Match Report Premier League

ဟာရီကိန်းကို လိုချင်တဲ့ မန်စီးတီးအပေါ် ဒေါသပေါက်ကွဲတဲ့ စပါးစ်ရဲ့ ပညာပေးပွဲ

မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့ရဲ့ တိုက်စစ်မှာ အထောင်ကစားသမားကောင်းမရှိဘဲ ဧရိယာထဲမှာလည်း လုပ်တတ်ကိုင်တတ်မရှိတဲ့ ဒဏ်ကို ဒီနေ့မှာလည်း ခံစားခဲ့ရပြီး တော့တင်ဟမ်ဟော့စပါးစ်ကို အဝေးကွင်းမှာ ဒူးထောက်ခဲ့ရပြီး ဟာရီကိန်းကို အာရုံများအောင် ဖျက်ဆီးခဲ့လို့ အိမ်ရှင်တွေက ပညာပေးခဲ့တာလားလို့ ထင်ချင်စရာလည်းဖြစ်ခဲ့ပါတယ်။

စီးတီးတို့ကတော့ တိုက်စစ်မှာ ဖယ်ရန် တောရက်စ်ကို အထောင်ထားပြီး စတာလင်၊ မာရက်ဇ်တို့နဲ့ ပွဲထွက်ဆဲဖြစ်သလို ဂွါဒီယိုလာကတော့ ယူရိုမှာ ပါဝင်ထားတဲ့ ဂျွန်စတုန်းစ်လို ကစားသမားတချို့နဲ့ ဒဏ်ရာရထားတဲ့ ဒီဘရိုင်းနား၊ ရိုဒရီ၊ လာပေါ့တ်၊ ဘာနာဒို ဆေးလ်ဗားနဲ့ ကိုပါအမေရိကပြိုင်ပွဲဝင် ဂျေဆူးစ်တို့ကို အနားပေးထားဆဲဖြစ်ပြီး ဂရီးလစ်ရှ်နဲ့ ဂွန်ဒိုးဝမ်တို့ရဲ့ ဖန်တီးမှုအားအပေါ် မှီခိုဖို့ ကြိုးစားခဲ့တာပါ။

စပါးစ်ကတော့ ဆွန်ဟောင်မင်ကို အထောင်ထားပြီး နောက်က လူးကပ်စ် မော်ရာ၊ ဒယ်လီ အယ်လီနဲ့ ဘာ့ဂ်ဗိန်းတို့ကို လိုက်ပါစေခဲ့ချိန်မှာ နည်းပြသစ် နူနို ဆန်တိုရဲ့ ဗျူဟာက ပုံသေကစားကွက်မျိုးတော့ မဖြစ်ခဲ့ဘဲ ဆွန်က Free Role ကစားခဲ့ချိန်မှာ မော်ရာက Baller ဆန်ဆန်နဲ့ ဘာ့ဂ်ဗိန်းကတော့ တောင်ပံတွေကို လျင်မြန်မှုနဲ့ ဖိအားပေးသွားခဲ့ကြပါတယ်။

ပွဲစတာနဲ့ စီးတီးတို့ ဘောလုံးကိုင်ကစားပြီး အိမ်ရှင်တွေကို ဖိအားပေးဖို့ လုပ်ဆောင်လာခဲ့သလို ပွဲချိန် ၄ မိနစ်နဲ့ ၅ မိနစ်တွေမှာ ဂွန်ဒိုးဝမ်က ဖရီးကစ်နဲ့ ဒီကနေရတဲ့ ထောင့်ကန်ဘောကို ဖာနန်ဒင်ညိုက ခေါင်းတိုက်ချက်တွေနဲ့ ခြိမ်းခြောက်လာခဲ့ကြတာပါ။ တရစပ် ဖိအားပေးခဲ့ပြီး ကန်ဆယ်လိုရဲ့ ပြေးဝင်ကန်ချက်ကိုလည်း စပါးစ်နောက်တန်းက အပိုင်ကန်ခွင့်မရအောင် ပိတ်ဆို့နိုင်ခဲ့လို့ တိုင်ဘေးကပဲ ထွက်သွားခဲ့ပါတယ်။

