Premier League Transfer News

ဟာရီကိန်းအပြောင်းအရွှေ့အရှုပ်တော်ပုံရဲ့လားရာ ဘယ်လိုရှိနေပြီး နည်းပြဂွာဒီယိုလာ ဘယ်လိုကိုင်တွယ်နေလဲ?

မန်စီးတီးနည်းပြ ပပ်ဂွာဒီယိုလာအနေနဲ့ စပါးစ်တိုက်စစ်မှူး ဟာရီကိန်းကို အပြောင်းအရွှေ့တံခါးမပိတ်ခင် လာမယ့် ၂ ပတ်အတွင်း အရခေါ်ယူဖို့ လက်မလျှော့စတမ်း ဆက်လက်ကြိုးစားနေဆဲဖြစ်ပြီး ဒါက ဝှိုက်လတ်လိန်းမှာ ဂိုးမသွင်းနိုင်ခဲ့တဲ့ တဂိုး ဂိုးမရှိနဲ့ ရှူံးပွဲအပြီးမှာ ပိုသေချာသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါပွဲမှာ ကိန်းဟာ ပုဂ္ဂိုလ်ရေးအကြောင်းပြချက်ကြောင့် စပါးစ်ရဲ့လူစာရင်းကနေ ချန်လှပ်ခံထားခဲ့ရပေမယ့် မန်စီးတီးကို နိုင်ပွဲရခဲ့သလို အထောင်တိုက်စစ်မှူးစစ်စစ်မပါဝင်တဲ့ အပြာရောင်စီတီဇန်တို့အတွက် ဂိုးအဆုံးသတ်ပိုင်းအားနည်းချက်က တာဝန်ယူမယ့်သူမရှိဘဲ သိသိသာသာ ထင်ရှားခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

” ဆာဂျီယို အဂွယ်ရိုထွက်ခွာသွားပေမယ့် ကျွန်တော်တို့လူစာရင်းက မနှစ်က ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ ရာသီနဲ့ အတူတူပါပဲ။ သူက အနားယူနေခဲ့တာကြောင့်ပါ။ ဒါ့အပြင် ဂျက်ဂရီးလစ်ရှ်ကို အားဖြည့်လိုက်နိုင်ပါတယ်။ အသင်းမှာ အရာရာအားလုံးက ပုံမှန်အတိုင်း လည်ပတ်နေပါတယ် ”

” အရင်ရာသီက ကျွန်တော်တို့ ဂိုးတွေအ​မြောက်အမြားသွင်းယူနိုင်ခဲ့ပါတယ်။ ဒီရာသီမှာလည်း ဒါကို ဆက်လက်မြင်တွေ့ရဦးမှာပါ။ ပြိုင်ဘက်ကောင်းဖြစ်တဲ့ စပါးစ်နဲ့ပွဲမှာ ဂိုးမရခဲ့ပေမယ့် အနာဂတ်မှာ ပိုကောင်းလာမယ်လို့ ကျွန်တော့်အနေနဲ့ အကောင်းမြင်ထားပါတယ်။ ” လို့ နည်းပြ ပပ် ဂွာဒီယိုလာက ကိန်းမရှိလည်းဖြစ်တယ်လို့ စိတ်ဓာတ်စစ်ဆင်ရေးကို ပြုလုပ်သွားခဲ့ပြီး နောက်ကွယ်မှာတော့ ကိန်းလုပ်ငန်းစဥ်ကို တိတ်တဆိတ်အသက်ဝင်အောင် ဆက်လက်လှုပ်ရှားနေကြောင်း သိရပါတယ်။

