Premier League

မက်ဆီအလွန် ခေတ်သစ်တခုကို ဖန်တီးပြဖို့ကြိုးစားခဲ့တဲ့ ဘာစီလိုနာ ၄-၂ ရီးရဲလ်ဆိုစီဒက်ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ ၇ ချက်

တိုက်စစ်မှူးကြီး လီယွန်နယ် မက်ဆီမပါဝင်ဘဲ လာလီဂါရာသီသစ်ကို ဖွင့်လှစ်ခဲ့ရတဲ့ ဘာစီလိုနာအသင်းဟာ ဒိန်းမတ်သား ဘရိတ်သ်ဝိတ်ရဲ့ ခြေစွမ်းပြ ၂ ဂိုးသွင်းမှုနဲ့အတူ ဆာဂျီ ရော်ဘတ်တို၊ ဂျရတ် ပီကေးတို့က တဂိုးစီသွင်းယူပြီး အနိုင် ၃ မှတ်ကို စုဆောင်းပြီး အဖွင့်လှပသွားခဲ့ပြီလို့ ဆိုရမှာပါ။

ပွဲချိန် ၁၉ မိနစ်မှာ မမ်းဖစ် ဒီပိုင်းရဲ့ ဖရီးကစ်ကနေတဆင့် ဂျရတ် ပီကေးက ခေါင်းတိုက်သွင်းယူပြီး အဖွင့်ဂိုးရခဲ့သလို ဘာစီလိုနာရဲ့ တန်ပြန်တိုက်စစ်ကို ရီးရဲလ် ဆိုစီဒက်တို့ ခက်ခက်ခဲဲခဲ ထိန်းယူခဲ့ရပြီး ပွဲက အတော်လေးကြည့်ကောင်းခဲ့ပါတယ်။ ပထမပိုင်းနာကျင်အချိန်ပိုမှာ ဘရိတ်သ်ဝိတ်က ဖရန်ကီ ဒီဂျောင်ရဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက်ယူပြီး ဘာစီလိုနာတို့ ၂ ဂိုးပြတ်နဲ့ ဦး​ဆောင်နိုင်ခဲ့တယ်။

ဒုတိယပိုင်းမှာတော့ ဧည့်သည်ဆိုစီဒက်က ​အခွင့်ကောင်းတွေ ရလာခဲ့ပေမယ့် ​ကြွေတက်နေတဲ့ ဒိန်းမတ်သားကပဲ ၅၉ မိနစ်မှာ ဒီပိုင်းနဲ့ ဂျော်ဒီ အယ်လ်ဘာတို့ရဲ့ တွဲလုံးကနေတဆင့် တတိယဂိုးကို ကန်သွင်းယူပြီး ပွဲပြီးသလောက် ရှိသွားခဲ့သလို ဆိုစီဒက်တို့ မိနစ် ၈၀ နောက်ပိုင်း ၅ မိနစ်အတွင်း ၂ ဂိုး ပြန်ချပနိုင်ခဲ့တာပါ။

မီခေးလ် အိုယာဇာဘယ်လ်ရဲ့ ဖရီးကစ်က အတော်လေးလှပခဲ့ပြီး ဆိုစီဒက်တို့ရဲ့ တမှတ်ရဖို့ မျှော်လင့်ချက်ကို ဘရိတ်သ်ဝိတ်ကပဲ ထပ်မံဖျက်ဆီးသွားခဲ့ပြီး ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ဘာစီလိုနာရဲ့ လျင်မြန်လွန်းလှတဲ့ ကောင်တကနေဆင့် ရော်ဘတ်တိုရဲ့ ဂိုးကို ဖန်တီးပေးသွားခဲ့လို့ ဘာဆာတို့ ၄-၂ နဲ့ ပွဲသိမ်းနိုင်ခဲ့ပြီး မက်ဆီမရှိလည်းဖြစ်တယ်ဆိုတဲ့ ကြုံးဝါးသံတွေကို ဟစ်ကြွေးနိုင်ခဲ့ပါတယ်။

