Article Premier League

၃-၄-၃ကို ဖက်ထားတဲ့ လူလည် တူဟယ်လ်နဲ့ စွန့်ပစ်တဲ့ လူမိုက် အာတီတာတို့ ဘယ်လိုခံစားခဲ့ရလဲ

ဒီနေ့ခေတ် ဘောလုံးလောကမှာ ကိုယ့်ဘက်က လုံခြုံမှုအရှိဆုံးလို့ Safe Side ယူလို့ရတဲ့ လူစာရင်းကို ပြပါဆိုရင် ၃-၄-၃ နဲ့ ၃-၅-၂ နှစ်ခုပဲ ရှိတယ်လို့ ရဲရဲကြီး ဆိုလိုက်ပါရစေ။ ဒီလူစာရင်းနှစ်ခုဟာ ခံစစ်မှာ အနည်းဆုံး လူ ၇ ဦးကို သုံးစွဲနိုင်တဲ့အပြင် တိုက်စစ်မှာလည်း နေရာချထားပုံအရ အနည်းငယ်သာ ကွဲပြားသွားတာမို့ ရုပ်ချင်းအတိအကျ မတူတဲ့ အမြွာညီနောင်တွေပဲဖြစ်ပြီး ဒီလူစာရင်းတွေကို ဖက်တွယ်တဲ့သူနဲ့ စွန့်ပစ်တဲ့သူတို့ ဘာတွေ ဖြစ်သွားသလဲဆိုတာ မြင်ရမှာပါ။

၃-၄-၃ လူစာရင်းဆိုတာ တောင်ပံပိုဆန်တဲ့ တိုက်စစ်သမားတွေကို ထည့်သွင်းထားတာဖြစ်ပြီး ၃-၅-၂ ကတော့ တိုက်စစ်မှူးနှစ်ယောက်နဲ့ နံပါတ် ၁၀ ကစားသမားတစ်ယောက်၊ ဒါမှမဟုတ် နံပါတ် ၁၀ နှစ်ယောက်နဲ့ အထောင်တိုက်စစ်မှူးတစ်ယောက်ကို ကစားတဲ့ပုံစံဖြစ်ပြီး ကျန်တဲ့ နောက်ခံလူတွေနဲ့ ကွင်းလယ်လူတွေကတော့ အတူတူပဲဖြစ်ပါတယ်။

အဓိကအားဖြင့် ခံစစ်ကစားချိန်မှာ Makeshift Center Back ဖြစ်သွားတဲ့ မာမာထန်ထန်၊ အကောင်ကြီးကြီး ကွင်းလယ်အဖျက်သမားစစ်စစ်မျိုး မရှိတဲ့ အသင်းတွေရဲ့ အားကိုးတကြီး ရွေးချယ်ရာဟာ ဒီကစားကွက်တွေသာဖြစ်ပြီး ကမ္ဘာ့အဆင့် DM ကောင်းတွေဖြစ်တဲ့ ဖာဘင်ညို၊ ကာစီမီရို၊ ရိုဒရီတို့လို ကစားသမားမျိုးတွေကို ပိုင်ဆိုင်ထားတဲ့ အသင်းတွေကတော့ ၄-၁-၂-၃၊ ၄-၂-၃-၁ စတဲ့ ကစားကွက်တွေကို ရွေးချယ်လေ့ရှိကြပါတယ်။ လိုရင်းကတော့ တစ်ဖက်တိုက်စစ်ဆင်လာချိန်မှာ ခံစစ်ဗဟိုဆီ လူ ၃ ယောက် အနည်းဆုံးရှိဖို့နဲ့ ကိုယ့်လူတွေ ပြန်မကူနိုင်ခင် တားဆီးနိုင်ဖို့ဖြစ်ပြီး ဂွါဒီယိုလာလို နည်းပြမျိုးတောင်မှ ရိုဒရီမပါဘဲ ဘတ်လဘိုင်လိုက်နေတဲ့ ဖာနန်ဒင်ညိုကို သုံးချိန်မှာ ကျဆုံးခဲ့ရတာပါ။

