Match Report Premier League

နှစ်သင်းပေါင်း ဂိုးအများမှာ ငှက်ကျားတွေကို အသိုက်ဖျက်သွားခဲ့တဲ့ ဟမ်းမားတို့ရဲ့နိုင်ပွဲ

အိမ်ကွင်းမှာ ၃-၅-၂ ပုံစံနဲ့ ပွဲထွက်လာခဲ့တဲ့ နယူးကာဆယ်လ်အသင်းမှာ ကစားသမားသစ် ဝီလော့ခ် မပါဝင်နိုင်သေးလို့ လူမစုံခဲ့သေးဘဲ နည်းပြ စတိဗ် ဘရုစ်အနေနဲ့ အင်အားနည်းတဲ့ လူစာရင်းကို ခင်းကျင်းခဲ့ရချိန်မှာ ဝက်စ်ဟမ်းဘက်ကတော့ ဒေးဗစ်မွိုက်စ်ရဲ့ ပြည့်စုံတဲ့ လူအင်အားက မနှစ်က အငှားလာကစားပြီး ခြေစွမ်းပြတဲ့ လင်ဂတ်ကို မလွမ်းအောင်လည်းဖြစ်နေခဲ့ပါတယ်။

စောစောစီးစီးကတည်းက စိန့်ဂျိမ်းစ်ပါ့ခ်မှာ ဧည့်သည်တွေ သောင်းကျန်းနေခဲ့ပြီး ထောင့်ကန်ဘောကနေ ဆိုးချက်က အနီးကပ်တိုက်သွင်းတာကို အယ်လ်မီရွန် ပိတ်ဆို့သွားခဲ့ရသလို အိမ်ရှင်တွေ မျက်လုံးပြူးခဲ့ရပေမယ့် ဦးဆောင်ဂိုးကိုတော့ ရယူနိုင်ခဲ့ပြီး ပွဲချိန် ၅ မိနစ်မှာ ဒက်ကလန် ရိုက်စ်ကို ရှယ်လှည့်စားပြီးမှ ဖြတ်တင်ပေးခဲ့တဲ့ စန်မက်ဇီမန်ရဲ့ ဘောလုံးကို တိုက်စစ်မှူး ဝီလ်ဆန်က အနီးကပ်ပြေးဝင်ခေါင်းတိုက်ယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၈ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ ချေပဂိုး ပြန်သွင်းယူနိုင်ခဲ့ပြီး ဖော်နယ်လ်စ် ပေးတဲ့ ဘောလုံးကို ဂိုးရှေ့ကို အနိမ့်ဘောချိုးပေးတဲ့ ခရက်စ်ဝဲလ်ရဲ့ ဖြတ်တင်မှုကို ဆိုးချက်နဲ့ ဘိုဝင်တို့ ပိတ်သွင်းရာမှာ ဘယ်သူနဲ့မှ မထိဘဲ ဂိုးဝင်သွားခဲ့တာပါ။ ဒီဂိုးမှာ ဘိုဝင် လူကျွံတယ်လို့ သတ်မှတ်ခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာတော့ ဂိုးလိုင်းကို ကျော်ပြီးမှ ထိမိခဲ့တဲ့အတွက် ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

ပွဲချိန် မိနစ် ၄၀ မှာတော့ အိမ်ရှင် နယူးကာဆယ်လ်တို့ ထပ်မံဦးဆောင်နိုင်ခဲ့ပြီး ဘယ်နောက်ခံလူ ရစ်ချီရဲ့ ဖြတ်တင်ဘော လူကြားထဲက ပြန်ကျလာတာကို ညာနောက်ခံလူ မာဖီက မြေထောက်တိုက်သွင်းခဲ့ရာမှာ ဘောလုံးက ပျော့ခဲ့ပေမယ့် ဝက်စ်ဟမ်းနောက်ခံလူတွေနဲ့ ဂိုးသမား ဖာဘီယန်စကီးတို့ အငိုက်မိသွားခဲ့လို့ ပထမပိုင်းမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ ငှက်ကျားတွေ သာယာနေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ဝက်စ်ဟမ်းတို့ ပိုမိုဖိကစားလာခဲ့ပြီး ပွဲချိန် ၅၃ မိနစ်မှာ ဘိုဝင်ပေးတဲ့ ဘောလုံးကို အထိန်းများပြီး ကန်လို့ မဖြစ်နိုင်တော့တဲ့ အန်တိုနီယိုက ဘယ်ခြမ်းကနေ ပြန်လည်ဖြတ်တင်ပေးခဲ့ရာမှာ တွဲဖက်တိုက်စစ်မှူး ဘန်ရာမာက ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ပွဲက ပိုမြိုင်လာခဲ့ပြီး နှစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