မက်ဆီခေတ်လွန်က ဘာစီလိုနာရဲ့ပွဲတော်
မက်ဆီကို ဆုံးရှုံးရလို့ အသည်းကွဲနေရတဲ့ ကတ်တလန်ပရိသတ်နဲ့ ကလပ်အတွက်တော့ ပျော်ရွှင်စရာတခုဖြစ်ခဲ့ပြီး ပွဲချိန် ၁၀ မိနစ်မှာ သူ့ရဲ့အမည်ကို ကြွေးကြော်ခဲ့ကြတဲ့ ပရိသတ် ၂၂၀၀၀ ရှေ့မှောက် ဘာစီလိုနာကစားသမားသစ်တွေက GOAT ကြီးရဲ့လောင်းရိပ်ကို ချေဖျက်ပြီး ခေတ်သစ်တခုကို ဖန်တီးပြခဲ့ကြတာ “ဘာဆာ ဘာဆာ” ဆိုတဲ့ အော်ဟစ်အောင်ပွဲခံသံတွေဟာ နူးကမ့်တကွင်းလုံးလွှမ်းသွားခဲ့လို့ အားပါးတရ ရှိခဲ့ရတာပါ။

အလက်ဇန်းဒါး အီဆက်ကို လွမ်းဆွတ်ခဲ့ရတဲ့ ရီးရဲလ် ဆိုစီဒက်
ဆိုစီဒက်နည်းပြ အီမာနောလ် အယ်လ်ဂါစီလ်ကတော့ ဆွီဒင်ကြယ်ပွင့် တိုက်စစ်မှူးလေး အီဆက်ရဲ့ ကစားအားနဲ့ ဂိုးသွင်းအားကို လွမ်းဆွတ်ခဲ့ရပြီး သူလွဲချော်ခဲ့တဲ့ ဒီပွဲမှာ ဂျရတ် ပီကေးနဲ့ အဲရစ် ဂါစီယာတို့ရဲ့ ဗဟိုခံစစ်အတွဲကို ဒုက္ခပေးနိုင်သူလည်း မရှိခဲ့တာပါ။ သူ့နေရာမှာ ဝင်ကစားတဲ့ ဂျွန် ဘော်တစ်စတာကတော့ စိတ်ကျေနပ်စရာမရှိခဲ့ဘဲ ပွဲချိန်နှောင်းပိုင်း ဘာစီလိုနာကစားအားချလိုက်ချိန်မှသာ ချေပဂိုး ၂ ဂိုးကို ရခဲ့တာပါ။

GOAT လက်သစ်အဖြစ် ဘရိတ်သ်ဝိတ် သက်သေပြနေပြီလား
ဒါက လူမှုကွန်ရက်မှာ ဘာစီလိုနာပရိသတ်တွေကြား ပျံ့နှံ့ပြီး ရေပန်းစားနေတဲ့ အကြောင်းအရာတခုဖြစ်လာခဲ့ပြီး သူ့ရဲ့ခြေစွမ်းကတော့ အတော်လေးကောင်းမွန်ခဲ့သလို မက်လောက်စရာလည်းဖြစ်ခဲ့ပါတယ်။ လစာလည်းနည်းသလို နည်းပြ ကိုးမန်းရဲ့ ယုံကြည်မှုကိုလည်း သိပ်မရထားတဲ့ ဘရိတ်သ်ဝိတ်က ဒီပိုင်း၊ ဂရိဇ်မန်းတို့နဲ့အတူ တွဲဖက်ခြေစွမ်းပြပြီး အူဘာမီယန်း သို့ လာကာဇက်ကို ခေါ်ယူဦးမယ်ဆိုတဲ့ အသံတွေကိုလည်း တိတ်သွားစေခဲ့ပြန်ပါတယ်။