ဟာရီကိန်းဟာ မန်စီးတီးကို ပြောင်းရွှေ့ခွင့်ရဖို့ လေ့ကျင့်ရေးမဆင်းဘဲ ဆန္ဒပြခဲ့ပေမယ့် UEFA ယူရိုပါ ကွန်ဖရင့်လိဂ်ရဲ့ Play-off အဆင့်မှာ ပါကို့စ်ဒီဖာရဲရားအသင်းနဲ့ ကစားမယ့် စပါးစ်အသင်းရဲ့ ဥရောပလူစာရင်းမှာ ထည့်သွင်းခံခဲ့ရတယ်လို့ သိရပြီး ဒါဟာ အီတီဟတ်ဆီ အရောင်းအဝယ်တည့်ခဲ့ရင် ချန်ပီယံလိဂ်ကစားခွင့်ရပါ့မလားလို့ စိုးရိမ်မှုတွေရှိပြီး မေးခွန်းထုတ်ခံထားရပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ UEFA ရဲ့ ပြောင်းလဲထားတဲ့ ချန်ပီယံလိဂ် စည်းမျဥ်းသစ်အရ ကိန်းအနေနဲ့ စပါးစ်နဲ့အတူ ယူရိုပါ ကွန်ဖရန့်စ်လိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်ကို ဝင်မကစားသေးသရွေ့ မန်စီးတီးအတွက် ချန်ပီယံလိဂ်ဝင်ကစားခွင့်ကို ရရှိနေဦးမှာဖြစ်တယ်လို့လည်း သိရှိထားရလို့ မန်စီးတီးပရိသတ်တွေအတွက်တော့ စိတ်ကျေနပ်ဖွယ်ရာ ဖြစ်ခဲ့တာပါ။

​အပြောင်းအရွှေ့ Deadline ဖြစ်တဲ့ သြဂုတ်လ ၃၁ ရက်နေ့မတိုင်မီမှာ အင်္ဂလန်လက်ရွေးစင်ကပ္ပတိန်ကြီးရဲ့ အနာဂတ်ကို အပြီးသတ်ဆုံးဖြတ်သွားဖွယ်ရှိနေပြီး သူ့အနေနဲ့ ဥရောပပြိုင်ပွဲစည်းမျဥ်းနဲ့ မငြိတဲ့ အချိန်အတိုင်းအတာတခုဖြစ်နေသလို မန်စီးတီးအသင်းဘက်က ဘယ်လိုတွေ ကိန်းကိုဝယ်ယူဖို့ ဘယ်လိုတွေ ဆက်လက်လှုပ်ရှားသွားမလဲ၊ ခေါင်းမာနေတဲ့ စပါးစ်ဥက္ကဌ လီဗိုင်းကို စည်းရုံးပြီး ကိန်းကို ခေါ်ယူသွားဖို့ ရှိလာမှာလားဆိုတာ ဆက်လက်ရှုစားရဦးမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္စီးတီးနည္းျပ ပပ္ဂြာဒီယိုလာအေနနဲ႔ စပါးစ္တိုက္စစ္မႉး ဟာရီကိန္းကို အေျပာင္းအေ႐ႊ႕တံခါးမပိတ္ခင္ လာမယ့္ ၂ ပတ္အတြင္း အရေခၚယူဖို႔ လက္မေလွ်ာ့စတမ္း ဆက္လက္ႀကိဳးစားေနဆဲျဖစ္ၿပီး ဒါက ဝႈိက္လတ္လိန္းမွာ ဂိုးမသြင္းႏိုင္ခဲ့တဲ့ တဂိုး ဂိုးမရွိနဲ႔ ရႉံးပြဲအၿပီးမွာ ပိုေသခ်ာသြားခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါပြဲမွာ ကိန္းဟာ ပုဂၢိဳလ္ေရးအေၾကာင္းျပခ်က္ေၾကာင့္ စပါးစ္ရဲ႕လူစာရင္းကေန ခ်န္လွပ္ခံထားခဲ့ရေပမယ့္ မန္စီးတီးကို ႏိုင္ပြဲရခဲ့သလို အေထာင္တိုက္စစ္မႉးစစ္စစ္မပါဝင္တဲ့ အျပာေရာင္စီတီဇန္တို႔အတြက္ ဂိုးအဆုံးသတ္ပိုင္းအားနည္းခ်က္က တာဝန္ယူမယ့္သူမရွိဘဲ သိသိသာသာ ထင္ရွားခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

” ဆာဂ်ီယို အဂြယ္႐ိုထြက္ခြာသြားေပမယ့္ ကြၽန္ေတာ္တို႔လူစာရင္းက မႏွစ္က ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့တဲ့ ရာသီနဲ႔ အတူတူပါပဲ။ သူက အနားယူေနခဲ့တာေၾကာင့္ပါ။ ဒါ့အျပင္ ဂ်က္ဂရီးလစ္ရွ္ကို အားျဖည့္လိုက္ႏိုင္ပါတယ္။ အသင္းမွာ အရာရာအားလုံးက ပုံမွန္အတိုင္း လည္ပတ္ေနပါတယ္ ”