ဒီနေ့မှာ နယူးကာဆယ်လ်နောက်ခံလူတွေရဲ့ စွမ်းဆောင်ရည်က တော်တော်လေး ဆိုးရွားနေခဲ့တာကြောင့် အိုးနင်းခွက်နင်း ကာကွယ်မှုတွေမှာ ပင်နယ်တီ ပေးခဲ့ရပြီး ဖြတ်တင်ဘောကို အန်တိုနီယိုရဲ့ ခေါင်းတိုက်ချက်က တိုင်ထိပြီး ပြန်ထွက်လာခဲ့ချိန်မှာ ဘောလုံးရယူဖို့ ကြိုးစားတဲ့ ဖော်နယ်လ်စ်ကို ဂိုးသွင်းရှင် မာဖီက ခြေချိတ်မိခဲ့လို့ ဒိုင်လူကြီး အက်ကင်ဆန်က သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

ဒီပင်နယ်တီကို ပွဲချိန် ၆၃ မိနစ်မှာ တိုက်စစ်မှူး အန်တိုနီယိုက ကန်သွင်းခဲ့ရာမှာ ဒီနေ့မှာ ဦးစားပေး ဂိုးသမားတွေ ဒဏ်ရာရနေခဲ့လို့ ပွဲထွက်ခွင့်ရတဲ့ ဖရက်ဒီ ဝုဒ်မန်းက ပုတ်ထုတ်နိုင်ခဲ့ပေမယ့် နောက်က ပြေးဝင်လာတဲ့ ဆိုးချက်က ပိတ်သွင်းခဲ့နိုင်ခဲ့တာကြောင့် အဝေးကွင်းမှာ ဝက်စ်ဟမ်းတို့ သုံးဂိုး-နှစ်ဂိုးနဲ့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၆၆ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ တန်ပြန်တိုက်စစ်ကနေ ဘန်ရာမာ ဘောလုံးဆွဲယူလာခဲ့ရာမှာ နယူးကာဆယ်လ်နောက်ခံလူ ၄ ယောက်ကြားမှာ အေးအေးဆေးဆေး လွတ်နေခဲ့တဲ့ အန်တိုနီယိုကို ပေးခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ကွင်းလယ်ကနေ တောက်လျှောက်ပြေးလာခဲ့တဲ့ အင်္ဂလန်သားက အနိမ့်ဘောကန်ချက်ပြင်းပြင်းနဲ့ အဆုံးသတ်သွားနိုင်ခဲ့လို့ လေးဂိုး-နှစ်ဂိုးဖြစ်သွားခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ နယူးကာဆယ်လ်တို့ရဲ့ ထိုးဖောက်မှုတွေက လွဲချော်နေခဲ့သလို ဝက်စ်ဟမ်းတို့ကတောင်မှ ဂိုးရဖို့ ပိုမိုနီးစပ်ခဲ့လို့ အိမ်ကွင်းမှာ ငှက်ကျားတွေ အသိုက်ပျက်ခဲ့ရပြီး ပြီးခဲ့တဲ့ ရာသီက အသင်းကို ကောင်းကောင်းမောင်းနှင်နိုင်ခဲ့တဲ့ ဒေးဗစ်မွိုက်စ်ကတော့ ဒီရာသီမှာလည်း ခိုင်မာတဲ့ နိုင်ပွဲနဲ့ အသင်းကို အဆင့် ၄ နေရာဆီ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း တင်ဆက်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အိမ္ကြင္းမွာ ၃-၅-၂ ပုံစံနဲ႔ ပြဲထြက္လာခဲ့တဲ့ နယူးကာဆယ္လ္အသင္းမွာ ကစားသမားသစ္ ဝီေလာ့ခ္ မပါဝင္ႏိုင္ေသးလို႔ လူမစုံခဲ့ေသးဘဲ နည္းျပ စတိဗ္ ဘ႐ုစ္အေနနဲ႔ အင္အားနည္းတဲ့ လူစာရင္းကို ခင္းက်င္းခဲ့ရခ်ိန္မွာ ဝက္စ္ဟမ္းဘက္ကေတာ့ ေဒးဗစ္မြိဳက္စ္ရဲ႕ ျပည့္စုံတဲ့ လူအင္အားက မႏွစ္က အငွားလာကစားၿပီး ေျခစြမ္းျပတဲ့ လင္ဂတ္ကို မလြမ္းေအာင္လည္းျဖစ္ေနခဲ့ပါတယ္။