လစာလျှော့ယူခဲ့တဲ့ ပီကေးကြောင့် ခြေစွမ်းပြခဲ့ကြတဲ့ မမ်းဖစ် ဒီပိုင်းနဲ့ အဲရစ် ဂါစီယာ
ဒီပွဲမှာ ကွင်းပြင်ပပိုင်းအရ Credit ပေးရမှာက ဂျရတ် ပီကေးဖြစ်ပြီး သူရဲ့လစာလျှော့ယူမှုကြောင့် ဒီပွဲအတွက် ဒီပိုင်း၊ ဂါစီယာတို့ကို အချိန်မီစာရင်းသွင်းနိုင်ပြီး ထည့်ကစားနိုင်ခဲ့သလို နည်းပြ ကိုးမန်းကျေနပ်လောက်စရာ ရလဒ်ကိုလည်း ​ပိုင်ဆိုင်ခဲ့တဲ့အပြင် စပိန်သားကြီး ဘောလုံးတချက်ထိတိုင်း ဘာဆာပရိသတ်တွေရဲ့ သြဘာပေးသံတွေက ကြက်သီးထလောက်စရာလည်း ဖြစ်ခဲ့သလို ပထမပိုင်းမှာ ဂိုးအခွင့်အရေး ၄ ကြိမ်ဖန်တီးခဲ့တဲ့ ဘာဆာကစားသမားသစ်တွေအားလုံး တည်ငြိမ်တဲ့ခြေစွမ်းကို ပြသနိုင်ခဲ့ပြီး အတက်ကြွဆုံးကစားပုံနဲ့ တသင်းလုံးက စည်းလုံးညီညွတ်နေကြတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ဘာစီလိုနာအတွက် အမြင်သစ်တည်ဆောက်နေတဲ့ နည်း​ပြ ရော်နယ်လ် ကိုးမန်း
ဒီပွဲရဲ့ ကစားဟန်ကိုကြည့်ရင်တော့ မက်ဆီထွက်သွားတာကိုက ကိုမန်းအတွက် အဆိုးထဲက အကောင်းဖြစ်ခဲ့ပုံရပြီး ဟန်ချက်ညီသွားတဲ့ လူစာရင်းမှာ လူငယ်သွေးသစ်လေးတွေကိုပါ နေရာ​ပေးသွားနိုင်ခဲ့တယ်။ ​ပိုပြီးပြောစရာဖြစ်တာက ဘာဆာသမိုင်းကို တကွေ့ပြောင်းလဲပြလိုက်တဲ့ ကစားဟန်ဖြစ်ပြီး Direct ပိုဖြစ်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုနဲ့ လျင်မြန်လွန်းလှတဲ့ တန်ပြန်တိုက်စစ်ကို အားပြူကစားသွားခဲ့သလို ဒါက လက်ရှိဘာဆာလူအင်အားနဲ့လည်း အံအဝင်ဆုံးကစားကွက်ဖြစ်ခဲ့ပြီး ခံစစ်ကနေ တိုက်စစ်အကူးအပြောင်းမှာ အတော်လေးပိရိသေသပ်ခဲ့တာကိုလည်း မဖြစ်မနေအမှတ်ပေးရမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
တိုက္စစ္မႉးႀကီး လီယြန္နယ္ မက္ဆီမပါဝင္ဘဲ လာလီဂါရာသီသစ္ကို ဖြင့္လွစ္ခဲ့ရတဲ့ ဘာစီလိုနာအသင္းဟာ ဒိန္းမတ္သား ဘရိတ္သ္ဝိတ္ရဲ႕ ေျခစြမ္းျပ ၂ ဂိုးသြင္းမႈနဲ႔အတူ ဆာဂ်ီ ေရာ္ဘတ္တို၊ ဂ်ရတ္ ပီေကးတို႔က တဂိုးစီသြင္းယူၿပီး အႏိုင္ ၃ မွတ္ကို စုေဆာင္းၿပီး အဖြင့္လွပသြားခဲ့ၿပီလို႔ ဆိုရမွာပါ။

ပြဲခ်ိန္ ၁၉ မိနစ္မွာ မမ္းဖစ္ ဒီပိုင္းရဲ႕ ဖရီးကစ္ကေနတဆင့္ ဂ်ရတ္ ပီေကးက ေခါင္းတိုက္သြင္းယူၿပီး အဖြင့္ဂိုးရခဲ့သလို ဘာစီလိုနာရဲ႕ တန္ျပန္တိုက္စစ္ကို ရီးရဲလ္ ဆိုစီဒက္တို႔ ခက္ခက္ခဲဲခဲ ထိန္းယူခဲ့ရၿပီး ပြဲက အေတာ္ေလးၾကည့္ေကာင္းခဲ့ပါတယ္။ ပထမပိုင္းနာက်င္အခ်ိန္ပိုမွာ ဘရိတ္သ္ဝိတ္က ဖရန္ကီ ဒီေဂ်ာင္ရဲ႕ ျဖတ္တင္ေဘာကို ေခါင္းတိုက္ယူၿပီး ဘာစီလိုနာတို႔ ၂ ဂိုးျပတ္နဲ႔ ဦး​ေဆာင္ႏိုင္ခဲ့တယ္။

ဒုတိယပိုင္းမွာေတာ့ ဧည့္သည္ဆိုစီဒက္က ​အခြင့္ေကာင္းေတြ ရလာခဲ့ေပမယ့္ ​ေႂကြတက္ေနတဲ့ ဒိန္းမတ္သားကပဲ ၅၉ မိနစ္မွာ ဒီပိုင္းနဲ႔ ေဂ်ာ္ဒီ အယ္လ္ဘာတို႔ရဲ႕ တြဲလုံးကေနတဆင့္ တတိယဂိုးကို ကန္သြင္းယူၿပီး ပြဲၿပီးသေလာက္ ရွိသြားခဲ့သလို ဆိုစီဒက္တို႔ မိနစ္ ၈၀ ေနာက္ပိုင္း ၅ မိနစ္အတြင္း ၂ ဂိုး ျပန္ခ်ပႏိုင္ခဲ့တာပါ။

