Analysis La Liga Ligue1 Other

PSG မှာ ကမ္ဘာ့အကောင်းဆုံးကစားသမား မက်ဆီ ဘာကြောင့် ရုန်းကန်ရနိုင်လဲ?

အာဂျင်တီးနား GOAT ကြီး လီယွန်နယ် မက်ဆီအနေနဲ့ ကနဦး ၂ နှစ်စာချုပ်+တနှစ်ထပ်တိုးခွင့်နဲ့ PSGအသင်းကိုအပြီးသတ်ပြောင်းရွှေ့ခဲ့ပြီး ငယ်စဉ်ကတည်းက နှစ်များစွာ ကစားခဲ့တဲ့ နူးကမ့်မြေမှာလို ချက်ချင်း မတောက်ပနိုင်ပဲ နယ်မြေသစ် ပါရီမြေမှာ ဘယ်လိုအချက်တွေကြောင့် ရုန်းကန်နိုင်ရချေရှိတယ်ဆိုတာ သုံးသပ်တင်ဆက်လိုက်ရပါတယ်။

၁။ အသင်းသစ်၊ ပတ်ဝန်းကျင်အသစ်၊ သူစိမ်းတို့ရဲ့အလယ်မှာ
လီယွန်နယ် မက်ဆီရဲ့ အားနည်းချက်ကို ​ပြောပြဆိုရင် ဘာစီလိုနာမှာ ဆယ်စုနှစ် ၂ ခုကြာ သစ္စာခံခဲ့တဲ့အချက်ကိုပဲ ပြန်ပြောရဦးမှာပါ။ ငယ်ဘဝကတည်းက နေထိုင်လာခဲ့တဲ့ ကလပ်အသင်းကနေ ရုတ်တရက်ထွက်ခွာလာရတဲ့အခါ ကိုယ့်ဝပ်ကျင်းလေးထဲက အပြင်ကို ခုန်ထွက်လာရသလိုဖြစ်ပြီး ပတ်ဝန်းကျင်အသစ်မှာ အသားကျနိုင်မလား စိုးရိမ်စရာရှိပါတယ်။

PSG လို အသင်းသစ်၊ ပါရီလို ပတ်ဝန်းသစ်ဖြစ်နေ​ပြီး သူစိမ်းတွေရဲ့အလယ် စခန်းသွားရမယ့်အချိန်မှာ ဂျရတ် ပီကေး၊ ဂျော်ဒီ အယ်လ်ဘာ၊ ဆာဂျီယို ဘူးစကွက်စ်တို့လို ကာလရှည်အသင်းဖော်တွေနဲ့ ကွင်းတွင်း၊ ကွင်းပြင် ပြောစရာမလိုအောင် နားလည်မှုပြည့်ဝတဲ့ ဆက်ဆံရေးမျိုးတော့ အချိန်ယူတည်ဆောက်ရဦးမှာဖြစ်ပြီး သီးခြားနေတတ်တဲ့ပုံစံမျိုးဖြစ်တဲ့ အာဂျင်တီးနား သားကြီးအတွက် ပြဿာနာတရပ်ဖြစ်လာပါဦးမယ်။

၂။ သူ့ကို ဗဟိုမပြုတော့တဲ့ ကစားကွက်အသစ်မှာ အံဝင်နိုင်ပါ့မလား?
အားလုံးသိတဲ့အတိုင်း ဘာစီလိုနာမှာ မက်ဆီက နံပါတ် ၁ ဖြစ်ခဲ့တာပါ။ အရာရာ သူ့အပေါ်မှာ မူတည်ပြီး ကစားကွက်တည်ဆောက်ခဲ့သလို နည်းပြတိုင်းကလည်း တလေးတစားနေရာပေးရသူပါ။ အ​​ငြင်းပွားဖွယ်ရာမရှိ သူ့အတွက် နေရာတနေရာက ခိုင်မာခဲ့ပြီး PSG မှာတော့ သူက အသင်းရဲ့တစိတ်တပိုင်းအနေနဲ့သာ ပါဝင်သွားရမှာပါ။

