Premier League Serie A Transfer News

အေဘရာဟမ်ရဲ့ ရိုးမားအပြောင်းအရွှေ့မှာ ဆရာ(မကြီး)ကျလိုက်ပြန်တဲ့ မာရီနာ

ချဲလ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့အကြီးအကဲ မာရီနာ ဂရာနော့ဗ်စကားယာရဲ့ ဒီနောက်ပိုင်းနှစ်တွေမှာ ဈေးကွက်ထဲ ဆရာကျနေတဲ့ ပုံစံကတော့ ဘောလုံးပရိသတ်အတော်များများ သတိထားစရာလည်းဖြစ်ခဲ့ပြီး မလုပ်ရင်လည်းအရှင်း လုပ်လိုက်ရင်လည်း လုံးဝ ခွင်ကြီးကြီးတွေ ဆင်နေတဲ့ ရွှေ့ကွက်တွေက ရိုမီလူ လူကာကူးနဲ့ ဈေးသက်သာအောင် လုပ်နိုင်ခဲ့သလို တမ်မီ အေရာဟမ်အတွက်လည်း ပါးပါးနပ်နပ် လုပ်ဆောင်နိုင်ခဲ့ပါတယ်။

လူကာကူးကို အဲဗာတန်အသင်းဆီ ရောင်းခဲ့စဉ်က သင်ခန်းစာကိုလည်း အပြည့်အဝယူနိုင်ခဲ့ပြီး အေဘရာဟမ်အတွက် ရိုးမားအသင်းဆီကို Buy Back Clause ထည့်သွင်းဖို့ မမေ့ခဲ့သလို မြို့ခံပြိုင်ဘက် အာဆင်နယ်ဆီမှာ ပြန်ပြီး လက်သီးပုန်းထိုးတာကို ခံမယ့်အစား ခပ်ပြတ်ပြတ်ပဲ အီတလီမြေကို မာရီနာက ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်မှာ မွေးဖွားခဲ့တဲ့ နိုင်ဂျီးရီးယားလူမျိုးတစ်ဦးဖြစ်တဲ့ အေဘရာဟမ်အနေနဲ့ တခြားအင်္ဂလိပ်ကစားသမားတွေလို နိုင်ငံရပ်ခြား ထွက်ကစားချိန်မှာ သူ့ရဲ့ ဇာတိမျိုးနွယ်က အကူအညီလည်းဖြစ်နိုင်တာကြောင့် နည်းပြဟောင်း ဂျိုဆေး မော်ရင်ညိုနဲ့ ပူးပေါင်းဖို့အတွက် ရိုးမားကို အခက်အခဲမရှိ ရွေးချယ်နိုင်ခဲ့ချိန်မှာ ယူရိုသန်း ၄၀ နဲ့ ငါးနှစ်စာချုပ်ချုပ်ဖို့က ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် အေဘရာဟမ်အတွက် လာမယ့် ၂ နှစ်ကာလအတွင်းမှာ ပြန်လည်ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေးရဲ့နှစ်ဆဖြစ်တဲ့ ယူရိုသန်း ၈၀ နဲ့ ခေါ်ယူခွင့်ရှိတယ်လို့ ထည့်သွင်းခဲ့ပြီး ဒါက ပစ္စည်းတွေ ဝယ်ယူရာမှာ အာမခံကာလပေးပြီး ဈေးနှုန်းကို မြှင့်တင်ရောင်းချတာနဲ့ တူခဲ့သလို ပရီးမီးယားလိဂ် ကလပ်တွေနဲ့ ၂၃ နှစ်သားက ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခဲ့တဲ့ အာဆင်နယ်တို့ဆီက မရနိုင်တဲ့ ဈေးနှုန်းနဲ့ သဘောတူညီမှုတွေလည်းဖြစ်ခဲ့ပါတယ်။

မာရီနာ ကစားလိုက်တဲ့ နှစ်ကျပ်ကွက်လို့ဆိုရမယ့် Buy Back Clause ဟာ တစ်ချိန်မှာ ပြန်ရောင်းလို့ ရနိုင်ပြီး အဖိုးမဆုံးနိုင်ဘူးဆိုတဲ့ မက်လုံးနဲ့ ပေါင် ၂၅ သန်းဝန်းကျင်လောက်ပဲတန်တဲ့ ကစားသမားကို ဆိုက်ကိုထည့်ပြီး နောက်ထပ် ပေါင် ၉ သန်း ပိုမိုရရှိအောင်လုပ်တဲ့ အကွက်ဖြစ်သလို တကယ်လို့ ကိုယ့်ကစားသမား ကံထပြီး စွတ်ကောင်းလာရင်လည်း ရှေ့တုန်းက မိုဟာမက် ဆာလား၊ ကီဗင် ဒီဘရိုင်းနားနဲ့ လူကာကူးတို့လို ကစားသမားတွေကို ပြန်လည်သိမ်းပိုက်ခွင့် မရှိဘဲ လက်လွှတ်ခဲ့ရတာကို ကာကွယ်ထားခဲ့တာပါ။