စပါးစ်တို့ကတော့ ဘောလုံးရတိုင်း တိုက်စစ်ကို အမြန်ဆုံးသွားတဲ့ ပုံစံကို အသုံးပြုသွားခဲ့ပြီး ဆွန်ရဲ့ နေရာလွတ်တွေကို အသုံးချမှုနဲ့ ညာခြမ်းက ထိုးဖောက်မှုတွေက အဓိကကျခဲ့သလို ကောင်တာတွေမှာ စီးတီးတို့ ရင်ခုန်ခဲ့ရပြီး ခံစစ်သမားတွေအနေနဲ့ တစ်ဦးက Covering လုပ်ထားပြီး ကျန်သူတွေက ဧရိယာထဲ အမြန်ပြေးဝင်ပိတ်ဆို့တဲ့ ပုံစံကို အသုံးပြုနိုင်ခဲ့လို့သာ သက်သာခဲ့တာပါ။

ပွဲချိန် ၂၄ မိနစ်မှာ ဖရီးကစ်က ပြန်ကျလာတာကို မော်ရာပိတ်သွင်းရာမှာ ဂွန်ဒိုးဝမ်က ကာကွယ်ဖျက်ထုတ်သွားနိုင်ခဲ့ပြီး သိပ်မကြာခင်မှာလည်း ဆွန်ဟောင်မင်ရဲ့ ကန်ချက်က ခံစစ်တွေနဲ့ ထိထွက်ခဲ့သလို စီးတီးတို့ရဲ့ Final Third မှာ ဘောလုံးကိုင်ပြီး ပိတ်မယ့်သူ မရှိလို့ အလုပ်မဖြစ်တာကတော့ သိသာလွန်းပြီး အဆုံးသတ်ပိုင်း တာဝန်ယူပုံရတဲ့ မာရက်ဇ်ကလည်း အပိုင်အခွင့်အရေးကို အလောတကြီး ဘေးကန်ပစ်ခဲ့ပါတယ်။

စပါးစ်တို့ရဲ့ အသားကျ သေသပ်နေတဲ့ တန်ပြန်တိုက်စစ်တွေကလည်း ထင်သလောက်တော့ မထိရောက်ခဲ့ဘဲ တိုက်စစ်မှာ ဟာရီကိန်း မပါနိုင်ချိန်မှာ ဘက်ပဲ့နေတဲ့ ဆွန်ဟောင်မင်အနေနဲ့ ရုန်းကန်နေရပြီး သိပ်ပြီး မျှော်လင့်လို့ မရသလို အပြေးအလွှား ထိုးဖောက်ချိန်တွေမှာ နောက်ကျ ကျန်နေခဲ့တဲ့ အယ်လီနဲ့ တွဲဖို့ ခက်ခဲ့တာကြောင့် ပထမပိုင်းမှာ ဂိုးမရှိသရေပဲဖြစ်နေခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဂရီးလစ်ရှ်ကတော့ နှစ်ပွဲဆက်တိုက် အလုပ်မဖြစ်နိုင်သေးတဲ့ ပုံစံကို ပြသခဲ့သလို သူနဲ့ စတာလင်တို့ရဲ့ ဘယ်ခြမ်းကလည်း စပါးစ်ရဲ့ ညာနောက်ခံလူ တန်ဂန်ဂါကိုလည်း ဗျူဟာမြောက် ဖြတ်ကျော်မှုမျိုးတွေ မလုပ်နိုင်ခဲ့ဘဲ ကံစမ်းနေခဲ့ချိန်မှာ ခံစစ်မှာတော့ ရူဘင် ဒီယက်စ်တစ်ယောက်တည်း ဒိုင်ခံဖျက်ထုတ်နေခဲ့ရပါတယ်။

