Premier League Transfer News

16 Aug နောက်ဆုံးရ မန်ချက်စတာယူနိုက်တက် အပြောင်းအရွှေ့သတင်းများ

လိဒ်စ်ယူနိုက်တက်နဲ့ပွဲစဥ်မှာ တကိုယ်တော် ၄ ဂိုးဖန်တီးပေးသွားခဲ့တဲ့ ပေါင် ၈၉ သန်းတန် ယူနိုက်တက်ကွင်းလယ်လူ ပေါလ် ပေါ့ဘာရဲ့ခြေစွမ်းဟာ ချီးကျူးဖို့ မဖြစ်နိုင်သေးဘူးလို့ ဂရေမီ ဆောင်းနက်စ်က ငြင်းဆန်သွားခဲ့ပြီး လူငယ်တိုက်စစ်မှူးလေး မေဆန် ဂရင်းဝုဒ်ကသာ အဆိုပါပွဲရဲ့သူရဲကောင်းဖြစ်ကြောင်း ထုတ်ဖော်သွားခဲ့။

ကွင်းလယ်အဖျက်ကစားသမားတဦးကို ရှာဖွေနေတဲ့ ယူနိုက်တက်ဟာ ပြင်သစ်လီဂူးကလပ် မက်ဇ်အသင်းရဲ့ အသက် ၁၉ နှစ်အရွယ် ပါပေ မက်တာ ဆားရ်ကို ပေါင် ၂၈ သန်းနဲ့ ဝယ်ယူဖို့ လှုပ်ရှားနေပြီး ချယ်လ်ဆီး၊ မန်စီးတီးတို့နဲ့ အပြိုင်လုရဖွယ်ရှိနေသလို ဆီနီဂေါသားကို ပြင်သစ်ကလပ်မှာပဲ တရာသီအငှားပြန်ချသွားမယ်လို့ သိရ။

ယူနိုက်တက်ရဲ့ဗဟိုခံစစ်မှာ ပူးပေါင်းလာခဲ့တဲ့ ရာဖေးလ် ဗာရွန်းဟာ သရဲနီတို့ကို ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အသွင်ပြောင်းလဲပေးလိမ့်လို့ ယုံကြည်နေကြာင်း အာဆင်နယ်ကစားသမားဟောင်း ပေါလ် မာဆန်က ဖွင့်ဟသွားခဲ့ပြီး ဆန်ဥတီယာဂို ဘာနေဗျူးမှာ စုဆောင်းလာတဲ့ အတွေ့အကြုံတွေနဲ့ အသင်းကို ဦးဆောင်သွားလိမ့်မယ်လို့ သုံးသပ်သွားခဲ့။

ယူနိုက်တက်ဟာ ဘာစီလိုနာအသင်းရဲ့ လာမာစီယာအကယ်ဒမီထုတ်ကုန် မိုရီဘာကို စာချုပ်ချုပ်ဖို့ စကားပြောဆိုမှုတွေ ပြုလုပ်နေကြောင်း သိရပြီး စာချုပ်သစ်ကိစ္စ အထာကိုင်ထားလို့ ဥက္ကဋ္ဌ လာပေါ့တာရဲ့ အမျက်ရှခြင်းခံနေရတဲ့ ၁၈ နှစ်သားကို အိုးထရက်ဖို့ဒ်ဆီ ခေါ်ဆောင်နိုင်ဖို့ အာဆင်နယ်၊ စပါးစ်နဲ့ လက်စတာအသင်းတို့ကို လက်ဦးမှုရယူသွားဖို့ စီစဥ်နေ။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ အက်သလက်တီကို မက်ဒရစ်ညာနောက်ခံလူ ကီရန် ထရစ်ပီယာကို ခေါ်ယူဖို့ လက်မလျှော့သေးကြောင်း အတည်ပြုခံထားရပြီး ပေါင်သန်း ၃၀ စျေးဖွင့်ထားတဲ့ အင်္ဂလန်သားရဲ့ အပြောင်းအရွှေ့ကို သြဂုတ်လ ၃၁ ရက်မတိုင်မီ အပြီးသတ်သွားဖွယ်ရှိတယ်လို့ သိရ။

၂၀၂၂ ကမ္ဘာ့ဖလားရဲ့ ဘရာဇီးလက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရဖို့ ပစ်မှတ်ထားနေတဲ့ ယူနိက်တက်အပယ်ခံကစားသမား အန်ဒရေ ပါရဲရားဟာ ဖလာမင်ဂိုအသင်းကို အငှားနဲ့ပြောင်းရွှေ့ကစားဖို့ မျက်စိကျနေကြောင်း သိရပြီး အဲဗာတန်အသင်းကလည်း တရာသီအငှားနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်လာကြောင်းသိရ။

