Article Ligue1 Premier League

အသင်းဟောင်းကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ တစ်ကျော့ပြန်ရောက်ရှိလာကြသူ ၅ ဦး

ကလပ်အသင်းကြီးတစ်သင်းအနေနဲ့ သူတို့တွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲသွားခဲ့တဲ့ ကစားသမားတွေကို ပြန်လည်ခေါ်ယူတယ်ဆိုတာ ရှိတော့ရှိပေမယ့် ရှားပါးတဲ့ လုပ်ရပ်ပါ။ မာနတွေ သိက္ခာတွေကို စွန့်လွှတ်ပြီး ပြန်လည်ခေါ်ယူတယ်ဆိုတာကတော့ တကယ်ကောင်းလို့ပဲ ဖြစ်ပါလိမ့်မယ်။ ဒီထဲကမှ ထင်ရှားတဲ့ ၅ ဦးကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။

၅။ ဒွန် ဟတ်ချင်ဆန် (ဝက်စ်ဟမ်း)
ဒွန် ဟတ်ချင်ဆန်ဟာ ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းအသင်းကို ၁၉၉၄ ခုနှစ်က နည်းပြကြီး ဟာရီ ရက်ဒ်နက်ပ်ရဲ့ ခေါ်ယူမှုနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ပွဲထွက်မှာကို ဂိုးသွင်းပြနိုင်တဲ့ ထူးချွန်တဲ့ ကွင်းလယ်တိုက်စစ်သမားတစ်ဦးလည်းဖြစ်ပါတယ်။ ဒါပေမယ့် ကွင်းတွင်းမှာ အဝါအနီ များတတ်တဲ့ စကော့တလန်သားကို နှစ်နှစ်အကြာမှာ ရှက်ဖီးလ်ဒ်ယူနိုက်တက်ကို ရောင်းထုတ်ပစ်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှာတော့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၅ သန်းနဲ့ ပြန်ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် ပြင်းထန်တဲ့ ဒူးဒဏ်ရာနဲ့ အချိန်ကုန်ခဲ့အပြီးမှာတော့ နေရာပျောက်ဆုံးခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ မီးလ်ဝေါလ်ကို ပြောင်းရွှေ့သွားခဲ့တာပါ။

၄။ ဂရေမီ လီဆော့စ် (ချဲလ်ဆီး)
ချဲလ်ဆီးအသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်တဲ့ လီဆော့စ်ကို လူစားလဲချိန်မှာ မကြာခဏ ဒေါသထွက်ပြမှုနဲ့ အသင်းကနေ ဘလက်ဘန်းဆီ ရောင်းထုတ်ခဲ့တာပါ။ ဘလက်ဘန်းနဲ့ ပရီးမီးယားလိဂ်ဖလားကို ၁၉၉၅ ခုနှစ်မှာ ချဲလ်ဆီးအရင် ရယူခဲ့တဲ့ ဘယ်နောက်ခံလူဟာ ၁၉၉၈ ခုနှစ်မှာတော့ ပရီးမီးယားလိဂ်ရဲ့ တန်ဖိုးအမြင့်ဆုံး ခံစစ်သမားအဖြစ် အသင်းဟောင်းဆီကို နည်းပြ ရုဒ် ဂူးလစ်ရဲ့ တောင်းဆိုမှုနဲ့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ၆ နှစ်ကြာ ပြန်ကစားပေးခဲ့သလို ဒီတစ်ခါ ပူးပေါင်းမှုမှာတော့ ဆုဖလားတွေလည်း ရယူနိုင်ခဲ့ပါတယ်။

၃။ နီကိုလာ အနယ်လ်ကာ (ပီအက်စ်ဂျီ)
ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်မှူးကောင်းတစ်ယောက်အဖြစ် နာမည်ကျော်ခဲ့တဲ့ အနယ်လ်ကာရဲ့ စတင်ထွန်းတောက်ရာက အာဆင်နယ်အသင်း ဖြစ်ပြီး သူ့ကို နည်းပြကြီး အာဆင်ဝင်းဂါးက ပေါင်ငါးသိန်းနဲ့ ခေါ်ယူခဲ့တာပါ။ အသက် ၁၉ နှစ်အရွယ်မှာ ဟိုက်ဘာရီရဲ့ ဂိုးသွင်းဘုရင်ဖြစ်လာတဲ့ သူ့ကို ရီးရဲလ်မက်ဒရစ်က ပေါင် ၂၃ သန်းနဲ့ ခေါ်ယူခဲ့ပေမယ့် စပိန်နိုင်ငံရဲ့ လူနေမှုပုံစံနဲ့ အသားမကျခဲ့သလို ၃၁ ပွဲမှာ ၇ ဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့် ပြင်သစ်ကို ပြန်ဖို့ ဆုံးဖြတ်ခဲ့ချိန်မှာ အသင်းဟောင်း ပီအက်စ်ဂျီက ပေါင် ၂၂ သန်းနဲ့ ကလပ်စံချိန်တင်ပြီး ခေါ်ယူပူးပေါင်းခဲ့တာလည်းဖြစ်ပါတယ်။