အာဆင်နယ်ကို အာတီတာရောက်လာတော့ ၃-၄-၃ နဲ့ ၃-၅-၂ ကို အလျဉ်းသင့်သလို သုံးစွဲခဲ့ပြီး အဲ့ဒီတုန်းက ဘယ်ခြမ်းကစားတဲ့ မိတ်လန်းနိုင်းလ်စ်ဟာ ရွှေဖြစ်ခဲ့သလို တိုက်စစ်ဆင်ချိန်မှာ ၄-၃-၃ နဲ့ ၄-၄-၂ ပုံစံတွေ ဖြစ်သွားခဲ့ပြီး အကွက်စေ့စေ့နဲ့ တိုက်စစ်ရော ခံစစ်မှာပါ ထိရောက်တာကို ပြသနိုင်ခဲ့ပြီး တစ်ဖက်အသင်းကြီးတွေကို အကောင်းဆုံး ထိုးနှက်နိုင်ခဲ့ပါတယ်။

စပိန်သားအနေနဲ့ သူ့မှာ ကွင်းလယ်အဖျက်သမားကောင်း မရှိတာကို အမှန်အတိုင်း နားလည်ပြီး အက်ဖ်အေဖလားကို ရယူခဲ့သလို တူဟယ်လ်ကလည်း ရောက်ရောက်ချင်းမှာပဲ ၃-၄-၃ ကို အထိုင်ချပြီး အကောင်သေးတဲ့ ဂျော်ဂျင်ညို+ကွန်တေတို့ရဲ့ ထက်မြက်တဲ့ Box to Box ကို အသုံးပြုပြီး ဘောလုံးဆုံးရှုံးချိန်တွေမှာ ကျစ်လျစ်တဲ့ ပုံစံနဲ့ အသင်းကို ချန်ပီယံလိဂ်မှာ ဗိုလ်စွဲတဲ့အထိ ဆွဲတင်သွားခဲ့တာပါ။

ပြီးခဲ့တဲ့ ရာသီမှာတော့ အာတီတာတို့ သောမတ်စ် ပါတေးကို ခေါ်ပြီး ဘဝင်လေဟပ်သွားခဲ့သလို ပရီးမီးယားလိဂ်နဲ့ မကြုံဖူးသေးလို့ ဒဏ်ရာမှတ်တမ်းက စင်ကြယ်နေတဲ့ ဂါနာသားအနေနဲ့ တကယ်တမ်း နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရချိန်မှာတော့ ရုန်းကန်ခဲ့ရပြီး ပြောင်းကစားတဲ့ ၄-၂-၃-၁ မှာ ခံစစ်နဲ့ ဂိုးသမားတွေကပါ အရောင်းဝယ်ကြမ်းတဲ့အခါ ဘယ်မှမရောက်တဲ့ မျောက်သစ်ကိုင်းလွတ်အကွက်ဖြစ်ပြီး နောက်ဆုံးမှာတော့ ရာသီသစ်မှာ ငွေသုံးလည်း ကစားသမားတွေ မလာချင်တဲ့အဆင့် ဖြစ်သွားခဲ့တာပါ။

တူဟယ်လ်ကတော့ ခံစစ်သုံးယောက်ကို သီယာဂို ဆေးလ်ဗား၊ ခရစ္စတင်ဆန်၊ ဇူးမား၊ ရူဒီဂါတို့နဲ့ ဒေါင်ဒေါင်မြည် တည်ဆောက်ခဲ့တဲ့အပြင် ဒီနှစ်မှာ ချာလိုဘာပါ ထပ်ထွက်လာခဲ့လို့ စိတ်ချရတဲ့ အနေအထားဖြစ်ခဲ့သလို ဘယ်သူတွေ ထပ်ခေါ်ခေါ် သူကတော့ ၃-၄-၃ နဲ့ ရှေ့ဆက်သွားဦးမှာဖြစ်ပြီး ကွင်းလယ်မှာ ကွန်တေနဲ့ ဂျော်ဂျင်ညို မကစားရင် ကိုဗာချစ်နဲ့ အားနည်းတတ်တာလေးတစ်ခုအတွက် လူကောင်းတစ်ယောက်လောက် ဖြည့်ဆည်းဖို့ပဲ လိုနေသေးတာ ဖြစ်ပါတယ်။