ဆာလားနဲ့ ဒီဘရိုင်းနားကိုသာ အဲ့ဒီအချိန်တွေတုန်းက ရိုးမားနဲ့ ဝုလ်ဖ်စ်ဘတ်တို့ဆီကနေ ပြန်သိမ်းနိုင်ခဲ့မယ်ဆိုရင် ချဲလ်ဆီးတိုက်စစ်ဟာ ဥရောပမှာ ကြောက်စရာအကောင်းဆုံးဖြစ်နေလိမ့်မယ်ဆိုတဲ့ ကျွမ်းကျင်သူတွေရဲ့ ဝေဖန်မှုတွေကို အေဘရာမိုဗစ်ချ်ရဲ့ ညာလက်ရုံး ဆရာမကြီးအနေနဲ့ အေဘရာဟမ်အတွက် ရောင်းချမှုမှာ စတင်တုံ့ပြန်သွားခဲ့တာလည်းဖြစ်ပါတယ်။

ဒါကြောင့် ရိုးမားအသင်းမှာ အေဘရာဟမ် ဘယ်လိုဖြစ်လာဦးမလဲဆိုတာကို အေးအေးဆေးဆေး စောင့်ကြည့်နိုင်သလို လောလောဆယ်မှာလည်း အင်္ဂလန်ကလပ်တွေဆီက ရနိုင်တဲ့ ပြောင်းရွှေ့ကြေးထက် ပေါင် ၉ သန်းပိုယူပြီး နောက်ထပ်ကစားသမားသစ်တွေအတွက် ရန်ပုံငွေ ပိုမိုရရှိနိုင်အောင် လုပ်ပြနိုင်ခဲ့တဲ့ မာရီနာ ဂရာနော့ဗ်စကားယာကို ဒီနေရာက အလေးပြုပြီး ချဲလ်ဆီးပရိသတ်တွေ ချစ်ကြတာ မဆန်းဘူးလို့ပဲ ပြောရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းရဲ႕ အေျပာင္းအေ႐ႊ႕အႀကီးအကဲ မာရီနာ ဂရာေနာ့ဗ္စကားယာရဲ႕ ဒီေနာက္ပိုင္းႏွစ္ေတြမွာ ေဈးကြက္ထဲ ဆရာက်ေနတဲ့ ပုံစံကေတာ့ ေဘာလုံးပရိသတ္အေတာ္မ်ားမ်ား သတိထားစရာလည္းျဖစ္ခဲ့ၿပီး မလုပ္ရင္လည္းအရွင္း လုပ္လိုက္ရင္လည္း လုံးဝ ခြင္ႀကီးႀကီးေတြ ဆင္ေနတဲ့ ေ႐ႊ႕ကြက္ေတြက ႐ိုမီလူ လူကာကူးနဲ႔ ေဈးသက္သာေအာင္ လုပ္ႏိုင္ခဲ့သလို တမ္မီ ေအရာဟမ္အတြက္လည္း ပါးပါးနပ္နပ္ လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။

လူကာကူးကို အဲဗာတန္အသင္းဆီ ေရာင္းခဲ့စဥ္က သင္ခန္းစာကိုလည္း အျပည့္အဝယူႏိုင္ခဲ့ၿပီး ေအဘရာဟမ္အတြက္ ႐ိုးမားအသင္းဆီကို Buy Back Clause ထည့္သြင္းဖို႔ မေမ့ခဲ့သလို ၿမိဳ႕ခံၿပိဳင္ဘက္ အာဆင္နယ္ဆီမွာ ျပန္ၿပီး လက္သီးပုန္းထိုးတာကို ခံမယ့္အစား ခပ္ျပတ္ျပတ္ပဲ အီတလီေျမကို မာရီနာက ပို႔ေဆာင္ခဲ့တာျဖစ္ပါတယ္။

အဂၤလန္မွာ ေမြးဖြားခဲ့တဲ့ ႏိုင္ဂ်ီးရီးယားလူမ်ိဳးတစ္ဦးျဖစ္တဲ့ ေအဘရာဟမ္အေနနဲ႔ တျခားအဂၤလိပ္ကစားသမားေတြလို ႏိုင္ငံရပ္ျခား ထြက္ကစားခ်ိန္မွာ သူ႔ရဲ႕ ဇာတိမ်ိဳးႏြယ္က အကူအညီလည္းျဖစ္ႏိုင္တာေၾကာင့္ နည္းျပေဟာင္း ဂ်ိဳေဆး ေမာ္ရင္ညိဳနဲ႔ ပူးေပါင္းဖို႔အတြက္ ႐ိုးမားကို အခက္အခဲမရွိ ေ႐ြးခ်ယ္ႏိုင္ခဲ့ခ်ိန္မွာ ယူ႐ိုသန္း ၄၀ နဲ႔ ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဖို႔က ျဖစ္လာခဲ့ပါတယ္။

