Premier League

၂.၅.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ စနေနေ့။

၂.၅.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ စနေနေ့၊ ရက်ရာဇာ။

တစ်နေ့တာ တိထီနှင့် ယုဂ်။
မွန်းလွဲ ၁၂:၃၅ အထိ တိထီ ၉ လုံး။ ကျော်လျှင် ၁၀ လုံး။ ၉ လုံးတွင် သိဒ္ဓိယုဂ်နှင့် လောင်ကျွမ်းယုဂ်၊ ပြီးမြောက်အောင်မြင်ပြည့်စုံစေလိုသည့် အလုပ်များ လုပ်ဆောင်ရန်ကောင်း၊ မိမိနှင့် ထိတွေ့ဆက်ဆံနေရသူများအား သတိထား၍ လုပ်ဆောင်ပါ။ ၁၀ လုံးတွင် မတယုဂ်၊ လုပ်ငန်းသစ်များ မစတင်ရ၊ ပြီးပြတ်ချုပ်ငြိမ်းစေလိုသောအလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
တစ်နေ့လုံးနှင့် ညသန်းခေါင်ကျော် ၁၂:၃၉ အထိ မာဃနက္ခတ်။ ကျော်လျှင် ပြုဗ္ဗဖလဂုဏီနက္ခတ်။ ညနေ ၁၆:၁၆ အထိ ဝုဒ္ဓိယုဂ်၊ ဖွံ့ဖြိုးကြီးထွားခြင်း၊ ဉာဏ်ပညာကို အရင်းတည်၍ ပြောဆိုလုပ်ကိုင် ဆောင်ရွက်ရသည့် အလုပ်များ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ဓူဝယုဂ်၊ တည်ငြိမ်ခြင်း၊ အင်အားရှိခြင်း၊ တစ်သမတ်တည်း ဖြစ်ခြင်း၊ မိမိအား အကျိုးပေးလျက်ရှိသော လုပ်ငန်းကို မြှင့်တင်ပါ။ သန်ရာသန်ရာ ဖိဖိစီးစီး ဆောင်ရွက်ပါ။

တစ်နေ့တာ ကရိုဏ်း။
မွန်းလွဲ ၁၂:၃၅ အထိ ကောလဝကရိုဏ်း၊ ပေါင်းသင်းဆက်ဆံ၊ အသိုင်းအဝိုင်းချဲ့ထွင်၊ မင်္ဂလာကိစ္စများ လုပ်ဆောင်ရန်ကောင်း။ ည ၂၃:၂၆ အထိ တေတုလကရိုဏ်း၊ စကားကောင်းပြောဆိုခြင်း၊ ရာထူးတိုးတက်ခြင်း၊ တည်ဆောက်ခြင်းများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ကရဇကရိုဏ်း၊ စိုက်ပျိုးခြင်း၊ လုပ်ငန်းအတွင်း ငွေကြေးစိုက်ထည့်ခြင်း၊ တာဝန်ယူတာဝန်ခံခြင်းများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန်အရောင်။
မွန်းလွဲ ၁၂:၃၅ အထိ အရှေ့နှင့် အရှေ့မြောက်၊ အဖြူရောင်။ ကျော်လျှင် တောင်နှင့် အရှေ့၊ အနက်ရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)

UNICODE: ၂.၅.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ စနေနေ့၊ ရက်ရာဇာ။