တောင်ပံတွေမှာ ပုံမှန်အတက်အဆင်းအတွက် အက်ဇ်ပီလီကွေတာ၊ ဂျိမ်းစ်၊ ချေးလ်ဝဲလ်၊ အလွန်ဆို၊ အီမာဆန်နဲ့ တိုက်စစ်မြှင့်ဖို့ ဟဒ်ဆန်-အိုဒွိုင်း၊ ပူလီရှစ်ချ်တို့ကို သုံးစွဲနိုင်ချိန်မှာ ခံစစ်နဲ့ ကွင်းလယ်အထိုင်တစ်ခုလုံးက ဂဏန်းငြိမ်လွန်းနေပြီး ချဲလ်ဆီးရဲ့ တိုက်စစ်က တီမို ဗာနာ အလုပ်မဖြစ်တာကို ဇီးယက်ရှ်၊ မောင့်၊ ဟာဗတ်ဇ်၊ လူကာကူးတို့နဲ့ ပြင်ဆင်နိုင်ခဲ့ရင် ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကိုပါ သိမ်းပိုက်နိုင်ဖို့ အခြေအနေကောင်းသွားခဲ့ပြီလည်းဖြစ်ပါတယ်။

အာဆင်နယ်ကတော့ လက်ရှိမှာ အာတီတာ+၄-၂-၃-၁ နဲ့ ခေါင်းမာဆဲဖြစ်ပြီး သူ့လူစာရင်းရဲ့ အဆင့်အတန်းနဲ့ ဒီကစားကွက်ကို မကစားနိုင်ဘူးဆိုတာ သဘောမပေါက်သေးဘဲ သူ့ရဲ့ အင်အားကို ဒီကစားကွက်ကိုပဲ သုံးတဲ့ မန်ချက်စတာနှစ်သင်းနဲ့ ယှဉ်လိုက်ရင် သိသာလွန်းနေချိန်မှာ တန်းတက် ဘရန့်ဖို့ဒ်ကို ရှုံးပြီး ၄၅ နှစ် စံချိန်ကို ကျိုးပျက်ခဲ့ရသလို အင်တာမီလန်နဲ့ လမ်းခွဲထားတဲ့ အန်တိုနီယို ကွန်တီနဲ့ပါ အစားထိုးဖို့ အသံထွက်လာခဲ့ပြီဖြစ်ပါတယ်။

တည်ငြိမ်မှုနည်းပြီး Command မရတဲ့ ဂိုးသမား လီနို၊ တီယာနီတစ်ယောက်ကလွဲရင် စုတ်ပြတ်နေပြီး တန်းမဝင်တဲ့ တောင်ပံခံစစ်၊ ဘောလုံးဖြန့်ရုံကလွဲလို့ Pressing နဲ့ တိုးအားဒဏ်တွေကို မခံနိုင်တဲ့ ပါဘလို မာရီ၊ အသားကျဖို့ အချိန်ယူရဦးမယ့် ဘန်ဝှိုက်၊ တစ်ယောက်မဟုတ် တစ်ယောက် ဒဏ်ရာရနေပြီး လူမစုံတဲ့ ကွင်းလယ်နဲ့ တိုက်စစ်ကို မန်စီးတီးလက်ထောက်နည်းပြဘဝကနေ အာဆင်နယ်မှာ ပထမဆုံးလာပြီး OJT – On Job Training လာဆင်းတာလား မေးယူရမယ့် အာတီတာဟာ ၄-၂-၃-၁ နဲ့ အသင်းကို ထိပ်တန်းရောက်အောင် တည်ဆောက်နိုင်ခဲ့မယ်ဆိုရင် အနောက်အရပ်က နေထွက်မလားတောင် ထိတ်လန့်ရဦးမှာလည်းဖြစ်ပါတယ်။