ယူနိုက်တက်ကွင်းလယ်လူ ဂျက်စီ လင်ဂတ်နဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ အပြောင်းအရွှေ့အစီအစဥ်ဟာ ရက်ပိုင်းအတွင်း အပြီးသတ်ဖို့ နီးစပ်လာနေကြောင်း သိရပြီး ဟမ်းမားစ်တို့ရဲ့ ဂိုးသမား ဒါရင်း ရန့်ဒေါ့ဖ်ကလည်း Rush Green လေ့ကျင့်ရေးကွင်းမှာ မကြာခင်ပြန်ဆုံကြမယ်လို့ အင်စတေဂရမ်မှာ အင်္ဂလန်သားကို Tag တွဲပြီး ရေးသားသွားခဲ့​ကြောင်းသိရ။

ရာဖေးလ် ဗာရွန်းကို အသင်းမှာ အလျင်မြန်ဆုံး အထိုင်ကျအောင် ဟာရီ မက်ဂွိုင်းယား၊ ဗစ်တာ လန်ဒလော့ဖ်နဲ့ ဖီးလ်ဂျုံးစ်တို့က အဓိကကူညီပေးသွားလိမ့်မယ်လို့ ယူနိုက်တက်ကွင်းလယ်လူ ဘရူနိူ ဖာနန်ဒက်စ်က ပြောကြားသွားခဲ့ပြီး အသင်းခေါင်းဆောင် မက်ဂွိုင်းယားကလည်း ” အောင်စိတ် ” ကိုယူဆောင်လာမယ့် ပြင်သစ်သားရဲ့ ဘောလုံးခံယူချက်ကို နှစ်ခြိုက်မိကြောင်း ကြိုဆိုသွားခဲ့။

ယူနိုက်တက်ကွင်းလယ်လူ ပေါလ် ပေါ့ဘာဟာ အသင်းမှာ ဆက်လက်နေထိုင်ပြီး စာချုပ်သစ်တရပ်ဖြစ်ပေါ်လာနိုင်မယ်လို့ သရဲနီဂန္ထဝင်ကြီး ပေါလ်စခိုးလ်က အခိုင်အမာယုံကြည်နေပြီး ပြင်သစ်သားဟာ ” ဆိုးမွေ” ကို ခံယူခဲ့ရတဲ့ လွန်ခဲ့တဲ့ ၅ နှစ်အပြီး သားရွှေအိုးထမ်းလာမယ့် လက်ရှိလူစာရင်းနဲ့ ဆုဖလားရှာဖွေချင်နေလိမ့်မယ်လို့ ဟောကိန်းထုတ်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လိဒ္စ္ယူႏိုက္တက္နဲ႔ပြဲစဥ္မွာ တကိုယ္ေတာ္ ၄ ဂိုးဖန္တီးေပးသြားခဲ့တဲ့ ေပါင္ ၈၉ သန္းတန္ ယူႏိုက္တက္ကြင္းလယ္လူ ေပါလ္ ေပါ့ဘာရဲ႕ေျခစြမ္းဟာ ခ်ီးက်ဴးဖို႔ မျဖစ္ႏိုင္ေသးဘူးလို႔ ဂေရမီ ေဆာင္းနက္စ္က ျငင္းဆန္သြားခဲ့ၿပီး လူငယ္တိုက္စစ္မႉးေလး ေမဆန္ ဂရင္းဝုဒ္ကသာ အဆိုပါပြဲရဲ႕သူရဲေကာင္းျဖစ္ေၾကာင္း ထုတ္ေဖာ္သြားခဲ့။

ကြင္းလယ္အဖ်က္ကစားသမားတဦးကို ရွာေဖြေနတဲ့ ယူႏိုက္တက္ဟာ ျပင္သစ္လီဂူးကလပ္ မက္ဇ္အသင္းရဲ႕ အသက္ ၁၉ ႏွစ္အ႐ြယ္ ပါေပ မက္တာ ဆားရ္ကို ေပါင္ ၂၈ သန္းနဲ႔ ဝယ္ယူဖို႔ လႈပ္ရွားေနၿပီး ခ်ယ္လ္ဆီး၊ မန္စီးတီးတို႔နဲ႔ အၿပိဳင္လုရဖြယ္ရွိေနသလို ဆီနီေဂါသားကို ျပင္သစ္ကလပ္မွာပဲ တရာသီအငွားျပန္ခ်သြားမယ္လို႔ သိရ။

ယူႏိုက္တက္ရဲ႕ဗဟိုခံစစ္မွာ ပူးေပါင္းလာခဲ့တဲ့ ရာေဖးလ္ ဗာ႐ြန္းဟာ သရဲနီတို႔ကို ပရီးမီးယားလိဂ္ခ်န္ပီယံအျဖစ္ အသြင္ေျပာင္းလဲေပးလိမ့္လို႔ ယုံၾကည္ေနၾကာင္း အာဆင္နယ္ကစားသမားေဟာင္း ေပါလ္ မာဆန္က ဖြင့္ဟသြားခဲ့ၿပီး ဆန္ဥတီယာဂို ဘာေနဗ်ဴးမွာ စုေဆာင္းလာတဲ့ အေတြ႕အႀကဳံေတြနဲ႔ အသင္းကို ဦးေဆာင္သြားလိမ့္မယ္လို႔ သုံးသပ္သြားခဲ့။