ဒါ့အျပင္ ေအဘရာဟမ္အတြက္ လာမယ့္ ၂ ႏွစ္ကာလအတြင္းမွာ ျပန္လည္ေခၚယူမယ္ဆိုရင္ ေျပာင္းေ႐ႊ႕ေၾကးရဲ႕ႏွစ္ဆျဖစ္တဲ့ ယူ႐ိုသန္း ၈၀ နဲ႔ ေခၚယူခြင့္ရွိတယ္လို႔ ထည့္သြင္းခဲ့ၿပီး ဒါက ပစၥည္းေတြ ဝယ္ယူရာမွာ အာမခံကာလေပးၿပီး ေဈးႏႈန္းကို ျမႇင့္တင္ေရာင္းခ်တာနဲ႔ တူခဲ့သလို ပရီးမီးယားလိဂ္ ကလပ္ေတြနဲ႔ ၂၃ ႏွစ္သားက ေျပာင္းေ႐ႊ႕ဖို႔ စိတ္ဝင္စားခဲ့တဲ့ အာဆင္နယ္တို႔ဆီက မရႏိုင္တဲ့ ေဈးႏႈန္းနဲ႔ သေဘာတူညီမႈေတြလည္းျဖစ္ခဲ့ပါတယ္။

မာရီနာ ကစားလိုက္တဲ့ ႏွစ္က်ပ္ကြက္လို႔ဆိုရမယ့္ Buy Back Clause ဟာ တစ္ခ်ိန္မွာ ျပန္ေရာင္းလို႔ ရႏိုင္ၿပီး အဖိုးမဆုံးႏိုင္ဘူးဆိုတဲ့ မက္လုံးနဲ႔ ေပါင္ ၂၅ သန္းဝန္းက်င္ေလာက္ပဲတန္တဲ့ ကစားသမားကို ဆိုက္ကိုထည့္ၿပီး ေနာက္ထပ္ ေပါင္ ၉ သန္း ပိုမိုရရွိေအာင္လုပ္တဲ့ အကြက္ျဖစ္သလို တကယ္လို႔ ကိုယ့္ကစားသမား ကံထၿပီး စြတ္ေကာင္းလာရင္လည္း ေရွ႕တုန္းက မိုဟာမက္ ဆာလား၊ ကီဗင္ ဒီဘ႐ိုင္းနားနဲ႔ လူကာကူးတို႔လို ကစားသမားေတြကို ျပန္လည္သိမ္းပိုက္ခြင့္ မရွိဘဲ လက္လႊတ္ခဲ့ရတာကို ကာကြယ္ထားခဲ့တာပါ။

ဆာလားနဲ႔ ဒီဘ႐ိုင္းနားကိုသာ အဲ့ဒီအခ်ိန္ေတြတုန္းက ႐ိုးမားနဲ႔ ဝုလ္ဖ္စ္ဘတ္တို႔ဆီကေန ျပန္သိမ္းႏိုင္ခဲ့မယ္ဆိုရင္ ခ်ဲလ္ဆီးတိုက္စစ္ဟာ ဥေရာပမွာ ေၾကာက္စရာအေကာင္းဆုံးျဖစ္ေနလိမ့္မယ္ဆိုတဲ့ ကြၽမ္းက်င္သူေတြရဲ႕ ေဝဖန္မႈေတြကို ေအဘရာမိုဗစ္ခ်္ရဲ႕ ညာလက္႐ုံး ဆရာမႀကီးအေနနဲ႔ ေအဘရာဟမ္အတြက္ ေရာင္းခ်မႈမွာ စတင္တုံ႔ျပန္သြားခဲ့တာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္ ႐ိုးမားအသင္းမွာ ေအဘရာဟမ္ ဘယ္လိုျဖစ္လာဦးမလဲဆိုတာကို ေအးေအးေဆးေဆး ေစာင့္ၾကည့္ႏိုင္သလို ေလာေလာဆယ္မွာလည္း အဂၤလန္ကလပ္ေတြဆီက ရႏိုင္တဲ့ ေျပာင္းေ႐ႊ႕ေၾကးထက္ ေပါင္ ၉ သန္းပိုယူၿပီး ေနာက္ထပ္ကစားသမားသစ္ေတြအတြက္ ရန္ပုံေငြ ပိုမိုရရွိႏိုင္ေအာင္ လုပ္ျပႏိုင္ခဲ့တဲ့ မာရီနာ ဂရာေနာ့ဗ္စကားယာကို ဒီေနရာက အေလးျပဳၿပီး ခ်ဲလ္ဆီးပရိသတ္ေတြ ခ်စ္ၾကတာ မဆန္းဘူးလို႔ပဲ ေျပာရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.