၂။ ပေါလ် ပေါ့ဘာ (မန်ချက်စတာယူနိုက်တက်)
၂၀၁၆ ခုနှစ် နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ဟာ သတင်းစာတွေအားလုံးရဲ့ ခေါင်းစည်းတွေကို စာလုံးမည်းကြီးတွေနဲ့ နေရာယူလိုက်ပါတယ်။ ဒါကတော့ ကွင်းလယ်လူ ပေါ့ဘာကို ပြောင်းရွှေ့ကြေး ပေါင် ၈၉.၅ သန်း (ယူရိုသန်း ၁၀၀) ကမ္ဘာ့စံချိန်တင်ကြေးနဲ့ ခေါ်ယူလိုက်လို့ပါပဲ။ ဒီကြားထဲမှာတော့ သူ့ရဲ့ အေးဂျင့် မီနို ရိုင်ယိုလာက ဂျူဗင်တပ်စ်ဆီကနေ ပွဲခ ယူရို ၂၇ သန်း ဖြတ်စားသွားခဲ့တာကလည်း အံ့ဩကုန်နိုင်ဖွယ်ဖြစ်ခဲ့ပါတယ်။

သူ့အတွက် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးကို အသုံးပြုခဲ့ရတာဟာ ယူနိုက်တက်တို့ရဲ့ အမှားတစ်ချက်ကြောင့်လည်းဖြစ်ပြီး ပြင်သစ်ကလပ် လေအာ့ဗ်ကနေ တရားတဘောင်အဖြစ်ခံပြီး ခေါ်ယူခဲ့တဲ့သူကို စာချုပ်သက်တမ်း တိုးဖို့ စိတ်အားထက်သန်မှု နည်းပါးခဲ့တာဖြစ်သလို အဲလက်စ် ဖာဂူဆန်ကတော့ “စိတ်ပျက်စရာကောင်းပြီး သူက အသင်းကို မလေးစားဘူး”လို့ပါ စွပ်စွဲခဲ့သေးတာပါ။ ဒါပေမယ့် ပြန်လည်ရောက်ရှိလာကတည်းက လက်ခံနိုင်စရာ ခြေစွမ်းကို ပြသခဲ့သလို ထူးချွန်ထင်ရှားတဲ့ ပွဲတွေလည်း ရှိခဲ့ပြီး ဒီတစ်ပတ် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ လိဒ်စ်ယူနိုက်တက်ဘက်ကို ၄ ဂိုးအထိ ဖန်တီးပေးသွားခဲ့တာဖြစ်ပါတယ်။

၁။ ရိုမီလူ လူကာကူး (ချဲလ်ဆီး)
နောက်ဆုံးတစ်ယောက်ကတော့ နောက်ဆုံးပေါ်ပဲဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးကို ၂၀၁၁ ခုနှစ်က ပေါင် ၁၀ သန်းနဲ့ ခေါ်ခဲ့ဖူးတဲ့ ဘယ်လ်ဂျီယမ်သားက ပေါင် ၉၇.၅ သန်းနဲ့ ထပ်မံချိုးဖျက်သွားခဲ့ပြီး ဒီတစ်ခါမှာတော့ အားလုံးရဲ့ စိတ်အားထက်သန်မှုကို ရယူခဲ့တာပါ။ အင်တာမီလန်နဲ့ စီးရီးအေချန်ပီယံဖြစ်ခဲ့တဲ့ လူကာကူးကို ဒေါ့မွန်ရဲ့ အာလင်း ဟားလန်းကို ခေါ်ယူဖို့ ပျက်ပြယ်အပြီးမှာ ကမ်းလှမ်းခဲ့တာဖြစ်ပြီး အားလုံးက စီစဉ်ထားတဲ့အတိုင်း ဖြစ်လာခဲ့ပါတယ်။

