Article International La Liga Other

ဘာစီလိုနာမှာ ‘မက်ဆီခေတ်’ အပြီး ပက်ဒရီ​ခေတ်သစ်စတင်တော့မှာလား?

ဘာစီလိုနာ GOAT ကြီး မက်ဆီတယောက် နူးကမ့်နဲ့ တရားဝင်လမ်းခွဲလိုက်ခြင်းက ဘာစီလိုနာပရိသတ်တွေအတွက် အကြေကွဲရဆုံးသတင်းဆိုးတပုဒ်ဖြစ်ခဲ့ပြီး အသက် ၁၈ နှစ်သားလေး ပက်ဒရီက နူးကမ့်ရဲ့အသည်းကို ပြန်ဆက်ပေးနိုင်မယ့်သူလားလို့ လက်ရှိ ထင်ကြေးပေးခံနေချိန်မှာ အတက်ကြွဆုံး သက်သေပြသွားဖို့ ရှိနေတာပါ။

မက်ဆီထွက်ခွာသွားချိန် ဘာစီလိုနာအသင်းမှာ နောက်ထပ်မျိုးဆက်အနေနဲ့ ဘောလုံးအမွေကို ဆက်ခံမယ့်သူအဖြစ် ပက်ဒရီက ရှုမြင်ခံထားရပြီး အာဂျင်တီးနားသားကြီးရဲ့ အစားဝင်ပြီး ခြေရာနင်းမယ့်သူအဖြစ် သတ်မှတ်ခံထားရတာက အကျိုးအကြောင်းသင့်နေတဲ့ အချက်တွေလည်း ရှိနေပါတယ်။

အသက် ၁၈ နှစ်သား ဘာစီလိုနာလူငယ်ကြယ်ပွင့်လေး ပက်ဒရီဟာ စပိန်အသင်းကို ယူရို ၂၀၂၀ ဆီမီးဖိုင်နယ်အဆင့်အထိ ထမ်းတင်နိုင်ခဲ့ပြီး ပြိုင်ပွဲတလျှောက် ၆၃၀ မိနစ်မှ၆၂၉ မိနစ်ကစားပေးခဲ့ကာတမိနစ်သာ လွဲချော်ခဲ့သလို ယူရိုအပြီး ၁၆ ရက်အကြာမှာ ကစားရတဲ့ အိုလံပစ်ပြိုင်ပွဲမှာလည်း တပွဲမှလွဲချော်ခြင်းမရှိဘဲ ဝင်ကစားထားခဲ့ပြီး အိုလံပစ် ၂၀၂၀ ဗိုလ်လုပွဲမှာ စပိန်အသင်းက ဘရာဇီးလ်အသင်းကို အချိန်ပိုမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးထိ မရပ်မနားကစားပေးခဲ့ပါတယ်။

ပက်ဒရီရဲ့ ပွဲကစားချိန်မိနစ်တွေကို ပြန်ကြည့်တဲ့အခါ အံ့မခန်းပဲလို့ ရေရွတ်ရမှာဖြစ်ပြီး ဒီနှစ်ထဲမှာ စပိန်အသင်းအတွက် ၁၁၈၈ မိနစ်အထိ ဝင်ကစားထားပြီး ဒါဟာ ကိုပါအမေရိကဖလားကိုရယူခဲ့တဲ့ လီယို မက်ဆီရဲ့ ၆၃၀ မိနစ်၊ ခရစ်တီယာနို ရိုနယ်လ်ဒိုရဲ့ ယူရိုပြိုင်ပွဲမှာ ၃၆၀ မိနစ်ကစားထားမှု၊ နှစ်ဦးပေါင်း မိနစ် ၉၉၀ ထက် သာလွန်နေအောင် စပိန်အသင်းနည်းပြများရဲ့ အားကိုးခံထားရတဲ့ ကစားသမားလေးဖြစ်ခဲ့ပါတယ်။

သူ့အနေနဲ့ ၂၀၂၀-၂၁ ရာသီမှာ ဘာစီလိုနာအသင်းအတွက် ၅၂ ပွဲကစားထားသလို အဲဒီ ၅၂ ပွဲမှာ ပွဲ ၄၀ က ပထမလူစာရင်းမှာ ပွဲထွက်ကစားထားခဲ့တာဖြစ်ပြီး ဒါဟာ သူ့အနေနဲ့ ပြီးခဲ့တဲ့ရာသီတလျှောက် ကလပ်အသင်းရော နိုင်ငံအသင်းအတွက်ပါ ၇၃ ပွဲကစားထားခဲ့ခြင်းက PSG အသင်းအတွက် နေမာကစားထားတဲ့ ပွဲ ၇၀ထက် သာလွန်နေခဲ့ပါတယ်။

