Bundesliga Premier League

ဆာေနးအတြက္ ေပါင္သန္း ၆၀ သာ အျမင့္ဆုံး ေပးႏိုင္မယ္လုိ႔ ဘုိင္ယန္ျမဴးနစ္ကမ္းလွမ္း

မန္ခ်က္စတာစီးတီးအသင္းနဲ႔ လာမယ့္ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းတစ္ႏွစ္သာ က်န္ရွိေတာ့မယ့္ ေတာင္ပံကစားသမား လီရြဳိင္း ဆာေနးကို ေခၚယူဖို႔အတြက္ ဘုိင္ယန္ျမဴးနစ္အသင္းက ေပါင္သန္း ၆၀ အထိသာ အမ်ားဆုံးေပးႏိုင္ၿပီး တရားဝင္ကမ္းလွမ္းသြားမယ္လုိ႔ သတင္းဌာနေတြက ေဖာ္ျပလုိက္ပါတယ္။

ၿပီးခဲ့တဲ့ ေႏြရာသီက ေပါင္သန္း ၁၁၀ နဲ႔ သေဘာတူညီဖို႔ ရွိခဲ့တဲ့ ဂ်ာမန္ကလပ္နဲ႔ မန္စီးတီးတုိ႔ၾကား အေျပာင္းအေရႊ႕ဟာ ကစားသမားရဲ႕ ဒဏ္ရာေၾကာင့္ ပ်က္ျပယ္ခဲ့ရတာျဖစ္ၿပီး ၈ လေက်ာ္ ၉ လနီးပါး အနားယူခဲ့ရတဲ့ ဒဏ္ရာေပ်ာက္ကင္းခ်ိန္မွာေတာ့ စီးပြားပ်က္ကပ္အသြင္ေဆာင္လာတဲ့ ကိုဗစ္-၁၉ ရဲ႕ သက္ေရာက္မွဳနဲ႔အတူ ဒီေလာက္အထိ ေဈးက်သြားခဲ့တာလည္းျဖစ္ပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္ ေတာင္ပံကစားသမားဟာ လြန္ခဲ့တဲ့ ၂၀၁၆-၁၇ ရာသီက မန္စီးတီးအသင္းကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၇ သန္းနဲ႔ ေရာက္ရွိလာခဲ့သူျဖစ္ၿပီး အသင္းအတြက္ ကစားေပးထားခဲ့တဲ့ ၁၃၄ ပြဲမွာ ၃၉ ဂိုး သြင္းယူထားႏုိင္သလို နည္းျပ ပက္ပ္ ဂြါဒီယိုလာရဲ႕ စိတ္ႀကဳိက္ ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။

ဆီနီေဂါႏြယ္ဖြား ဂ်ာမန္လက္ေရြးစင္ ဆာေနးဟာ မန္စီးတီးနဲ႔အတူ ခ်န္ပီယံလိဂ္ကလြဲလုိ႔ က်န္တဲ့ ျပည္တြင္းဖလားေတြအားလုံးကို သိမ္းပုိက္ႏိုင္ခဲ့ၿပီးတဲ့ေနာက္ ဘြန္ဒက္စ္လီဂါ အင္အားႀကီး ဘုိင္ယန္ျမဴးနစ္အသင္းကို ျပန္ဖို႔ ဆႏၵျပင္းျပေနသူျဖစ္ၿပီး သူ႕ကို ဆက္လက္ထိန္းသိမ္းႏုိင္ဖို႔ မလြယ္ကူေတာ့တာေၾကာင့္ ေရာင္းခ်သြားရဖို႔လည္းရွိေနပါတယ္။

