Premier League Transfer News

ကွင်းလယ်လူတစ်ဦးကိုပဲ ခေါ်ယူတော့မှာဖြစ်ပြီး ဘာစီလိုနာဆီက ရရှိနိုင်မယ့် လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်အတွက် ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ် ထွက်ခွာသွားလို့ ဖြစ်ပေါ်နေခဲ့တဲ့ ကွက်လပ်ကြီးကို နွေရာသီ အပြောင်းအရွှေ့ကာလ မကုန်ဆုံးခင် ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေပြီး စက်တင်ဘာလ ၂ ရက်နေ့အထိ လှုပ်ရှားခွင့်ရှိဦးမယ့် အချိန်အမီ လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ရဲ့ အပြောင်းအရွှေ့အသင်းတွေ တည်ငြိမ်သွားခဲ့အပြီးမှာ မွန်ချန်ဂလာဘက်ချ်က ကွင်းလယ်လူတွေကို မေ့လိုက်လို့ရပြီဖြစ်ပြီး ဖလိုရီယန် နွိုင်ဟော့စ်နဲ့ ဒင်းနစ် ဇာကာရီးယားတို့ဟာ လီဗာပူးလ်အတွက်တော့ မြင်သာမြင် မကြင်ရတဲ့ ပရိသတ်တွေအတွက် အားမရစရာတွေလည်းဖြစ်ခဲ့ပါတယ်။

ရီနာတို ဆန်းချက်စ်ကို ခေါ်ယူဖို့ကတော့ ကစားသမားရဲ့ ဒူးဒဏ်ရာရရှိထားခဲ့မှုက ထင်သလောက် မရိုးရှင်းတာကြောင့် ခွဲစိတ်ကုသမှု ခံယူရဖို့ နီးစပ်နေပြီး လီဗာပူးလ်ဘက်က ပေါင် ၃၄.၂ သန်းနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရသလို ဒူးတွင်းအရိုးနုထိခိုက်မှုကို ကုသပျောက်ကင်းဖို့ အနည်းဆုံး ၆ လ ကြာမြင့်နိုင်တာကြောင့် နောက်ထပ်မျှော်လင့်ချက်တစ်ခုလည်း မှေးမှိန်ခဲ့ရတာပါ။

လက်ရှိမှာတော့ လီဗာပူးလ်အသင်းအနေနဲ့ အသင်းကို ရေရှည်အကျိုးပြုနိုင်မယ့် ကစားသမားမျိုးတွေကိုပဲ ပစ်မှတ်ထားနေပြီး သူတို့ရဲ့ ရရှိနိုင်တဲ့ ဘတ်ဂျက်ဖြစ်တဲ့ ပေါင်သန်း ၃၀ ဝန်းကျင်မှာ ခေါ်ယူသွားနိုင်မယ့် လူငယ်ကွင်းလယ်လူတွေကို အလိုရှိနေသလို ဒေါ့မွန်ရဲ့ ဂျုဒ် ဘယ်လင်ဂမ်နဲ့ ဘာစီလိုနာရဲ့ အီလေ့စ် မိုရီဘာတို့နှစ်ဦးကိုပဲ ချိတ်ဆက်နေခဲ့ပါတယ်။

ပိုမိုဖြစ်နိုင်ခြေရှိတာကတော့ ငွေကြေးအကျပ်အတည်းတွေ့နေတဲ့ ဘာစီလိုနာဆီကနေ စာချုပ်သစ် မချုပ်ဘဲ ထွက်ခွာလာနိုင်တဲ့ အီလေ့စ် မိုရီဘာပဲဖြစ်ပြီး သူ့ရဲ့ အေးဂျင့်ဖြစ်သူအနေနဲ့ ကာတာလန်ကလပ်နဲ့ တစ်ပတ်ကို ယူရိုတစ်သိန်းတောင်းဆိုထားတဲ့ ညှိနှိုင်းမှုကို အကောင်အထည် မဖော်နိုင်တော့တဲ့ နောက်မှာ အသင်းသစ် ရှာဖွေနေသလို နူးကမ့်ဘက်ကလည်း ရောင်းချပေးသွားဖို့ ရှိနေပါတယ်။