ဒီတစ်ခါမှာတော့ ဝက်စ်ဘရွန်း၊ အဲဗာတန်၊ မန်ချက်စတာယူနိုက်တက်နဲ့ အင်တာမီလန်အသင်းတွေမှာ အစမ်းသပ်ခံပြီးသူဖြစ်ပြီး လက်ရွေးစင် အသင်းဖြစ်တဲ့ ဘယ်လ်ဂျီယမ်မှာပါ ထာဝရဂိုးသွင်းအများဆုံးစံချိန်ကို ၆၄ ဂိုးနဲ့ တင်ရှိထားခဲ့တဲ့ တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်ကို နောက်တစ်ကြိမ် ဝင်ရောက်ခဲ့ချိန်မှာတော့ သူ့ရှေ့က အီတလီပြန် ပေါ့ဘာထက်တောင် မြင့်မားတဲ့ ခြေစွမ်းတွေကို ပြသနိုင်ဖို့ တစ်ပေးခံထားရပါတယ်။ အသင်းဟောင်းနဲ့ တစ်ကျော့ပြန် ပူးပေါင်းခဲ့သူတွေထဲက အမြင့်ဆုံးစံချိန်ရှင် ၂၈ နှစ်သားကြီးနဲ့ ရင်ခုန်လိုသူတွေကတော့ ဒုနဲ့ဒေးကို စောင့်ဆိုင်းနေကြပါပြီ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ကလပ္အသင္းႀကီးတစ္သင္းအေနနဲ႔ သူတို႔ေတြနဲ႔ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လမ္းခြဲသြားခဲ့တဲ့ ကစားသမားေတြကို ျပန္လည္ေခၚယူတယ္ဆိုတာ ရွိေတာ့ရွိေပမယ့္ ရွားပါးတဲ့ လုပ္ရပ္ပါ။ မာနေတြ သိကၡာေတြကို စြန႔္လႊတ္ၿပီး ျပန္လည္ေခၚယူတယ္ဆိုတာကေတာ့ တကယ္ေကာင္းလို႔ပဲ ျဖစ္ပါလိမ့္မယ္။ ဒီထဲကမွ ထင္ရွားတဲ့ ၅ ဦးကို ေ႐ြးခ်ယ္ေဖာ္ျပလိုက္ပါတယ္။

၅။ ဒြန္ ဟတ္ခ်င္ဆန္ (ဝက္စ္ဟမ္း)
ဒြန္ ဟတ္ခ်င္ဆန္ဟာ ပရီးမီးယားလိဂ္ကလပ္ ဝက္စ္ဟမ္းအသင္းကို ၁၉၉၄ ခုႏွစ္က နည္းျပႀကီး ဟာရီ ရက္ဒ္နက္ပ္ရဲ႕ ေခၚယူမႈနဲ႔ ေရာက္ရွိလာခဲ့သူျဖစ္ၿပီး ပြဲထြက္မွာကို ဂိုးသြင္းျပႏိုင္တဲ့ ထူးခြၽန္တဲ့ ကြင္းလယ္တိုက္စစ္သမားတစ္ဦးလည္းျဖစ္ပါတယ္။ ဒါေပမယ့္ ကြင္းတြင္းမွာ အဝါအနီ မ်ားတတ္တဲ့ စေကာ့တလန္သားကို ႏွစ္ႏွစ္အၾကာမွာ ရွက္ဖီးလ္ဒ္ယူႏိုက္တက္ကို ေရာင္းထုတ္ပစ္ခဲ့ၿပီး ၂၀၀၁ ခုႏွစ္မွာေတာ့ ကလပ္စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၅ သန္းနဲ႔ ျပန္ေခၚခဲ့ပါတယ္။ ဒါေပမယ့္ ျပင္းထန္တဲ့ ဒူးဒဏ္ရာနဲ႔ အခ်ိန္ကုန္ခဲ့အၿပီးမွာေတာ့ ေနရာေပ်ာက္ဆုံးခဲ့ၿပီး ၂၀၀၅ ခုႏွစ္မွာ မီးလ္ေဝါလ္ကို ေျပာင္းေ႐ႊ႕သြားခဲ့တာပါ။