မီေခးလ္ အိုယာဇာဘယ္လ္ရဲ႕ ဖရီးကစ္က အေတာ္ေလးလွပခဲ့ၿပီး ဆိုစီဒက္တို႔ရဲ႕ တမွတ္ရဖို႔ ေမွ်ာ္လင့္ခ်က္ကို ဘရိတ္သ္ဝိတ္ကပဲ ထပ္မံဖ်က္ဆီးသြားခဲ့ၿပီး ပြဲၿပီးခါနီး နာက်င္အခ်ိန္ပိုမွာ ဘာစီလိုနာရဲ႕ လ်င္ျမန္လြန္းလွတဲ့ ေကာင္တကေနဆင့္ ေရာ္ဘတ္တိုရဲ႕ ဂိုးကို ဖန္တီးေပးသြားခဲ့လို႔ ဘာဆာတို႔ ၄-၂ နဲ႔ ပြဲသိမ္းႏိုင္ခဲ့ၿပီး မက္ဆီမရွိလည္းျဖစ္တယ္ဆိုတဲ့ ႀကဳံးဝါးသံေတြကို ဟစ္ေႂကြးႏိုင္ခဲ့ပါတယ္။

မက္ဆီေခတ္လြန္က ဘာစီလိုနာရဲ႕ပြဲေတာ္
မက္ဆီကို ဆုံးရႈံးရလို႔ အသည္းကြဲေနရတဲ့ ကတ္တလန္ပရိသတ္နဲ႔ ကလပ္အတြက္ေတာ့ ေပ်ာ္႐ႊင္စရာတခုျဖစ္ခဲ့ၿပီး ပြဲခ်ိန္ ၁၀ မိနစ္မွာ သူ႔ရဲ႕အမည္ကို ေႂကြးေၾကာ္ခဲ့ၾကတဲ့ ပရိသတ္ ၂၂၀၀၀ ေရွ႕ေမွာက္ ဘာစီလိုနာကစားသမားသစ္ေတြက GOAT ႀကီးရဲ႕ေလာင္းရိပ္ကို ေခ်ဖ်က္ၿပီး ေခတ္သစ္တခုကို ဖန္တီးျပခဲ့ၾကတာ “ဘာဆာ ဘာဆာ” ဆိုတဲ့ ေအာ္ဟစ္ေအာင္ပြဲခံသံေတြဟာ ႏူးကမ့္တကြင္းလုံးလႊမ္းသြားခဲ့လို႔ အားပါးတရ ရွိခဲ့ရတာပါ။

အလက္ဇန္းဒါး အီဆက္ကို လြမ္းဆြတ္ခဲ့ရတဲ့ ရီးရဲလ္ ဆိုစီဒက္
ဆိုစီဒက္နည္းျပ အီမာေနာလ္ အယ္လ္ဂါစီလ္ကေတာ့ ဆြီဒင္ၾကယ္ပြင့္ တိုက္စစ္မႉးေလး အီဆက္ရဲ႕ ကစားအားနဲ႔ ဂိုးသြင္းအားကို လြမ္းဆြတ္ခဲ့ရၿပီး သူလြဲေခ်ာ္ခဲ့တဲ့ ဒီပြဲမွာ ဂ်ရတ္ ပီေကးနဲ႔ အဲရစ္ ဂါစီယာတို႔ရဲ႕ ဗဟိုခံစစ္အတြဲကို ဒုကၡေပးႏိုင္သူလည္း မရွိခဲ့တာပါ။ သူ႔ေနရာမွာ ဝင္ကစားတဲ့ ဂြၽန္ ေဘာ္တစ္စတာကေတာ့ စိတ္ေက်နပ္စရာမရွိခဲ့ဘဲ ပြဲခ်ိန္ေႏွာင္းပိုင္း ဘာစီလိုနာကစားအားခ်လိုက္ခ်ိန္မွသာ ေခ်ပဂိုး ၂ ဂိုးကို ရခဲ့တာပါ။

