Bundesliga Premier League

ဆန္ခ်ဳိကို မန္ခ်က္စတာယူႏိုက္တက္ကို မလာဖို႔ တားျမစ္လုိက္တဲ့ ေပါလ္အင့္စ္

မန္ခ်က္စတာယူႏိုက္တက္နဲ႔ လီဗာပူးလ္ကစားသမားေဟာင္း ေပါလ္ အင့္စ္က ဒီရာသီမွာ သရဲနီေတြရဲ႕ ပစ္မွတ္ျဖစ္ေနတဲ့ ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ဳိအေနနဲ႔ အုိးလ္ထရက္ဖို႔ဒ္ကို ေျပာင္းလာဖို႔ကို ေသခ်ာစဥ္းစားသင့္ၿပီး သူ႕ကို ေနာက္တစ္ဆင့္ျမင့္ေအာင္ ေျပာင္းလဲေပးႏိုင္မလားဆုိတာကို ၾကည့္ၿပီးမွသာ ေျပာင္းေရႊ႕သင့္ေၾကာင္း သတိေပးလုိက္ပါတယ္။

ေပါလ္အင့္စ္ဟာ မန္ခ်က္စတာယူႏုိက္တက္အတြက္ ပြဲေပါင္း ၂၀၀ ေက်ာ္ ကစားခဲ့ဖူးသူျဖစ္ၿပီး လက္ရွိမွာေတာ့ သူ႕အသင္းေဟာင္းအတြက္ အျငင္းပြားစရာစကားကို ဆုိခဲ့တာျဖစ္သလို နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားဟာ လူငယ္ေတြကို ေျမေတာင္ေျမႇာက္ေပးႏုိင္စြမ္းရွိတဲ့ အရည္အေသြးမ်ဳိး မရွိဘူးလို႔ ယူဆေနတာလည္းျဖစ္ပါတယ္။

အသက္ ၂၀ အရြယ္ အဂၤလန္ေတာင္ပံသမားအတြက္ အုိးလ္ထရက္ဖို႔ဒ္ဟာ အျဖစ္ႏုိင္ဆုံး ေနာက္ထပ္ေျခလွမ္းတစ္လွမ္းအျဖစ္ အမ်ားက ယူဆေနၾကေပမယ့္ ယူႏုိက္တက္နဲ႔အတူ ပရီးမီးယားလိဂ္ခ်န္ပီယံဆု ႏွစ္ႀကိမ္ရယူခဲ့တဲ့ ကြင္းလယ္လူေဟာင္းကေတာ့ သူ႕ရဲ႕ ဂ်ဴနီယာ ေနာ္ေဝသားဟာ လူငယ္ေတြကို ပိုမိုတုိးတက္ေအာင္ လမ္းညႊန္မေပးႏုိင္ေသးဘူးလို႔ ဆုိပါတယ္။

“တကယ္ေတာ့ အသင္းေျပာင္းဖုိ႔ ျဖစ္လာခဲ့ၿပီဆိုရင္ ၾကည့္ရမွာ အသင္းကို မဟုတ္ဘူးဗ်… နည္းျပကို ၾကည့္ရမွာ။ နည္းျပနဲ႔ သူ႕ရဲ႕ အဖြဲ႕ေတြက ဘယ္ေလာက္ ခင္ဗ်ားကို ျမင့္မားေအာင္ လုပ္ေပးႏုိင္မလဲဆုိတာကို ေသခ်ာစဥ္းစားသင့္ၿပီး ဆန္ခ်ဳိအေနနဲ႔ အလိုအပ္ဆုံးကလည္း အဲ့ဒီဟာပါပဲ။ ဆိုးလ္ရွားအေနနဲ႔ ယူႏိုက္တက္ကို ကိုင္တြယ္ရာမွာ သူအရင္ကိုင္တြယ္ဖူးတဲ့ အသင္းေတြက ကစားသမားေတြထက္ ျမင့္မားေနတာေၾကာင့္ အေၾကာင္းမသိဘဲ လုပ္ေဆာင္ေနရသလိုလည္း ျဖစ္ေနပါတယ္”လုိ႔ ေပါလ္အင့္စ္က ေဝဖန္လုိက္ပါတယ္။