ေစာေစာစီးစီးကတည္းက စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ ဧည့္သည္ေတြ ေသာင္းက်န္းေနခဲ့ၿပီး ေထာင့္ကန္ေဘာကေန ဆိုးခ်က္က အနီးကပ္တိုက္သြင္းတာကို အယ္လ္မီ႐ြန္ ပိတ္ဆို႔သြားခဲ့ရသလို အိမ္ရွင္ေတြ မ်က္လုံးျပဴးခဲ့ရေပမယ့္ ဦးေဆာင္ဂိုးကိုေတာ့ ရယူႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၅ မိနစ္မွာ ဒက္ကလန္ ႐ိုက္စ္ကို ရွယ္လွည့္စားၿပီးမွ ျဖတ္တင္ေပးခဲ့တဲ့ စန္မက္ဇီမန္ရဲ႕ ေဘာလုံးကို တိုက္စစ္မႉး ဝီလ္ဆန္က အနီးကပ္ေျပးဝင္ေခါင္းတိုက္ယူခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၈ မိနစ္မွာေတာ့ ဝက္စ္ဟမ္းတို႔ ေခ်ပဂိုး ျပန္သြင္းယူႏိုင္ခဲ့ၿပီး ေဖာ္နယ္လ္စ္ ေပးတဲ့ ေဘာလုံးကို ဂိုးေရွ႕ကို အနိမ့္ေဘာခ်ိဳးေပးတဲ့ ခရက္စ္ဝဲလ္ရဲ႕ ျဖတ္တင္မႈကို ဆိုးခ်က္နဲ႔ ဘိုဝင္တို႔ ပိတ္သြင္းရာမွာ ဘယ္သူနဲ႔မွ မထိဘဲ ဂိုးဝင္သြားခဲ့တာပါ။ ဒီဂိုးမွာ ဘိုဝင္ လူကြၽံတယ္လို႔ သတ္မွတ္ခဲ့ေပမယ့္ VAR ျပန္ၾကည့္ရာမွာေတာ့ ဂိုးလိုင္းကို ေက်ာ္ၿပီးမွ ထိမိခဲ့တဲ့အတြက္ ဂိုးအျဖစ္ သတ္မွတ္ေပးခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၄၀ မွာေတာ့ အိမ္ရွင္ နယူးကာဆယ္လ္တို႔ ထပ္မံဦးေဆာင္ႏိုင္ခဲ့ၿပီး ဘယ္ေနာက္ခံလူ ရစ္ခ်ီရဲ႕ ျဖတ္တင္ေဘာ လူၾကားထဲက ျပန္က်လာတာကို ညာေနာက္ခံလူ မာဖီက ေျမေထာက္တိုက္သြင္းခဲ့ရာမွာ ေဘာလုံးက ေပ်ာ့ခဲ့ေပမယ့္ ဝက္စ္ဟမ္းေနာက္ခံလူေတြနဲ႔ ဂိုးသမား ဖာဘီယန္စကီးတို႔ အငိုက္မိသြားခဲ့လို႔ ပထမပိုင္းမွာ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ငွက္က်ားေတြ သာယာေနခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ ဝက္စ္ဟမ္းတို႔ ပိုမိုဖိကစားလာခဲ့ၿပီး ပြဲခ်ိန္ ၅၃ မိနစ္မွာ ဘိုဝင္ေပးတဲ့ ေဘာလုံးကို အထိန္းမ်ားၿပီး ကန္လို႔ မျဖစ္ႏိုင္ေတာ့တဲ့ အန္တိုနီယိုက ဘယ္ျခမ္းကေန ျပန္လည္ျဖတ္တင္ေပးခဲ့ရာမွာ တြဲဖက္တိုက္စစ္မႉး ဘန္ရာမာက ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ ပြဲက ပိုၿမိဳင္လာခဲ့ၿပီး ႏွစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။