အရွယ်နဲ့ မလိုက်ဖက်လှတဲ့ သက်လုံအား၊ စိတ်ဓာတ်အင်အားနဲ့ ဘောလုံးခံယူချက်ပိုင်းအရ ရဲရင့်မှုကို ပြသသွားခဲ့တဲ့ ပက်ဒရီဟာ ဘာစီလိုနာအသင်းအတွက် တရာသီအတွင်း ပွဲ ၅၀ ပြည့်ကစားနိုင်ခဲ့တဲ့ ဘိုဂျန် ကာကစ်ရဲ့နောက်မှာ ဒုတိယမြောက် အသက်အငယ်ရွယ်ဆုံး ကစားသမားဖြစ်လာခဲ့ပြီး ၂၀၁၃-၁၄ ရာသီနောက်ပိုင်း ဒီစံချိန်ကို စိုက်ထူနိုင်တဲ့ ဘာဆာကစားသမားက အာတူရို ဗီဒယ်လ်နဲ့ အိုင်ဗန် ရာကီတစ်ချ်တို့နှစ်ဦးသာ ရှိခဲ့တာပါ။

ဘောလုံးပါရမီထူးခြားရုံတင်မက စပိန်နည်းပြ အင်းနရစ်ရဲ့ ပက်ဒရီအပေါ် မှတ်ချက်ပေးခဲ့ပုံက ” လက်ရှိသူလုပ်ပြနေသလိုမျိုး အင်နေယက်စတာတောင် မလုပ်ပြနိုင်ခဲ့တဲ့အရာပါ။ ထူးခြားပြီး အံ့သြဖို့ကောင်းလွန်းပါတယ်” လို့ စပိန်ဂန္ထဝင်ကြီးနဲ့ ခိုင်းနှိုင်းသွားခဲ့တာဖြစ်ပြီး ပက်ဒရီအနေနဲ့ ဘောလုံးကို အပျော်ရွင်ဆုံးကစားနေလို့ သူ့ခြေထောက်တွေဟာ ကျန်းမာနေကြောင်း၊ အိုလံပစ်ပြိုင်ပွဲအပြီးမှာ ဘာစီလိုနာအသင်း နည်းပြရော်နယ်ကိုးမန်းက သြဂုတ်လ ၁၈ ရက်ထိ ပက်ဒရီကို အနားယူလို့ရကြောင်း ခွင့်ပေးခဲ့ပေမယ့် ပယ်ချခဲ့ပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့က အသင်းဆီ လာရောက် ပူးပေါင်းခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ အသည်းနှလုံး မက်ဆီထွက်သွားခဲ့လို့ ဝမ်းနည်းနေတဲ့ ဘာစီလိုနာပရိသတ်အတွက်နဲ့ အားနည်းသွားတဲ့အသင်းအတွက် အိုလံပစ်ပြိုင်ပွဲအပြီး ၈ ရက်အကြာ မနေ့ညက လာလီဂါအဖြစ်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားတဲ့ ဘာစီလိုနာက ရီးရဲလ်ဆိုစီဒက်ကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိတဲ့ ပွဲစဉ်မှာ ပက်ဒရီဟာ ပွဲချိန်ပြည့် ပါဝင်ပေးဆပ်ကစားပေးသွားခဲ့ပြီး လာမာစီယာအကယ်ဒမီထွက်မဟုတ်ပေမယ့် လာမာစီယာသွေးတွေ စီးဆင်းနေတဲ့ စပိန်သားလေး ပက်ဒရီတစ်ယောက် မကြာသောကာလမှာ မက်ဆီရဲ့ခြေရာကို အပြည့်အဝနင်းပြီး ပက်ဒရီခေတ်သစ်စတင်တော့မှာလားဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဘာစီလိုနာ GOAT ႀကီး မက္ဆီတေယာက္ ႏူးကမ့္နဲ႔ တရားဝင္လမ္းခြဲလိုက္ျခင္းက ဘာစီလိုနာပရိသတ္ေတြအတြက္ အေၾကကြဲရဆုံးသတင္းဆိုးတပုဒ္ျဖစ္ခဲ့ၿပီး အသက္ ၁၈ ႏွစ္သားေလး ပက္ဒရီက ႏူးကမ့္ရဲ႕အသည္းကို ျပန္ဆက္ေပးႏိုင္မယ့္သူလားလို႔ လက္ရွိ ထင္ေၾကးေပးခံေနခ်ိန္မွာ အတက္ႂကြဆုံး သက္ေသျပသြားဖို႔ ရွိေနတာပါ။