စီးတီးနောက်ခံလူ အာကေတော့ ဒုတိယပိုင်းမှာ ပိုမိုအမှားများလာပြီး စပါးစ်တို့အနေနဲ့ သူနဲ့ မန်ဒီတို့ရဲ့ ဘယ်ခြမ်းခံစစ်ကို ပိုမိုပစ်မှတ်ထားခဲ့သလို ပွဲချိန် ၅၅ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဆွန်က တစ်ကိုယ်တော်ခြေစွမ်းနဲ့ ညာခြမ်းကနေ အတွင်းကို ဆွဲဝင်ပြီး ဘယ်ခြေနဲ့ ဂိုးဧရိယာအစပ်ကနေ အဆုံးသတ်ခဲ့ရာမှာ ဖျက်ဖို့ကြိုးစားတဲ့ ဒီယက်စ် မမီခဲ့တာက အီဒါဆန်ကို ကြောင်သွားစေခဲ့ပြီး ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။

အိမ်ရှင်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေချိန်မှာ စီးတီးတို့ ဂိုးရဖို့ ဖိကစားလာခဲ့တာက အကြိုက်တွေ့စရာဖြစ်ခဲ့သလို ပွဲချိန် မိနစ် ၆၀ အပိုင် အခွင့်အရေးကောင်းကို ဘာ့ဂ်ဗိန်းက ဘေးကန်ပစ်ပြီး လွဲချော်ခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ ဂွါဒီယိုလာအနေနဲ့ သူ့ရဲ့ ရာသီသစ်မှာ ဂိုးမရသေးတဲ့ တိုက်စစ်ကို ပြင်ဆင်ဖို့ မန်ဒီ၊ မာရက်ဇ်နဲ့ စတာလင်တို့နေရာမှာ ဇင်ချန်ကို၊ ဒီဘရိုင်းနားနဲ့ ဂျေဆူးစ်တို့ကို လူစားထပ်လဲပြီး ချေပဂိုးရှာဖွေလာခဲ့တာပါ။

ဒါပေမယ့် ဖယ်ရန် တောရက်စ်နဲ့ ဂရီးလစ်ရှ်တို့ရဲ့ ကန်ချက်တွေကို စပါးစ်ဂိုးသမား လိုရစ်နဲ့ နောက်တန်းတွေ ကာကွယ်သွားနိုင်ခဲ့ပြီး ဒီဘရိုင်းနား၊ ဂွန်ဒိုးဝမ်တို့ရဲ့ ဖန်တီးမှုတွေကလည်း သိပ်မကောင်းခဲ့သလို ဆွန်ရဲ့ ကန်ချက်တွေကလည်း ဂိုးပေါက်မတည့်ခဲ့တာကြောင့် မန်စီးတီးတို့ လက်မြှောက်ခဲ့ရပြီး ရာသီသစ်ကို အဖွင့်မလှဘဲ ဖြစ်ခဲ့ရပါတယ်။

နည်းပြ ဂွါဒီယိုလာကတော့ အသင်းကို အချိန်မီ မပြင်ဆင်နိုင်ခဲ့ဘဲ ခေါင်းမာမှု ကြီးမားခဲ့သလို နှစ်ပွဲဆက်တိုက် တစ်ဂိုးမှ မရဘဲ အရှက်တကွဲ ဖြစ်ခဲ့ရချိန်မှာ စပါးစ်တို့ကတော့ သူတို့ရဲ့ တိုက်စစ်မှူး ဟာရီကိန်းကို ဖျက်ဆီးပြီး ဒုက္ခပေးခဲ့တဲ့ မန်စီးတီးကို ပညာပေးပြီး အိမ်ကွင်းမှာ အဖိုးတန်နိုင်ပွဲတစ်ပွဲကို ရယူသွားနိုင်ခဲ့ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ သူတို႔ရဲ႕ တိုက္စစ္မွာ အေထာင္ကစားသမားေကာင္းမရွိဘဲ ဧရိယာထဲမွာလည္း လုပ္တတ္ကိုင္တတ္မရွိတဲ့ ဒဏ္ကို ဒီေန႔မွာလည္း ခံစားခဲ့ရၿပီး ေတာ့တင္ဟမ္ေဟာ့စပါးစ္ကို အေဝးကြင္းမွာ ဒူးေထာက္ခဲ့ရၿပီး ဟာရီကိန္းကို အာ႐ုံမ်ားေအာင္ ဖ်က္ဆီးခဲ့လို႔ အိမ္ရွင္ေတြက ပညာေပးခဲ့တာလားလို႔ ထင္ခ်င္စရာလည္းျဖစ္ခဲ့ပါတယ္။

