Premier League Transfer News

ကစားသမားနှစ်ယောက်ကို ခေါ်ယူဖို့ သဘောတူညီမှုနဲ့ နီးစပ်နေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မနက်မှာ နောက်ဆုံးရရှိတဲ့ သတင်းတွေအရ သူတို့အတွက် အလိုအပ်ဆုံးနေရာနှစ်ခုဖြစ်တဲ့ ဂိုးသမားနေရာနဲ့ ကွင်းလယ်ဖန်တီးရှင် နံပါတ် ၁၀ နေရာတွေကို အင်အားဖြည့်တင်းနိုင်ဖို့ အခြေအနေကောင်းနေပြီး ပရိသတ်တွေအတွက် ဝမ်းသာစရာဖြစ်လာခဲ့ပြီလို့ သိရပါတယ်။

လက်တွေ့မဆန်တဲ့ လက်စတာစီးတီးကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆန်အတွက် သာမန် စိတ်ဝင်စားမှုလောက်သာ ပြသတော့တဲ့ မြောက်လန်ဒန်သားတွေအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် မာတင် အော်ဒီဂွါဒ်ကို ခေါ်ယူနိုင်ဖို့ သေချာနေပြီး သူ့အတွက် အပြီးသတ် ဆွေးနွေးမှုတွေသာ ပြုလုပ်ရဖို့ ကျန်ရှိနေပါတယ်။

အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာအနေနဲ့ သူကြိုက်နှစ်သက်တဲ့ အသက် ၂၂ နှစ်အရွယ် နော်ဝေသားကို အနည်းဆုံး တစ်နှစ်အငှားနဲ့ ခေါ်ယူနိုင်ဖို့ ရှိနေသလို အပြီးသတ်အပြောင်းအရွှေ့အတွက်ကိုပါ တစ်ပါတည်း ဆွေးနွေးနေပြီး ရီးရဲလ်မက်ဒရစ်နဲ့ ဘယ်လိုမှ သဘောတူညီမှု မရရနိုင်ခဲ့ရင်သာ အငှားနဲ့ ခေါ်ယူသွားမယ်လို့လည်း ဆိုနေကြပါတယ်။

ဒေးလီးမေးလ်ရဲ့ သတင်းအရတော့ အာဆင်နယ်တို့အနေနဲ့ ပေါင်သန်း ၃၀ ဝန်းကျင်နဲ့ အော်ဒီဂွါဒ်ကို ခေါ်ယူရရှိနိုင်ဖို့ ရှိနေသလို ပရိသတ်တွေ ရွံမုန်းကြတဲ့ ပြန်လည်ခေါ်ယူခွင့် Buy Back Clause လည်း ပါဝင်မှာ မဟုတ်ဘူးလို့ သိရပြီး အခြေအနေပေးရင် လာမယ့် ဆူပါဆန်းဒေး ပရီးမီးယားလိဂ်ပွဲစဉ် ချဲလ်ဆီးနဲ့ပွဲမှာ ထည့်သွင်းအသုံးပြုနိုင်မယ်လို့ ခန့်မှန်းနေကြပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ အော်ဒီဂွါဒ်ရဲ့ ပွဲထွက်ခွင့်ကို အာမခံချက် မပေးနိုင်သလို ကျောနံပါတ်ကိုပါ မဟုတ်ကဟုတ်က နံပါတ်တွေကို ပေးအပ်မယ့်အချိန်မှာ သူတို့ကြားက ဆက်ဆံရေးက တင်းမာခဲ့သလို ဘဏ္ဏာရေးအရလည်း အသုံးစရိတ်လျှော့ချဖို့ လိုအပ်နေတဲ့အတွက် သူ့ကို အရင်က သတ်မှတ်ထားတဲ့ ပေါင်သန်း ၆၀ အစား ထက်ဝက်ဈေးလောက်နဲ့ လက်လွှတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အာဆင်နယ်တို့အနေနဲ့ အလွန်အကျွံ ပေါင် ၃၅ သန်းလောက်ပဲ ပေးချေသွားရနိုင်ပါတယ်။