၄။ ဂေရမီ လီေဆာ့စ္ (ခ်ဲလ္ဆီး)
ခ်ဲလ္ဆီးအသင္းရဲ႕ အကယ္ဒမီထြက္ ကစားသမားတစ္ဦးျဖစ္တဲ့ လီေဆာ့စ္ကို လူစားလဲခ်ိန္မွာ မၾကာခဏ ေဒါသထြက္ျပမႈနဲ႔ အသင္းကေန ဘလက္ဘန္းဆီ ေရာင္းထုတ္ခဲ့တာပါ။ ဘလက္ဘန္းနဲ႔ ပရီးမီးယားလိဂ္ဖလားကို ၁၉၉၅ ခုႏွစ္မွာ ခ်ဲလ္ဆီးအရင္ ရယူခဲ့တဲ့ ဘယ္ေနာက္ခံလူဟာ ၁၉၉၈ ခုႏွစ္မွာေတာ့ ပရီးမီးယားလိဂ္ရဲ႕ တန္ဖိုးအျမင့္ဆုံး ခံစစ္သမားအျဖစ္ အသင္းေဟာင္းဆီကို နည္းျပ ႐ုဒ္ ဂူးလစ္ရဲ႕ ေတာင္းဆိုမႈနဲ႔ ျပန္လည္ေရာက္ရွိလာခဲ့ၿပီး ၆ ႏွစ္ၾကာ ျပန္ကစားေပးခဲ့သလို ဒီတစ္ခါ ပူးေပါင္းမႈမွာေတာ့ ဆုဖလားေတြလည္း ရယူႏိုင္ခဲ့ပါတယ္။

၃။ နီကိုလာ အနယ္လ္ကာ (ပီအက္စ္ဂ်ီ)
ပရီးမီးယားလိဂ္ရဲ႕ တိုက္စစ္မႉးေကာင္းတစ္ေယာက္အျဖစ္ နာမည္ေက်ာ္ခဲ့တဲ့ အနယ္လ္ကာရဲ႕ စတင္ထြန္းေတာက္ရာက အာဆင္နယ္အသင္း ျဖစ္ၿပီး သူ႔ကို နည္းျပႀကီး အာဆင္ဝင္းဂါးက ေပါင္ငါးသိန္းနဲ႔ ေခၚယူခဲ့တာပါ။ အသက္ ၁၉ ႏွစ္အ႐ြယ္မွာ ဟိုက္ဘာရီရဲ႕ ဂိုးသြင္းဘုရင္ျဖစ္လာတဲ့ သူ႔ကို ရီးရဲလ္မက္ဒရစ္က ေပါင္ ၂၃ သန္းနဲ႔ ေခၚယူခဲ့ေပမယ့္ စပိန္ႏိုင္ငံရဲ႕ လူေနမႈပုံစံနဲ႔ အသားမက်ခဲ့သလို ၃၁ ပြဲမွာ ၇ ဂိုးသာ သြင္းယူႏိုင္ခဲ့တာေၾကာင့္ ျပင္သစ္ကို ျပန္ဖို႔ ဆုံးျဖတ္ခဲ့ခ်ိန္မွာ အသင္းေဟာင္း ပီအက္စ္ဂ်ီက ေပါင္ ၂၂ သန္းနဲ႔ ကလပ္စံခ်ိန္တင္ၿပီး ေခၚယူပူးေပါင္းခဲ့တာလည္းျဖစ္ပါတယ္။

၂။ ေပါလ္ ေပါ့ဘာ (မန္ခ်က္စတာယူႏိုက္တက္)
၂၀၁၆ ခုႏွစ္ ေႏြရာသီမွာ မန္ခ်က္စတာယူႏိုက္တက္ဟာ သတင္းစာေတြအားလုံးရဲ႕ ေခါင္းစည္းေတြကို စာလုံးမည္းႀကီးေတြနဲ႔ ေနရာယူလိုက္ပါတယ္။ ဒါကေတာ့ ကြင္းလယ္လူ ေပါ့ဘာကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၈၉.၅ သန္း (ယူ႐ိုသန္း ၁၀၀) ကမာၻ႔စံခ်ိန္တင္ေၾကးနဲ႔ ေခၚယူလိုက္လို႔ပါပဲ။ ဒီၾကားထဲမွာေတာ့ သူ႔ရဲ႕ ေအးဂ်င့္ မီႏို ႐ိုင္ယိုလာက ဂ်ဴဗင္တပ္စ္ဆီကေန ပြဲခ ယူ႐ို ၂၇ သန္း ျဖတ္စားသြားခဲ့တာကလည္း အံ့ဩကုန္ႏိုင္ဖြယ္ျဖစ္ခဲ့ပါတယ္။

