Analysis Premier League

ဦးဆောင်ဖို့ အသင့်ဖြစ်နေတဲ့ ဆွန်နဲ့ စပါးစ် 1-0 မန်စီးတီး ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 7 ချက်

ဉီးဆောင်ဖို့ ခြေတစ်လှမ်းတက်လိုက်တဲ့ ဂိုးသွင်းဘုရင် ဆွန်
မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာလည်း နှစ်ပွဲဆက်တိုက် ဝမ်းဇီးနဲ့ ရှုံးတဲ့ ခါးသီးမှုမျိုး ထပ်ကျော့ရရှိအောင် ဖန်တီးပေးခဲ့သူက စပါးစ်ရဲ့ အဓိကတိုက်စစ်မှူး ဟာရီကိန်း မပါဝင်နိုင်ချိန်မှာ အဆင်သင့် ရှေ့တိုးလာခဲ့တဲ့ ဆွန်ဟောင်မင်ပဲဖြစ်ပါတယ်။ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ မန်စီးတီးတို့ရဲ့ အရှိုက်ကို ပထမပိုင်းတုန်းက မထိတထိ ဆွနေခဲ့တဲ့ ကိုရီးယားအိုပါးရဲ့ ၅၅ မိနစ် ကန်ချက်ကတော့ ‌ဂယောင်ဝင်လုပ်တဲ့ ဒီယက်စ်နဲ့ ငုတ်တုတ်မေ့ခဲ့တဲ့ အီဒါဆန်တို့ကြားက ပစ်မှတ်ကို တည့်တည့်ထိခဲ့တာပါ။

မဖြေရှင်းနိုင်သေးတဲ့ ပက်ပ်ရဲ့ ပြဿနာ
တစ်ဖက်အသင်းဂိုးရှေ့မှာ အချိန်အကြာကြီး ဝေ့နေတဲ့ “စိတ်ရှည်သည်းခံ လမ်းကြောင်းမှန်”ပုံစံက ဒီနေ့မှာလည်း ကျဆုံးခဲ့ပါတယ်။ တောင်ပံတွေက တစ်ဖက်ဧရိယာထဲကို ပေးပို့ပြီးတာတောင် အဆုံးမသတ်သေးဘဲ တွဲလုံးတွေနဲ့မှ ဂိုးပေါက်ဆီသွားတဲ့ မန်စီးတီးတို့ရဲ့ အရိုးစွဲနေတဲ့ပုံစံဟာ ပက်ပ် ဂွါဒီယိုလာနဲ့အတူ နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့ပါတယ်။ အခွင့်အရေးတွေကို အသုံးမချနိုင်သလို ဒုတိယပိုင်းတစ်ဝက်လောက်အထိ ဂိုးပေါက် ရှာမတွေ့ချိန်မှာတော့ “လူချန်ရှုံး”နည်းပြဟာ ဒီဘရိုင်းနားနဲ့ ဂျေဆူးစ်တို့ကို ထည့်ခဲ့ပေမယ့်လည်း နှစ်ပွဲဆက်တိုက် ဂိုးရော အမှတ်ပါ ဘဲဥကြက်ဥပဲ ဖြစ်ခဲ့တာပါ။

ကစားပုံ ပိုမာပြီး ပိုတောင့်လာတဲ့ စပါးစ်
နည်းပြသစ် နူနို ဆန်တိုလက်ထက်မှာ ပြောင်းလဲမှုကတော့ ပိုမိုမာကျောလာတဲ့ စပါးစ်ပါပဲ။ ခံစစ်က ပိုမိုအကွက်စေ့ခဲ့သလို ဆပ်ပြာသည် လင်ပျောက်တဲ့ လိုရစ်ကတောင် တည်ငြိမ်သူကြီးဖြစ်နေခဲ့ချိန်မှာ ထရိတ်မတ် တန်ပြန်တိုက်စစ်တွေကတော့ ပိုပြီး တောက်ပြောင်လာခဲ့တာပါ။ တိုက်စစ်မှာ ခြေစွမ်းပြနေတဲ့ ဆွန်ဟောင်မင်က “ဟာရီဆိုတာ ဘယ်သူလဲ”လို့ ရာသီစချိန်အထိ မတွေ့ရတဲ့ ကိန်းကို ပရိသတ်တွေ လှောင်ပြောင်မိစေခဲ့ပြီး နောက်ဆုံးမှာ ဈေးကြီးကြီးနဲ့ ရောင်းထုတ်လိုက်ဦး ဒီအစုအဖွဲ့တွေက မလွမ်းလောက်တော့ဘူးပဲ ပြောရပါမယ်။

