Analysis Article Other Premier League
လမ်းပတ်ရဲ့အမှိုက်ကို ရွှေအဖြစ်ပြောင်းခဲ့တဲ့ တူဟယ်လ်ရဲ့စီမံမှုကို တိုက်စစ်မှူးဟောင်းချီးကျူး
နည်းပြဟောင်း ဖရန့် လမ်းပတ်လက်ထဲမှာ နေရာမရဘဲ ချောင်ထိုးခံထားရတဲ့ ချယ်လ်ဆီးကစားသမား ၃ ဦးကို နည်းပြသစ် သောမတ်စ် တူဟယ်လ်တယောက် တကျော့ပြန် တသွေးတမွေးဖြစ်စေခဲ့လို့ ချယ်လ်ဆီးတိုက်စစ်မှူးဟောင်းတဦးရဲ့ အထူးတလည် ချီးကျူးအားပေးမှုကို လက်ခံရရှိနေတာပါ။
အပြာရောင်တိုက်စစ်မှူးဟောင်းဖြစ်တဲ့ တိုနီ ကက်စကာရီနိုက ချယ်လ်ဆီးအသင်းရဲ့ လက်ရှိလူစာရင်းအတောင့်တင်းဆုံးဖြစ်နေတာဟာ တူဟယ်လ်ရဲ့ အစွမ်းအစကြောင့်ဖြစ်တယ်လို့ ယုံကြည်နေပြီး အပြောင်းအရွှေ့စျေးကွက်မှာ အသင်းရဲ့အားအနည်းဆုံး အထောင်တိုက်စစ်မှူးနေရာကို ဖြည့်တင်းနိုင်ခဲ့လို့လည်း အတော်လေး ကျေနပ်နေပါတယ်။
ရိုမီလူ လူကာကူးကို ခေါ်ယူနိုင်ခဲ့တဲ့အပြင် လမ်းပတ်လက်ထဲမှာ အဖတ်မတင်ဘဲ အမှိုက်ဖြစ်နေခဲ့တဲ့ ခရစ္စတီယန် ပူလီရှစ်ချ်၊ မားကို့စ် အလွန်ဆိုနဲ့ ဆီဇာ အက်ဇ်ပီလီကွေတာတို့ကို ‘ရွှေ‘ ဖြစ်စေခဲ့တဲ့ တူဟယ်လ်ရဲ့ အသွင်ပြောင်းလဲပေးနိုင်မှုကို ​ကြိုဆိုသွားခဲ့တာလည်း ဖြစ်ပါတယ်။
“ပဲ့လေစ်နဲ့ပွဲမှာ ပူလီရှစ်ချ်က အထောင်တိုက်စစ်မှူးနေရာမှာ ကစားသွားခဲ့တယ်။ ဂိုးတဂိုးသွင်းခဲ့သလို ပြိုင်ဘက်ကို ဖရိုဖရဲဖြစ်စေခဲ့တယ်။ မားကို့စ် အလွန်ဆို ဆိုရင်လည်း ဘယ်သူမှ အလိုမရှိတဲ့ အပယ်ခံဘဝကို ရောက်နေရာကနေ လူကာကူးရဲ့ အပြောင်းအရွှေ့မှာ အလိုက်ပေးခံရဖို့အထိ ဖြစ်ခဲ့သေးတယ်မဟုတ်လား”လို့ သူက ထောက်ပြသွားခဲ့တာပါ။
အလွန်ဆိုဟာ တူဟယ်လ်ရဲ့ ၃-၄-၃ ကစားကွက်မှာ ဘယ်နောက်ခံအစွန်လူအဖြစ် တောက်ပလာခဲ့ပြီး ပဲလေ့စ်နဲ့ပွဲမှာလည်း ဖရီးကစ်ဂိုး ကန်သွားယူခဲ့သလို ပေးဂိုးမရှိခဲ့တာဖြစ်ပြီး သူကျင်လည်ခဲ့ဖူးတဲ့ နည်းပြဟောင်း အန်တိုနီယို ကွန်တီရဲ့ နည်းစနစ်အတိုင်း အသားတကျနဲ့ တာဝန်အကျေပွန်ဆုံး ကစားပြနေတာဖြစ်ပါတယ်။