ကြယ်စင်စုအသင်းကြီးဖြစ်လာတဲ့ PSG မှာ သူက သူလိုငါလိုအနေအထားမျိုးနဲ့ နေမာ၊ အမ်ဘာပေ၊ ဆာဂျီယို ရာမို့စ်တို့နဲ့အတူ တန်းတူထားပြီး ကစားကွက်အတွက် ရွေးချယ်ခံရမှာဖြစ်သလို ဒါက ရာသီသစ်မှာ အသက် ၃၄ သားကြီးရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို အနည်းနဲ့အများဆိုသလို ထိခိုက်လာနိုင်ပြီး အိမ်နိမ့်စံဘဝကို သူဘယ်လိုကိုင်တွယ်မလဲ စောင့်ကြည့်ရတော့မှာပါ။

၃။ ထင်မှတ်မထားတဲ့ မာန်မာနတိုက်ပွဲ
နောက်ဆုံးရတဲ့သတင်းအရ ခိုင်လျန် အမ်ဘာပေက မက်ဆီရောက်ရှိလာလို့ လောင်းရိပ်မိခံရမယ့်ဘဝကို မလိုချင်ဘူးလို့ PSG အသင်းဆီ ခပ်တင်းတင်းပဲ တောင်းဆိုထားပြီး ပြီးခဲ့တဲ့နှစ်တွေကအတိုင်း ပြင်သစ်သားက အသင်းရဲ့အဓိကလူအဖြစ် အခိုင်အမာရပ်တည်ချင်နေတာပါ။

မက်ဆီအပေါ်မှာအာရုံစိုက်မှုတွေ ရောက်ရှိသွားမှာကို မလိုလားတဲ့ အမ်ဘာပေရဲ့ ပြဿနာတရပ်အဖြစ် ရှူမြင်ခံနေရပြီး သူ့ရဲ့တက်လမ်းကို ပိတ်ဆို့သွားစေနိုင်မယ့် အန္တရာယ်အဖြစ် ယုံကြည်နေတာပါ။ ဒါဟာ ထင်မှတ်မထားတဲ့ အသင်း မာန်မာနတိုက်ပွဲအဖြစ် အသွင်ပြောင်းလာနိုင်ပြီး ရီးရဲလ်မက်ဒရစ်ကို ထွက်ခွာသွားဖို့လည်း ပိုတွန်းအားပေးလိုက်သလို ဖြစ်သွားမလား PSG အတွက် စိုးရိမ်စရာတခုဖြစ်လာပါတယ်။

၄။ ကစားသမားဘဝအကျပိုင်းမှာ နေဝင်ချိန်နီးလာပြီ
ဒါက မက်ဆီတဦးတည်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်ပြီး ဇရာက စကားပြောလာတဲ့အချိန်မှာ အရာရာအကောင်းအတိုင်း ရှိနေဆဲပါလို့ ဟန်ကိုယ့်ဖို့ပြောဖို့တော့ မဖြစ်နိုင်တော့တာပါ။ ကိုပါအမေရိကဖလားချန်ပီယံအဖြစ် အာဂျင်တီးနားမှာ ငယ်မူငယ်သွေးကြွပြီး ခြေစွမ်းပြခဲ့ပေမယ့် ဒါဟာ ကာလတိုပြိုင်ပွဲသာဖြစ်ပြီး ရာသီရှည်ခရီးမှာတော့ မက်ဆီအတွက် ဆင်ခြင်သရာရှိလာပါပြီ။

ဒဏ်ရာ ခဏခဏရနိုင်တာမျိုး၊ ကြံ့ခိုင်မှုမပြည့်ဝလို့ လွဲချော်တာမျိုးတွေကို ခပ်စိပ်စိပ်တွေ့လာရဖို့ ရှိနေပြီး အကျပိုင်းရောက်လာတဲ့ သူ့အသက်အရွယ်နဲ့ အကောင်းဆုံးခြေစွမ်းကို ဘယ်လောက်ထိ ထိန်းမတ်ထားနိုင်မလဲဆိုတာ ပညာခန်းတခုဖြစ်လာသလို ဒါကို နေဝင်ကာလမှာ မက်ဆီကျော်ဖြတ်ပြနိုင်ရင်တော့ အတော်လေးချီးကျူးရမှာပါ။