စီးတီးကစားကွက်ကို ပိုင်စိုးနိုင်တော့မယ့် ဂရီးလစ်ရှ်
ပြီးခဲ့တဲ့ လက်စတာနဲ့ပွဲမှာ လူစားဝင်ပြီး ဘာမှ မလုပ်နိုင်ခဲ့တဲ့ ပေါင်သန်း ၁၀၀ တန် ကွင်းလယ်လူဟာ ဒီနေ့မှာတော့ စပါးစ်တို့ရဲ့ ညာခြမ်းကို တော်တော်လေး ဒုက္ခပေးနိုင်ခဲ့ပြီး ပွဲကြီးမတိုးတဲ့ သူ့ရဲ့ တွဲဖက် စတာလင်ကြောင့်သာ အသီးအပွင့်တွေကို မခံစားခဲ့ရတာဖြစ်ပါတယ်။ တိုက်စစ်မှူးသစ်တစ်ဦး ရောက်လာပြီး သူ့ရဲ့ ရှေ့ကနေ ထက်ထက်မြက်မြက် လှုပ်ရှားနိုင်ခဲ့မယ်ဆိုရင် ဗီလာအသင်းခေါင်းဆောင်ဟောင်းဟာ အစ်တီဟတ်ရဲ့ အချစ်တော်ဖြစ်လာဖို့ ပိုမိုမြန်ဆန်လာနိုင်သလို ကွင်းလယ်ဘယ်ခြမ်းမှာ သူနဲ့ ယှဉ်လာသူအားလုံးကို လူစာရင်းထဲက ဖယ်ထုတ်သွားဖို့လည်း ရှိနေပါတယ်။

ရဲရင့်ပြတ်သားသူကြီး နူနို ဆန်တို
ပေါ်တူဂီဂိုးသမားဟောင်းဟာ နည်းပြဖြစ်လာချိန်မှာတော့ ခံစစ်ကနေ အသင်းကို အခြေခံတည်ဆောက်သူဖြစ်ပြီး တန်ပြန်တိုက်စစ်တွေနဲ့ နာမည်ကျော်တဲ့ နိုင်ငံတူနည်းပြဟောင်း ဂျိုဆေး မော်ရင်ညိုကို စပါးစ်မှာ ဆက်ခံခဲ့ရပါတယ်။ ပရိသတ်တွေကတော့ ဟာရီကိန်းကို ဆက်လက်ထိန်းသိမ်းပြီး ပွဲထွက်ခိုင်းဖို့ တောင်းဆိုနေကြချိန်မှာ မန်စီးတီးလိုအသင်းမျိုးနဲ့ တွေ့ဆုံစဉ်မှာလည်း ချန်လှပ်ထားခဲ့ပြီး ရှိတဲ့လူနဲ့ပဲ သုံးမှတ်ယူသွားနိုင်ခဲ့တာပါ။ သူတို့ရဲ့ ဂိုးသွင်းဘုရင်ကို ပရိသတ်တွေ ဘယ်လောက်အလိုရှိနေရှိနေ နူနို ဆန်တိုကတော့ ဘောင်ဝင်မှ သုံးစွဲမှာဖြစ်ပြီး အသင်းမှာ ဆက်နေဖို့နဲ့ ပွဲကစားနိုင်တဲ့ ကြံ့ခိုင်မှုမျိုးကို ထရိန်နင်မှာ ပြသနိုင်မှ နေရာပြန်ပေးမှာလည်းဖြစ်ပါတယ်။