“နောက်ပြီး ကျွန်တော်ထင်ခဲ့တာက အက်ဇ်ပီလီကွေတာရဲ့ အနာဂတ်က ချယ်လ်ဆီးမှာ ပြီးဆုံးသွားခဲ့ပြီဆိုတာပါ။ ဒါပေမယ့် သူက ပဲ့လေ့စ်နဲ့ပွဲမှာ ညာနောက်ခံအစွန်မှာ ပွဲထွက်ကစားလာခဲ့တယ်။ ချယ်လ်ဆီးတို့ သိပ်ကျစ်လစ်သွားခဲ့တယ်”လို့လည်း ကက်စကာရီနိုက ဆီဇာရဲ့ခြေစွမ်းကို သုံးသပ်သွားခဲ့တာပါ။
“ပွဲထွက်ကစားနေကျလူက အရန်ခုံပေါ်ကို ရောက်သွားတော့ အရာရာရှုပ်ထွေးခဲ့ရတာပေါ့လေ။ ဒါပေမယ့် နည်းပြကို ကျွန်တော် လေးစားမှုပြသခဲ့ပါတယ်။ ကွင်းပြင်ပမှာ ကိုယ်တတ်နိုင်တဲ့ဘက်က အကူအညီပေးခဲ့တယ်။ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ကိုယ့်ကို လိုအပ်လာမယ့်အချိန်ကို စောင့်ဆိုင်းခဲ့ပါတယ်။ ခင်ဗျားအနေနဲ့ ပွဲတိုင်းကို ကစားခွင့်ရချင်မှာပါ။ ဒါ​ပေမယ့် အရန်ခုံမှာ ထိုင်ရတာ ဘယ်လောက်နာကျင်လိုက်ရသလဲဗျာ။ အသင်းခေါင်းဆောင်တယောက်ပီသဖို့ အသင်းသားတွေရဲ့ စည်းလုံးမှုအကျိုးကိုပဲ ကျွန်တော်ရှေးရှုခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က တကိုယ်ကောင်းသမားမဟုတ်လို့ပါ”လို့ ဆီဇာရဲ့ပြောစကားက လွန်ခဲ့တဲ့ ဖေဖော်ဝါရီက အပြာရောင်ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ချယ်လ်ဆီးရဲ့ ကွင်းတွင်းမှာရော ကွင်းပြင်ပမှာပါ အသင်းခေါင်းဆောင်တယောက်အနေနဲ့ လွှမ်းမိုးမှုကြီးမားတဲ့ အက်ဇ်ပီလီကွေတာဟာ ပရီးမီးယားလိဂ်ဖလား ၂ လုံး၊ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ FA နဲ့ EFL ဖလားတွေကို တလုံးစီဆွတ်ခူးခဲ့သူဖြစ်ပြီး စတမ်းဖို့ဒ်ဘရစ်ချ်မြေမှာ ဖြတ်သန်းမှုကြီးမားသူပါ။
လမ်းပတ်လက်ထဲမှာ နေရာပျောက်သွားခဲ့ရပေမယ့် လက်ရှိနည်းပြ တူဟယ်လ်ရဲ့ လက်အောက်မှာတော့ သူ့အနေနဲ့ ၃ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်ခွင့်ရမယ့် အနီးစပ်ဆုံး အလားအလာကို ပိုင်ဆိုင်ထားပြီး လူကာကူး၊ ဗာနာ၊ ပူလီရှစ်ချ်၊ ခိုင်ဟာဗတ်ဇ်၊ မေဆန်မောင့်၊ ဇီးယက်ရှ်၊ အိုဒွိုင်းတို့နဲ့ အင်္ဂလန်ရဲ့ အတောင့်တင်းဆုံး တိုက်စစ်အင်အားကို ရရှိနေတာလည်း