နောက်ထပ်သတင်းတစ်ပုဒ်အရတော့ အာဆင်နယ်အသင်းအနေနဲ့ ရှပ်ပြာရှပ်ပြာလုပ်လွန်းပြီး တည်ငြိမ်မှု မရှိတဲ့ ဂိုးသမား လီနိုရဲ့ နေရာအတွက် ရှက်ဖီးလ်ဒ်ယူနိုက်တက် အသင်းရဲ့ အာရွန် ရမ်းစ်ဒေးလ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေသလို မူလက သတ်မှတ်ထားတဲ့ ပေါင်သန်း ၃၀ အစား ကနဦးပေးချေမှု ပေါင်သန်း ၂၀ နဲ့ ခေါ်ယူရရှိနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ တံခါးပေါက်ကို ခေါက်ခွင့်ရနေတဲ့ အသက် ၂၃ နှစ်အရွယ် ဂိုးသမားအနေနဲ့ လိဂ်ချန်ပီယံရှစ်မှာ ဆက်ကစားဖို့ ဆန္ဒမရှိတော့ချိန်မှာ အာဆင်နယ်အသင်းအနေနဲ့ ညှိနှိုင်းဖို့ ပိုမိုလွယ်ကူလာခဲ့တာဖြစ်ပြီး ပေါင်သန်း ၂၀ အပြင် လက်ကျန် ပမာဏ ပေါင် ၁၀ သန်းခန့်ကိုတော့ အနာဂတ် ခံစားခွင့်တွေအနေနဲ့ ခွဲဝေပေးချေရနိုင်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မနက္မွာ ေနာက္ဆုံးရရွိတဲ့ သတင္းေတြအရ သူတို႔အတြက္ အလိုအပ္ဆုံးေနရာႏွစ္ခုျဖစ္တဲ့ ဂိုးသမားေနရာနဲ႔ ကြင္းလယ္ဖန္တီးရွင္ နံပါတ္ ၁၀ ေနရာေတြကို အင္အားျဖည့္တင္းႏိုင္ဖို႔ အေျခအေနေကာင္းေနၿပီး ပရိသတ္ေတြအတြက္ ဝမ္းသာစရာျဖစ္လာခဲ့ၿပီလို႔ သိရပါတယ္။

လက္ေတြ႕မဆန္တဲ့ လက္စတာစီးတီးကြင္းလယ္လူ ဂ်ိမ္းစ္ မက္ဒီဆန္အတြက္ သာမန္ စိတ္ဝင္စားမႈေလာက္သာ ျပသေတာ့တဲ့ ေျမာက္လန္ဒန္သားေတြအေနနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ကြင္းလယ္ဖန္တီးရွင္ မာတင္ ေအာ္ဒီဂြါဒ္ကို ေခၚယူႏိုင္ဖို႔ ေသခ်ာေနၿပီး သူ႔အတြက္ အၿပီးသတ္ ေဆြးေႏြးမႈေတြသာ ျပဳလုပ္ရဖို႔ က်န္ရွိေနပါတယ္။

အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ သူႀကိဳက္ႏွစ္သက္တဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ ေနာ္ေဝသားကို အနည္းဆုံး တစ္ႏွစ္အငွားနဲ႔ ေခၚယူႏိုင္ဖို႔ ရွိေနသလို အၿပီးသတ္အေျပာင္းအေ႐ႊ႕အတြက္ကိုပါ တစ္ပါတည္း ေဆြးေႏြးေနၿပီး ရီးရဲလ္မက္ဒရစ္နဲ႔ ဘယ္လိုမွ သေဘာတူညီမႈ မရရႏိုင္ခဲ့ရင္သာ အငွားနဲ႔ ေခၚယူသြားမယ္လို႔လည္း ဆိုေနၾကပါတယ္။

