Other Leagues Premier League

ေအဒူယာအတြက္ ေပါင္ ၂၅ သန္းက်သင့္မယ္လုိ႔ အာဆင္နယ္ကို ဆဲလ္တစ္သတိေပး

အာဆင္နယ္အသင္းက အလိုရွိေနတဲ့ သူတုိ႔ရဲ႕ လူငယ္တုိက္စစ္မွဴး ေအာ့ဒ္ဆြန္း ေအဒူယာကို ေခၚယူရင္ခ်င္ရင္ ေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္ ၂၅ သန္း က်သင့္မွာ ျဖစ္ေၾကာင္း စေကာ့တလန္ကလပ္ ဆဲလ္တစ္အသင္းက သတိေပးထုတ္ျပန္လုိက္ပါတယ္။

အသက္ ၂၂ ႏွစ္ အရြယ္ရွိၿပီျဖစ္တဲ့ ျပင္သစ္တုိက္စစ္မွဴးကို အာဆင္နယ္အသင္းကေတာ့ ေႏြရာသီမွာ ေရာင္းခ်သြားရႏုိင္တဲ့ အလက္ဇန္းဒါး လာကာဇက္အစား အလိုရွိေနတာလည္းျဖစ္ၿပီး ဆဲလ္တစ္နဲ႔ၾကားမွာ ၿပီးခဲ့တဲ့ႏွစ္က ကီရန္ တီယာနီနဲ႔ ဆက္ဆံေရးေကာင္းကို တည္ေဆာက္ထားခဲ့သလိုမ်ဳိး ထပ္မံလုပ္ေဆာင္ခ်င္ေနတာပါ။

ကိုဗစ္-၁၉ ေၾကာင့္သာ မဟုတ္ရင္ ေငြေၾကးသုံးစြဲႏုိင္မယ့္ အာဆင္နယ္အသင္းအတြက္ေတာ့ ဒီရာသီမွာ ကြင္းဝင္ေၾကးကေန လက္က်န္ ပြဲစဥ္ေတြအတြက္ ေပါင္ ၁၄၅ သန္းေလာက္ နစ္နာခဲ့ရတယ္လုိ႔ သိရၿပီး အားကစားဒါ႐ိုက္တာ ရာအူးလ္ ဆန္ယီဟီကေတာ့ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ရရွိႏုိင္သူေတြနဲ႔ အလဲအထပ္ေတြသာ ျပဳလုပ္သြားမယ္လို႔ ဆုိခဲ့ပါတယ္။

ဆဲလ္တစ္အသင္းအေနနဲ႔လည္း ေဈးကြက္ရဲ႕ ဝယ္လုိအားနဲ႔ ဝယ္လက္ေတြဆီမွာ ေငြေၾကးနည္းပါးေနပုံေတြကို သေဘာေပါက္ထားၿပီး ေပါင္ ၂၅ သန္းအထက္ က်သင့္ႏုိင္တဲ့ သူတုိ႔ရဲ႕ တုိက္စစ္မွဴးကို ၂၅ သန္းအတိနဲ႔ ထုတ္ေရာင္းဖို႔ စီစဥ္ေနသလို ဘဏၰာေရးဆုံးရွဳံးမွဳေတြကို ကာမိေစဖို႔လည္း ရည္ရြယ္ေနပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္ရာသီမွာ ကံေကာင္းရင္ေတာ့ တုိက္စစ္မွဴး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကို ဆက္လက္ထိန္းသိမ္းထားဖို႔ လုပ္ေဆာင္ႏုိင္မွာျဖစ္ၿပီး လူငယ္ေတြနဲ႔ တြဲဖက္ေပးႏိုင္ခဲ့ရင္ေတာ့ တုိက္စစ္ပိုင္းအတြက္ ေအဒူယာကို ေခၚယူႏိုင္မွဳဟာ ထိေရာက္တဲ့ အားျဖည့္မွဳတစ္ခု ျဖစ္လာမွာမို႔ တခ်ဳိ႕ကစားသမားေတြကို ေရာင္းခ်ၿပီး ေငြေၾကးသုံးစြဲသြားႏုိင္မလား ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ပါတယ္။

REF: SPORTS REVIEW
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းက အလိုရှိနေတဲ့ သူတို့ရဲ့ လူငယ်တိုက်စစ်မှူး အော့ဒ်ဆွန်း အေဒူယာကို ခေါ်ယူရင်ချင်ရင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၂၅ သန်း ကျသင့်မှာ ဖြစ်ကြောင်း စကော့တလန်ကလပ် ဆဲလ်တစ်အသင်းက သတိပေးထုတ်ပြန်လိုက်ပါတယ်။

အသက် ၂၂ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ပြင်သစ်တိုက်စစ်မှူးကို အာဆင်နယ်အသင်းကတော့ နွေရာသီမှာ ရောင်းချသွားရနိုင်တဲ့ အလက်ဇန်းဒါး လာကာဇက်အစား အလိုရှိနေတာလည်းဖြစ်ပြီး ဆဲလ်တစ်နဲ့ကြားမှာ ပြီးခဲ့တဲ့နှစ်က ကီရန် တီယာနီနဲ့ ဆက်ဆံရေးကောင်းကို တည်ဆောက်ထားခဲ့သလိုမျိုး ထပ်မံလုပ်ဆောင်ချင်နေတာပါ။

ကိုဗစ်-၁၉ ကြောင့်သာ မဟုတ်ရင် ငွေကြေးသုံးစွဲနိုင်မယ့် အာဆင်နယ်အသင်းအတွက်တော့ ဒီရာသီမှာ ကွင်းဝင်ကြေးကနေ လက်ကျန် ပွဲစဉ်တွေအတွက် ပေါင် ၁၄၅ သန်းလောက် နစ်နာခဲ့ရတယ်လို့ သိရပြီး အားကစားဒါရိုက်တာ ရာအူးလ် ဆန်ယီဟီကတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်သူတွေနဲ့ အလဲအထပ်တွေသာ ပြုလုပ်သွားမယ်လို့ ဆိုခဲ့ပါတယ်။

ဆဲလ်တစ်အသင်းအနေနဲ့လည်း ဈေးကွက်ရဲ့ ဝယ်လိုအားနဲ့ ဝယ်လက်တွေဆီမှာ ငွေကြေးနည်းပါးနေပုံတွေကို သဘောပေါက်ထားပြီး ပေါင် ၂၅ သန်းအထက် ကျသင့်နိုင်တဲ့ သူတို့ရဲ့ တိုက်စစ်မှူးကို ၂၅ သန်းအတိနဲ့ ထုတ်ရောင်းဖို့ စီစဉ်နေသလို ဘဏ္ဏာရေးဆုံးရှုံးမှုတွေကို ကာမိစေဖို့လည်း ရည်ရွယ်နေပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ လာမယ့်ရာသီမှာ ကံကောင်းရင်တော့ တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းကို ဆက်လက်ထိန်းသိမ်းထားဖို့ လုပ်ဆောင်နိုင်မှာဖြစ်ပြီး လူငယ်တွေနဲ့ တွဲဖက်ပေးနိုင်ခဲ့ရင်တော့ တိုက်စစ်ပိုင်းအတွက် အေဒူယာကို ခေါ်ယူနိုင်မှုဟာ ထိရောက်တဲ့ အားဖြည့်မှုတစ်ခု ဖြစ်လာမှာမို့ တချို့ကစားသမားတွေကို ရောင်းချပြီး ငွေကြေးသုံးစွဲသွားနိုင်မလား စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။

REF: SPORTS REVIEW
PHOTOS CREDIT TO OWNERS
SPORTS A2Z.