La Liga Other Transfer News

ဘာတိုမြူရဲ့ အရှုပ်ထုပ်ကြောင့် ဘာစီလိုနာအသင်းမွဲသွားခဲ့ခြင်းဖြစ်ကြောင်း လာပေါ့တာအပြစ်တင်

တိုက်စစ်မှူးကြီး လီယွန်နယ် မက်ဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ခံရတဲ့အပြင် ဘဏ္ဍာရေးအကျပ်အတည်းကိုပါ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာဥက္ကဌ လာပေါ့တာ ဒီဖြစ်ရပ်တွေအားလုံးရဲ့ တရားခံဟာ ဥက္ကဋ္ဌဟောင်း ဂျိုးဆပ် မာရီယာ ဘာတိုမြူဖြစ်တယ်လို့ လူသိရှင်ကြား အပြစ်တင်ပြောဆိုသွားခဲ့ကြောင်း သိရပါတယ်။

ဘာစီလိုနာရဲ့ ဘဏ္ဍာရေးအခြေအနေဟာ စိုးရိမ်ကောင်းလောက်အောင် ကျပ်တည်းနေပြီလို့ ထုတ်ဖော်သွားခဲ့တဲ့ လာပေါ့တာဟာ ၂၀၁၇ ခုနှစ်မှာ တိုက်စစ်မှူး နေမာကို ရောင်းချရငွေ ယူရို ၂၂၂ သန်းကို ဘာတိုမြူတို့ အလွဲသုံးစားလုပ်ခဲ့ကြောင်း စွပ်စွဲသွားခဲ့သလို သူ့ဆီ ဖြေရှင်းလွှာပေးပို့လာတဲ့ ဥက္ကဋ္ဌဟောင်းရဲ့ စကားတွေဟာ ပကတိအလိမ်အညာသက်သက်သာဖြစ်ကြောင်း လက်ညှိးထိုးသွားခဲ့တာပါ။

သူ့ရဲ့အဆိုအရ ၂၀၁၇ မှာ PSG အသင်းဆီက ရရှိခဲ့တဲ့ ယူရို ၂၂၂ သန်းကို အိတ်ကပ်ထဲထည့်နိုင်ခဲ့တဲ့ ဘာဆာဥက္ကဋ္ဌဟောင်း ဘာတိုမြူဟာ အူစမန် ဒမ်ဘီလီအတွက် ယူရို ၁၀၅ သန်း၊ ၂၀၁၈ မှာ ကော်တင်ညိုကို ယူရိုသန်း ၁၆၀၊ ဂရိဇ်မန်းအတွက် ယူရိုသန်း ၁၂၀၊ စုစုပေါင်း ယူရို ၃၈၅ သန်း ဖြုန်းတီးခဲ့ပြီး ကစားသမားတွေက ခြေစွမ်းမပြနိုင်သလို လစာပေးချေမှုစရိတ်က အဆမတန်မြင့်မားခဲ့တယ်လို့ သိရပါတယ်။

” အစိုးရပိုင်ကလပ်တွေကို ယှဉ်ပြိုင်ဖို့အတွက် ကျွန်တော်တို့ လစာပေးချေမှုဖောင်းပွခဲ့ရတယ်ဆိုတာ မမှန်ကန်ပါဘူး။ ဒါဟာ နေမာရဲ့စာချုပ်လျော်ကြေးကရတဲ့ ယူရို ၂၂၂ သန်းကို အလဟဿဖြုန်းတီးခဲ့ခြင်းပါ။ လစာကိစ္စမှာရော၊ အကြွေးဆပ်ဖို့ကိစ္စမှာရောပေါ့။ ဘာတိုမြူရဲ့စီမံခန့်ခွဲမှုအမှားကြောင့် အသင်းရဲ့ အားကစားမူဝါဒပိုင်းမှာ ဖရိုဖရဲအဆင့်ထိ ဖြစ်ပျက်ခဲ့ပါတယ်။ ”

