Premier League

15 Aug နောက်ဆုံးရ မန်ချက်ယူနိုက်တက်သတင်းများ စုစည်းမှု

လိဒ်စ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ အိုးထရက်ဖို့ဒ်ပရိသတ်ရှေ့ တရားဝင်မိတ်ဆက်ခြင်းခံခဲ့ရတဲ့ မန်ယူနိုက်တက်ကစားသမားသစ် ရာဖေးလ် ဗာရွန်းဟာ ကျောနံပါတ် ၁၉ ကို ရွေးချယ်သွားခဲ့ပြီး သူ့အနေနဲ့ ဖီးလ်ဂျူံးစ်ဆီက ကျောနံပါတ် ၄ ကို တောင်းဆိုခဲ့ပေမယ့် ငြင်းဆန်ခံခဲ့ရကြောင်း သိရ။

ပြီးခဲ့တဲ့ညက ပွဲထွက်လူစာရင်းမှာ မပါဝင်လာခဲ့တဲ့ ယူနိုက်တက်ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ်ဟာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာဖို့ ပိုနီးစပ်လာခဲ့ကြောင်း သိရပြီး လာမယ့်ရက်ပိုင်းအတွင်းမှာ ဝက်စ်ဟမ်းအသင်းဘက်က ကမ်းလှမ်းမှုတရပ်ကို ပြုလုပ်လာဖွယ်ရှိနေသလို ဂယ်ရီ နဗီးလ်ကလည်း အသင်းပြောင်းဖို့ တိုက်တွန်းထား။

ဘေဆယ်လ်အသင်းနဲ့ ခရစ္စတယ်လ် ပဲလေ့စ်အသင်းတို့ဟာ ယူနိုက်တက်လူငယ်ကြယ်ပွင့်​လေး အာမက် ဂျယ်လိုကို အငှားခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပြီး ကွင်းလယ်လူ အန်ဒရေ ပါရဲရားကိုလည်း ယူရို ၂၅ သန်းနဲ့ ရောင်းထုတ်ဖို့ အိုးထရက်ဖို့ဒ်ဘက်က အသင်းသစ်ရှာဖွေပေးကြောင်း သိရ။

ယူနိုက်တက်ကစားသမားသစ်ဖြစ်လာခဲ့တဲ့ ရာဖေးလ် ဗာရွန်းကို ရီးရဲလ်မက်ဒရစ်အသင်းဖော်ဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုက အထူးတလည် ဂုဏ်ပြုသွားခဲ့ပြီး အင်စတေဂရမ်မှာတင်ခဲ့တဲ့ ရီယို ဖာဒီနန်ရဲ့ ဗွီဒီယိုအောက်မှာ ” ကြီးမြတ်တဲ့ ပြင်သစ်သား ” ဆိုတဲ့ မှတ်ချက်ကို ဝင်ရောက်ရေးသားသွားခဲ့သလို ရောဘတ်တို ကားလို့စ်ကပါ အသက် ၂၈ နှစ်သားကို ထပ်လောင်းဂုဏ်ပြုသွားခဲ့။

လိဒ်စ်ယူနိုက်တက်ကို ၅-၁ နိုင်တဲ့ပွဲအပြီးမှာ ယူနိုက်တက်အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားက ” သိပ်ကိုပျော်စရာကောင်းတဲ့ပွဲ ” လို့ တွစ်တာမှာ ရိသွားခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ၆-၂ နိုင်ပွဲအပြီးမှာ အဆိုပါစာသားကိုပဲ လိဒ်စ်ကို ရည်ရွယ်ပြီး ရေးသားခဲ့ဖူးသလို အခုတကြိမ်မှာလည်း ထပ်မံအောင်ပွဲခံသွားခဲ့။

ဘရာဇီးလ်ဘယ်နောက်ခံလူဂန္ထဝင်ကြီး ရော်ဘတ်တို ကားလို့စ်ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲအပြီး “ရှောဘတ်တို ကားလို့စ်” ဆိုတဲ့ နာမည်ပြောင်နဲ့ နာမည်ကြီးလာခဲ့တဲ့ ယူနိုက်တက်ကစားသမား လုခ်ရှောက သူ့အတွက် ပေးပို့​ခဲ့တဲ့ သရဲနီဂျာစီအတွက် ကျေးဇူးတင်ကြောင်း နှိမ့်ချပြောဆိုသွားခဲ့ပြီး အင်္ဂလန်သားရဲ့ လက်မှတ်ကိုပါ တောင်းဆိုသွားခဲ့။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ပရိသတ်တွေရဲ့ မျှော်လင့်ချက်အတိုင်း အိုးထရက်ဖို့ဒ်မှာ လူသစ်ကစားသမား နောက်တဦး ထပ်ပေါင်းထည့်လာနိုင်ကြောင်း အရိပ်အမြွက်အသိပေးသွားခဲ့ပြီး လက်ရှိလူစာရင်းကို ကျေနပ်နေသော်ငြား ‘အပိုဆု’ ဖြစ်လာမယ့် နွေရာသီအပိတ်အပြောင်းအရွှေ့တရပ်ရှိနေသေးကြောင်း သဲလွန်စပေးသွားခဲ့။

အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ချင်နေတယ် ယလို့ သတင်းပြေးနေတဲ့ ဘာစီလိုနာတိုက်စစ်မှူး အွန်ထွာ ဂရိဇ်မန်းဟာ ယူနိုက်တက်ရဲ့ ဂိုးပြတ်နိုင်ပွဲအတွက် ပြင်သစ်တနိုင်ငံတည်းသားချင်းဖြစ်တဲ့ ပေါ့ဘာရဲ့ခြေစွမ်းကို လှိုက်လှဲစွာ ချီးကျူးသွားခဲ့ပြီး ဒါဟာ ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ကို အမြန်ဆုံးအပြီးသတ်နိုင်ဖို့ အလားအလာကောင်းအဖြစ် သရဲနီပရိသတ်တွေ ရင်ခုန်စရာဖြစ်ခဲ့ရ။

လိဒ်စ်နဲ့ပွဲမှာ တပွဲတည်း တကိုယ်တော် ၄ ဂိုးဖန်တီးပေးခဲ့တဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာအတွက် အလွတ်လပ်ဆုံးကစားကွက်ကို တည်ဆောက်ပေးခဲ့ကြောင်း ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ပွဲအပြီးမှာ ထုတ်ဖော်သွားခဲ့ပြီး အဲဗာတန်နဲ့ပွဲမှာ ခြေငုပ်ခဲ့တဲ့ ပြင်သစ်သားကို အခုပွဲမှာ စိတ်တိုင်းကျပေါက်ကွဲခွင့်ပြုခဲ့ကြောင်း ပြောကြားသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လိဒ္စ္ယူႏိုက္တက္နဲ႔ ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ အိုးထရက္ဖို႔ဒ္ပရိသတ္ေရွ႕ တရားဝင္မိတ္ဆက္ျခင္းခံခဲ့ရတဲ့ မန္ယူႏိုက္တက္ကစားသမားသစ္ ရာေဖးလ္ ဗာ႐ြန္းဟာ ေက်ာနံပါတ္ ၁၉ ကို ေ႐ြးခ်ယ္သြားခဲ့ၿပီး သူ႔အေနနဲ႔ ဖီးလ္ဂ်ဴံးစ္ဆီက ေက်ာနံပါတ္ ၄ ကို ေတာင္းဆိုခဲ့ေပမယ့္ ျငင္းဆန္ခံခဲ့ရေၾကာင္း သိရ။

ၿပီးခဲ့တဲ့ညက ပြဲထြက္လူစာရင္းမွာ မပါဝင္လာခဲ့တဲ့ ယူႏိုက္တက္ကြင္းလယ္လူ ဂ်က္ဆီ လင္ဂတ္ဟာ အိုးထရက္ဖို႔ဒ္ကို စြန္႔ခြာဖို႔ ပိုနီးစပ္လာခဲ့ေၾကာင္း သိရၿပီး လာမယ့္ရက္ပိုင္းအတြင္းမွာ ဝက္စ္ဟမ္းအသင္းဘက္က ကမ္းလွမ္းမႈတရပ္ကို ျပဳလုပ္လာဖြယ္ရွိေနသလို ဂယ္ရီ နဗီးလ္ကလည္း အသင္းေျပာင္းဖို႔ တိုက္တြန္းထား။

ေဘဆယ္လ္အသင္းနဲ႔ ခရစၥတယ္လ္ ပဲေလ့စ္အသင္းတို႔ဟာ ယူႏိုက္တက္လူငယ္ၾကယ္ပြင့္​ေလး အာမက္ ဂ်ယ္လိုကို အငွားေခၚယူဖို႔ စိတ္ဝင္စားေနေၾကာင္း သိရၿပီး ကြင္းလယ္လူ အန္ဒေရ ပါရဲရားကိုလည္း ယူ႐ို ၂၅ သန္းနဲ႔ ေရာင္းထုတ္ဖို႔ အိုးထရက္ဖို႔ဒ္ဘက္က အသင္းသစ္ရွာေဖြေပးေၾကာင္း သိရ။