၅။ ဘာစီလိုနာမှာလိုမျိုး စိတ်အပြည့်နှစ်ပြီးကစားနိုင်ပါဦးမလား?
မက်ဆီရဲ့ နှလုံးသားက ဘာစီလိုနာမြို့မှာ ကျန်ရစ်ခဲ့ပါပြီ။ ဒါကို မဖြစ်မနေ လက်ခံရမှာဖြစ်ပြီး သူက ကတ်တလန်ကလပ်ကနေ ဘယ်တုန်းကမှ စွန့်ခွာလိုစိတ်မရှိခဲ့သူအဖြစ်ကနေ အခြေအနေအချိုးအကွေ့မှာ ရင်တွေကွဲ၊ စိတ် ကြေမွခဲ့ရပြီးပြီဆိုတာ သူ့မျက်ရည်တွေက သက်သေခံခဲ့ပြီးဖြစ်ပါတယ်။

ဒီလိုခံစားချက်မျိုးနဲ့ PSG ကို ရောက်လာတဲ့ သူ့ရဲ့သ​ဘောထားအပိုင်းမှာ ဘာစီလိုနာမှာလိုမျိုး စိတ်အပြည့်နှစ်ပြီး ဘောလုံးကို အရူးအမူးကစားပြနိုင်ပါဦးမလားဆိုတာ မေးခွန်းထုတ်ခံထားရပြီး ပါရီမြို့မှာ ​ဘုရားတဆူလို ကိုးကွယ်ခံနေရတဲ့ သူ့ရဲ့ပုံရိပ်အတွက် အရေးကြီးနေပြီး ဒါကို နာမည်ပျက်မရှိ၊ အမည်းစက်မထင်အောင် စွမ်းဆောင်ပြရမှာဖြစ်သလို PSG ပရိသတ်တွေချစ်ခင်လောက်တဲ့ အတက်ကြွဆုံး စိတ်အားထက်သန်မှုမျိုးကို ပြသဖို့ လိုအပ်နေလို့ အချိန်တခုက ကုစားပေးရပါဦးမယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အာဂ်င္တီးနား GOAT ႀကီး လီယြန္နယ္ မက္ဆီအေနနဲ႔ ကနဦး ၂ ႏွစ္စာခ်ဳပ္+တႏွစ္ထပ္တိုးခြင့္နဲ႔ PSGအသင္းကိုအၿပီးသတ္ေျပာင္းေရႊ႔ခဲ့ျပီး ငယ္စဥ္ကတည္းက ႏွစ္မ်ားစြာ ကစားခဲ့တဲ့ ႏူးကမ့္ေျမမွာလို ခ်က္ခ်င္း မေတာက္ပႏိုင္ပဲ နယ္ေျမသစ္ ပါရီေျမမွာ ဘယ္လိုအခ်က္ေတြေၾကာင့္ ရုန္းကန္ႏိုင္ရေခ်ရိွတယ္ဆိုတာ သံုးသပ္တင္ဆက္လိုက္ရပါတယ္။

၁။ အသင္းသစ္၊ ပတ္ဝန္းက်င္အသစ္၊ သူစိမ္းတို႔ရဲ႕အလယ္မွာ
လီယြန္နယ္ မက္ဆီရဲ႕ အားနည္းခ်က္ကို ​ေျပာျပဆိုရင္ ဘာစီလိုနာမွာ ဆယ္စုႏွစ္ ၂ ခုၾကာ သစၥာခံခဲ့တဲ့အခ်က္ကိုပဲ ျပန္ေျပာရဦးမွာပါ။ ငယ္ဘဝကတည္းက ေနထိုင္လာခဲ့တဲ့ ကလပ္အသင္းကေန ႐ုတ္တရက္ထြက္ခြာလာရတဲ့အခါ ကိုယ့္ဝပ္က်င္းေလးထဲက အျပင္ကို ခုန္ထြက္လာရသလိုျဖစ္ၿပီး ပတ္ဝန္းက်င္အသစ္မွာ အသားက်ႏိုင္မလား စိုးရိမ္စရာရွိပါတယ္။