မော်ဒန်ဘောလုံးမှာ ဆေ့ဖ်အဖြစ်ဆုံး ၃-၄-၃ ကို စွန့်ပယ်ပြီး ကျရှုံးစပြုနေတဲ့ အာတီတာတစ်ယောက် ၃-၄-၃ ကို ကိုင်စွဲပြီး ရွှေဖြစ်နေတဲ့ တူဟယ်လ်ကို အတုမယူနိုင်ခဲ့ဘူးဆိုရင် အသင်းပိုင်ရှင်တွေကတော့ ဒီကစားကွက်ကိုပဲ ကိုင်စွဲတဲ့ ကွန်တီနဲ့ အစားထိုးဖို့ပဲဖြစ်လာနိုင်ပြီး အာဆင်နယ်တို့ အနေနဲ့ လန်ဒန်မှာ ရွှေဖလားအိပ်မက်က နိုးပြီး သူ့ထက်သာလာတဲ့ တော့တင်ဟမ် ဟော့စပါးစ်၊ ချန်ပီယံလိဂ်ဖလားနှစ်လုံးတောင် ယူပြထားတဲ့ ချဲလ်ဆီးတို့ကို လိုက်မီဖို့ဆိုရင် လူမိုက်ထက် လူလည်နဲ့မှဖြစ်လိမ့်မယ်လို့ သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေန႔ေခတ္ ေဘာလုံးေလာကမွာ ကိုယ့္ဘက္က လုံၿခဳံမႈအရွိဆုံးလို႔ Safe Side ယူလို႔ရတဲ့ လူစာရင္းကို ျပပါဆိုရင္ ၃-၄-၃ နဲ႔ ၃-၅-၂ ႏွစ္ခုပဲ ရွိတယ္လို႔ ရဲရဲႀကီး ဆိုလိုက္ပါရေစ။ ဒီလူစာရင္းႏွစ္ခုဟာ ခံစစ္မွာ အနည္းဆုံး လူ ၇ ဦးကို သုံးစြဲႏိုင္တဲ့အျပင္ တိုက္စစ္မွာလည္း ေနရာခ်ထားပုံအရ အနည္းငယ္သာ ကြဲျပားသြားတာမို႔ ႐ုပ္ခ်င္းအတိအက် မတူတဲ့ အႁမြာညီေနာင္ေတြပဲျဖစ္ၿပီး ဒီလူစာရင္းေတြကို ဖက္တြယ္တဲ့သူနဲ႔ စြန႔္ပစ္တဲ့သူတို႔ ဘာေတြ ျဖစ္သြားသလဲဆိုတာ ျမင္ရမွာပါ။

၃-၄-၃ လူစာရင္းဆိုတာ ေတာင္ပံပိုဆန္တဲ့ တိုက္စစ္သမားေတြကို ထည့္သြင္းထားတာျဖစ္ၿပီး ၃-၅-၂ ကေတာ့ တိုက္စစ္မႉးႏွစ္ေယာက္နဲ႔ နံပါတ္ ၁၀ ကစားသမားတစ္ေယာက္၊ ဒါမွမဟုတ္ နံပါတ္ ၁၀ ႏွစ္ေယာက္နဲ႔ အေထာင္တိုက္စစ္မႉးတစ္ေယာက္ကို ကစားတဲ့ပုံစံျဖစ္ၿပီး က်န္တဲ့ ေနာက္ခံလူေတြနဲ႔ ကြင္းလယ္လူေတြကေတာ့ အတူတူပဲျဖစ္ပါတယ္။

