Analysis Other Serie A

၂၀၂၁-၂၂ ရာသီသစ်မှာ CR7 ဆွတ်ခူးနိုင်ဖွယ်ရှိတဲ့ တကိုယ်တော်ဆု ၅ ခု

ဂျူဗင်တပ်စ်တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုအတွက် လက်ရှိမှာ လိပ်ခဲတည်းလည်းအဖြစ်ရဆုံးနဲ့ အားမလိုအားမရအဖြစ်ရဆုံး အာဂျင်တီးနား GOAT ကြီး လီယွန်နယ် မက်ဆီရဲ့ ဘလွန်ဒေါဆု ၆ ကြိမ်ကို အမီလိုက်နိုင်ဖို့ ရာသီသစ်ကို အရှိန်ကုန်မောင်းတင်နိုင်ဖို့အရေးကိစ္စက အရာရာထက် အရေးကြီးနေသလို ၂၀၂၁-၂၂ ရာသီသစ်မှာ CR7 ဆွတ်ခူးနိုင်ဖွယ်ရှိတဲ့ တကိုယ်တော်ဆု ၅ ခု ကလည်း သူ့ကြိုးစားမှုနဲ့ ထိုက်တန်မယ်ဆိုရင် အဆင်သင့်စောင့်ဆိုင်းနေတာပါ။

ယူအီးအက်ဖ်အေ တနှစ်တာအကောင်းဆုံးကစားသမားဆု
ဒီဆုက ကလပ်အတွက်ရော နိုင်ငံအသင်းအတွက်ပါ တနှစ်တာအတွင်း အကောင်းဆုံးစွမ်းဆောင်ပြနိုင်တဲ့ ကစားသမားကို ချီးမြှင့်ပေးတာဖြစ်ပြီး ရော်နယ်လ်ဒိုကတော့ ၃ ကြိမ်အထိ ရယူထားဖူးပါတယ်။ ယူအီးအက်ဖ်အေ တနှစ်တာအကောင်းဆုံးကစားသမားဆုကို ဒီနှစ်အတွက် CR7 ရနိုင်ခြေရှိမရှိဆိုတာကတော့ အခုလိုကြည့်ရမှာပါ။

ဂျူဗင်တပ်စ်အတွက် ၂၉ ဂိုးသွင်းပြီး စီးရီးအေရွှေဖိနပ်ဆုကို ဆွတ်ခူးထားသလို အားနည်းချက်အနေနဲ့ အသင်း​က အဆင့် ၄ မှာသာ ရပ်တည်နိုင်ခဲ့သလို သူ့အတွက် နောက်ထပ်အားသာချက်ကတော့ ပေါ်တူဂီနဲ့အတူ ယူရို ၂၀၂၀ မှာ ၅ ဂိုးသွင်းပြီး ပက်ထရစ်ရှစ်ခ်ထက် ဂိုးဖန်တီးမှုပိုများတဲ့အချက်ကြောင့် ပြိုင်ပွဲရဲ့ရွှေဖိနပ်ဆုရှင်အဖြစ် ရပ်တည်နိုင်ခဲ့တာမို့ စောင့်ကြည့်ချင်စရာပါ။

ဘလွန်ဒေါဆု
ဘလွန်ဒေါ ၅ ဆုရှင် ပေါ်တူဂီ GOAT ကြီးကတော့ လီယွန်နယ် မက်ဆီကို အမီလိုက်ဖို့ ၁ ဆုလိုအပ်နေသေးတာဖြစ်ပြီး ဒီနှစ်အတွက်တော့ အာဂျင်တီးနားနဲ့အတူ ကိုပါအမေရိကဖလားချန်ပီယံဖြစ်ခဲ့တဲ့ PSG တိုက်စစ်မှူးကြီးကတော့ ပိုပြီးရေပန်းစားနေပါတယ်။

ဒါပေမယ့် ရော်နယ်လ်ဒိုအတွက်တော့ အခွင့်အရေးကောင်းတွေ ရှိနေသေးပြီး မဖြစ်နိုင်ဘူးလို့ ယတိ​ပြတ် ပြောလို့မရတဲ့အ​​ခြေအနေ မက်ဆီနဲ့ထပ်တူ ဘလွန်ဒေါ ၆ ဆုရှင်ဖြစ်လာဖို့လည်း မျှော်လင့်ခံထားရသလို ၂၀၁၇ ခုနှစ်က နောက်ဆုံးရထားတဲ့ ဒီဆုနဲ့ ပြန်လည်ပေါင်းဆုံနိုင်မလားလို့ စိတ်ဝင်စားစရာပါ။