PSG လို အသင္းသစ္၊ ပါရီလို ပတ္ဝန္းသစ္ျဖစ္ေန​ၿပီး သူစိမ္းေတြရဲ႕အလယ္ စခန္းသြားရမယ့္အခ်ိန္မွာ ဂ်ရတ္ ပီေကး၊ ေဂ်ာ္ဒီ အယ္လ္ဘာ၊ ဆာဂ်ီယို ဘူးစကြက္စ္တို႔လို ကာလရွည္အသင္းေဖာ္ေတြနဲ႔ ကြင္းတြင္း၊ ကြင္းျပင္ ေျပာစရာမလိုေအာင္ နားလည္မႈျပည့္ဝတဲ့ ဆက္ဆံေရးမ်ိဳးေတာ့ အခ်ိန္ယူတည္ေဆာက္ရဦးမွာျဖစ္ၿပီး သီးျခားေနတတ္တဲ့ပုံစံမ်ိဳးျဖစ္တဲ့ အာဂ်င္တီးနား သားႀကီးအတြက္ ျပႆာနာတရပ္ျဖစ္လာပါဦးမယ္။

၂။ သူ႔ကို ဗဟိုမျပဳေတာ့တဲ့ ကစားကြက္အသစ္မွာ အံဝင္ႏိုင္ပါ့မလား?
အားလုံးသိတဲ့အတိုင္း ဘာစီလိုနာမွာ မက္ဆီက နံပါတ္ ၁ ျဖစ္ခဲ့တာပါ။ အရာရာ သူ႔အေပၚမွာ မူတည္ၿပီး ကစားကြက္တည္ေဆာက္ခဲ့သလို နည္းျပတိုင္းကလည္း တေလးတစားေနရာေပးရသူပါ။ အ​​ျငင္းပြားဖြယ္ရာမရွိ သူ႔အတြက္ ေနရာတေနရာက ခိုင္မာခဲ့ၿပီး PSG မွာေတာ့ သူက အသင္းရဲ႕တစိတ္တပိုင္းအေနနဲ႔သာ ပါဝင္သြားရမွာပါ။

ၾကယ္စင္စုအသင္းႀကီးျဖစ္လာတဲ့ PSG မွာ သူက သူလိုငါလိုအေနအထားမ်ိဳးနဲ႔ ေနမာ၊ အမ္ဘာေပ၊ ဆာဂ်ီယို ရာမို႔စ္တို႔နဲ႔အတူ တန္းတူထားၿပီး ကစားကြက္အတြက္ ေ႐ြးခ်ယ္ခံရမွာျဖစ္သလို ဒါက ရာသီသစ္မွာ အသက္ ၃၄ သားႀကီးရဲ႕ စိတ္ဓာတ္ပိုင္းဆိုင္ရာကို အနည္းနဲ႔အမ်ားဆိုသလို ထိခိုက္လာႏိုင္ၿပီး အိမ္နိမ့္စံဘဝကို သူဘယ္လိုကိုင္တြယ္မလဲ ေစာင့္ၾကည့္ရေတာ့မွာပါ။

၃။ ထင္မွတ္မထားတဲ့ မာန္မာနတိုက္ပြဲ
ေနာက္ဆုံးရတဲ့သတင္းအရ ခိုင္လ်န္ အမ္ဘာေပက မက္ဆီေရာက္ရွိလာလို႔ ေလာင္းရိပ္မိခံရမယ့္ဘဝကို မလိုခ်င္ဘူးလို႔ PSG အသင္းဆီ ခပ္တင္းတင္းပဲ ေတာင္းဆိုထားၿပီး ၿပီးခဲ့တဲ့ႏွစ္ေတြကအတိုင္း ျပင္သစ္သားက အသင္းရဲ႕အဓိကလူအျဖစ္ အခိုင္အမာရပ္တည္ခ်င္ေနတာပါ။

မက္ဆီအေပၚမွာအာ႐ုံစိုက္မႈေတြ ေရာက္ရွိသြားမွာကို မလိုလားတဲ့ အမ္ဘာေပရဲ႕ ျပႆနာတရပ္အျဖစ္ ရႉျမင္ခံေနရၿပီး သူ႔ရဲ႕တက္လမ္းကို ပိတ္ဆို႔သြားေစႏိုင္မယ့္ အႏၲရာယ္အျဖစ္ ယုံၾကည္ေနတာပါ။ ဒါဟာ ထင္မွတ္မထားတဲ့ အသင္း မာန္မာနတိုက္ပြဲအျဖစ္ အသြင္ေျပာင္းလာႏိုင္ၿပီး ရီးရဲလ္မက္ဒရစ္ကို ထြက္ခြာသြားဖို႔လည္း ပိုတြန္းအားေပးလိုက္သလို ျဖစ္သြားမလား PSG အတြက္ စိုးရိမ္စရာတခုျဖစ္လာပါတယ္။