အဓိကအားျဖင့္ ခံစစ္ကစားခ်ိန္မွာ Makeshift Center Back ျဖစ္သြားတဲ့ မာမာထန္ထန္၊ အေကာင္ႀကီးႀကီး ကြင္းလယ္အဖ်က္သမားစစ္စစ္မ်ိဳး မရွိတဲ့ အသင္းေတြရဲ႕ အားကိုးတႀကီး ေ႐ြးခ်ယ္ရာဟာ ဒီကစားကြက္ေတြသာျဖစ္ၿပီး ကမာၻ႔အဆင့္ DM ေကာင္းေတြျဖစ္တဲ့ ဖာဘင္ညိဳ၊ ကာစီမီ႐ို၊ ႐ိုဒရီတို႔လို ကစားသမားမ်ိဳးေတြကို ပိုင္ဆိုင္ထားတဲ့ အသင္းေတြကေတာ့ ၄-၁-၂-၃၊ ၄-၂-၃-၁ စတဲ့ ကစားကြက္ေတြကို ေ႐ြးခ်ယ္ေလ့ရွိၾကပါတယ္။ လိုရင္းကေတာ့ တစ္ဖက္တိုက္စစ္ဆင္လာခ်ိန္မွာ ခံစစ္ဗဟိုဆီ လူ ၃ ေယာက္ အနည္းဆုံးရွိဖို႔နဲ႔ ကိုယ့္လူေတြ ျပန္မကူႏိုင္ခင္ တားဆီးႏိုင္ဖို႔ျဖစ္ၿပီး ဂြါဒီယိုလာလို နည္းျပမ်ိဳးေတာင္မွ ႐ိုဒရီမပါဘဲ ဘတ္လဘိုင္လိုက္ေနတဲ့ ဖာနန္ဒင္ညိဳကို သုံးခ်ိန္မွာ က်ဆုံးခဲ့ရတာပါ။

အာဆင္နယ္ကို အာတီတာေရာက္လာေတာ့ ၃-၄-၃ နဲ႔ ၃-၅-၂ ကို အလ်ဥ္းသင့္သလို သုံးစြဲခဲ့ၿပီး အဲ့ဒီတုန္းက ဘယ္ျခမ္းကစားတဲ့ မိတ္လန္းႏိုင္းလ္စ္ဟာ ေ႐ႊျဖစ္ခဲ့သလို တိုက္စစ္ဆင္ခ်ိန္မွာ ၄-၃-၃ နဲ႔ ၄-၄-၂ ပုံစံေတြ ျဖစ္သြားခဲ့ၿပီး အကြက္ေစ့ေစ့နဲ႔ တိုက္စစ္ေရာ ခံစစ္မွာပါ ထိေရာက္တာကို ျပသႏိုင္ခဲ့ၿပီး တစ္ဖက္အသင္းႀကီးေတြကို အေကာင္းဆုံး ထိုးႏွက္ႏိုင္ခဲ့ပါတယ္။

စပိန္သားအေနနဲ႔ သူ႔မွာ ကြင္းလယ္အဖ်က္သမားေကာင္း မရွိတာကို အမွန္အတိုင္း နားလည္ၿပီး အက္ဖ္ေအဖလားကို ရယူခဲ့သလို တူဟယ္လ္ကလည္း ေရာက္ေရာက္ခ်င္းမွာပဲ ၃-၄-၃ ကို အထိုင္ခ်ၿပီး အေကာင္ေသးတဲ့ ေဂ်ာ္ဂ်င္ညိဳ+ကြန္ေတတို႔ရဲ႕ ထက္ျမက္တဲ့ Box to Box ကို အသုံးျပဳၿပီး ေဘာလုံးဆုံးရႈံးခ်ိန္ေတြမွာ က်စ္လ်စ္တဲ့ ပုံစံနဲ႔ အသင္းကို ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲတဲ့အထိ ဆြဲတင္သြားခဲ့တာပါ။