စီးတီးတို႔ကေတာ့ တိုက္စစ္မွာ ဖယ္ရန္ ေတာရက္စ္ကို အေထာင္ထားၿပီး စတာလင္၊ မာရက္ဇ္တို႔နဲ႔ ပြဲထြက္ဆဲျဖစ္သလို ဂြါဒီယိုလာကေတာ့ ယူ႐ိုမွာ ပါဝင္ထားတဲ့ ဂြၽန္စတုန္းစ္လို ကစားသမားတခ်ိဳ႕နဲ႔ ဒဏ္ရာရထားတဲ့ ဒီဘ႐ိုင္းနား၊ ႐ိုဒရီ၊ လာေပါ့တ္၊ ဘာနာဒို ေဆးလ္ဗားနဲ႔ ကိုပါအေမရိကၿပိဳင္ပြဲဝင္ ေဂ်ဆူးစ္တို႔ကို အနားေပးထားဆဲျဖစ္ၿပီး ဂရီးလစ္ရွ္နဲ႔ ဂြန္ဒိုးဝမ္တို႔ရဲ႕ ဖန္တီးမႈအားအေပၚ မွီခိုဖို႔ ႀကိဳးစားခဲ့တာပါ။

စပါးစ္ကေတာ့ ဆြန္ေဟာင္မင္ကို အေထာင္ထားၿပီး ေနာက္က လူးကပ္စ္ ေမာ္ရာ၊ ဒယ္လီ အယ္လီနဲ႔ ဘာ့ဂ္ဗိန္းတို႔ကို လိုက္ပါေစခဲ့ခ်ိန္မွာ နည္းျပသစ္ ႏူႏို ဆန္တိုရဲ႕ ဗ်ဴဟာက ပုံေသကစားကြက္မ်ိဳးေတာ့ မျဖစ္ခဲ့ဘဲ ဆြန္က Free Role ကစားခဲ့ခ်ိန္မွာ ေမာ္ရာက Baller ဆန္ဆန္နဲ႔ ဘာ့ဂ္ဗိန္းကေတာ့ ေတာင္ပံေတြကို လ်င္ျမန္မႈနဲ႔ ဖိအားေပးသြားခဲ့ၾကပါတယ္။

ပြဲစတာနဲ႔ စီးတီးတို႔ ေဘာလုံးကိုင္ကစားၿပီး အိမ္ရွင္ေတြကို ဖိအားေပးဖို႔ လုပ္ေဆာင္လာခဲ့သလို ပြဲခ်ိန္ ၄ မိနစ္နဲ႔ ၅ မိနစ္ေတြမွာ ဂြန္ဒိုးဝမ္က ဖရီးကစ္နဲ႔ ဒီကေနရတဲ့ ေထာင့္ကန္ေဘာကို ဖာနန္ဒင္ညိဳက ေခါင္းတိုက္ခ်က္ေတြနဲ႔ ၿခိမ္းေျခာက္လာခဲ့ၾကတာပါ။ တရစပ္ ဖိအားေပးခဲ့ၿပီး ကန္ဆယ္လိုရဲ႕ ေျပးဝင္ကန္ခ်က္ကိုလည္း စပါးစ္ေနာက္တန္းက အပိုင္ကန္ခြင့္မရေအာင္ ပိတ္ဆို႔ႏိုင္ခဲ့လို႔ တိုင္ေဘးကပဲ ထြက္သြားခဲ့ပါတယ္။