တိုက်စစ်ဦးစားပေးကွင်းလယ်လူနေရာမှာ ကောင်းကောင်းအံဝင်နိုင်တဲ့ မိုရီဘာဟာ အသက် ၁၈ နှစ်အရွယ်သာ ရှိသေးပြီး စပိန်ယူ-၁၇ နဲ့ ခြေစွမ်း ပြသထားနိုင်သလို ဂီနီနိုင်ငံမှာ မွေးဖွားသူဖြစ်ပြီး လီဗာပူးလ်အသင်းကို ရောက်ရှိလာရင်တော့ သူ့ရဲ့ စီနီယာ ဂီနီသား နာဘီ ကီးတားနဲ့ ပူးပေါင်းခွင့်ရမှာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ ယူရိုသန်း ၂၀ ဝန်းကျင် ရရှိရင် သူ့ကို ထုတ်ရောင်းသွားနိုင်ပြီး အာဆင်နယ်အသင်းကလည်း သူ့ကို မျက်စိကျနေပေမယ့် ချန်ပီယံလိဂ်ကစားခွင့်ကို အလိုရှိနေဖွယ်ရှိတဲ့ ကစားသမားရဲ့ ဆန္ဒအရတော့ လီဗာပူးလ်တစ်သင်းကပဲ လွတ်လွတ်လပ်လပ် ခေါ်နိုင်ဖို့ ရှိနေသလို တခြား ပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့ ဦးစားပေးပစ်မှတ် ဖြစ်မလာနိုင်သေးတဲ့ အခြေအနေမှာ လက်သွက်နိုင်ရင် အန်းဖီးလ်ဘက်က ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ကြင္းလယ္အတြက္ ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္ ထြက္ခြာသြားလို႔ ျဖစ္ေပၚေနခဲ့တဲ့ ကြက္လပ္ႀကီးကို ေႏြရာသီ အေျပာင္းအေ႐ႊ႕ကာလ မကုန္ဆုံးခင္ ေခၚယူႏိုင္ဖို႔ ျပင္ဆင္ေနၿပီး စက္တင္ဘာလ ၂ ရက္ေန႔အထိ လႈပ္ရွားခြင့္ရွိဦးမယ့္ အခ်ိန္အမီ လုပ္ေဆာင္သြားဖို႔ ရွိေနပါတယ္။

အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္ရဲ႕ အေျပာင္းအေ႐ႊ႕အသင္းေတြ တည္ၿငိမ္သြားခဲ့အၿပီးမွာ မြန္ခ်န္ဂလာဘက္ခ်္က ကြင္းလယ္လူေတြကို ေမ့လိုက္လို႔ရၿပီျဖစ္ၿပီး ဖလိုရီယန္ ႏြိဳင္ေဟာ့စ္နဲ႔ ဒင္းနစ္ ဇာကာရီးယားတို႔ဟာ လီဗာပူးလ္အတြက္ေတာ့ ျမင္သာျမင္ မၾကင္ရတဲ့ ပရိသတ္ေတြအတြက္ အားမရစရာေတြလည္းျဖစ္ခဲ့ပါတယ္။

ရီနာတို ဆန္းခ်က္စ္ကို ေခၚယူဖို႔ကေတာ့ ကစားသမားရဲ႕ ဒူးဒဏ္ရာရရွိထားခဲ့မႈက ထင္သေလာက္ မ႐ိုးရွင္းတာေၾကာင့္ ခြဲစိတ္ကုသမႈ ခံယူရဖို႔ နီးစပ္ေနၿပီး လီဗာပူးလ္ဘက္က ေပါင္ ၃၄.၂ သန္းနဲ႔ ေခၚယူႏိုင္မယ့္ အခြင့္အေရးကို လက္လႊတ္ခဲ့ရသလို ဒူးတြင္းအ႐ိုးႏုထိခိုက္မႈကို ကုသေပ်ာက္ကင္းဖို႔ အနည္းဆုံး ၆ လ ၾကာျမင့္ႏိုင္တာေၾကာင့္ ေနာက္ထပ္ေမွ်ာ္လင့္ခ်က္တစ္ခုလည္း ေမွးမွိန္ခဲ့ရတာပါ။

