ပရီးမီးယားလိဂ်သမိုင်းတလျှောက် ဒုတိယမြောက်ဂိုးအများဆုံး အဖွင့်ပွဲစဥ်
ပရီးမီးယားလိဂ်သမိုင်းတလျှောက် ဒုတိယမြောက် ဂိုးအများဆုံး အဖွင့်ပွဲစဥ်ဖြစ်ခဲ့ပြီး ၁၀ ပွဲလုံးမှာ သရေတစ်ပွဲမှ မရှိခဲ့ဘဲ အရှူံးအနိုင်ပေါ်ခဲ့ပြီး စုစုပေါင်းသွင်းဂိုး ၃၄ ဂိုးရှိခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ ဝက်စ်ဟမ်းအသင်းအပါအဝင် အသင်း ၆ သင်းက ၃ ဂိုးနဲ့အထက်သွင်းယူခဲ့သလို ဒါဟာ ၂၀၀၃-၀၄ ခုနှစ်က အဖွင့်ပွဲစဥ် သွင်းဂိုးပေါင်း ၃၆ ဂိုးအောက် ၂ ဂိုးသာ လျော့နည်းခဲ့တာပါ။
ပွဲဦးထွက် ပင်နယ်တီ ကာကွယ်နိုင်ခဲ့တဲ့ ၈ ဦးမြောက်ကစားသမား
နယူးကာဆယ်ဂိုးသမား ဖရက်ဒီ ဝုဒ်မန်းမှာ သူ့ရဲ့ပထမဆုံး ပရီးမီးယားလိဂ်ပွဲဦးထွက်မှာပဲ ပင်နယ်တီတစ်လုံးကို ကာကွယ်နိုင်ခဲ့လို့ EPL သမိုင်းမှာ အခုလို စွမ်းဆောင်နိုင်ခဲ့တဲ့ ၈ ဦးမြောက် ပွဲဦးထွက်ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့သလို ကံမကောင်းစွာပဲ ငှက်ကျားတို့ကတော့ ရှုံးပွဲနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။
2,000 – Danny Ings' goal today was the 2,000th penalty scored in Premier League history. Brian Deane was the first of 459 different players to score from the spot in the competition, with Alan Shearer (56), Frank Lampard (43) and Steven Gerrard (32) netting the most. Disco. pic.twitter.com/GySKp8EpAW
— OptaJoe (@OptaJoe) August 14, 2021
ပရီးမီးယားလိဂ်သမိုင်းတလျှောက် ၂၀၀၀ ပြည့် ပင်နယ်တီ
ဝက်ဖို့ဒ်အသင်းကို ပွဲချိန် ၉၇ မိနစ်မှာ ပင်နယ်တီကန်သွင်းယူခဲ့တဲ့ အက်စတန်ဗီလာတိုက်စစ်မှူးသစ် ဒန်နီအင်းစ်ဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် ပင်နယ်တီအမှတ်အသားကနေ ၂၀၀၀ ပြည့်မြောက်တဲ့ ဂိုးကို သွင်းယူနိုင်တဲ့ ကစားသမားအဖြစ် မော်ကွန်းဝင်သွားခဲ့ပြီး ပင်နယ်တီ ၈ ဂိုးရထားတဲ့ သူဟာ ပရီးမီးယားလိဂ်မှာ ပင်နယ်တီဂိုးသွင်းတဲ့ ၄၅၉ ဦးထဲမှာတော့ အလန် ရှီးရား၊ ဖရန့် လမ်းပတ်၊ စတီဗင် ဂျရတ်တို့နဲ့တော့ အတော်လေး ဝေးကွာနေသေးတာပါ။