စီးရီးအေရဲ့ တန်ဖိုးအရှိဆုံးကစားသမားဆု
စီးရီးအေရဲ့ အကြီးမြတ်ဆုံး ကစားသမားလို့ ဆိုရမယ့် ရော်နယ်လ်ဒိုအတွက် အခုလာမယ့်ရာသီသစ်မှာတော့ ဒီဆုကို ရရှိဖို့ ထိပ်ဆုံးက တစ်ပြေးနေပြီး ဒါက ရာသီမစခင်မှာပဲ ကြိုတင်အလေးပေးခံထားရပါ။ စီးရီးအေချန်ပီယံအဖြစ် သက်သေပြနိုင်ဖို့သာ အဓိကျနေပါတယ်။

ဒီဆုကို ၂၀၁၈-၁၉ ရာသီမှာ အသက် ၃၆ နှစ်သားက ဆွတ်ခူးခဲ့ဖူးပြီး နောက်ဆုံး ၂ ရာသီမှာတော့ ပေါ်လို ဒီဘားလားနဲ့ ရိုမီလူ လူကာကူးတို့က ရရှိထားသလို အင်တာမီလန်အသင်းက အင်အားချိနဲ့သွားချိန်မှာ နည်းပြဟောင်း အယ်လီဂရီနီနဲ့ ပြန်လည်လက်တွဲရမယ့် သူ့အတွ​က် မျှော်လင့်ချက်အားက​တော့ ပိုကောင်းနေပါတယ်။

ဥရောပရွှေဖိနပ်ဆု
ဒီဆုကိုတော့ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ရောဘတ် လီဗန်ဒေါ့ဗ်စကီးက ရယူထားခဲ့ပြီး မက်ဆီကလည်း ၆ ကြိမ်တိုင်တိုင် ဆွတ်ခူးထားခဲ့ဖူးသလို ရော်နယ်လ်ဒိုအတွက်တော့ အားနည်းနေခဲ့ပြီး ၂၀၁၄-၁၅ ရာသီက နောက်ဆုံးရရှိဖူးထားတာမို့ ၆ နှစ်ကြာဝေးကွာနေတဲ့ဆုလို့ ပြောရမှာပါ။

သူကတော့ ဒီဆုကို မန်ယူနိုက်တက်မှာ တကြိမ်၊ ရီးရဲလ်မက်ဒရစ် ၃ ကြိမ်နဲ့ စုစုပေါင်း ၄ ကြိမ်ရရှိထားသူဖြစ်ပြီး လာမယ့်ရာသီသစ်မှာ ဥရောပထိပ်တန်းလိဂ် ၅ ခုရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရမှတ်အများဆုံးနဲ့ ဥရောပရွှေဖိနပ်ဆုကို တကျော့ပြန်ဆွတ်ခူးပြီး သူ့ရဲ့ တကိုယ်တော်ဆုစာရင်းထဲကို ပေါင်းထည့်သွားနိုင်ဖွယ်လည်း ရှိနေပါတယ်။

စီးရီးအေ ရွှေဖိနပ်ဆု
Capocannoniere Award လို့ ခေါ်တဲ့ စီရီးအေရွှေဖိနပ်ဆုကို ရော်နယ်လ်ဒိုက ၂ နှစ်ဆက်ဆွတ်ခူးသွားဖို့လည်း အခုကတည်းက ရေပန်းစားနေသလို ပြိုင်ဘက် လူကာကူးမရှိတော့ခြင်းက သူ့အတွက် ဒီဆုအတွက် ပိုမိုလွယ်ကူလာစေမလားလို့ စောင့်ကြည့်ရမှာပါ။

ပြီးခဲ့တဲ့ရာသီက ၂၉ ဂိုးသွင်းယူပြီး ဒီဆုနဲ့ ထိုက်တန်ခဲ့သလို မာရာဒိုနာ၊ မီရှ်လဲ ပလာတီနီ၊ အိုမာ ဆီဗိုရီ၊ မာကို ဗန်ဘက်စတန်တို့လို ကမ္ဘာ့ဂန္ထဝင်တိုက်စစ်မှူးကြီးတွေ ဆွတ်ခူးခဲ့တဲ့ သမိုင်းကောင်းလည်း Capocannoniere ဆုက ရော်နယ်လ်ဒိုအတွက် နောက်တကြိမ်စောင့်ဆိုင်းနေဖို့လည်း သေချာပေါက်ရှိနေ​ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဂ်ဴဗင္တပ္စ္တိုက္စစ္မႉးႀကီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအတြက္ လက္ရွိမွာ လိပ္ခဲတည္းလည္းအျဖစ္ရဆုံးနဲ႔ အားမလိုအားမရအျဖစ္ရဆုံး အာဂ်င္တီးနား GOAT ႀကီး လီယြန္နယ္ မက္ဆီရဲ႕ ဘလြန္ေဒါဆု ၆ ႀကိမ္ကို အမီလိုက္ႏိုင္ဖို႔ ရာသီသစ္ကို အရွိန္ကုန္ေမာင္းတင္ႏိုင္ဖို႔အေရးကိစၥက အရာရာထက္ အေရးႀကီးေနသလို ၂၀၂၁-၂၂ ရာသီသစ္မွာ CR7 ဆြတ္ခူးႏိုင္ဖြယ္ရွိတဲ့ တကိုယ္ေတာ္ဆု ၅ ခု ကလည္း သူ႔ႀကိဳးစားမႈနဲ႔ ထိုက္တန္မယ္ဆိုရင္ အဆင္သင့္ေစာင့္ဆိုင္းေနတာပါ။

