လ္ဆီးနည္းျပ ေသာမတ္စ္ တူဟယ္လ္ဟာ အေထာင္တိုက္စစ္မႉး ႐ိုမီလူ လူကာကူးကို အၿပီးသတ္ေခၚယူဖို႔ ယူ႐ို ၁၁၅ သန္းအထိ သုံးစြဲခဲ့ၿပီး ဒါဟာ ပရီးမီးယားလိဂ္ခ်န္ပီယံအသင္းျဖစ္လာမယ့္ အဆင့္အတန္းကို ရာသီသစ္မွာ လူကာကူးအားကိုးနဲ႔ တူဟယ္လ္ ေဖာ္ေဆာင္မယ့္ ကစားကြက္ ၄ မ်ိဳးကိုလည္း ေဖာ္ျပေပးလိုၿပီး အသင္းႀကီးကို အရန္သင့္ ျဖည္ဆည္းေဆာင္႐ြက္ျပဖို႔လည္း အကယ္ဒမီကစားသမားေတြက စိတ္ေအးစရာ ျဖစ္ေနခဲ့ပါတယ္။

၃-၄-၃
ဒီကစားကြက္က တူဟယ္လ္ စိတ္ႀကိဳက္အျဖစ္ဆုံးတည္ေဆာက္မႈဆိုတာ ေမးခြန္းထုတ္စရာမရွိသလို ခ်ယ္လ္ဆီးအသင္းသားေတြနဲ႔ နားလည္မႈပိုင္းအရ ေကာင္းေကာင္းေက်ညက္ၿပီးသားလည္း ျဖစ္ပါတယ္။ ဒီကစားကြက္နဲ႔ပဲ ခ်န္ပီယံလိဂ္ဖလားနဲ႔ ဥေရာပဆူပါဖလားကို ဆြတ္ခူးႏိုင္ခဲ့တာပါ။

အထူးထပ္ျဖည့္ေျပာစရာက မန္စီးတီးနည္းျပ ပက္ပ္ ဂြါဒီယိုလာကို ၃ ပြဲဆက္ လွဲသိပ္ႏိုင္ခဲ့တဲ့ ကစားကြက္ျဖစ္သလို ခ်န္ပီယံလိဂ္မွာ သိပ္ကိုမာေက်ာပါတယ္ဆိုတဲ့ အက္သလက္တီကို မက္ဒရစ္အသင္းကို ဖ်ာလိပ္ေစခဲ့တဲ့အျပင္ ခံစစ္ပိုင္း က်စ္လ်စ္မႈ၊ တန္ျပန္တိုက္စစ္မွာ လ်င္ျမန္ဖ်တ္လတ္မႈကိုလည္း သက္ေသျပခဲ့သလို ေပါက္ကြဲအားျမင့္တဲ့ Pressing ကစားဟန္ကိုလည္း ပုံေဖာ္ႏိုင္ခဲ့တာပါ။

ဒီကစားကြက္မွာေတာ့ ဂိုးသမား မန္ဒီ၊ ဗဟိုခံစစ္မွာ အက္ဇ္ပီလီေကြတာ၊ ႐ူဒီဂါနဲ႔ သီယာဂို ေဆးလ္ဗား၊ ညာေနာက္ခံအစြန္မွာ ရီးစ္ဂ်ိမ္း၊ ဘယ္ေနာက္ခံလူေနရာမွာ ဘန္​ေခ်းလ္ဝဲလ္၊ ကြင္းလယ္အထိုင္မွာ ကြန္ေတ+ေဂ်ာ္ဂ်င္ဟို၊ တိုက္စစ္မွာေတာ့ ေမဆန္ေမာင့္၊ တီမို ဗာနာနဲ႔ ႐ိုမီလူ လူကာကူးတို႔က ပြဲထြက္လာဖို႔ ရွိေနပါတယ္။

၃-၅-၂
ဒီကစားကြက္မွာေတာ့ တိုက္စစ္မွာ လူကာကူးက ဗာနာ သို႔ ခိုင္ဟာဗတ္ဇ္နဲ႔ တြဲဖက္လာဖို႔ ရွိေနၿပီး အင္တာမီလန္မွာ ေလာ္တာ႐ို မာတီးနက္ဇ္နဲ႔ လက္တြဲ​ေျခစြမ္းျပခဲ့သလို စြမ္းေဆာင္ရည္မ်ိဳးကို ဘယ္လ္ဂ်ီယမ္သားက ျပန္လည္တူးေဖာ္လာဖို႔ ရွိေနတာပါ။