ယူႏိုက္တက္ဟာ ဘာစီလိုနာအသင္းရဲ႕ လာမာစီယာအကယ္ဒမီထုတ္ကုန္ မိုရီဘာကို စာခ်ဳပ္ခ်ဳပ္ဖို႔ စကားေျပာဆိုမႈေတြ ျပဳလုပ္ေနေၾကာင္း သိရၿပီး စာခ်ဳပ္သစ္ကိစၥ အထာကိုင္ထားလို႔ ဥကၠ႒ လာေပါ့တာရဲ႕ အမ်က္ရွျခင္းခံေနရတဲ့ ၁၈ ႏွစ္သားကို အိုးထရက္ဖို႔ဒ္ဆီ ေခၚေဆာင္ႏိုင္ဖို႔ အာဆင္နယ္၊ စပါးစ္နဲ႔ လက္စတာအသင္းတို႔ကို လက္ဦးမႈရယူသြားဖို႔ စီစဥ္ေန။

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားဟာ အက္သလက္တီကို မက္ဒရစ္ညာေနာက္ခံလူ ကီရန္ ထရစ္ပီယာကို ေခၚယူဖို႔ လက္မေလွ်ာ့ေသးေၾကာင္း အတည္ျပဳခံထားရၿပီး ေပါင္သန္း ၃၀ ေစ်းဖြင့္ထားတဲ့ အဂၤလန္သားရဲ႕ အေျပာင္းအေ႐ႊ႕ကို ၾသဂုတ္လ ၃၁ ရက္မတိုင္မီ အၿပီးသတ္သြားဖြယ္ရွိတယ္လို႔ သိရ။

၂၀၂၂ ကမာၻ႔ဖလားရဲ႕ ဘရာဇီးလက္ေ႐ြးစင္အသင္းမွာ ေ႐ြးခ်ယ္ခံရဖို႔ ပစ္မွတ္ထားေနတဲ့ ယူနိက္တက္အပယ္ခံကစားသမား အန္ဒေရ ပါရဲရားဟာ ဖလာမင္ဂိုအသင္းကို အငွားနဲ႔ေျပာင္းေ႐ႊ႕ကစားဖို႔ မ်က္စိက်ေနေၾကာင္း သိရၿပီး အဲဗာတန္အသင္းကလည္း တရာသီအငွားနဲ႔ ကမ္းလွမ္းဖို႔ ျပင္ဆင္လာေၾကာင္းသိရ။

ယူႏိုက္တက္ကြင္းလယ္လူ ဂ်က္စီ လင္ဂတ္နဲ႔ ဝက္စ္ဟမ္းအသင္းတို႔ရဲ႕ အေျပာင္းအေ႐ႊ႕အစီအစဥ္ဟာ ရက္ပိုင္းအတြင္း အၿပီးသတ္ဖို႔ နီးစပ္လာေနေၾကာင္း သိရၿပီး ဟမ္းမားစ္တို႔ရဲ႕ ဂိုးသမား ဒါရင္း ရန္႔ေဒါ့ဖ္ကလည္း Rush Green ေလ့က်င့္ေရးကြင္းမွာ မၾကာခင္ျပန္ဆုံၾကမယ္လို႔ အင္စေတဂရမ္မွာ အဂၤလန္သားကို Tag တြဲၿပီး ေရးသားသြားခဲ့​ေၾကာင္းသိရ။

ရာေဖးလ္ ဗာ႐ြန္ကိုး အသင္းမွာ အလ်င္ျမန္ဆုံး အထိုင္က်ေအာင္ ဟာရီ မက္ဂြိဳင္းယား၊ ဗစ္တာ လန္ဒေလာ့ဖ္နဲ႔ ဖီးလ္ဂ်ဳံးစ္တို႔က အဓိကကူညီေပးသြားလိမ့္မယ္လို႔ ယူႏိုက္တက္ကြင္းလယ္လူ ဘ႐ူႏိူ ဖာနန္ဒက္စ္က ေျပာၾကားသြားခဲ့ၿပီး အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားကလည္း ” ေအာင္စိတ္ ” ကိုယူေဆာင္လာမယ့္ ျပင္သစ္သားရဲ႕ ေဘာလုံးခံယူခ်က္ကို ႏွစ္ၿခိဳက္မိေၾကာင္း ႀကိဳဆိုသြားခဲ့။

ယူႏိုက္တက္ကြင္းလယ္လူ ေပါလ္ ေပါ့ဘာဟာ အသင္းမွာ ဆက္လက္ေနထိုင္ၿပီး စာခ်ဳပ္သစ္တရပ္ျဖစ္ေပၚလာႏိုင္မယ္လို႔ သရဲနီဂႏၴဝင္ႀကီး ေပါလ္စခိုးလ္က အခိုင္အမာယုံၾကည္ေနၿပီး ျပင္သစ္သားဟာ ” ဆိုးေမြ” ကို ခံယူခဲ့ရတဲ့ လြန္ခဲ့တဲ့ ၅ ႏွစ္အၿပီး သားေ႐ႊအိုးထမ္းလာမယ့္ လက္ရွိလူစာရင္းနဲ႔ ဆုဖလားရွာေဖြခ်င္ေနလိမ့္မယ္လို႔ ေဟာကိန္းထုတ္သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.