ပရီးမီးယားလိဂ်ရဲ့ ဒုတိယမြောက် အဆိုးရွားဆုံးအသင်း
တနှစ်ကြာတန်းဆင်းသွားခဲ့ပြီး အခုနှစ်မှာ တန်းတက်အသင်းအဖြစ် ပြန်ရောက်လာခဲ့ပေမယ့် အဖွင့်ပွဲမှာ လီဗာပူးလ်နဲ့ ရင်ဆိုင်ခဲ့ရပြီး အိမ်ကွင်းမှာ ၃ ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ နောဝစ်ချ်အသင်းကတော့ ပရီးမီးယားလိဂ် ၁၁ ပွဲဆက် ရှုံးပွဲတွေ့ခဲ့ခြင်းဖြစ်ပြီး ဒါဟာ ၂၀၀၃ နဲ့ ၂၀၀၅ အတွင်း ပွဲ ၂၀ ဆက် ရှုံးထားတဲ့ ဆန်းဒါလန်းအသင်းပြီးရင် အဆိုးရွားဆုံး မှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့ပါတယ်။
လီဗာပူးလ်ကို ဂိုး ၈၀၀၀ ပြည့်စေသူ
နောဝစ်ချ်စီးတီးအသင်းကို ဒုတိယမြောက် ဦးဆောင်ဂိုးသွင်းယူခဲ့တဲ့ လီဗာပူးလ်တိုက်စစ်မှူး ရောဘတ်တို ဖာမီနိုကတော့ အင်္ဂလန်လိဂ်မှာ လီဗာပူးလ်အသင်းအတွက် သွင်းဂိုး ၈၀၀၀ ပြည့်မြောက်တဲ့ဂိုးကို ရယူနိုင်တဲ့ စံချိန်ရှင်ဖြစ်လာခဲ့ပြီး မာဆေးဆိုဒ်အသင်းဟာလည်း မန်ချက်စတာယူနိုက်တက်ရဲ့ သွင်းဂိုးပေါင်း ၈၀၈၉ ဂိုးရဲ့နောက် ဒုတိယနေရာက လိုက်လာခဲ့ပါတယ်။
ချယ်လ်ဆီးကို ဖရီးကစ်ဂိုး ၅၀ ပြည့်စေတဲ့ ကစားသမား
ခရစ္စတယ်လ် ပဲ့လေ့စ်နဲ့ပွဲမှာ ချယ်လ်ဆီးအတွက် အဖွင့်ဂိုးကို ဖရီးကစ်ကနေ တိုက်ရိုက်ကန်သွင်းယူခဲ့တဲ့ မားကို့စ် အလွန်ဆိုဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် အပြာရောင်အသင်းအတွက် ဖရီးကစ်ဂိုး ၅၀ ပြည့်မြောက်စေတဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့သလို မန်ယူနိုက်တက်အသင်းကတော့ ဖရီးကစ် ၆၉ ဂိုးနဲ့ ဦးဆောင်နေပါတယ်။
အဖွင့်ပွဲရှုံးတဲ့ တတိယမြောက်ချန်ပီယံ