” ဒီအသင်းရဲ့ အပြောင်းအရွှေ့မူဝါဒက အတော်လေးစုတ်ပြတ်ခဲ့ပါတယ်။ ဘာတိုမြူပြောခဲ့သမျှဟာ အလိမ်အညာတွေချည်းပါပဲ။ နေမာစာချုပ်က ငွေကြေးကို သူတလွဲလုပ်ခဲ့ပုံက ဘာစီလိုနာရဲ့ပုံရိပ်ကို ကြီးကြီးမားမားဖျက်ဆီးခဲ့တယ်ဆိုတာ ခင်ဗျားတို့ သူ့ကိုအသိပေးလိုက်ပါ။ ငွေကြေးသုံးစွဲပုံက အချိုးအစားမကျခဲ့တာ သူ့တာဝန်ဖြစ်ပါတယ်။ နေမာဆီကရမယ့် ယူရို ၁၆.၇ သန်းကိုလည်း အသင်းဘက်က မယူပဲ လျော်ပေးလိုက်တယ်ဆိုတာလည်း အမှန်မဟုတ်ပဲ လိမ်ညာမှုတစ်ခုသာဖြစ်ပါတယ် ”

” ပြီးတော့ဗျာ ဂျိုဟန် ခရိုက်ဖ် စတေဒီယမ်အတွက် ခန့်မှန်းကုန်ကျငွေက ယူရို ၄ သန်းကို ယူရိုသန်း ၂၀ ကုန်ကျခဲ့ကြတယ်လို့ စာရင်းရှင်းတမ်းတွေမှာ တွေ့ခဲ့ရတဲ့အထိ အသင်းပိုင်ငွေတွေကို အထိမ်းအကွပ်မရှိသုံးခဲ့ကြတယ်။ ဘာစီလိုနာအနေနဲ့ ၂၀၂၂ ရောက်ရင်တော့ ဂျိုဟန် ခရိုက်ဖ် အထိမ်းအမှတ်နဲ့ တည်ဆောက်လိုက်တဲ့ ဒီကွင်းသစ်ကို ဘာစီလိုနာ ဘီအသင်းနဲ့ အမျိုးသမီးအသင်းပွဲတွေအတွက် စတင်အသုံးပြုနိုင်တော့မှာပါ။ ”

” ဘာစီလိုနာရဲ့ ဘဏ္ဍာရေးအခြေအနေက စိုးရိမ်စရာကောင်းလောက်အောင် ယိုယွင်းနေပါပြီ။ အခုအချိန်မှာ ကြွေးမြီက ယူရို ၁.၃၅ ဘီလျံရှိနေပါတယ်။ အသင်းရဲ့အသားတင်တန်ဖိုးက အနုတ် ယူရို ၄၅၁ သန်းပါ။ အသင်းရဲ့လစာပေးချေမှုဟာ ဝင်ငွေရဲ့ ၁၀၃ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။ ”

“ဒါဟာ ဘယ်အသင်းထက်မဆို ၂၅ ရာခိုင်နှုန်းအထိ ပိုများနေတဲ့အနေအထားပါ။ ဒါတွေအားလုံးအတွက် ဘာတိုမြူမှာ တာဝန်ရှိပါတယ်။ သူ ကျွန်တော့်ဆီကို ပေးပို့ခဲ့တဲ့ စာလွှာထဲမှာ ဖြေရှင်းချက် ၈ ချက်ပါဝင်ပြီး ၈ ချက်စလုံးဟာ အလိမ်အညာတွေချည်းပါပဲ။ ဘယ်သူမှ ကိုယ်လုပ်ခဲ့တဲ့အရာကို မဖြေရှင်းပဲ တာဝန်မဲ့စွာပစ်ပြေးလို့မရပါဘူး ” လို့ လာပေါ့တာက တရားဝင်ပြောကြားသွားခဲ့ပြီး ဘာစီလိုနာအတွက် လက်ရှိအရှုပ်တော်ပုံကနေ လွတ်မြောက်ဖို့ ဘယ်လိုဖြေရှင်းမလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
တိုက္စစ္မႉးႀကီး လီယြန္နယ္ မက္ဆီကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ လက္လႊတ္ခံရတဲ့အျပင္ ဘ႑ာေရးအက်ပ္အတည္းကိုပါ ရင္ဆိုင္ေနရတဲ့ ဘာစီလိုနာဥကၠဌ လာေပါ့တာ ဒီျဖစ္ရပ္ေတြအားလုံးရဲ႕ တရားခံဟာ ဥကၠ႒ေဟာင္း ဂ်ိဳးဆပ္ မာရီယာ ဘာတိုျမဴျဖစ္တယ္လို႔ လူသိရွင္ၾကား အျပစ္တင္ေျပာဆိုသြားခဲ့ေၾကာင္း သိရပါတယ္။