ဒီေန႔မွာ နယူးကာဆယ္လ္ေနာက္ခံလူေတြရဲ႕ စြမ္းေဆာင္ရည္က ေတာ္ေတာ္ေလး ဆိုး႐ြားေနခဲ့တာေၾကာင့္ အိုးနင္းခြက္နင္း ကာကြယ္မႈေတြမွာ ပင္နယ္တီ ေပးခဲ့ရၿပီး ျဖတ္တင္ေဘာကို အန္တိုနီယိုရဲ႕ ေခါင္းတိုက္ခ်က္က တိုင္ထိၿပီး ျပန္ထြက္လာခဲ့ခ်ိန္မွာ ေဘာလုံးရယူဖို႔ ႀကိဳးစားတဲ့ ေဖာ္နယ္လ္စ္ကို ဂိုးသြင္းရွင္ မာဖီက ေျခခ်ိတ္မိခဲ့လို႔ ဒိုင္လူႀကီး အက္ကင္ဆန္က သတ္မွတ္ေပးခဲ့တာျဖစ္ပါတယ္။

ဒီပင္နယ္တီကို ပြဲခ်ိန္ ၆၃ မိနစ္မွာ တိုက္စစ္မႉး အန္တိုနီယိုက ကန္သြင္းခဲ့ရာမွာ ဒီေန႔မွာ ဦးစားေပး ဂိုးသမားေတြ ဒဏ္ရာရေနခဲ့လို႔ ပြဲထြက္ခြင့္ရတဲ့ ဖရက္ဒီ ဝုဒ္မန္းက ပုတ္ထုတ္ႏိုင္ခဲ့ေပမယ့္ ေနာက္က ေျပးဝင္လာတဲ့ ဆိုးခ်က္က ပိတ္သြင္းခဲ့ႏိုင္ခဲ့တာေၾကာင့္ အေဝးကြင္းမွာ ဝက္စ္ဟမ္းတို႔ သုံးဂိုး-ႏွစ္ဂိုးနဲ႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ ဝက္စ္ဟမ္းတို႔ တန္ျပန္တိုက္စစ္ကေန ဘန္ရာမာ ေဘာလုံးဆြဲယူလာခဲ့ရာမွာ နယူးကာဆယ္လ္ေနာက္ခံလူ ၄ ေယာက္ၾကားမွာ ေအးေအးေဆးေဆး လြတ္ေနခဲ့တဲ့ အန္တိုနီယိုကို ေပးခဲ့ၿပီး ဒီတစ္ႀကိမ္မွာေတာ့ ကြင္းလယ္ကေန ေတာက္ေလွ်ာက္ေျပးလာခဲ့တဲ့ အဂၤလန္သားက အနိမ့္ေဘာကန္ခ်က္ျပင္းျပင္းနဲ႔ အဆုံးသတ္သြားႏိုင္ခဲ့လို႔ ေလးဂိုး-ႏွစ္ဂိုးျဖစ္သြားခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ နယူးကာဆယ္လ္တို႔ရဲ႕ ထိုးေဖာက္မႈေတြက လြဲေခ်ာ္ေနခဲ့သလို ဝက္စ္ဟမ္းတို႔ကေတာင္မွ ဂိုးရဖို႔ ပိုမိုနီးစပ္ခဲ့လို႔ အိမ္ကြင္းမွာ ငွက္က်ားေတြ အသိုက္ပ်က္ခဲ့ရၿပီး ၿပီးခဲ့တဲ့ ရာသီက အသင္းကို ေကာင္းေကာင္းေမာင္းႏွင္ႏိုင္ခဲ့တဲ့ ေဒးဗစ္မြိဳက္စ္ကေတာ့ ဒီရာသီမွာလည္း ခိုင္မာတဲ့ ႏိုင္ပြဲနဲ႔ အသင္းကို အဆင့္ ၄ ေနရာဆီ ပို႔ေဆာင္ေပးႏိုင္ခဲ့ေၾကာင္း တင္ဆက္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.