လက္ရွိမွာေတာ့ လီဗာပူးလ္အသင္းအေနနဲ႔ အသင္းကို ေရရွည္အက်ိဳးျပဳႏိုင္မယ့္ ကစားသမားမ်ိဳးေတြကိုပဲ ပစ္မွတ္ထားေနၿပီး သူတို႔ရဲ႕ ရရွိႏိုင္တဲ့ ဘတ္ဂ်က္ျဖစ္တဲ့ ေပါင္သန္း ၃၀ ဝန္းက်င္မွာ ေခၚယူသြားႏိုင္မယ့္ လူငယ္ကြင္းလယ္လူေတြကို အလိုရွိေနသလို ေဒါ့မြန္ရဲ႕ ဂ်ဳဒ္ ဘယ္လင္ဂမ္နဲ႔ ဘာစီလိုနာရဲ႕ အီေလ့စ္ မိုရီဘာတို႔ႏွစ္ဦးကိုပဲ ခ်ိတ္ဆက္ေနခဲ့ပါတယ္။

ပိုမိုျဖစ္ႏိုင္ေျခရွိတာကေတာ့ ေငြေၾကးအက်ပ္အတည္းေတြ႕ေနတဲ့ ဘာစီလိုနာဆီကေန စာခ်ဳပ္သစ္ မခ်ဳပ္ဘဲ ထြက္ခြာလာႏိုင္တဲ့ အီေလ့စ္ မိုရီဘာပဲျဖစ္ၿပီး သူ႔ရဲ႕ ေအးဂ်င့္ျဖစ္သူအေနနဲ႔ ကာတာလန္ကလပ္နဲ႔ တစ္ပတ္ကို ယူ႐ိုတစ္သိန္းေတာင္းဆိုထားတဲ့ ညႇိႏႈိင္းမႈကို အေကာင္အထည္ မေဖာ္ႏိုင္ေတာ့တဲ့ ေနာက္မွာ အသင္းသစ္ ရွာေဖြေနသလို ႏူးကမ့္ဘက္ကလည္း ေရာင္းခ်ေပးသြားဖို႔ ရွိေနပါတယ္။

တိုက္စစ္ဦးစားေပးကြင္းလယ္လူေနရာမွာ ေကာင္းေကာင္းအံဝင္ႏိုင္တဲ့ မိုရီဘာဟာ အသက္ ၁၈ ႏွစ္အ႐ြယ္သာ ရွိေသးၿပီး စပိန္ယူ-၁၇ နဲ႔ ေျခစြမ္း ျပသထားႏိုင္သလို ဂီနီႏိုင္ငံမွာ ေမြးဖြားသူျဖစ္ၿပီး လီဗာပူးလ္အသင္းကို ေရာက္ရွိလာရင္ေတာ့ သူ႔ရဲ႕ စီနီယာ ဂီနီသား နာဘီ ကီးတားနဲ႔ ပူးေပါင္းခြင့္ရမွာလည္း ျဖစ္ပါတယ္။

ဘာစီလိုနာအသင္းအေနနဲ႔ ယူ႐ိုသန္း ၂၀ ဝန္းက်င္ ရရွိရင္ သူ႔ကို ထုတ္ေရာင္းသြားႏိုင္ၿပီး အာဆင္နယ္အသင္းကလည္း သူ႔ကို မ်က္စိက်ေနေပမယ့္ ခ်န္ပီယံလိဂ္ကစားခြင့္ကို အလိုရွိေနဖြယ္ရွိတဲ့ ကစားသမားရဲ႕ ဆႏၵအရေတာ့ လီဗာပူးလ္တစ္သင္းကပဲ လြတ္လြတ္လပ္လပ္ ေခၚႏိုင္ဖို႔ ရွိေနသလို တျခား ပရီးမီးယားလိဂ္အသင္းႀကီးေတြရဲ႕ ဦးစားေပးပစ္မွတ္ ျဖစ္မလာႏိုင္ေသးတဲ့ အေျခအေနမွာ လက္သြက္ႏိုင္ရင္ အန္းဖီးလ္ဘက္က ပိုင္ဆိုင္ႏိုင္လိမ့္မယ္လို႔ ခန႔္မွန္းထားေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.