၄။ ကစားသမားဘဝအက်ပိုင္းမွာ ေနဝင္ခ်ိန္နီးလာၿပီ
ဒါက မက္ဆီတဦးတည္းရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ ျပႆနာျဖစ္ၿပီး ဇရာက စကားေျပာလာတဲ့အခ်ိန္မွာ အရာရာအေကာင္းအတိုင္း ရွိေနဆဲပါလို႔ ဟန္ကိုယ့္ဖို႔ေျပာဖို႔ေတာ့ မျဖစ္ႏိုင္ေတာ့တာပါ။ ကိုပါအေမရိကဖလားခ်န္ပီယံအျဖစ္ အာဂ်င္တီးနားမွာ ငယ္မူငယ္ေသြးႂကြၿပီး ေျခစြမ္းျပခဲ့ေပမယ့္ ဒါဟာ ကာလတိုၿပိဳင္ပြဲသာျဖစ္ၿပီး ရာသီရွည္ခရီးမွာေတာ့ မက္ဆီအတြက္ ဆင္ျခင္သရာရွိလာပါၿပီ။

ဒဏ္ရာ ခဏခဏရႏိုင္တာမ်ိဳး၊ ႀကံ့ခိုင္မႈမျပည့္ဝလို႔ လြဲေခ်ာ္တာမ်ိဳးေတြကို ခပ္စိပ္စိပ္ေတြ႕လာရဖို႔ ရွိေနၿပီး အက်ပိုင္းေရာက္လာတဲ့ သူ႔အသက္အ႐ြယ္နဲ႔ အေကာင္းဆုံးေျခစြမ္းကို ဘယ္ေလာက္ထိ ထိန္းမတ္ထားႏိုင္မလဲဆိုတာ ပညာခန္းတခုျဖစ္လာသလို ဒါကို ေနဝင္ကာလမွာ မက္ဆီေက်ာ္ျဖတ္ျပႏိုင္ရင္ေတာ့ အေတာ္ေလးခ်ီးက်ဴးရမွာပါ။

၅။ ဘာစီလိုနာမွာလိုမ်ိဳး စိတ္အျပည့္ႏွစ္ၿပီးကစားႏိုင္ပါဦးမလား?
မက္ဆီရဲ႕ ႏွလုံးသားက ဘာစီလိုနာၿမိဳ႕မွာ က်န္ရစ္ခဲ့ပါၿပီ။ ဒါကို မျဖစ္မေန လက္ခံရမွာျဖစ္ၿပီး သူက ကတ္တလန္ကလပ္ကေန ဘယ္တုန္းကမွ စြန္႔ခြာလိုစိတ္မရွိခဲ့သူအျဖစ္ကေန အေျခအေနအခ်ိဳးအေကြ႕မွာ ရင္ေတြကြဲ၊ စိတ္ ေၾကမြခဲ့ရၿပီးၿပီဆိုတာ သူ႔မ်က္ရည္ေတြက သက္ေသခံခဲ့ၿပီးျဖစ္ပါတယ္။

ဒီလိုခံစားခ်က္မ်ိဳးနဲ႔ PSG ကို ေရာက္လာတဲ့ သူ႔ရဲ႕သ​ေဘာထားအပိုင္းမွာ ဘာစီလိုနာမွာလိုမ်ိဳး စိတ္အျပည့္ႏွစ္ၿပီး ေဘာလုံးကို အ႐ူးအမူးကစားျပႏိုင္ပါဦးမလားဆိုတာ ေမးခြန္းထုတ္ခံထားရၿပီး ပါရီၿမိဳ႕မွာ ​ဘုရားတဆူလို ကိုးကြယ္ခံေနရတဲ့ သူ႔ရဲ႕ပုံရိပ္အတြက္ အေရးႀကီးေနၿပီး ဒါကို နာမည္ပ်က္မရွိ၊ အမည္းစက္မထင္ေအာင္ စြမ္းေဆာင္ျပရမွာျဖစ္သလို PSG ပရိသတ္ေတြခ်စ္ခင္ေလာက္တဲ့ အတက္ႂကြဆုံး စိတ္အားထက္သန္မႈမ်ိဳးကို ျပသဖို႔ လိုအပ္ေနလို႔ အခ်ိန္တခုက ကုစားေပးရပါဦးမယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.