ယူအီးအက္ဖ္ေအ တႏွစ္တာအေကာင္းဆုံးကစားသမားဆု
ဒီဆုက ကလပ္အတြက္ေရာ ႏိုင္ငံအသင္းအတြက္ပါ တႏွစ္တာအတြင္း အေကာင္းဆုံးစြမ္းေဆာင္ျပႏိုင္တဲ့ ကစားသမားကို ခ်ီးျမႇင့္ေပးတာျဖစ္ၿပီး ေရာ္နယ္လ္ဒိုကေတာ့ ၃ ႀကိမ္အထိ ရယူထားဖူးပါတယ္။ ယူအီးအက္ဖ္ေအ တႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ဒီႏွစ္အတြက္ CR7 ရႏိုင္ေျခရွိမရွိဆိုတာကေတာ့ အခုလိုၾကည့္ရမွာပါ။

ဂ်ဴဗင္တပ္စ္အတြက္ ၂၉ ဂိုးသြင္းၿပီး စီးရီးေအေ႐ႊဖိနပ္ဆုကို ဆြတ္ခူးထားသလို အားနည္းခ်က္အေနနဲ႔ အသင္း​က အဆင့္ ၄ မွာသာ ရပ္တည္ႏိုင္ခဲ့သလို သူ႔အတြက္ ေနာက္ထပ္အားသာခ်က္ကေတာ့ ေပၚတူဂီနဲ႔အတူ ယူ႐ို ၂၀၂၀ မွာ ၅ ဂိုးသြင္းၿပီး ပက္ထရစ္ရွစ္ခ္ထက္ ဂိုးဖန္တီးမႈပိုမ်ားတဲ့အခ်က္ေၾကာင့္ ၿပိဳင္ပြဲရဲ႕ေ႐ႊဖိနပ္ဆုရွင္အျဖစ္ ရပ္တည္ႏိုင္ခဲ့တာမို႔ ေစာင့္ၾကည့္ခ်င္စရာပါ။

ဘလြန္ေဒါဆု
ဘလြန္ေဒါ ၅ ဆုရွင္ ေပၚတူဂီ GOAT ႀကီးကေတာ့ လီယြန္နယ္ မက္ဆီကို အမီလိုက္ဖို႔ ၁ ဆုလိုအပ္ေနေသးတာျဖစ္ၿပီး ဒီႏွစ္အတြက္ေတာ့ အာဂ်င္တီးနားနဲ႔အတူ ကိုပါအေမရိကဖလားခ်န္ပီယံျဖစ္ခဲ့တဲ့ PSG တိုက္စစ္မႉးႀကီးကေတာ့ ပိုၿပီးေရပန္းစားေနပါတယ္။

ဒါေပမယ့္ ေရာ္နယ္လ္ဒိုအတြက္ေတာ့ အခြင့္အေရးေကာင္းေတြ ရွိေနေသးၿပီး မျဖစ္ႏိုင္ဘူးလို႔ ယတိ​ျပတ္ ေျပာလို႔မရတဲ့အ​​ေျခအေန မက္ဆီနဲ႔ထပ္တူ ဘလြန္ေဒါ ၆ ဆုရွင္ျဖစ္လာဖို႔လည္း ေမွ်ာ္လင့္ခံထားရသလို ၂၀၁၇ ခုႏွစ္က ေနာက္ဆုံးရထားတဲ့ ဒီဆုနဲ႔ ျပန္လည္ေပါင္းဆုံႏိုင္မလားလို႔ စိတ္ဝင္စားစရာပါ။