စပါးစ္တို႔ကေတာ့ ေဘာလုံးရတိုင္း တိုက္စစ္ကို အျမန္ဆုံးသြားတဲ့ ပုံစံကို အသုံးျပဳသြားခဲ့ၿပီး ဆြန္ရဲ႕ ေနရာလြတ္ေတြကို အသုံးခ်မႈနဲ႔ ညာျခမ္းက ထိုးေဖာက္မႈေတြက အဓိကက်ခဲ့သလို ေကာင္တာေတြမွာ စီးတီးတို႔ ရင္ခုန္ခဲ့ရၿပီး ခံစစ္သမားေတြအေနနဲ႔ တစ္ဦးက Covering လုပ္ထားၿပီး က်န္သူေတြက ဧရိယာထဲ အျမန္ေျပးဝင္ပိတ္ဆို႔တဲ့ ပုံစံကို အသုံးျပဳႏိုင္ခဲ့လို႔သာ သက္သာခဲ့တာပါ။

ပြဲခ်ိန္ ၂၄ မိနစ္မွာ ဖရီးကစ္က ျပန္က်လာတာကို ေမာ္ရာပိတ္သြင္းရာမွာ ဂြန္ဒိုးဝမ္က ကာကြယ္ဖ်က္ထုတ္သြားႏိုင္ခဲ့ၿပီး သိပ္မၾကာခင္မွာလည္း ဆြန္ေဟာင္မင္ရဲ႕ ကန္ခ်က္က ခံစစ္ေတြနဲ႔ ထိထြက္ခဲ့သလို စီးတီးတို႔ရဲ႕ Final Third မွာ ေဘာလုံးကိုင္ၿပီး ပိတ္မယ့္သူ မရွိလို႔ အလုပ္မျဖစ္တာကေတာ့ သိသာလြန္းၿပီး အဆုံးသတ္ပိုင္း တာဝန္ယူပုံရတဲ့ မာရက္ဇ္ကလည္း အပိုင္အခြင့္အေရးကို အေလာတႀကီး ေဘးကန္ပစ္ခဲ့ပါတယ္။

စပါးစ္တို႔ရဲ႕ အသားက် ေသသပ္ေနတဲ့ တန္ျပန္တိုက္စစ္ေတြကလည္း ထင္သေလာက္ေတာ့ မထိေရာက္ခဲ့ဘဲ တိုက္စစ္မွာ ဟာရီကိန္း မပါႏိုင္ခ်ိန္မွာ ဘက္ပဲ့ေနတဲ့ ဆြန္ေဟာင္မင္အေနနဲ႔ ႐ုန္းကန္ေနရၿပီး သိပ္ၿပီး ေမွ်ာ္လင့္လို႔ မရသလို အေျပးအလႊား ထိုးေဖာက္ခ်ိန္ေတြမွာ ေနာက္က် က်န္ေနခဲ့တဲ့ အယ္လီနဲ႔ တြဲဖို႔ ခက္ခဲ့တာေၾကာင့္ ပထမပိုင္းမွာ ဂိုးမရွိသေရပဲျဖစ္ေနခဲ့ပါတယ္။

ဒီေန႔ပြဲမွာ ဂရီးလစ္ရွ္ကေတာ့ ႏွစ္ပြဲဆက္တိုက္ အလုပ္မျဖစ္ႏိုင္ေသးတဲ့ ပုံစံကို ျပသခဲ့သလို သူနဲ႔ စတာလင္တို႔ရဲ႕ ဘယ္ျခမ္းကလည္း စပါးစ္ရဲ႕ ညာေနာက္ခံလူ တန္ဂန္ဂါကိုလည္း ဗ်ဴဟာေျမာက္ ျဖတ္ေက်ာ္မႈမ်ိဳးေတြ မလုပ္ႏိုင္ခဲ့ဘဲ ကံစမ္းေနခဲ့ခ်ိန္မွာ ခံစစ္မွာေတာ့ ႐ူဘင္ ဒီယက္စ္တစ္ေယာက္တည္း ဒိုင္ခံဖ်က္ထုတ္ေနခဲ့ရပါတယ္။