မော်ရင်ညိုရဲ့ တပည့်တစ်ယောက် တောက်ပပြန်ပြီလား
စပါးစ်ရဲ့ အရန်အသင်းကနေ သွားလေသူကြီး မော်ရင်ညို ဆွဲထုတ်လာခဲ့တဲ့ ကွန်ဂိုနွယ်ဖွား နောက်ခံလူကတော့ ဒီနေ့မှာလည်း တောက်ပခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဗဟိုခံစစ်မှာ ခပ်ကြမ်းကြမ်းနဲ့ ကောင်းတဲ့ပွဲ ကောင်းခဲ့ပေမယ့် ခြေမမှန်ခဲ့တဲ့ ဂျာဖက် တန်ဂန်ဂါဟာ ဒီရာသီမှာတော့ စပါးစ်အသင်းရဲ့ ညာနောက်ခံလူအဖြစ် စီနီယာတွေဖြစ်ကြတဲ့ အော်ရီယေးနဲ့ ဒိုဟာတီတို့ရှေ့ကနေ ပွဲထွက်ခွင့်ရနေပြီး တိုက်စစ်ပိုင်းမှာ လိုအပ်ချက်တွေ ရှိနေပေမယ့် ခံစစ်ပိုင်းမှာတော့ မန်စီးတီးရဲ့ အင်္ဂလန်လက်ရွေးစင်တွေဖြစ်ကြတဲ့ ဂရီးလစ်ရှ်နဲ့ စတာလင်တို့ရဲ့ ထိုးဖောက်မှုတွေကို လိမ္မာပါးနပ်စွာနဲ့ ထိန်းသိမ်းပြသွားခဲ့တာပါ။

တိုက်စစ်မှူးရဖို့ တစာစာငိုပြီး ပူဆာရမယ့် စီးတီးပရိသတ်တွေ
ပြီးခဲ့တဲ့ ရာသီက တိုက်စစ်မှူးမပါတဲ့ ကစားကွက်နဲ့ နိုင်ပွဲတွေ ဆက်ခဲ့တုန်းက ဘဝင်လေဟပ်သွားပုံပေါ်တဲ့ ဂွါဒီယိုလာနဲ့ မန်စီးတီး တာဝန်ရှိသူတွေအနေနဲ့ ဒီနေ့မှာ အထောင်သိပ်မကောင်းလှတဲ့ ဂျေဆူးစ်ကို ချန်ပြီး ပွဲထွက်လာခဲ့ချိန်မှာ အသင်းရဲ့ အဆုံးသတ်မှုက တော်တော်လေး သနားဖို့ကောင်းခဲ့တာပါ။ နှစ်ပွဲဆက်တိုက် ဂိုးမရတာက ပရိသတ်တွေအတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ပြီး ဟာရီကိန်းကို ယူရိုသန်း ၁၅၀ နဲ့ မရရင်တောင်မှ ဂိုးသွင်းကောင်းတဲ့ ကိုကို တစ်ယောက်ကို ဘယ်သူပဲဖြစ်ဖြစ် လက်ဆွဲပြီး ခေါ်ပေးဖို့ အာရပ်သူဌေးတွေဆီမှာ တစာစာငိုပြီး ပူဆာရတော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဉီးေဆာင္ဖို႔ ေျခတစ္လွမ္းတက္လိုက္တဲ့ ဂိုးသြင္းဘုရင္ ဆြန္
မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာလည္း ႏွစ္ပြဲဆက္တိုက္ ဝမ္းဇီးနဲ႔ ရႈံးတဲ့ ခါးသီးမႈမ်ိဳး ထပ္ေက်ာ့ရရွိေအာင္ ဖန္တီးေပးခဲ့သူက စပါးစ္ရဲ႕ အဓိကတိုက္စစ္မႉး ဟာရီကိန္း မပါဝင္ႏိုင္ခ်ိန္မွာ အဆင္သင့္ ေရွ႕တိုးလာခဲ့တဲ့ ဆြန္ေဟာင္မင္ပဲျဖစ္ပါတယ္။ အသင္းရဲ႕ တိုက္စစ္ပိုင္းမွာ မန္စီးတီးတို႔ရဲ႕ အရႈိက္ကို ပထမပိုင္းတုန္းက မထိတထိ ဆြေနခဲ့တဲ့ ကိုရီးယားအိုပါးရဲ႕ ၅၅ မိနစ္ ကန္ခ်က္ကေတာ့ ‌ဂေယာင္ဝင္လုပ္တဲ့ ဒီယက္စ္နဲ႔ ငုတ္တုတ္ေမ့ခဲ့တဲ့ အီဒါဆန္တို႔ၾကားက ပစ္မွတ္ကို တည့္တည့္ထိခဲ့တာပါ။