စီးရီးေအရဲ႕ တန္ဖိုးအရွိဆုံးကစားသမားဆု
စီးရီးေအရဲ႕ အႀကီးျမတ္ဆုံး ကစားသမားလို႔ ဆိုရမယ့္ ေရာ္နယ္လ္ဒိုအတြက္ အခုလာမယ့္ရာသီသစ္မွာေတာ့ ဒီဆုကို ရရွိဖို႔ ထိပ္ဆုံးက တစ္ေျပးေနၿပီး ဒါက ရာသီမစခင္မွာပဲ ႀကိဳတင္အေလးေပးခံထားရပါ။ စီးရီးေအခ်န္ပီယံအျဖစ္ သက္ေသျပႏိုင္ဖို႔သာ အဓိက်ေနပါတယ္။

ဒီဆုကို ၂၀၁၈-၁၉ ရာသီမွာ အသက္ ၃၆ ႏွစ္သားက ဆြတ္ခူးခဲ့ဖူးၿပီး ေနာက္ဆုံး ၂ ရာသီမွာေတာ့ ေပၚလို ဒီဘားလားနဲ႔ ႐ိုမီလူ လူကာကူးတို႔က ရရွိထားသလို အင္တာမီလန္အသင္းက အင္အားခ်ိနဲ႔သြားခ်ိန္မွာ နည္းျပေဟာင္း အယ္လီဂရီနီနဲ႔ ျပန္လည္လက္တြဲရမယ့္ သူ႔အတြ​က္ ေမွ်ာ္လင့္ခ်က္အားက​ေတာ့ ပိုေကာင္းေနပါတယ္။

ဥေရာပေ႐ႊဖိနပ္ဆု
ဒီဆုကိုေတာ့ ၿပီးခဲ့တဲ့ရာသီက ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးက ရယူထားခဲ့ၿပီး မက္ဆီကလည္း ၆ ႀကိမ္တိုင္တိုင္ ဆြတ္ခူးထားခဲ့ဖူးသလို ေရာ္နယ္လ္ဒိုအတြက္ေတာ့ အားနည္းေနခဲ့ၿပီး ၂၀၁၄-၁၅ ရာသီက ေနာက္ဆုံးရရွိဖူးထားတာမို႔ ၆ ႏွစ္ၾကာေဝးကြာေနတဲ့ဆုလို႔ ေျပာရမွာပါ။

သူကေတာ့ ဒီဆုကို မန္ယူႏိုက္တက္မွာ တႀကိမ္၊ ရီးရဲလ္မက္ဒရစ္ ၃ ႀကိမ္နဲ႔ စုစုေပါင္း ၄ ႀကိမ္ရရွိထားသူျဖစ္ၿပီး လာမယ့္ရာသီသစ္မွာ ဥေရာပထိပ္တန္းလိဂ္ ၅ ခုရဲ႕ ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ ရမွတ္အမ်ားဆုံးနဲ႔ ဥေရာပေ႐ႊဖိနပ္ဆုကို တေက်ာ့ျပန္ဆြတ္ခူးၿပီး သူ႔ရဲ႕ တကိုယ္ေတာ္ဆုစာရင္းထဲကို ေပါင္းထည့္သြားႏိုင္ဖြယ္လည္း ရွိေနပါတယ္။

စီးရီးေအ ေ႐ႊဖိနပ္ဆု
Capocannoniere Award လို႔ ေခၚတဲ့ စီရီးေအေ႐ႊဖိနပ္ဆုကို ေရာ္နယ္လ္ဒိုက ၂ ႏွစ္ဆက္ဆြတ္ခူးသြားဖို႔လည္း အခုကတည္းက ေရပန္းစားေနသလို ၿပိဳင္ဘက္ လူကာကူးမရွိေတာ့ျခင္းက သူ႔အတြက္ ဒီဆုအတြက္ ပိုမိုလြယ္ကူလာေစမလားလို႔ ေစာင့္ၾကည့္ရမွာပါ။

ၿပီးခဲ့တဲ့ရာသီက ၂၉ ဂိုးသြင္းယူၿပီး ဒီဆုနဲ႔ ထိုက္တန္ခဲ့သလို မာရာဒိုနာ၊ မီရွ္လဲ ပလာတီနီ၊ အိုမာ ဆီဗိုရီ၊ မာကို ဗန္ဘက္စတန္တို႔လို ကမာၻ႔ဂႏၴဝင္တိုက္စစ္မႉးႀကီးေတြ ဆြတ္ခူးခဲ့တဲ့ သမိုင္းေကာင္းလည္း Capocannoniere ဆုက ေရာ္နယ္လ္ဒိုအတြက္ ေနာက္တႀကိမ္ေစာင့္ဆိုင္းေနဖို႔လည္း ေသခ်ာေပါက္ရွိေန​ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.