သူ႔အတြက္ ကလပ္စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးကို အသုံးျပဳခဲ့ရတာဟာ ယူႏိုက္တက္တို႔ရဲ႕ အမွားတစ္ခ်က္ေၾကာင့္လည္းျဖစ္ၿပီး ျပင္သစ္ကလပ္ ေလအာ့ဗ္ကေန တရားတေဘာင္အျဖစ္ခံၿပီး ေခၚယူခဲ့တဲ့သူကို စာခ်ဳပ္သက္တမ္း တိုးဖို႔ စိတ္အားထက္သန္မႈ နည္းပါးခဲ့တာျဖစ္သလို အဲလက္စ္ ဖာဂူဆန္ကေတာ့ “စိတ္ပ်က္စရာေကာင္းၿပီး သူက အသင္းကို မေလးစားဘူး”လို႔ပါ စြပ္စြဲခဲ့ေသးတာပါ။ ဒါေပမယ့္ ျပန္လည္ေရာက္ရွိလာကတည္းက လက္ခံႏိုင္စရာ ေျခစြမ္းကို ျပသခဲ့သလို ထူးခြၽန္ထင္ရွားတဲ့ ပြဲေတြလည္း ရွိခဲ့ၿပီး ဒီတစ္ပတ္ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္မွာ လိဒ္စ္ယူႏိုက္တက္ဘက္ကို ၄ ဂိုးအထိ ဖန္တီးေပးသြားခဲ့တာျဖစ္ပါတယ္။

၁။ ႐ိုမီလူ လူကာကူး (ခ်ဲလ္ဆီး)
ေနာက္ဆုံးတစ္ေယာက္ကေတာ့ ေနာက္ဆုံးေပၚပဲျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းရဲ႕ ကလပ္စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးကို ၂၀၁၁ ခုႏွစ္က ေပါင္ ၁၀ သန္းနဲ႔ ေခၚခဲ့ဖူးတဲ့ ဘယ္လ္ဂ်ီယမ္သားက ေပါင္ ၉၇.၅ သန္းနဲ႔ ထပ္မံခ်ိဳးဖ်က္သြားခဲ့ၿပီး ဒီတစ္ခါမွာေတာ့ အားလုံးရဲ႕ စိတ္အားထက္သန္မႈကို ရယူခဲ့တာပါ။ အင္တာမီလန္နဲ႔ စီးရီးေအခ်န္ပီယံျဖစ္ခဲ့တဲ့ လူကာကူးကို ေဒါ့မြန္ရဲ႕ အာလင္း ဟားလန္းကို ေခၚယူဖို႔ ပ်က္ျပယ္အၿပီးမွာ ကမ္းလွမ္းခဲ့တာျဖစ္ၿပီး အားလုံးက စီစဥ္ထားတဲ့အတိုင္း ျဖစ္လာခဲ့ပါတယ္။

ဒီတစ္ခါမွာေတာ့ ဝက္စ္ဘ႐ြန္း၊ အဲဗာတန္၊ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အင္တာမီလန္အသင္းေတြမွာ အစမ္းသပ္ခံၿပီးသူျဖစ္ၿပီး လက္ေ႐ြးစင္ အသင္းျဖစ္တဲ့ ဘယ္လ္ဂ်ီယမ္မွာပါ ထာဝရဂိုးသြင္းအမ်ားဆုံးစံခ်ိန္ကို ၆၄ ဂိုးနဲ႔ တင္ရွိထားခဲ့တဲ့ တိုက္စစ္မႉးဟာ ပရီးမီးယားလိဂ္ကို ေနာက္တစ္ႀကိမ္ ဝင္ေရာက္ခဲ့ခ်ိန္မွာေတာ့ သူ႔ေရွ႕က အီတလီျပန္ ေပါ့ဘာထက္ေတာင္ ျမင့္မားတဲ့ ေျခစြမ္းေတြကို ျပသႏိုင္ဖို႔ တစ္ေပးခံထားရပါတယ္။ အသင္းေဟာင္းနဲ႔ တစ္ေက်ာ့ျပန္ ပူးေပါင္းခဲ့သူေတြထဲက အျမင့္ဆုံးစံခ်ိန္ရွင္ ၂၈ ႏွစ္သားႀကီးနဲ႔ ရင္ခုန္လိုသူေတြကေတာ့ ဒုနဲ႔ေဒးကို ေစာင့္ဆိုင္းေနၾကပါၿပီ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.