စပါးစ်အသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းကတော့ ပရီးမီးယားလိဂ်သမိုင်းတလျှောက် လက်ရှိချန်ပီယံအဖြစ် ပွဲစဥ် ၁ မှာ ရှုံးပွဲကြုံခဲ့ရတဲ့ တတိယမြောက်အသင်းလည်း ဖြစ်လာသလို အဖွင့်ပွဲမှာ အရှုံးနဲ့ရင်ဆိုင်ရပြီး ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့တဲ့အသင်းက မန်ချက်စတာယူနိုက်တက် (၃ ကြိမ်) တစ်သင်းတည်းသာ ရှိနေနိုင်ခဲ့တာမို့ ဒီရာသီမှာရော စီးတီးတို့ မြို့ခံပြိုင်ဘက်ရဲ့ လုပ်နိုင်စွမ်းကို လိုက်မီနိုင်မလား ကြည့်ရမှာပါ။
၅ ရာသီဆက် အဖွင့်ပွဲမှာ ဂိုးသွင်းတဲ့ ပထမဆုံးကစားသမား
နောဝစ်ချ်အသင်းကို ဂိုးသွင်းဖို့ အသင်းဖော်တွေကို နှစ်ကြိမ်ဖန်တီးပေးခဲ့သလို တတိယမြောက်ဦးဆောင်ဂိုးကို ပွဲချိန် ၇၄ မိနစ်မှာ သွင်းယူခဲ့တဲ့ လီဗာပူးလ်တိုက်စစ်မှူး မိုဆာလားကတော့ ပရီးမီးယားလိဂ်သမိုင်းရဲ့ ပွဲစဥ် ၁ မှာ ၅ ရာသီဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။
တစ်ပွဲတည်း ၄ ဂိုးဖန်တီးတဲ့ ၈ ဦးမြောက်ကစားသမား
လိဒ်စ်ယူနိုက်တက်နဲ့ပွဲစဥ်မှာ အသင်းဖော်တွေကို တစ်ကိုယ်တော် ၄ ဂိုးဖန်တီးပေးနိုင်ခဲ့တဲ့ ပေါလ် ပေါ့ဘာဟာ ပရီးမီးယားလိဂ်သမိုင်းရဲ့ ပွဲစဥ်တစ်ခုအတွင်း ၄ ဂိုးဖန်တီးနိုင်တဲ့ ၈ ဦးမြောက်ကစားသမားဖြစ်လာခဲ့ပြီး ဒီလိုစွမ်းဆောင်နိုင်တဲ့ ပထမဦးဆုံး သရဲနီနဲ့ မန်ချက်စတာမြို့က ကစားသမားအဖြစ်လည်း သမိုင်းရေးထိုးသွားခဲ့ပါတယ်။
10 – Bruno Fernandes' hat-trick is the 10th scored on the opening weekend in Premier League history, with Leeds the first club to concede two such trebles in the competition (also Mo Salah last season). Magic. #MUNLEE pic.twitter.com/GQRwGCUHWA
— OptaJoe (@OptaJoe) August 14, 2021
ပွဲစဥ် ၁ သမိုင်းရဲ့ ၁၀ ဦးမြောက် ဟက်ထရစ်စံချိန်ရှင်
လိဒ်စ်ယူနိုက်တက်ကို ဟက်ထရစ်သွင်းသွားတဲ့ ယူနိုက်တက်ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကတော့ ပရီးမီးယားလိဂ်သမိုင်းတလျှောက် ပွဲစဥ် ၁ မှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ ၁၀ ဦးမြောက်ကစားသမားလည်း ဖြစ်လာခဲ့ပြီး လိဒ်စ်ကတော့ အဖွင့်ပွဲမှာ ဟက်ထရစ် ၂ ကြိမ်ခွင့်ပြုထားရတဲ့ ပထမဆုံးအသင်းအဖြစ် နှစ်နှစ်ဆက်တိုက် အလှူပေးပြီး မှတ်တမ်းဝင်သွားခဲ့တာပါ။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ပရီးမီးယားလိဂ္သမိုင္းတေလွ်ာက္ ဒုတိယေျမာက္ဂိုးအမ်ားဆုံး အဖြင့္ပြဲစဥ္