ယူႏိုက္တက္ကစားသမားသစ္ျဖစ္လာခဲ့တဲ့ ရာေဖးလ္ ဗာ႐ြန္းကို ရီးရဲလ္မက္ဒရစ္အသင္းေဖာ္ေဟာင္း ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက အထူးတလည္ ဂုဏ္ျပဳသြားခဲ့ၿပီး အင္စေတဂရမ္မွာတင္ခဲ့တဲ့ ရီယို ဖာဒီနန္ရဲ႕ ဗြီဒီယိုေအာက္မွာ ” ႀကီးျမတ္တဲ့ ျပင္သစ္သား ” ဆိုတဲ့ မွတ္ခ်က္ကို ဝင္ေရာက္ေရးသားသြားခဲ့သလို ေရာဘတ္တို ကားလို႔စ္ကပါ အသက္ ၂၈ ႏွစ္သားကို ထပ္ေလာင္းဂုဏ္ျပဳသြားခဲ့။

လိဒ္စ္ယူႏိုက္တက္ကို ၅-၁ ႏိုင္တဲ့ပြဲအၿပီးမွာ ယူႏိုက္တက္အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားက ” သိပ္ကိုေပ်ာ္စရာေကာင္းတဲ့ပြဲ ” လို႔ တြစ္တာမွာ ရိသြားခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီက ၆-၂ ႏိုင္ပြဲအၿပီးမွာ အဆိုပါစာသားကိုပဲ လိဒ္စ္ကို ရည္႐ြယ္ၿပီး ေရးသားခဲ့ဖူးသလို အခုတႀကိမ္မွာလည္း ထပ္မံေအာင္ပြဲခံသြားခဲ့။

ဘရာဇီးလ္ဘယ္ေနာက္ခံလူဂႏၴဝင္ႀကီး ေရာ္ဘတ္တို ကားလို႔စ္ဟာ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲအၿပီး “ေရွာဘတ္တို ကားလို႔စ္” ဆိုတဲ့ နာမည္ေျပာင္နဲ႔ နာမည္ႀကီးလာခဲ့တဲ့ ယူႏိုက္တက္ကစားသမား လုခ္ေရွာက သူ႔အတြက္ ေပးပို႔​ခဲ့တဲ့ သရဲနီဂ်ာစီအတြက္ ေက်းဇူးတင္ေၾကာင္း ႏွိမ့္ခ်ေျပာဆိုသြားခဲ့ၿပီး အဂၤလန္သားရဲ႕ လက္မွတ္ကိုပါ ေတာင္းဆိုသြားခဲ့။

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက ပရိသတ္ေတြရဲ႕ ေမွ်ာ္လင့္ခ်က္အတိုင္း အိုးထရက္ဖို႔ဒ္မွာ လူသစ္ကစားသမား ေနာက္တဦး ထပ္ေပါင္းထည့္လာႏိုင္ေၾကာင္း အရိပ္အႁမြက္အသိေပးသြားခဲ့ၿပီး လက္ရွိလူစာရင္းကို ေက်နပ္ေနေသာ္ျငား ‘အပိုဆု’ ျဖစ္လာမယ့္ ေႏြရာသီအပိတ္အေျပာင္းအေ႐ႊ႕တရပ္ရွိေနေသးေၾကာင္း သဲလြန္စေပးသြားခဲ့။

အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕ခ်င္ေနတယ္ ယလို႔ သတင္းေျပးေနတဲ့ ဘာစီလိုနာတိုက္စစ္မႉး အြန္ထြာ ဂရိဇ္မန္းဟာ ယူႏိုက္တက္ရဲ႕ ဂိုးျပတ္ႏိုင္ပြဲအတြက္ ျပင္သစ္တႏိုင္ငံတည္းသားခ်င္းျဖစ္တဲ့ ေပါ့ဘာရဲ႕ေျခစြမ္းကို လႈိက္လွဲစြာ ခ်ီးက်ဴးသြားခဲ့ၿပီး ဒါဟာ ယူႏိုက္တက္နဲ႔ အေျပာင္းအေ႐ႊ႕ကို အျမန္ဆုံးအၿပီးသတ္ႏိုင္ဖို႔ အလားအလာေကာင္းအျဖစ္ သရဲနီပရိသတ္ေတြ ရင္ခုန္စရာျဖစ္ခဲ့ရ။

လိဒ္စ္နဲ႔ပြဲမွာ တပြဲတည္း တကိုယ္ေတာ္ ၄ ဂိုးဖန္တီးေပးခဲ့တဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာအတြက္ အလြတ္လပ္ဆုံးကစားကြက္ကို တည္ေဆာက္ေပးခဲ့ေၾကာင္း ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက ပြဲအၿပီးမွာ ထုတ္ေဖာ္သြားခဲ့ၿပီး အဲဗာတန္နဲ႔ပြဲမွာ ေျခငုပ္ခဲ့တဲ့ ျပင္သစ္သားကို အခုပြဲမွာ စိတ္တိုင္းက်ေပါက္ကြဲခြင့္ျပဳခဲ့ေၾကာင္း ေျပာၾကားသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.