ၿပီးခဲ့တဲ့ ရာသီမွာေတာ့ အာတီတာတို႔ ေသာမတ္စ္ ပါေတးကို ေခၚၿပီး ဘဝင္ေလဟပ္သြားခဲ့သလို ပရီးမီးယားလိဂ္နဲ႔ မႀကဳံဖူးေသးလို႔ ဒဏ္ရာမွတ္တမ္းက စင္ၾကယ္ေနတဲ့ ဂါနာသားအေနနဲ႔ တကယ္တမ္း နဖူးေတြ႕ ဒူးေတြ႕ ရင္ဆိုင္ရခ်ိန္မွာေတာ့ ႐ုန္းကန္ခဲ့ရၿပီး ေျပာင္းကစားတဲ့ ၄-၂-၃-၁ မွာ ခံစစ္နဲ႔ ဂိုးသမားေတြကပါ အေရာင္းဝယ္ၾကမ္းတဲ့အခါ ဘယ္မွမေရာက္တဲ့ ေမ်ာက္သစ္ကိုင္းလြတ္အကြက္ျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ ရာသီသစ္မွာ ေငြသုံးလည္း ကစားသမားေတြ မလာခ်င္တဲ့အဆင့္ ျဖစ္သြားခဲ့တာပါ။

တူဟယ္လ္ကေတာ့ ခံစစ္သုံးေယာက္ကို သီယာဂို ေဆးလ္ဗား၊ ခရစၥတင္ဆန္၊ ဇူးမား၊ ႐ူဒီဂါတို႔နဲ႔ ေဒါင္ေဒါင္ျမည္ တည္ေဆာက္ခဲ့တဲ့အျပင္ ဒီႏွစ္မွာ ခ်ာလိုဘာပါ ထပ္ထြက္လာခဲ့လို႔ စိတ္ခ်ရတဲ့ အေနအထားျဖစ္ခဲ့သလို ဘယ္သူေတြ ထပ္ေခၚေခၚ သူကေတာ့ ၃-၄-၃ နဲ႔ ေရွ႕ဆက္သြားဦးမွာျဖစ္ၿပီး ကြင္းလယ္မွာ ကြန္ေတနဲ႔ ေဂ်ာ္ဂ်င္ညိဳ မကစားရင္ ကိုဗာခ်စ္နဲ႔ အားနည္းတတ္တာေလးတစ္ခုအတြက္ လူေကာင္းတစ္ေယာက္ေလာက္ ျဖည့္ဆည္းဖို႔ပဲ လိုေနေသးတာ ျဖစ္ပါတယ္။

ေတာင္ပံေတြမွာ ပုံမွန္အတက္အဆင္းအတြက္ အက္ဇ္ပီလီေကြတာ၊ ဂ်ိမ္းစ္၊ ေခ်းလ္ဝဲလ္၊ အလြန္ဆို၊ အီမာဆန္နဲ႔ တိုက္စစ္ျမႇင့္ဖို႔ ဟဒ္ဆန္-အိုဒြိဳင္း၊ ပူလီရွစ္ခ်္တို႔ကို သုံးစြဲႏိုင္ခ်ိန္မွာ ခံစစ္နဲ႔ ကြင္းလယ္အထိုင္တစ္ခုလုံးက ဂဏန္းၿငိမ္လြန္းေနၿပီး ခ်ဲလ္ဆီးရဲ႕ တိုက္စစ္က တီမို ဗာနာ အလုပ္မျဖစ္တာကို ဇီးယက္ရွ္၊ ေမာင့္၊ ဟာဗတ္ဇ္၊ လူကာကူးတို႔နဲ႔ ျပင္ဆင္ႏိုင္ခဲ့ရင္ ဒီရာသီမွာ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကိုပါ သိမ္းပိုက္ႏိုင္ဖို႔ အေျခအေနေကာင္းသြားခဲ့ၿပီလည္းျဖစ္ပါတယ္။