ဝက္စ္ဟမ္းအသင္းကေန မန္ခ်က္စတာယူႏုိက္တက္အသင္းကို ဆာအဲလက္စ္ ဖာဂူဆန္နဲ႔ စကားေျပာအၿပီးမွာ ႐ုတ္တရက္ ေျပာင္းေရႊ႕ခဲ့ဖူးတဲ့ အဂၤလန္လက္ေရြးစင္ေဟာင္းအတြက္ေတာ့ သူ႕ရဲ႕ အေတြ႕အႀကဳံေတြနဲ႔ ဆုိးလ္ရွားဟာ ကြာဟခ်က္ ႀကီးမားေနတာေတာ့ အမွန္ပဲျဖစ္ၿပီး ေျပာင္းလဲလာတဲ့ ေခတ္မွာေတာ့ ကစားသမားေကာင္းတစ္ေယာက္ကို ရရွိဖို႔ကသာ အေရးအႀကီးဆုံးျဖစ္လို႔ ပရိသတ္ေတြအတြက္ေတာ့ စိတ္ရွဳပ္စရာလည္းျဖစ္ခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်ကစားသမားဟောင်း ပေါလ် အင့်စ်က ဒီရာသီမှာ သရဲနီတွေရဲ့ ပစ်မှတ်ဖြစ်နေတဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုအနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းလာဖို့ကို သေချာစဉ်းစားသင့်ပြီး သူ့ကို နောက်တစ်ဆင့်မြင့်အောင် ပြောင်းလဲပေးနိုင်မလားဆိုတာကို ကြည့်ပြီးမှသာ ပြောင်းရွှေ့သင့်ကြောင်း သတိပေးလိုက်ပါတယ်။

ပေါလ်အင့်စ်ဟာ မန်ချက်စတာယူနိုက်တက်အတွက် ပွဲပေါင်း ၂၀၀ ကျော် ကစားခဲ့ဖူးသူဖြစ်ပြီး လက်ရှိမှာတော့ သူ့အသင်းဟောင်းအတွက် အငြင်းပွားစရာစကားကို ဆိုခဲ့တာဖြစ်သလို နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားဟာ လူငယ်တွေကို မြေတောင်မြှောက်ပေးနိုင်စွမ်းရှိတဲ့ အရည်အသွေးမျိုး မရှိဘူးလို့ ယူဆနေတာလည်းဖြစ်ပါတယ်။

အသက် ၂၀ အရွယ် အင်္ဂလန်တောင်ပံသမားအတွက် အိုးလ်ထရက်ဖို့ဒ်ဟာ အဖြစ်နိုင်ဆုံး နောက်ထပ်ခြေလှမ်းတစ်လှမ်းအဖြစ် အများက ယူဆနေကြပေမယ့် ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု နှစ်ကြိမ်ရယူခဲ့တဲ့ ကွင်းလယ်လူဟောင်းကတော့ သူ့ရဲ့ ဂျူနီယာ နော်ဝေသားဟာ လူငယ်တွေကို ပိုမိုတိုးတက်အောင် လမ်းညွှန်မပေးနိုင်သေးဘူးလို့ ဆိုပါတယ်။

“တကယ်တော့ အသင်းပြောင်းဖို့ ဖြစ်လာခဲ့ပြီဆိုရင် ကြည့်ရမှာ အသင်းကို မဟုတ်ဘူးဗျ… နည်းပြကို ကြည့်ရမှာ။ နည်းပြနဲ့ သူ့ရဲ့ အဖွဲ့တွေက ဘယ်လောက် ခင်ဗျားကို မြင့်မားအောင် လုပ်ပေးနိုင်မလဲဆိုတာကို သေချာစဉ်းစားသင့်ပြီး ဆန်ချိုအနေနဲ့ အလိုအပ်ဆုံးကလည်း အဲ့ဒီဟာပါပဲ။ ဆိုးလ်ရှားအနေနဲ့ ယူနိုက်တက်ကို ကိုင်တွယ်ရာမှာ သူအရင်ကိုင်တွယ်ဖူးတဲ့ အသင်းတွေက ကစားသမားတွေထက် မြင့်မားနေတာကြောင့် အကြောင်းမသိဘဲ လုပ်ဆောင်နေရသလိုလည်း ဖြစ်နေပါတယ်”လို့ ပေါလ်အင့်စ်က ဝေဖန်လိုက်ပါတယ်။

ဝက်စ်ဟမ်းအသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ဆာအဲလက်စ် ဖာဂူဆန်နဲ့ စကားပြောအပြီးမှာ ရုတ်တရက် ပြောင်းရွှေ့ခဲ့ဖူးတဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်းအတွက်တော့ သူ့ရဲ့ အတွေ့အကြုံတွေနဲ့ ဆိုးလ်ရှားဟာ ကွာဟချက် ကြီးမားနေတာတော့ အမှန်ပဲဖြစ်ပြီး ပြောင်းလဲလာတဲ့ ခေတ်မှာတော့ ကစားသမားကောင်းတစ်ယောက်ကို ရရှိဖို့ကသာ အရေးအကြီးဆုံးဖြစ်လို့ ပရိသတ်တွေအတွက်တော့ စိတ်ရှုပ်စရာလည်းဖြစ်ခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.