ပရီးမီးယားလိဂ္သမိုင္းတေလွ်ာက္ ဒုတိယေျမာက္ ဂိုးအမ်ားဆုံး အဖြင့္ပြဲစဥ္ျဖစ္ခဲ့ၿပီး ၁၀ ပြဲလုံးမွာ သေရတစ္ပြဲမွ မရွိခဲ့ဘဲ အရႉံးအႏိုင္ေပၚခဲ့ၿပီး စုစုေပါင္းသြင္းဂိုး ၃၄ ဂိုးရွိခဲ့ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဝက္စ္ဟမ္းအသင္းအပါအဝင္ အသင္း ၆ သင္းက ၃ ဂိုးနဲ႔အထက္သြင္းယူခဲ့သလို ဒါဟာ ၂၀၀၃-၀၄ ခုႏွစ္က အဖြင့္ပြဲစဥ္ သြင္းဂိုးေပါင္း ၃၆ ဂိုးေအာက္ ၂ ဂိုးသာ ေလ်ာ့နည္းခဲ့တာပါ။
ပြဲဦးထြက္ ပင္နယ္တီ ကာကြယ္ႏိုင္ခဲ့တဲ့ ၈ ဦးေျမာက္ကစားသမား
နယူးကာဆယ္ဂိုးသမား ဖရက္ဒီ ဝုဒ္မန္းမွာ သူ႔ရဲ႕ပထမဆုံး ပရီးမီးယားလိဂ္ပြဲဦးထြက္မွာပဲ ပင္နယ္တီတစ္လုံးကို ကာကြယ္ႏိုင္ခဲ့လို႔ EPL သမိုင္းမွာ အခုလို စြမ္းေဆာင္ႏိုင္ခဲ့တဲ့ ၈ ဦးေျမာက္ ပြဲဦးထြက္ကစားသမားအျဖစ္ မွတ္တမ္းဝင္သြားခဲ့သလို ကံမေကာင္းစြာပဲ ငွက္က်ားတို႔ကေတာ့ ရႈံးပြဲနဲ႔သာ ရင္ဆိုင္ခဲ့ရပါတယ္။
2,000 – Danny Ings' goal today was the 2,000th penalty scored in Premier League history. Brian Deane was the first of 459 different players to score from the spot in the competition, with Alan Shearer (56), Frank Lampard (43) and Steven Gerrard (32) netting the most. Disco. pic.twitter.com/GySKp8EpAW
— OptaJoe (@OptaJoe) August 14, 2021
ပရီးမီးယားလိဂ္သမိုင္းတေလွ်ာက္ ၂၀၀၀ ျပည့္ ပင္နယ္တီ
ဝက္ဖို႔ဒ္အသင္းကို ပြဲခ်ိန္ ၉၇ မိနစ္မွာ ပင္နယ္တီကန္သြင္းယူခဲ့တဲ့ အက္စတန္ဗီလာတိုက္စစ္မႉးသစ္ ဒန္နီအင္းစ္ဟာ ပရီးမီးယားလိဂ္သမိုင္းတေလွ်ာက္ ပင္နယ္တီအမွတ္အသားကေန ၂၀၀၀ ျပည့္ေျမာက္တဲ့ ဂိုးကို သြင္းယူႏိုင္တဲ့ ကစားသမားအျဖစ္ ေမာ္ကြန္းဝင္သြားခဲ့ၿပီး ပင္နယ္တီ ၈ ဂိုးရထားတဲ့ သူဟာ ပရီးမီးယားလိဂ္မွာ ပင္နယ္တီဂိုးသြင္းတဲ့ ၄၅၉ ဦးထဲမွာေတာ့ အလန္ ရွီးရား၊ ဖရန႔္ လမ္းပတ္၊ စတီဗင္ ဂ်ရတ္တို႔နဲ႔ေတာ့ အေတာ္ေလး ေဝးကြာေနေသးတာပါ။