လုံလောက်တဲ့အကြောင်းရင်းတခုအဖြစ် တည်ရှိနေပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: နည်းပြဟောင်း ဖရန့် လမ်းပတ်လက်ထဲမှာ နေရာမရဘဲ ချောင်ထိုးခံထားရတဲ့ ချယ်လ်ဆီးကစားသမား ၃ ဦးကို နည်းပြသစ် သောမတ်စ် တူဟယ်လ်တယောက် တကျော့ပြန် တသွေးတမွေးဖြစ်စေခဲ့လို့ ချယ်လ်ဆီးတိုက်စစ်မှူးဟောင်းတဦးရဲ့ အထူးတလည် ချီးကျူးအားပေးမှုကို လက်ခံရရှိနေတာပါ။
အပြာရောင်တိုက်စစ်မှူးဟောင်းဖြစ်တဲ့ တိုနီ ကက်စကာရီနိုက ချယ်လ်ဆီးအသင်းရဲ့ လက်ရှိလူစာရင်းအတောင့်တင်းဆုံးဖြစ်နေတာဟာ တူဟယ်လ်ရဲ့ အစွမ်းအစကြောင့်ဖြစ်တယ်လို့ ယုံကြည်နေပြီး အပြောင်းအရွှေ့ဈေးကွက်မှာ အသင်းရဲ့အားအနည်းဆုံး အထောင်တိုက်စစ်မှူးနေရာကို ဖြည့်တင်းနိုင်ခဲ့လို့လည်း အတော်လေး ကျေနပ်နေပါတယ်။
ရိုမီလူ လူကာကူးကို ခေါ်ယူနိုင်ခဲ့တဲ့အပြင် လမ်းပတ်လက်ထဲမှာ အဖတ်မတင်ဘဲ အမှိုက်ဖြစ်နေခဲ့တဲ့ ခရစ္စတီယန် ပူလီရှစ်ခ်ျ၊ မားကို့စ် အလွန်ဆိုနဲ့ ဆီဇာ အက်ဇ်ပီလီကွေတာတို့ကို ‘ရွှေ‘ ဖြစ်စေခဲ့တဲ့ တူဟယ်လ်ရဲ့ အသွင်ပြောင်းလဲပေးနိုင်မှုကို ​ကြိုဆိုသွားခဲ့တာလည်း ဖြစ်ပါတယ်။
ချယ်လ်ဆီးရဲ့ ကွင်းတွင်းမှာရော ကွင်းပြင်ပမှာပါ အသင်းခေါင်းဆောင်တယောက်အနေနဲ့ လွှမ်းမိုးမှုကြီးမားတဲ့ အက်ဇ်ပီလီကွေတာဟာ ပရီးမီးယားလိဂ်ဖလား ၂ လုံး၊ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ FA နဲ့ EFL ဖလားတွေကို တလုံးစီဆွတ်ခူးခဲ့သူဖြစ်ပြီး စတမ်းဖို့ဒ်ဘရစ်ခ်ျမြေမှာ ဖြတ်သန်းမှုကြီးမားသူပါ။
လမ်းပတ်လက်ထဲမှာ နေရာပျောက်သွားခဲ့ရပေမယ့် လက်ရှိနည်းပြ တူဟယ်လ်ရဲ့ လက်အောက်မှာတော့ သူ့အနေနဲ့ ၃ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်ခွင့်ရမယ့် အနီးစပ်ဆုံး အလားအလာကို ပိုင်ဆိုင်ထားပြီး လူကာကူး၊ ဗာနာ၊ ပူလီရှစ်ခ်ျ၊ ခိုင်ဟာဗတ်ဇ်၊ မေဆန်မောင့်၊ ဇီးယက်ရှ်၊ အိုဒွိုင်းတို့နဲ့ အင်္ဂလန်ရဲ့ အတောင့်တင်းဆုံး တိုက်စစ်အင်အားကို ရရှိနေတာလည်း လုံလောက်တဲ့အကြောင်းရင်းတခုအဖြစ် တည်ရှိနေပါတယ်။
REF: INTERNET SOURCES
SPORTS A2Z.