“လူကာကူး အင္တာမွာ ကစားခဲ့တဲ့ပုံစံအတိုင္း တိုက္စစ္မႉး ၂ ဦး သို႔ ၃ ဦးကို အသုံးျပဳသြားမွာပါ”လို႔ ကတိေပးထားတဲ့ တူဟယ္လ္ရဲ႕စကားအတိုင္းဆိုရင္ေတာ့ နံပါတ္ ၁၀ ေနရာကို အဓိကအားျပဳကစားတဲ့ ပူလီရွစ္ခ်္နဲ႔ ဟာကင္းမ္ ဇီးယက္ရွ္တို႔က ေနရာေပ်ာက္သြားဖြယ္ ရွိေနသလို ဒီကစားကြက္မွာေတာ့ လူကာကူးရဲ႕စိတ္ႀကိဳက္လည္း ျဖစ္လာမွာပါ။

၃-၅-၂ ( ၃-၄-၁-၂ )
၃-၅-၂ မွာ တိုက္စစ္ပိုအားသန္ေစတဲ့ ထူးမျခားနားကစားကြက္လို႔သာ ဆိုရမွာျဖစ္ၿပီး အသင္းငယ္ေတြနဲ႔ ေတြ႕ဆုံမႈမွာ ပိုၿပီးအက်ိဳးျပဳႏိုင္သလို ၃၅၂ ပုံစံစစ္စစ္ထက္ ကြာျခားမႈေတြလည္း ရွိေနပါတယ္။ တူဟယ္လ္ကို ယုံၾကည္ရမယ့္တခ်က္ကေတာ့ ေနာက္တန္း ၃ ဦးအထိုင္ထားတဲ့ ကစားကြက္တိုင္းမွာ ပြဲ ၂၀ တိတိ ေပးဂိုးမရွိတာကိုလည္း ျမင္ေတြ႕ရပါတယ္။

ဗဟိုခံစစ္ ၃ ဦးနဲ႔ ကြင္းလယ္အထိုင္ ၂ ဦးက ခံစစ္ကို ပိုအားျပဳခ်ိန္မွာ ဘယ္ညာေနာက္ခံအစြန္ေတာင္ပံတစုံနဲ႔အတူ တိုက္စစ္မႉး ၃ ဦးက လြတ္လြတ္လပ္လပ္ ကစားခြင့္ရွိေနၿပီး ေမဆန္ေမာင့္ကေတာ့ Free Role ေနရာက တာဝန္ယူကာ ပြဲထြက္လာဖို႔လည္း ရွိေနပါတယ္။

၄-၃-၃
ဒါကေတာ့ တူဟယ္လ္အေနနဲ႔ ေနာက္ဆုံးမွ စဥ္းစားမယ့္ ကစားကြက္မ်ိဳးျဖစ္ၿပီး ၁၈ လတာ ကိုင္တြယ္ခဲ့တဲ့ ခ်ယ္လ္ဆီးနည္းျပေဟာင္း ဖရန္႔ လမ္းပတ္က အသည္းအသန္အသုံးျပဳခဲ့ေပမယ့္ မေအာင္ျမင္ခဲ့တဲ့ အေနအထားမ်ိဳးလည္း ရွိထားခဲ့သလို ၂၀၁၈-၁၉ ရာသီမွာ အီတလီသားႀကီး ေမာ္ရီဇီယို ဆာရီရဲ႕ က်ရႈံးမႈတစ္ခုအျဖစ္လည္း ရွိေနတာပါ။

ခ်ယ္လ္ဆီးအသင္းက တိုက္စစ္ကို အားျပဳမယ္ဆိုရင္ေတာ့ ဒီကစားကြက္ကို အဓိကအေနနဲ႔ အသုံးျပဳၿပီး ဂိုးရွာေဖြႏိုင္မွာျဖစ္သလို အားနည္းခ်က္ကေတာ့ ဘယ္ညာေတာင္ပံေနာက္ခံလူအတြဲအျဖစ္ ပြဲထုတ္လာရဖြယ္လည္း ရွိေနတာပါ။ လူကာကူးေၾကာင့္သာ အဆုံးသတ္ပိုင္းက ပိုင္ပိုင္ႏိုင္ႏိုင္နဲ႔ ဂိုးျမဴးၿပီး ခံစစ္ပိုင္းမွာ ဂိုးသြင္းမခံရဖို႔ နည္းျပ တူဟယ္လ္ရဲ႕ ေနာက္ဆုံးအႀကံလည္း ျဖစ္လာႏိုင္ဖြယ္ရွိေနတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.