ေဒးလီးေမးလ္ရဲ႕ သတင္းအရေတာ့ အာဆင္နယ္တို႔အေနနဲ႔ ေပါင္သန္း ၃၀ ဝန္းက်င္နဲ႔ ေအာ္ဒီဂြါဒ္ကို ေခၚယူရရွိႏိုင္ဖို႔ ရွိေနသလို ပရိသတ္ေတြ ႐ြံမုန္းၾကတဲ့ ျပန္လည္ေခၚယူခြင့္ Buy Back Clause လည္း ပါဝင္မွာ မဟုတ္ဘူးလို႔ သိရၿပီး အေျခအေနေပးရင္ လာမယ့္ ဆူပါဆန္းေဒး ပရီးမီးယားလိဂ္ပြဲစဥ္ ခ်ဲလ္ဆီးနဲ႔ပြဲမွာ ထည့္သြင္းအသုံးျပဳႏိုင္မယ္လို႔ ခန႔္မွန္းေနၾကပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ေအာ္ဒီဂြါဒ္ရဲ႕ ပြဲထြက္ခြင့္ကို အာမခံခ်က္ မေပးႏိုင္သလို ေက်ာနံပါတ္ကိုပါ မဟုတ္ကဟုတ္က နံပါတ္ေတြကို ေပးအပ္မယ့္အခ်ိန္မွာ သူတို႔ၾကားက ဆက္ဆံေရးက တင္းမာခဲ့သလို ဘဏၰာေရးအရလည္း အသုံးစရိတ္ေလွ်ာ့ခ်ဖို႔ လိုအပ္ေနတဲ့အတြက္ သူ႔ကို အရင္က သတ္မွတ္ထားတဲ့ ေပါင္သန္း ၆၀ အစား ထက္ဝက္ေဈးေလာက္နဲ႔ လက္လႊတ္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး အာဆင္နယ္တို႔အေနနဲ႔ အလြန္အကြၽံ ေပါင္ ၃၅ သန္းေလာက္ပဲ ေပးေခ်သြားရႏိုင္ပါတယ္။

ေနာက္ထပ္သတင္းတစ္ပုဒ္အရေတာ့ အာဆင္နယ္အသင္းအေနနဲ႔ ရွပ္ျပာရွပ္ျပာလုပ္လြန္းၿပီး တည္ၿငိမ္မႈ မရွိတဲ့ ဂိုးသမား လီႏိုရဲ႕ ေနရာအတြက္ ရွက္ဖီးလ္ဒ္ယူႏိုက္တက္ အသင္းရဲ႕ အာ႐ြန္ ရမ္းစ္ေဒးလ္ကို ေခၚယူႏိုင္ဖို႔ အေျခအေနေကာင္းေနသလို မူလက သတ္မွတ္ထားတဲ့ ေပါင္သန္း ၃၀ အစား ကနဦးေပးေခ်မႈ ေပါင္သန္း ၂၀ နဲ႔ ေခၚယူရရွိႏိုင္ဖို႔ နီးစပ္ေနၿပီလို႔ သိရပါတယ္။

အဂၤလန္လက္ေ႐ြးစင္အသင္းရဲ႕ တံခါးေပါက္ကို ေခါက္ခြင့္ရေနတဲ့ အသက္ ၂၃ ႏွစ္အ႐ြယ္ ဂိုးသမားအေနနဲ႔ လိဂ္ခ်န္ပီယံရွစ္မွာ ဆက္ကစားဖို႔ ဆႏၵမရွိေတာ့ခ်ိန္မွာ အာဆင္နယ္အသင္းအေနနဲ႔ ညႇိႏႈိင္းဖို႔ ပိုမိုလြယ္ကူလာခဲ့တာျဖစ္ၿပီး ေပါင္သန္း ၂၀ အျပင္ လက္က်န္ ပမာဏ ေပါင္ ၁၀ သန္းခန႔္ကိုေတာ့ အနာဂတ္ ခံစားခြင့္ေတြအေနနဲ႔ ခြဲေဝေပးေခ်ရႏိုင္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.