မက္ဆီထြက္ခြာသြားခ်ိန္ ဘာစီလိုနာအသင္းမွာ ေနာက္ထပ္မ်ိဳးဆက္အေနနဲ႔ ေဘာလုံးအေမြကို ဆက္ခံမယ့္သူအျဖစ္ ပက္ဒရီက ရႈျမင္ခံထားရၿပီး အာဂ်င္တီးနားသားႀကီးရဲ႕ အစားဝင္ၿပီး ေျခရာနင္းမယ့္သူအျဖစ္ သတ္မွတ္ခံထားရတာက အက်ိဳးအေၾကာင္းသင့္ေနတဲ့ အခ်က္ေတြလည္း ရွိေနပါတယ္။

အသက္ ၁၈ ႏွစ္သား ဘာစီလိုနာလူငယ္ၾကယ္ပြင့္ေလး ပက္ဒရီဟာ စပိန္အသင္းကို ယူ႐ို ၂၀၂၀ ဆီမီးဖိုင္နယ္အဆင့္အထိ ထမ္းတင္ႏိုင္ခဲ့ၿပီး ၿပိဳင္ပြဲတေလွ်ာက္ ၆၃၀ မိနစ္မွ၆၂၉ မိနစ္ကစားေပးခဲ့ကာတမိနစ္သာ လြဲေခ်ာ္ခဲ့သလို ယူ႐ိုအၿပီး ၁၆ ရက္အၾကာမွာ ကစားရတဲ့ အိုလံပစ္ၿပိဳင္ပြဲမွာလည္း တပြဲမွလြဲေခ်ာ္ျခင္းမရွိဘဲ ဝင္ကစားထားခဲ့ၿပီး အိုလံပစ္ ၂၀၂၀ ဗိုလ္လုပြဲမွာ စပိန္အသင္းက ဘရာဇီးလ္အသင္းကို အခ်ိန္ပိုမွာ ၂ ဂိုး ၁ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီးထိ မရပ္မနားကစားေပးခဲ့ပါတယ္။

ပက္ဒရီရဲ႕ ပြဲကစားခ်ိန္မိနစ္ေတြကို ျပန္ၾကည့္တဲ့အခါ အံ့မခန္းပဲလို႔ ေရ႐ြတ္ရမွာျဖစ္ၿပီး ဒီႏွစ္ထဲမွာ စပိန္အသင္းအတြက္ ၁၁၈၈ မိနစ္အထိ ဝင္ကစားထားၿပီး ဒါဟာ ကိုပါအေမရိကဖလားကိုရယူခဲ့တဲ့ လီယို မက္ဆီရဲ႕ ၆၃၀ မိနစ္၊ ခရစ္တီယာႏို ႐ိုနယ္လ္ဒိုရဲ႕ ယူ႐ိုၿပိဳင္ပြဲမွာ ၃၆၀ မိနစ္ကစားထားမႈ၊ ႏွစ္ဦးေပါင္း မိနစ္ ၉၉၀ ထက္ သာလြန္ေနေအာင္ စပိန္အသင္းနည္းျပမ်ားရဲ႕ အားကိုးခံထားရတဲ့ ကစားသမားေလးျဖစ္ခဲ့ပါတယ္။

သူ႔အေနနဲ႔ ၂၀၂၀-၂၁ ရာသီမွာ ဘာစီလိုနာအသင္းအတြက္ ၅၂ ပြဲကစားထားသလို အဲဒီ ၅၂ ပြဲမွာ ပြဲ ၄၀ က ပထမလူစာရင္းမွာ ပြဲထြက္ကစားထားခဲ့တာျဖစ္ၿပီး ဒါဟာ သူ႔အေနနဲ႔ ၿပီးခဲ့တဲ့ရာသီတေလွ်ာက္ ကလပ္အသင္းေရာ ႏိုင္ငံအသင္းအတြက္ပါ ၇၃ ပြဲကစားထားခဲ့ျခင္းက PSG အသင္းအတြက္ ေနမာကစားထားတဲ့ ပြဲ ၇၀ထက္ သာလြန္ေနခဲ့ပါတယ္။