ဘာစီလိုနာရဲ႕ ဘ႑ာေရးအေျခအေနဟာ စိုးရိမ္ေကာင္းေလာက္ေအာင္ က်ပ္တည္းေနၿပီလို႔ ထုတ္ေဖာ္သြားခဲ့တဲ့ လာေပါ့တာဟာ ၂၀၁၇ ခုႏွစ္မွာ တိုက္စစ္မႉး ေနမာကို ေရာင္းခ်ရေငြ ယူ႐ို ၂၂၂ သန္းကို ဘာတိုျမဴတို႔ အလြဲသုံးစားလုပ္ခဲ့ေၾကာင္း စြပ္စြဲသြားခဲ့သလို သူ႔ဆီ ေျဖရွင္းလႊာေပးပို႔လာတဲ့ ဥကၠ႒ေဟာင္းရဲ႕ စကားေတြဟာ ပကတိအလိမ္အညာသက္သက္သာျဖစ္ေၾကာင္း လက္ညႇိးထိုးသြားခဲ့တာပါ။

သူ႔ရဲ႕အဆိုအရ ၂၀၁၇ မွာ PSG အသင္းဆီက ရရွိခဲ့တဲ့ ယူ႐ို ၂၂၂ သန္းကို အိတ္ကပ္ထဲထည့္ႏိုင္ခဲ့တဲ့ ဘာဆာဥကၠ႒ေဟာင္း ဘာတိုျမဴဟာ အူစမန္ ဒမ္ဘီလီအတြက္ ယူ႐ို ၁၀၅ သန္း၊ ၂၀၁၈ မွာ ေကာ္တင္ညိဳကို ယူ႐ိုသန္း ၁၆၀၊ ဂရိဇ္မန္းအတြက္ ယူ႐ိုသန္း ၁၂၀၊ စုစုေပါင္း ယူ႐ို ၃၈၅ သန္း ျဖဳန္းတီးခဲ့ၿပီး ကစားသမားေတြက ေျခစြမ္းမျပႏိုင္သလို လစာေပးေခ်မႈစရိတ္က အဆမတန္ျမင့္မားခဲ့တယ္လို႔ သိရပါတယ္။

” အစိုးရပိုင္ကလပ္ေတြကို ယွဥ္ၿပိဳင္ဖို႔အတြက္ ကြၽန္ေတာ္တို႔ လစာေပးေခ်မႈေဖာင္းပြခဲ့ရတယ္ဆိုတာ မမွန္ကန္ပါဘူး။ ဒါဟာ ေနမာရဲ႕စာခ်ဳပ္ေလ်ာ္ေၾကးကရတဲ့ ယူ႐ို ၂၂၂ သန္းကို အလဟႆျဖဳန္းတီးခဲ့ျခင္းပါ။ လစာကိစၥမွာေရာ၊ အေႂကြးဆပ္ဖို႔ကိစၥမွာေရာေပါ့။ ဘာတိုျမဴရဲ႕စီမံခန႔္ခြဲမႈအမွားေၾကာင့္ အသင္းရဲ႕ အားကစားမူဝါဒပိုင္းမွာ ဖ႐ိုဖရဲအဆင့္ထိ ျဖစ္ပ်က္ခဲ့ပါတယ္။ ”

