Premier League

EA Sports ရဲ႕ ပရီးမီးယားလိဂ္အေကာင္းဆုံးအသင္းထြက္ေပၚ၊ ဟာရီကိန္းကို ထည့္သြင္းထားျခင္းမရွိ

ပရီးမီးယားလိဂ္နဲ႔ တြဲဖက္လုပ္ကိုင္ေနတဲ့ နာမည္ႀကီးဂိမ္းကုမၸဏီ EA Sports ရဲ႕ တစ္ႏွစ္တာအေကာင္းဆုံး ပရီးမီးယားလိဂ္အသင္းကို ေရြးခ်ယ္ ေဖာ္ျပခဲ့မွဳမွာ ပထမ ၁၁ ေယာက္နဲ႔အတူ အရန္ကစားသမား ၉ ေယာက္ ပါဝင္ခဲ့ေပမယ့္ ဒီထဲမွာ အဂၤလန္ၾကယ္ပြင့္ ဟာရီကိန္းကိုေတာ့ ထည့္သြင္းမထားခဲ့ဘူးလို႔ သိရပါတယ္။

EA Sports ရဲ႕ အသင္းမွာ Rating အျမင့္ဆုံး ၉၉ အထိ ေပးခဲ့ရာမွာ ဒီသတ္မွတ္ခ်က္ကို ကစားသမားႏွစ္ဦးကသာ ရရွိခဲ့ၿပီး လီဗာပူးလ္ ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္နဲ႔ မန္ခ်က္စတာစီးတီးကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားတုိ႔က ရရွိခဲ့ၿပီး ဆာဒီယို မာေနးကေတာ့ ၉၈ သတ္မွတ္ခံခဲ့ရပါတယ္။

က်န္တဲ့ ၈ ေယာက္ကေတာ့ မိုဟာမက္ ဆာလားနဲ႔ အယ္လီဆန္ (လီဗာပူးလ္ – ၉၇)၊ ပ်ယ္-အမ္မရိခ္ အူဘာမီယန္း (အာဆင္နယ္ – ၉၆)၊ ဆာဂ်ီယို အေဂြ႐ို (မန္စီးတီး – ၉၆)၊ က်န္တဲ့ Rating ၉၅ ရခဲ့ၾကသူေတြကေတာ့ ရီယက္ မာရက္ဇ္ (မန္စီးတီး)၊ ဆြန္ေဟာင္မင္း (စပါးစ္)၊ ေဂ်မီ ဗာဒီ (လက္စတာ)၊ ထရင့္ အလက္ဇန္းဒါး-အာႏုိးလ္ဒ္ (လီဗာပူးလ္)တုိ႔ ျဖစ္ၾကပါတယ္။

အရန္ကစားသမားေတြအျဖစ္ကိုေတာ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ (မန္ခ်က္စတာယူႏုိက္တက္)၊ ေဂ်ာ္ဒန္ ဟန္ဒါဆန္နဲ႔ အန္ဒီ ေရာဘတ္ဆန္ (လီဗာပူးလ္)တုိ႔က ၉၄၊ ရစ္ခ်ာလစ္ဆန္ (အဲဗာတန္)က ၉၃၊ မက္တီယို ကုိဗာခ်စ္ (ခ်ဲလ္ဆီး)က ၉၁၊ အာရြန္ ဝန္ဘစ္ဆာကာ (မန္ယူ)က ၉၀၊ အဒါမာ ထရာအုိေရး (ဝုလ္ဗ္စ္)က ၈၉၊ ကက္ဂလာ ဆုိယြန္က်ဴ (လက္စတာ)နဲ႔ ဒင္းန္ ဟန္ဒါဆန္ (ရွက္ဖီးလ္ဒ္ယူႏုိက္တက္)တုိ႔က ၈၈ နဲ႔ ေရြးခ်ယ္ခံခဲ့ရပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးကစားသမားစာရင္းထဲက အနိမ့္ဆုံးျဖစ္တဲ့ Rating ၈၈ ထက္ အမ်ားႀကီး သာႏုိင္တဲ့ စပါးစ္တုိက္စစ္မွဴး ဟာရီကိန္းကေတာ့ ဒဏ္ရာေၾကာင့္ ပရိသတ္ျမင္ကြင္းက ေပ်ာက္ကြယ္ေနတဲ့ အခ်ိန္က မ်ားေနခဲ့လို႔ ဒီစာရင္းထဲကို မပါဝင္တာလို႔ ခန္႔မွန္းရေၾကာင္း ပရိသတ္ေတြ သိရွိေစဖို႔ တင္ဆက္ေပးလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်နဲ့ တွဲဖက်လုပ်ကိုင်နေတဲ့ နာမည်ကြီးဂိမ်းကုမ္ပဏီ EA Sports ရဲ့ တစ်နှစ်တာအကောင်းဆုံး ပရီးမီးယားလိဂ်အသင်းကို ရွေးချယ် ဖော်ပြခဲ့မှုမှာ ပထမ ၁၁ ယောက်နဲ့အတူ အရန်ကစားသမား ၉ ယောက် ပါဝင်ခဲ့ပေမယ့် ဒီထဲမှာ အင်္ဂလန်ကြယ်ပွင့် ဟာရီကိန်းကိုတော့ ထည့်သွင်းမထားခဲ့ဘူးလို့ သိရပါတယ်။