လက္ရွိအေနအထားအရေတာ့ ေဆာင္းရာသီမွာ သူ႕အတြက္ ဘုိင္ယန္ရဲ႕ ကမ္းလွမ္းမွဳကို ပယ္ခ်လုိက္တာဟာ မွားယြင္းတယ္လုိ႔ ဆုိရမွာျဖစ္ၿပီး အသင္းမွာ ဆက္လက္ထိန္းသိမ္းႏုိင္ဖို႔ ႀကဳိးစားရင္း ေပါင္သန္း ၆၀ သာ အျမင့္ဆုံးရႏိုင္တဲ့ ပမာဏနဲ႔ ေရာင္းခ်ရမယ္ဆုိရင္ေတာ့ အသင္းအတြက္ နစ္နာႏုိင္သလို ကစားသမားရဲ႕ ဆုံးျဖတ္ခ်က္ကလည္း မန္စီးတီးအတြက္ ခက္ခဲေစခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းနဲ့ လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့မယ့် တောင်ပံကစားသမား လီရွိုင်း ဆာနေးကို ခေါ်ယူဖို့အတွက် ဘိုင်ယန်မြူးနစ်အသင်းက ပေါင်သန်း ၆၀ အထိသာ အများဆုံးပေးနိုင်ပြီး တရားဝင်ကမ်းလှမ်းသွားမယ်လို့ သတင်းဌာနတွေက ဖော်ပြလိုက်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက ပေါင်သန်း ၁၁၀ နဲ့ သဘောတူညီဖို့ ရှိခဲ့တဲ့ ဂျာမန်ကလပ်နဲ့ မန်စီးတီးတို့ကြား အပြောင်းအရွှေ့ဟာ ကစားသမားရဲ့ ဒဏ်ရာကြောင့် ပျက်ပြယ်ခဲ့ရတာဖြစ်ပြီး ၈ လကျော် ၉ လနီးပါး အနားယူခဲ့ရတဲ့ ဒဏ်ရာပျောက်ကင်းချိန်မှာတော့ စီးပွားပျက်ကပ်အသွင်ဆောင်လာတဲ့ ကိုဗစ်-၁၉ ရဲ့ သက်ရောက်မှုနဲ့အတူ ဒီလောက်အထိ ဈေးကျသွားခဲ့တာလည်းဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် တောင်ပံကစားသမားဟာ လွန်ခဲ့တဲ့ ၂၀၁၆-၁၇ ရာသီက မန်စီးတီးအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၃၇ သန်းနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းအတွက် ကစားပေးထားခဲ့တဲ့ ၁၃၄ ပွဲမှာ ၃၉ ဂိုး သွင်းယူထားနိုင်သလို နည်းပြ ပက်ပ် ဂွါဒီယိုလာရဲ့ စိတ်ကြိုက် ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

ဆီနီဂေါနွယ်ဖွား ဂျာမန်လက်ရွေးစင် ဆာနေးဟာ မန်စီးတီးနဲ့အတူ ချန်ပီယံလိဂ်ကလွဲလို့ ကျန်တဲ့ ပြည်တွင်းဖလားတွေအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက် ဘွန်ဒက်စ်လီဂါ အင်အားကြီး ဘိုင်ယန်မြူးနစ်အသင်းကို ပြန်ဖို့ ဆန္ဒပြင်းပြနေသူဖြစ်ပြီး သူ့ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ မလွယ်ကူတော့တာကြောင့် ရောင်းချသွားရဖို့လည်းရှိနေပါတယ်။

လက်ရှိအနေအထားအရတော့ ဆောင်းရာသီမှာ သူ့အတွက် ဘိုင်ယန်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်တာဟာ မှားယွင်းတယ်လို့ ဆိုရမှာဖြစ်ပြီး အသင်းမှာ ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကြိုးစားရင်း ပေါင်သန်း ၆၀ သာ အမြင့်ဆုံးရနိုင်တဲ့ ပမာဏနဲ့ ရောင်းချရမယ်ဆိုရင်တော့ အသင်းအတွက် နစ်နာနိုင်သလို ကစားသမားရဲ့ ဆုံးဖြတ်ချက်ကလည်း မန်စီးတီးအတွက် ခက်ခဲစေခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.