” ဒီအသင္းရဲ႕ အေျပာင္းအေ႐ႊ႕မူဝါဒက အေတာ္ေလးစုတ္ျပတ္ခဲ့ပါတယ္။ ဘာတိုျမဴေျပာခဲ့သမွ်ဟာ အလိမ္အညာေတြခ်ည္းပါပဲ။ ေနမာစာခ်ဳပ္က ေငြေၾကးကို သူတလြဲလုပ္ခဲ့ပုံက ဘာစီလိုနာရဲ႕ပုံရိပ္ကို ႀကီးႀကီးမားမားဖ်က္ဆီးခဲ့တယ္ဆိုတာ ခင္ဗ်ားတို႔ သူ႔ကိုအသိေပးလိုက္ပါ။ ေငြေၾကးသုံးစြဲပုံက အခ်ိဳးအစားမက်ခဲ့တာ သူ႔တာဝန္ျဖစ္ပါတယ္။ ေနမာဆီကရမယ့္ ယူ႐ို ၁၆.၇ သန္းကိုလည္း အသင္းဘက္က မယူပဲ ေလ်ာ္ေပးလိုက္တယ္ဆိုတာလည္း အမွန္မဟုတ္ပဲ လိမ္ညာမႈတစ္ခုသာျဖစ္ပါတယ္ ”

ၿပီးေတာ့ ဂ်ိဳဟန္ ခ႐ိုက္ဖ္ စေတဒီယမ္အတြက္ ခန႔္မွန္းကုန္က်ေငြက ယူ႐ို ၄ သန္းကို ယူ႐ိုသန္း ၂၀ ကုန္က်ခဲ့ၾကတယ္လို႔ စာရင္းရွင္းတမ္းေတြမွာ ေတြ႕ခဲ့ရတဲ့အထိ အသင္းပိုင္ေငြေတြကို အထိမ္းအကြပ္မရွိသုံးခဲ့ၾကတယ္။ ဘာစီလိုနာအေနနဲ႔ ၂၀၂၂ ေရာက္ရင္ေတာ့ ဂ်ိဳဟန္ ခ႐ိုက္ဖ္ အထိမ္းအမွတ္နဲ႔ တည္ေဆာက္လိုက္တဲ့ ဒီကြင္းသစ္ကို ဘာစီလိုနာ ဘီအသင္းနဲ႔ အမ်ိဳးသမီးအသင္းပြဲေတြအတြက္ စတင္အသုံးျပဳႏိုင္ေတာ့မွာပါ။ ”

” ဘာစီလိုနာရဲ႕ ဘ႑ာေရးအေျခအေနက စိုးရိမ္စရာေကာင္းေလာက္ေအာင္ ယိုယြင္းေနပါၿပီ။ အခုအခ်ိန္မွာ ေႂကြးၿမီက ယူ႐ို ၁.၃၅ ဘီလ်ံရွိေနပါတယ္။ အသင္းရဲ႕အသားတင္တန္ဖိုးက အႏုတ္ ယူ႐ို ၄၅၁ သန္းပါ။ အသင္းရဲ႕လစာေပးေခ်မႈဟာ ဝင္ေငြရဲ႕ ၁၀၃ ရာခိုင္ႏႈန္းအထိ ရွိေနပါတယ္။ ”

“ဒါဟာ ဘယ္အသင္းထက္မဆို ၂၅ ရာခိုင္ႏႈန္းအထိ ပိုမ်ားေနတဲ့အေနအထားပါ။ ဒါေတြအားလုံးအတြက္ ဘာတိုျမဴမွာ တာဝန္ရွိပါတယ္။ သူ ကြၽန္ေတာ့္ဆီကို ေပးပို႔ခဲ့တဲ့ စာလႊာထဲမွာ ေျဖရွင္းခ်က္ ၈ ခ်က္ပါဝင္ၿပီး ၈ ခ်က္စလုံးဟာ အလိမ္အညာေတြခ်ည္းပါပဲ။ ဘယ္သူမွ ကိုယ္လုပ္ခဲ့တဲ့အရာကို မေျဖရွင္းပဲ တာဝန္မဲ့စြာပစ္ေျပးလို႔မရပါဘူး ” လို႔ လာေပါ့တာက တရားဝင္ေျပာၾကားသြားခဲ့ၿပီး ဘာစီလိုနာအတြက္ လက္ရွိအရႈပ္ေတာ္ပုံကေန လြတ္ေျမာက္ဖို႔ ဘယ္လိုေျဖရွင္းမလဲဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရဦးမွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.