မေျဖရွင္းႏိုင္ေသးတဲ့ ပက္ပ္ရဲ႕ ျပႆနာ
တစ္ဖက္အသင္းဂိုးေရွ႕မွာ အခ်ိန္အၾကာႀကီး ေဝ့ေနတဲ့ “စိတ္ရွည္သည္းခံ လမ္းေၾကာင္းမွန္”ပုံစံက ဒီေန႔မွာလည္း က်ဆုံးခဲ့ပါတယ္။ ေတာင္ပံေတြက တစ္ဖက္ဧရိယာထဲကို ေပးပို႔ၿပီးတာေတာင္ အဆုံးမသတ္ေသးဘဲ တြဲလုံးေတြနဲ႔မွ ဂိုးေပါက္ဆီသြားတဲ့ မန္စီးတီးတို႔ရဲ႕ အ႐ိုးစြဲေနတဲ့ပုံစံဟာ ပက္ပ္ ဂြါဒီယိုလာနဲ႔အတူ နက္ရႈိင္းစြာ အျမစ္တြယ္ေနခဲ့ပါတယ္။ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္သလို ဒုတိယပိုင္းတစ္ဝက္ေလာက္အထိ ဂိုးေပါက္ ရွာမေတြ႕ခ်ိန္မွာေတာ့ “လူခ်န္ရႈံး”နည္းျပဟာ ဒီဘ႐ိုင္းနားနဲ႔ ေဂ်ဆူးစ္တို႔ကို ထည့္ခဲ့ေပမယ့္လည္း ႏွစ္ပြဲဆက္တိုက္ ဂိုးေရာ အမွတ္ပါ ဘဲဥၾကက္ဥပဲ ျဖစ္ခဲ့တာပါ။

ကစားပုံ ပိုမာၿပီး ပိုေတာင့္လာတဲ့ စပါးစ္
နည္းျပသစ္ ႏူႏို ဆန္တိုလက္ထက္မွာ ေျပာင္းလဲမႈကေတာ့ ပိုမိုမာေက်ာလာတဲ့ စပါးစ္ပါပဲ။ ခံစစ္က ပိုမိုအကြက္ေစ့ခဲ့သလို ဆပ္ျပာသည္ လင္ေပ်ာက္တဲ့ လိုရစ္ကေတာင္ တည္ၿငိမ္သူႀကီးျဖစ္ေနခဲ့ခ်ိန္မွာ ထရိတ္မတ္ တန္ျပန္တိုက္စစ္ေတြကေတာ့ ပိုၿပီး ေတာက္ေျပာင္လာခဲ့တာပါ။ တိုက္စစ္မွာ ေျခစြမ္းျပေနတဲ့ ဆြန္ေဟာင္မင္က “ဟာရီဆိုတာ ဘယ္သူလဲ”လို႔ ရာသီစခ်ိန္အထိ မေတြ႕ရတဲ့ ကိန္းကို ပရိသတ္ေတြ ေလွာင္ေျပာင္မိေစခဲ့ၿပီး ေနာက္ဆုံးမွာ ေဈးႀကီးႀကီးနဲ႔ ေရာင္းထုတ္လိုက္ဦး ဒီအစုအဖြဲ႕ေတြက မလြမ္းေလာက္ေတာ့ဘူးပဲ ေျပာရပါမယ္။