” အရင္ရာသီက ကြၽန္ေတာ္တို႔ ဂိုးေတြအ​ေျမာက္အျမားသြင္းယူႏိုင္ခဲ့ပါတယ္။ ဒီရာသီမွာလည္း ဒါကို ဆက္လက္ျမင္ေတြ႕ရဦးမွာပါ။ ၿပိဳင္ဘက္ေကာင္းျဖစ္တဲ့ စပါးစ္နဲ႔ပြဲမွာ ဂိုးမရခဲ့ေပမယ့္ အနာဂတ္မွာ ပိုေကာင္းလာမယ္လို႔ ကြၽန္ေတာ့္အေနနဲ႔ အေကာင္းျမင္ထားပါတယ္။ ” လို႔ နည္းျပ ပပ္ ဂြာဒီယိုလာက ကိန္းမရွိလည္းျဖစ္တယ္လို႔ စိတ္ဓာတ္စစ္ဆင္ေရးကို ျပဳလုပ္သြားခဲ့ၿပီး ေနာက္ကြယ္မွာေတာ့ ကိန္းလုပ္ငန္းစဥ္ကို တိတ္တဆိတ္အသက္ဝင္ေအာင္ ဆက္လက္လႈပ္ရွားေနေၾကာင္း သိရပါတယ္။

ဟာရီကိန္းဟာ မန္စီးတီးကို ေျပာင္းေ႐ႊ႕ခြင့္ရဖို႔ ေလ့က်င့္ေရးမဆင္းဘဲ ဆႏၵျပခဲ့ေပမယ့္ UEFA ယူ႐ိုပါ ကြန္ဖရင့္လိဂ္ရဲ႕ Play-off အဆင့္မွာ ပါကို႔စ္ဒီဖာရဲရားအသင္းနဲ႔ ကစားမယ့္ စပါးစ္အသင္းရဲ႕ ဥေရာပလူစာရင္းမွာ ထည့္သြင္းခံခဲ့ရတယ္လို႔ သိရၿပီး ဒါဟာ အီတီဟတ္ဆီ အေရာင္းအဝယ္တည့္ခဲ့ရင္ ခ်န္ပီယံလိဂ္ကစားခြင့္ရပါ့မလားလို႔ စိုးရိမ္မႈေတြရွိၿပီး ေမးခြန္းထုတ္ခံထားရပါတယ္။

ဒီအေျခအေနနဲ႔ ပတ္သက္လို႔ UEFA ရဲ႕ ေျပာင္းလဲထားတဲ့ ခ်န္ပီယံလိဂ္ စည္းမ်ဥ္းသစ္အရ ကိန္းအေနနဲ႔ စပါးစ္နဲ႔အတူ ယူ႐ိုပါ ကြန္ဖရန္႔စ္လိဂ္ၿပိဳင္ပြဲရဲ႕ အုပ္စုအဆင့္ကို ဝင္မကစားေသးသေ႐ြ႕ မန္စီးတီးအတြက္ ခ်န္ပီယံလိဂ္ဝင္ကစားခြင့္ကို ရရွိေနဦးမွာျဖစ္တယ္လို႔လည္း သိရွိထားရလို႔ မန္စီးတီးပရိသတ္ေတြအတြက္ေတာ့ စိတ္ေက်နပ္ဖြယ္ရာ ျဖစ္ခဲ့တာပါ။

​အေျပာင္းအေ႐ႊ႕ Deadline ျဖစ္တဲ့ ၾသဂုတ္လ ၃၁ ရက္ေန႔မတိုင္မီမွာ အဂၤလန္လက္ေ႐ြးစင္ကပၸတိန္ႀကီးရဲ႕ အနာဂတ္ကို အၿပီးသတ္ဆုံးျဖတ္သြားဖြယ္ရွိေနၿပီး သူ႔အေနနဲ႔ ဥေရာပၿပိဳင္ပြဲစည္းမ်ဥ္းနဲ႔ မၿငိတဲ့ အခ်ိန္အတိုင္းအတာတခုျဖစ္ေနသလို မန္စီးတီးအသင္းဘက္က ဘယ္လိုေတြ ကိန္းကိုဝယ္ယူဖို႔ ဘယ္လိုေတြ ဆက္လက္လႈပ္ရွားသြားမလဲ၊ ေခါင္းမာေနတဲ့ စပါးစ္ဥကၠဌ လီဗိုင္းကို စည္း႐ုံးၿပီး ကိန္းကို ေခၚယူသြားဖို႔ ရွိလာမွာလားဆိုတာ ဆက္လက္ရႈစားရဦးမွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.