ပရီးမီးယားလိဂ္ရဲ႕ ဒုတိယေျမာက္ အဆိုး႐ြားဆုံးအသင္း
တႏွစ္ၾကာတန္းဆင္းသြားခဲ့ၿပီး အခုႏွစ္မွာ တန္းတက္အသင္းအျဖစ္ ျပန္ေရာက္လာခဲ့ေပမယ့္ အဖြင့္ပြဲမွာ လီဗာပူးလ္နဲ႔ ရင္ဆိုင္ခဲ့ရၿပီး အိမ္ကြင္းမွာ ၃ ဂိုးျပတ္ အေရးနိမ့္ခဲ့တဲ့ ေနာဝစ္ခ်္အသင္းကေတာ့ ပရီးမီးယားလိဂ္ ၁၁ ပြဲဆက္ ရႈံးပြဲေတြ႕ခဲ့ျခင္းျဖစ္ၿပီး ဒါဟာ ၂၀၀၃ နဲ႔ ၂၀၀၅ အတြင္း ပြဲ ၂၀ ဆက္ ရႈံးထားတဲ့ ဆန္းဒါလန္းအသင္းၿပီးရင္ အဆိုး႐ြားဆုံး မွတ္တမ္းကို ပိုင္ဆိုင္သြားခဲ့ပါတယ္။
လီဗာပူးလ္ကို ဂိုး ၈၀၀၀ ျပည့္ေစသူ
ေနာဝစ္ခ်္စီးတီးအသင္းကို ဒုတိယေျမာက္ ဦးေဆာင္ဂိုးသြင္းယူခဲ့တဲ့ လီဗာပူးလ္တိုက္စစ္မႉး ေရာဘတ္တို ဖာမီႏိုကေတာ့ အဂၤလန္လိဂ္မွာ လီဗာပူးလ္အသင္းအတြက္ သြင္းဂိုး ၈၀၀၀ ျပည့္ေျမာက္တဲ့ဂိုးကို ရယူႏိုင္တဲ့ စံခ်ိန္ရွင္ျဖစ္လာခဲ့ၿပီး မာေဆးဆိုဒ္အသင္းဟာလည္း မန္ခ်က္စတာယူႏိုက္တက္ရဲ႕ သြင္းဂိုးေပါင္း ၈၀၈၉ ဂိုးရဲ႕ေနာက္ ဒုတိယေနရာက လိုက္လာခဲ့ပါတယ္။
ခ်ယ္လ္ဆီးကို ဖရီးကစ္ဂိုး ၅၀ ျပည့္ေစတဲ့ ကစားသမား
ခရစၥတယ္လ္ ပဲ့ေလ့စ္နဲ႔ပြဲမွာ ခ်ယ္လ္ဆီးအတြက္ အဖြင့္ဂိုးကို ဖရီးကစ္ကေန တိုက္႐ိုက္ကန္သြင္းယူခဲ့တဲ့ မားကို႔စ္ အလြန္ဆိုဟာ ပရီးမီးယားလိဂ္သမိုင္းတေလွ်ာက္ အျပာေရာင္အသင္းအတြက္ ဖရီးကစ္ဂိုး ၅၀ ျပည့္ေျမာက္ေစတဲ့ ကစားသမားအျဖစ္လည္း မွတ္တမ္းဝင္သြားခဲ့သလို မန္ယူႏိုက္တက္အသင္းကေတာ့ ဖရီးကစ္ ၆၉ ဂိုးနဲ႔ ဦးေဆာင္ေနပါတယ္။
အဖြင့္ပြဲရႈံးတဲ့ တတိယေျမာက္ခ်န္ပီယံ
စပါးစ္အသင္းကို တစ္ဂိုး-ဂိုးမရွိနဲ႔ အေရးနိမ့္ခဲ့တဲ့ မန္ခ်က္စတာစီးတီးအသင္းကေတာ့ ပရီးမီးယားလိဂ္သမိုင္းတေလွ်ာက္ လက္ရွိခ်န္ပီယံအျဖစ္ ပြဲစဥ္ ၁ မွာ ရႈံးပြဲႀကဳံခဲ့ရတဲ့ တတိယေျမာက္အသင္းလည္း ျဖစ္လာသလို အဖြင့္ပြဲမွာ အရႈံးနဲ႔ရင္ဆိုင္ရၿပီး ခ်န္ပီယံဆုကို ကာကြယ္ႏိုင္ခဲ့တဲ့အသင္းက မန္ခ်က္စတာယူႏိုက္တက္ (၃ ႀကိမ္) တစ္သင္းတည္းသာ ရွိေနႏိုင္ခဲ့တာမို႔ ဒီရာသီမွာေရာ စီးတီးတို႔ ၿမိဳ႕ခံၿပိဳင္ဘက္ရဲ႕ လုပ္ႏိုင္စြမ္းကို လိုက္မီႏိုင္မလား ၾကည့္ရမွာပါ။