စီးတီးကစားကြက္ကို ပိုင္စိုးႏိုင္ေတာ့မယ့္ ဂရီးလစ္ရွ္
ၿပီးခဲ့တဲ့ လက္စတာနဲ႔ပြဲမွာ လူစားဝင္ၿပီး ဘာမွ မလုပ္ႏိုင္ခဲ့တဲ့ ေပါင္သန္း ၁၀၀ တန္ ကြင္းလယ္လူဟာ ဒီေန႔မွာေတာ့ စပါးစ္တို႔ရဲ႕ ညာျခမ္းကို ေတာ္ေတာ္ေလး ဒုကၡေပးႏိုင္ခဲ့ၿပီး ပြဲႀကီးမတိုးတဲ့ သူ႔ရဲ႕ တြဲဖက္ စတာလင္ေၾကာင့္သာ အသီးအပြင့္ေတြကို မခံစားခဲ့ရတာျဖစ္ပါတယ္။ တိုက္စစ္မႉးသစ္တစ္ဦး ေရာက္လာၿပီး သူ႔ရဲ႕ ေရွ႕ကေန ထက္ထက္ျမက္ျမက္ လႈပ္ရွားႏိုင္ခဲ့မယ္ဆိုရင္ ဗီလာအသင္းေခါင္းေဆာင္ေဟာင္းဟာ အစ္တီဟတ္ရဲ႕ အခ်စ္ေတာ္ျဖစ္လာဖို႔ ပိုမိုျမန္ဆန္လာႏိုင္သလို ကြင္းလယ္ဘယ္ျခမ္းမွာ သူနဲ႔ ယွဥ္လာသူအားလုံးကို လူစာရင္းထဲက ဖယ္ထုတ္သြားဖို႔လည္း ရွိေနပါတယ္။

ရဲရင့္ျပတ္သားသူႀကီး ႏူႏို ဆန္တို
ေပၚတူဂီဂိုးသမားေဟာင္းဟာ နည္းျပျဖစ္လာခ်ိန္မွာေတာ့ ခံစစ္ကေန အသင္းကို အေျခခံတည္ေဆာက္သူျဖစ္ၿပီး တန္ျပန္တိုက္စစ္ေတြနဲ႔ နာမည္ေက်ာ္တဲ့ ႏိုင္ငံတူနည္းျပေဟာင္း ဂ်ိဳေဆး ေမာ္ရင္ညိဳကို စပါးစ္မွာ ဆက္ခံခဲ့ရပါတယ္။ ပရိသတ္ေတြကေတာ့ ဟာရီကိန္းကို ဆက္လက္ထိန္းသိမ္းၿပီး ပြဲထြက္ခိုင္းဖို႔ ေတာင္းဆိုေနၾကခ်ိန္မွာ မန္စီးတီးလိုအသင္းမ်ိဳးနဲ႔ ေတြ႕ဆုံစဥ္မွာလည္း ခ်န္လွပ္ထားခဲ့ၿပီး ရွိတဲ့လူနဲ႔ပဲ သုံးမွတ္ယူသြားႏိုင္ခဲ့တာပါ။ သူတို႔ရဲ႕ ဂိုးသြင္းဘုရင္ကို ပရိသတ္ေတြ ဘယ္ေလာက္အလိုရွိေနရွိေန ႏူႏို ဆန္တိုကေတာ့ ေဘာင္ဝင္မွ သုံးစြဲမွာျဖစ္ၿပီး အသင္းမွာ ဆက္ေနဖို႔နဲ႔ ပြဲကစားႏိုင္တဲ့ ႀကံ့ခိုင္မႈမ်ိဳးကို ထရိန္နင္မွာ ျပသႏိုင္မွ ေနရာျပန္ေပးမွာလည္းျဖစ္ပါတယ္။