GOAT လက္သစ္အျဖစ္ ဘရိတ္သ္ဝိတ္ သက္ေသျပေနၿပီလား
ဒါက လူမႈကြန္ရက္မွာ ဘာစီလိုနာပရိသတ္ေတြၾကား ပ်ံ႕ႏွံ႔ၿပီး ေရပန္းစားေနတဲ့ အေၾကာင္းအရာတခုျဖစ္လာခဲ့ၿပီး သူ႔ရဲ႕ေျခစြမ္းကေတာ့ အေတာ္ေလးေကာင္းမြန္ခဲ့သလို မက္ေလာက္စရာလည္းျဖစ္ခဲ့ပါတယ္။ လစာလည္းနည္းသလို နည္းျပ ကိုးမန္းရဲ႕ ယုံၾကည္မႈကိုလည္း သိပ္မရထားတဲ့ ဘရိတ္သ္ဝိတ္က ဒီပိုင္း၊ ဂရိဇ္မန္းတို႔နဲ႔အတူ တြဲဖက္ေျခစြမ္းျပၿပီး အူဘာမီယန္း သို႔ လာကာဇက္ကို ေခၚယူဦးမယ္ဆိုတဲ့ အသံေတြကိုလည္း တိတ္သြားေစခဲ့ျပန္ပါတယ္။

လစာေလွ်ာ့ယူခဲ့တဲ့ ပီေကးေၾကာင့္ ေျခစြမ္းျပခဲ့ၾကတဲ့ မမ္းဖစ္ ဒီပိုင္းနဲ႔ အဲရစ္ ဂါစီယာ
ဒီပြဲမွာ ဒီပြဲမွာ ကြင္းျပင္ပပိုင္းအရ Credit ေပးရမွာက ဂ်ရတ္ ပီေကးျဖစ္ၿပီး သူရဲ႕လစာေလွ်ာ့ယူမႈေၾကာင့္ ဒီပြဲအတြက္ ဒီပိုင္း၊ ဂါစီယာတို႔ကို အခ်ိန္မီစာရင္းသြင္းႏိုင္ၿပီး ထည့္ကစားႏိုင္ခဲ့သလို နည္းျပ ကိုးမန္းေက်နပ္ေလာက္စရာ ရလဒ္ကိုလည္း ​ပိုင္ဆိုင္ခဲ့တဲ့အျပင္ စပိန္သားႀကီး ေဘာလုံးတခ်က္ထိတိုင္း ဘာဆာပရိသတ္ေတြရဲ႕ ၾသဘာေပးသံေတြက ၾကက္သီးထေလာက္စရာလည္း ျဖစ္ခဲ့သလို ပထမပိုင္းမွာ ဂိုးအခြင့္အေရး ၄ ႀကိမ္ဖန္တီးခဲ့တဲ့ ဘာဆာကစားသမားသစ္ေတြအားလုံး တည္ၿငိမ္တဲ့ေျခစြမ္းကို ျပသႏိုင္ခဲ့ၿပီး အတက္ႂကြဆုံးကစားပုံနဲ႔ တသင္းလုံးက စည္းလုံးညီၫြတ္ေနၾကတာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။

ဘာစီလိုနာအတြက္ အျမင္သစ္တည္ေဆာက္ေနတဲ့ နည္း​ျပ ေရာ္နယ္လ္ ကိုးမန္း
ဒီပြဲရဲ႕ ကစားဟန္ကိုၾကည့္ရင္ေတာ့ မက္ဆီထြက္သြားတာကိုက ကိုမန္းအတြက္ အဆိုးထဲက အေကာင္းျဖစ္ခဲ့ပုံရၿပီး ဟန္ခ်က္ညီသြားတဲ့ လူစာရင္းမွာ လူငယ္ေသြးသစ္ေလးေတြကိုပါ ေနရာ​ေပးသြားႏိုင္ခဲ့တယ္။ ​ပိုၿပီးေျပာစရာျဖစ္တာက ဘာဆာသမိုင္းကို တေကြ႕ေျပာင္းလဲျပလိုက္တဲ့ ကစားဟန္ျဖစ္ၿပီး Direct ပိုျဖစ္တဲ့ ဂိုးေပါက္ၿခိမ္းေျခာက္မႈနဲ႔ လ်င္ျမန္လြန္းလွတဲ့ တန္ျပန္တိုက္စစ္ကို အားျပဴကစားသြားခဲ့သလို ဒါက လက္ရွိဘာဆာလူအင္အားနဲ႔လည္း အံအဝင္ဆုံးကစားကြက္ျဖစ္ခဲ့ၿပီး ခံစစ္ကေန တိုက္စစ္အကူးအေျပာင္းမွာ အေတာ္ေလးပိရိေသသပ္ခဲ့တာကိုလည္း မျဖစ္မေနအမွတ္ေပးရမွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.