၅ ရာသီဆက္ အဖြင့္ပြဲမွာ ဂိုးသြင္းတဲ့ ပထမဆုံးကစားသမား
ေနာဝစ္ခ်္အသင္းကို ဂိုးသြင္းဖို႔ အသင္းေဖာ္ေတြကို ႏွစ္ႀကိမ္ဖန္တီးေပးခဲ့သလို တတိယေျမာက္ဦးေဆာင္ဂိုးကို ပြဲခ်ိန္ ၇၄ မိနစ္မွာ သြင္းယူခဲ့တဲ့ လီဗာပူးလ္တိုက္စစ္မႉး မိုဆာလားကေတာ့ ပရီးမီးယားလိဂ္သမိုင္းရဲ႕ ပြဲစဥ္ ၁ မွာ ၅ ရာသီဆက္တိုက္ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ တစ္ဦးတည္းေသာ ကစားသမားလည္း ျဖစ္လာခဲ့ပါတယ္။
တစ္ပြဲတည္း ၄ ဂိုးဖန္တီးတဲ့ ၈ ဦးေျမာက္ကစားသမား
လိဒ္စ္ယူႏိုက္တက္နဲ႔ပြဲစဥ္မွာ အသင္းေဖာ္ေတြကို တစ္ကိုယ္ေတာ္ ၄ ဂိုးဖန္တီးေပးႏိုင္ခဲ့တဲ့ ေပါလ္ ေပါ့ဘာဟာ ပရီးမီးယားလိဂ္သမိုင္းရဲ႕ ပြဲစဥ္တစ္ခုအတြင္း ၄ ဂိုးဖန္တီးႏိုင္တဲ့ ၈ ဦးေျမာက္ကစားသမားျဖစ္လာခဲ့ၿပီး ဒီလိုစြမ္းေဆာင္ႏိုင္တဲ့ ပထမဦးဆုံး သရဲနီနဲ႔ မန္ခ်က္စတာၿမိဳ႕က ကစားသမားအျဖစ္လည္း သမိုင္းေရးထိုးသြားခဲ့ပါတယ္။
10 – Bruno Fernandes' hat-trick is the 10th scored on the opening weekend in Premier League history, with Leeds the first club to concede two such trebles in the competition (also Mo Salah last season). Magic. #MUNLEE pic.twitter.com/GQRwGCUHWA
— OptaJoe (@OptaJoe) August 14, 2021
ပြဲစဥ္ ၁ သမိုင္းရဲ႕ ၁၀ ဦးေျမာက္ ဟက္ထရစ္စံခ်ိန္ရွင္
လိဒ္စ္ယူႏိုက္တက္ကို ဟက္ထရစ္သြင္းသြားတဲ့ ယူႏိုက္တက္ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္ကေတာ့ ပရီးမီးယားလိဂ္သမိုင္းတေလွ်ာက္ ပြဲစဥ္ ၁ မွာ ဟက္ထရစ္သြင္းယူႏိုင္တဲ့ ၁၀ ဦးေျမာက္ကစားသမားလည္း ျဖစ္လာခဲ့ၿပီး လိဒ္စ္ကေတာ့ အဖြင့္ပြဲမွာ ဟက္ထရစ္ ၂ ႀကိမ္ခြင့္ျပဳထားရတဲ့ ပထမဆုံးအသင္းအျဖစ္ ႏွစ္ႏွစ္ဆက္တိုက္ အလႉေပးၿပီး မွတ္တမ္းဝင္သြားခဲ့တာပါ။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.