ေမာ္ရင္ညိဳရဲ႕ တပည့္တစ္ေယာက္ ေတာက္ပျပန္ၿပီလား
စပါးစ္ရဲ႕ အရန္အသင္းကေန သြားေလသူႀကီး ေမာ္ရင္ညိဳ ဆြဲထုတ္လာခဲ့တဲ့ ကြန္ဂိုႏြယ္ဖြား ေနာက္ခံလူကေတာ့ ဒီေန႔မွာလည္း ေတာက္ပခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ရာသီက ဗဟိုခံစစ္မွာ ခပ္ၾကမ္းၾကမ္းနဲ႔ ေကာင္းတဲ့ပြဲ ေကာင္းခဲ့ေပမယ့္ ေျခမမွန္ခဲ့တဲ့ ဂ်ာဖက္ တန္ဂန္ဂါဟာ ဒီရာသီမွာေတာ့ စပါးစ္အသင္းရဲ႕ ညာေနာက္ခံလူအျဖစ္ စီနီယာေတြျဖစ္ၾကတဲ့ ေအာ္ရီေယးနဲ႔ ဒိုဟာတီတို႔ေရွ႕ကေန ပြဲထြက္ခြင့္ရေနၿပီး တိုက္စစ္ပိုင္းမွာ လိုအပ္ခ်က္ေတြ ရွိေနေပမယ့္ ခံစစ္ပိုင္းမွာေတာ့ မန္စီးတီးရဲ႕ အဂၤလန္လက္ေ႐ြးစင္ေတြျဖစ္ၾကတဲ့ ဂရီးလစ္ရွ္နဲ႔ စတာလင္တို႔ရဲ႕ ထိုးေဖာက္မႈေတြကို လိမၼာပါးနပ္စြာနဲ႔ ထိန္းသိမ္းျပသြားခဲ့တာပါ။

တိုက္စစ္မႉးရဖို႔ တစာစာငိုၿပီး ပူဆာရမယ့္ စီးတီးပရိသတ္ေတြ
ၿပီးခဲ့တဲ့ ရာသီက တိုက္စစ္မႉးမပါတဲ့ ကစားကြက္နဲ႔ ႏိုင္ပြဲေတြ ဆက္ခဲ့တုန္းက ဘဝင္ေလဟပ္သြားပုံေပၚတဲ့ ဂြါဒီယိုလာနဲ႔ မန္စီးတီး တာဝန္ရွိသူေတြအေနနဲ႔ ဒီေန႔မွာ အေထာင္သိပ္မေကာင္းလွတဲ့ ေဂ်ဆူးစ္ကို ခ်န္ၿပီး ပြဲထြက္လာခဲ့ခ်ိန္မွာ အသင္းရဲ႕ အဆုံးသတ္မႈက ေတာ္ေတာ္ေလး သနားဖို႔ေကာင္းခဲ့တာပါ။ ႏွစ္ပြဲဆက္တိုက္ ဂိုးမရတာက ပရိသတ္ေတြအတြက္ေတာ့ စိတ္ပ်က္စရာျဖစ္ခဲ့ၿပီး ဟာရီကိန္းကို ယူ႐ိုသန္း ၁၅၀ နဲ႔ မရရင္ေတာင္မွ ဂိုးသြင္းေကာင္းတဲ့ ကိုကို တစ္ေယာက္ကို ဘယ္သူပဲျဖစ္ျဖစ္ လက္ဆြဲၿပီး ေခၚေပးဖို႔ အာရပ္သူေဌးေတြဆီမွာ တစာစာငိုၿပီး ပူဆာရေတာ့မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.