အ႐ြယ္နဲ႔ မလိုက္ဖက္လွတဲ့ သက္လုံအား၊ စိတ္ဓာတ္အင္အားနဲ႔ ေဘာလုံးခံယူခ်က္ပိုင္းအရ ရဲရင့္မႈကို ျပသသြားခဲ့တဲ့ ပက္ဒရီဟာ ဘာစီလိုနာအသင္းအတြက္ တရာသီအတြင္း ပြဲ ၅၀ ျပည့္ကစားႏိုင္ခဲ့တဲ့ ဘိုဂ်န္ ကာကစ္ရဲ႕ေနာက္မွာ ဒုတိယေျမာက္ အသက္အငယ္႐ြယ္ဆုံး ကစားသမားျဖစ္လာခဲ့ၿပီး ၂၀၁၃-၁၄ ရာသီေနာက္ပိုင္း ဒီစံခ်ိန္ကို စိုက္ထူႏိုင္တဲ့ ဘာဆာကစားသမားက အာတူ႐ို ဗီဒယ္လ္နဲ႔ အိုင္ဗန္ ရာကီတစ္ခ်္တို႔ႏွစ္ဦးသာ ရွိခဲ့တာပါ။

ေဘာလုံးပါရမီထူးျခား႐ုံတင္မက စပိန္နည္းျပ အင္းနရစ္ရဲ႕ ပက္ဒရီအေပၚ မွတ္ခ်က္ေပးခဲ့ပုံက ” လက္ရွိသူလုပ္ျပေနသလိုမ်ိဳး အင္ေနယက္စတာေတာင္ မလုပ္ျပႏိုင္ခဲ့တဲ့အရာပါ။ ထူးျခားၿပီး အံ့ၾသဖို႔ေကာင္းလြန္းပါတယ္” လို႔ စပိန္ဂႏၴဝင္ႀကီးနဲ႔ ခိုင္းႏႈိင္းသြားခဲ့တာျဖစ္ၿပီး ပက္ဒရီအေနနဲ႔ ေဘာလုံးကို အေပ်ာ္႐ြင္ဆုံးကစားေနလို႔ သူ႔ေျခေထာက္ေတြဟာ က်န္းမာေနေၾကာင္း၊ အိုလံပစ္ၿပိဳင္ပြဲအၿပီးမွာ ဘာစီလိုနာအသင္း နည္းျပေရာ္နယ္ကိုးမန္းက ၾသဂုတ္လ ၁၈ ရက္ထိ ပက္ဒရီကို အနားယူလို႔ရေၾကာင္း ခြင့္ေပးခဲ့ေပမယ့္ ပယ္ခ်ခဲ့ၿပီး ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က အသင္းဆီ လာေရာက္ ပူးေပါင္းခဲ့ပါတယ္။

ဘာစီလိုနာအသင္းရဲ႕ အသည္းႏွလုံး မက္ဆီထြက္သြားခဲ့လို႔ ဝမ္းနည္းေနတဲ့ ဘာစီလိုနာပရိသတ္အတြက္နဲ႔ အားနည္းသြားတဲ့အသင္းအတြက္ အိုလံပစ္ၿပိဳင္ပြဲအၿပီး ၈ ရက္အၾကာ မေန႔ညက လာလီဂါအျဖစ္ပြဲစဥ္အျဖစ္ယွဥ္ၿပိဳင္ကစားတဲ့ ဘာစီလိုနာက ရီးရဲလ္ဆိုစီဒက္ကို ၄ ဂိုး ၂ ဂိုးနဲ႔ အႏိုင္ရရွိတဲ့ ပြဲစဥ္မွာ ပက္ဒရီဟာ ပြဲခ်ိန္ျပည့္ ပါဝင္ေပးဆပ္ကစားေပးသြားခဲ့ၿပီး လာမာစီယာအကယ္ဒမီထြက္မဟုတ္ေပမယ့္ လာမာစီယာေသြးေတြ စီးဆင္းေနတဲ့ စပိန္သားေလး ပက္ဒရီတစ္ေယာက္ မၾကာေသာကာလမွာ မက္ဆီရဲ႕ေျခရာကို အျပည့္အဝနင္းျပီး ပက္ဒရီ​ေခတ္သစ္စတင္ေတာ့မွာလားဆိုတာကို ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.