စီးတီးေနာက္ခံလူ အာေကေတာ့ ဒုတိယပိုင္းမွာ ပိုမိုအမွားမ်ားလာၿပီး စပါးစ္တို႔အေနနဲ႔ သူနဲ႔ မန္ဒီတို႔ရဲ႕ ဘယ္ျခမ္းခံစစ္ကို ပိုမိုပစ္မွတ္ထားခဲ့သလို ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ဆြန္က တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ ညာျခမ္းကေန အတြင္းကို ဆြဲဝင္ၿပီး ဘယ္ေျခနဲ႔ ဂိုးဧရိယာအစပ္ကေန အဆုံးသတ္ခဲ့ရာမွာ ဖ်က္ဖို႔ႀကိဳးစားတဲ့ ဒီယက္စ္ မမီခဲ့တာက အီဒါဆန္ကို ေၾကာင္သြားေစခဲ့ၿပီး ဂိုးေပးလိုက္ရတာျဖစ္ပါတယ္။

အိမ္ရွင္တို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခ်ိန္မွာ စီးတီးတို႔ ဂိုးရဖို႔ ဖိကစားလာခဲ့တာက အႀကိဳက္ေတြ႕စရာျဖစ္ခဲ့သလို ပြဲခ်ိန္ မိနစ္ ၆၀ အပိုင္ အခြင့္အေရးေကာင္းကို ဘာ့ဂ္ဗိန္းက ေဘးကန္ပစ္ၿပီး လြဲေခ်ာ္ခဲ့ပါတယ္။ ဒီေနာက္ပိုင္းမွာေတာ့ ဂြါဒီယိုလာအေနနဲ႔ သူ႔ရဲ႕ ရာသီသစ္မွာ ဂိုးမရေသးတဲ့ တိုက္စစ္ကို ျပင္ဆင္ဖို႔ မန္ဒီ၊ မာရက္ဇ္နဲ႔ စတာလင္တို႔ေနရာမွာ ဇင္ခ်န္ကို၊ ဒီဘ႐ိုင္းနားနဲ႔ ေဂ်ဆူးစ္တို႔ကို လူစားထပ္လဲၿပီး ေခ်ပဂိုးရွာေဖြလာခဲ့တာပါ။

ဒါေပမယ့္ ဖယ္ရန္ ေတာရက္စ္နဲ႔ ဂရီးလစ္ရွ္တို႔ရဲ႕ ကန္ခ်က္ေတြကို စပါးစ္ဂိုးသမား လိုရစ္နဲ႔ ေနာက္တန္းေတြ ကာကြယ္သြားႏိုင္ခဲ့ၿပီး ဒီဘ႐ိုင္းနား၊ ဂြန္ဒိုးဝမ္တို႔ရဲ႕ ဖန္တီးမႈေတြကလည္း သိပ္မေကာင္းခဲ့သလို ဆြန္ရဲ႕ ကန္ခ်က္ေတြကလည္း ဂိုးေပါက္မတည့္ခဲ့တာေၾကာင့္ မန္စီးတီးတို႔ လက္ေျမႇာက္ခဲ့ရၿပီး ရာသီသစ္ကို အဖြင့္မလွဘဲ ျဖစ္ခဲ့ရပါတယ္။

နည္းျပ ဂြါဒီယိုလာကေတာ့ အသင္းကို အခ်ိန္မီ မျပင္ဆင္ႏိုင္ခဲ့ဘဲ ေခါင္းမာမႈ ႀကီးမားခဲ့သလို ႏွစ္ပြဲဆက္တိုက္ တစ္ဂိုးမွ မရဘဲ အရွက္တကြဲ ျဖစ္ခဲ့ရခ်ိန္မွာ စပါးစ္တို႔ကေတာ့ သူတို႔ရဲ႕ တိုက္စစ္မႉး ဟာရီကိန္းကို ဖ်က္ဆီးၿပီး ဒုကၡေပးခဲ့တဲ့ မန္စီးတီးကို ပညာေပးၿပီး အိမ္ကြင္းမွာ အဖိုးတန္ႏိုင္ပြဲတစ္ပြဲကို ရယူသြားႏိုင္ခဲ့ပါေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.