အာဆင္နယ္ကေတာ့ လက္ရွိမွာ အာတီတာ+၄-၂-၃-၁ နဲ႔ ေခါင္းမာဆဲျဖစ္ၿပီး သူ႔လူစာရင္းရဲ႕ အဆင့္အတန္းနဲ႔ ဒီကစားကြက္ကို မကစားႏိုင္ဘူးဆိုတာ သေဘာမေပါက္ေသးဘဲ သူ႔ရဲ႕ အင္အားကို ဒီကစားကြက္ကိုပဲ သုံးတဲ့ မန္ခ်က္စတာႏွစ္သင္းနဲ႔ ယွဥ္လိုက္ရင္ သိသာလြန္းေနခ်ိန္မွာ တန္းတက္ ဘရန႔္ဖို႔ဒ္ကို ရႈံးၿပီး ၄၅ ႏွစ္ စံခ်ိန္ကို က်ိဳးပ်က္ခဲ့ရသလို အင္တာမီလန္နဲ႔ လမ္းခြဲထားတဲ့ အန္တိုနီယို ကြန္တီနဲ႔ပါ အစားထိုးဖို႔ အသံထြက္လာခဲ့ၿပီျဖစ္ပါတယ္။

တည္ၿငိမ္မႈနည္းၿပီး Command မရတဲ့ ဂိုးသမား လီႏို၊ တီယာနီတစ္ေယာက္ကလြဲရင္ စုတ္ျပတ္ေနၿပီး တန္းမဝင္တဲ့ ေတာင္ပံခံစစ္၊ ေဘာလုံးျဖန႔္႐ုံကလြဲလို႔ Pressing နဲ႔ တိုးအားဒဏ္ေတြကို မခံႏိုင္တဲ့ ပါဘလို မာရီ၊ အသားက်ဖို႔ အခ်ိန္ယူရဦးမယ့္ ဘန္ဝႈိက္၊ တစ္ေယာက္မဟုတ္ တစ္ေယာက္ ဒဏ္ရာရေနၿပီး လူမစုံတဲ့ ကြင္းလယ္နဲ႔ တိုက္စစ္ကို မန္စီးတီးလက္ေထာက္နည္းျပဘဝကေန အာဆင္နယ္မွာ ပထမဆုံးလာၿပီး OJT – On Job Training လာဆင္းတာလား ေမးယူရမယ့္ အာတီတာဟာ ၄-၂-၃-၁ နဲ႔ အသင္းကို ထိပ္တန္းေရာက္ေအာင္ တည္ေဆာက္ႏိုင္ခဲ့မယ္ဆိုရင္ အေနာက္အရပ္က ေနထြက္မလားေတာင္ ထိတ္လန႔္ရဦးမွာလည္းျဖစ္ပါတယ္။

ေမာ္ဒန္ေဘာလုံးမွာ ေဆ့ဖ္အျဖစ္ဆုံး ၃-၄-၃ ကို စြန႔္ပယ္ၿပီး က်ရႈံးစျပဳေနတဲ့ အာတီတာတစ္ေယာက္ ၃-၄-၃ ကို ကိုင္စြဲၿပီး ေ႐ႊျဖစ္ေနတဲ့ တူဟယ္လ္ကို အတုမယူႏိုင္ခဲ့ဘူးဆိုရင္ အသင္းပိုင္ရွင္ေတြကေတာ့ ဒီကစားကြက္ကိုပဲ ကိုင္စြဲတဲ့ ကြန္တီနဲ႔ အစားထိုးဖို႔ပဲျဖစ္လာႏိုင္ၿပီး အာဆင္နယ္တို႔ အေနနဲ႔ လန္ဒန္မွာ ေ႐ႊဖလားအိပ္မက္က ႏိုးၿပီး သူ႔ထက္သာလာတဲ့ ေတာ့တင္ဟမ္ ေဟာ့စပါးစ္၊ ခ်န္ပီယံလိဂ္ဖလားႏွစ္လုံးေတာင္ ယူျပထားတဲ့ ခ်ဲလ္ဆီးတို႔ကို လိုက္မီဖို႔ဆိုရင္ လူမိုက္ထက္ လူလည္နဲ႔မွျဖစ္လိမ့္မယ္လို႔ သုံးသပ္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.