EA Sports ရဲ့ အသင်းမှာ Rating အမြင့်ဆုံး ၉၉ အထိ ပေးခဲ့ရာမှာ ဒီသတ်မှတ်ချက်ကို ကစားသမားနှစ်ဦးကသာ ရရှိခဲ့ပြီး လီဗာပူးလ် နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်နဲ့ မန်ချက်စတာစီးတီးကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားတို့က ရရှိခဲ့ပြီး ဆာဒီယို မာနေးကတော့ ၉၈ သတ်မှတ်ခံခဲ့ရပါတယ်။

ကျန်တဲ့ ၈ ယောက်ကတော့ မိုဟာမက် ဆာလားနဲ့ အယ်လီဆန် (လီဗာပူးလ် – ၉၇)၊ ပျယ်-အမ်မရိခ် အူဘာမီယန်း (အာဆင်နယ် – ၉၆)၊ ဆာဂျီယို အဂွေရို (မန်စီးတီး – ၉၆)၊ ကျန်တဲ့ Rating ၉၅ ရခဲ့ကြသူတွေကတော့ ရီယက် မာရက်ဇ် (မန်စီးတီး)၊ ဆွန်ဟောင်မင်း (စပါးစ်)၊ ဂျေမီ ဗာဒီ (လက်စတာ)၊ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ် (လီဗာပူးလ်)တို့ ဖြစ်ကြပါတယ်။

အရန်ကစားသမားတွေအဖြစ်ကိုတော့ မားကပ်စ် ရက်ရှ်ဖို့ဒ် (မန်ချက်စတာယူနိုက်တက်)၊ ဂျော်ဒန် ဟန်ဒါဆန်နဲ့ အန်ဒီ ရောဘတ်ဆန် (လီဗာပူးလ်)တို့က ၉၄၊ ရစ်ချာလစ်ဆန် (အဲဗာတန်)က ၉၃၊ မက်တီယို ကိုဗာချစ် (ချဲလ်ဆီး)က ၉၁၊ အာရွန် ဝန်ဘစ်ဆာကာ (မန်ယူ)က ၉၀၊ အဒါမာ ထရာအိုရေး (ဝုလ်ဗ်စ်)က ၈၉၊ ကက်ဂလာ ဆိုယွန်ကျူ (လက်စတာ)နဲ့ ဒင်းန် ဟန်ဒါဆန် (ရှက်ဖီးလ်ဒ်ယူနိုက်တက်)တို့က ၈၈ နဲ့ ရွေးချယ်ခံခဲ့ရပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားစာရင်းထဲက အနိမ့်ဆုံးဖြစ်တဲ့ Rating ၈၈ ထက် အများကြီး သာနိုင်တဲ့ စပါးစ်တိုက်စစ်မှူး ဟာရီကိန်းကတော့ ဒဏ်ရာကြောင့် ပရိသတ်မြင်ကွင်းက ပျောက်ကွယ်နေတဲ့ အချိန်က များနေခဲ့လို့ ဒီစာရင်းထဲကို မပါဝင်တာလို့ ခန့်မှန်းရကြောင်း ပရိသတ်တွေ သိရှိစေဖို့ တင်ဆက်ပေးလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.