Analysis Premier League

ချာလိုဘာရဲ့ ဝမ်းသာမျက်ရည်နဲ့ ချဲလ်ဆီး 3-0 ပဲလေ့စ်ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 7 ချက်

သူ့အဆင့်အတန်းကို သက်သေပြနိုင်ခဲ့တဲ့ အလွန်ဆို
ပြီးခဲ့တဲ့ ရာသီက နည်းပြဟောင်း ဖရန့် လမ်းပတ်လက်ထက်မှာ ရောင်းထုတ်ခံရတော့မယ်တကဲကဲဖြစ်နေတဲ့ နောက်ခံလူ မားကို့စ် အလွန်ဆိုကတော့ ရာသီကြိုမှာ တူဟယ်လ်ရဲ့ အမာခံစာရင်းထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့သလို ဒီနေ့မှာလည်း ပွဲထွက်ခွင့်ရပြီး သူ့ရဲ့ သပ်ရပ်တိကျတဲ့ ဖရီးကစ်က ပဲလေ့စ်ဂိုးသမား ဂွိုင်တာကို ငုတ်တုတ်မေ့စေခဲ့တာပါ။ နည်းပြရဲ့ ယုံကြည်မှုကို ပြန်ပေးဆပ်ခဲ့တဲ့ စပိန်သားအနေနဲ့ ဒီအတိုင်း ဆက်သွားရင် ဦးစားပေးနောက်ခံလူ ဘန် ချေးလ်ဝဲလ်ကိုပါ ဖြုတ်ချနိုင်မလားဆိုတာ စိတ်ဝင်စားစရာလည်းဖြစ်နေခဲ့ပါတယ်။

တိုက်စစ်အတွက် နေရာဦးလိုက်တဲ့ ပူလီရှစ်ချ်
အမေရိကန်သားကတော့ ဒီနေ့မှာ စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲခဲ့ပြီး ဂိုးမသွင်းနိုင်လို့ ဝေဖန်ခံနေရတဲ့ တီမို ဗာနာဆီကနေ မြစ်ဖျားခံခဲ့တဲ့ ဘောလုံးကို ကောက်စားပြီး ဒီရာသီကို အဖွင့်လှနိုင်ခဲ့ပါတယ်။ လူကာကူး၊ ဗာနာ၊ ဟာဗတ်ဇ်၊ မေဆန်မောင့်၊ ဇီးယက်ရှ်တို့နဲ့ လုရမယ့် တိုက်စစ်ပိုင်းအတွက် ပရီးမီးယားလိဂ်ဂိုးတစ်ဂိုးဆိုတာက အရေးပါပြီး လွန်ခဲ့တဲ့ ရာသီက အသင်းရဲ့ ဂိုးအများဆုံးသွင်းသူ ဂျော်ဂျင်ညိုရဲ့ ခုနစ်ပုံတစ်ပုံဆိုတာက နေရာတစ်နေရာအတွက် အမှတ်ပေး စဉ်းစားဖို့အတွက် လုပ်ပြနိုင်ခဲ့တာလို့လည်း ဆိုရမှာပါ။

လုပ်တတ်ကိုင်တတ်ဖို့ အများကြီးလိုသေးတဲ့ ဗီယာရာ
အာဆင်နယ်အသင်းကပ္ပတိန်ဟောင်းကို ဝုန်းခနဲ ဒိုင်းခနဲ အင်နဲ့အားနဲ့ ပရီးမီးယားလိဂ်မှာ ပွဲထွက်လာမယ်လို့ ထင်တဲ့သူတွေကို နောက်လန်သွားစေခဲ့တဲ့ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ရွိုင်းဟော့ဆန်လက်ထက်က ဝါရင့်တွေကို ခေါက်ပစ်ခဲ့တဲ့ ဗီယာရာရဲ့ အသင်းကတော့ လူရွေးချယ်မှုကလည်း ကမောက်ကမဖြစ်ခဲ့သလို ခံစစ်ပိုင်းမှာလည်း စည်းလုံးမှု နည်းခဲ့ပြီး နောက်ဆုံးမှာ ရောက်လာတာ မကြာသေးတဲ့ ယိုအာခင်မ် အန်ဒါဆန်ကိုပါ ထည့်ခဲ့ရပါတယ်။ သူ့အနေနဲ့ အသင်းရဲ့ တည်ငြိမ်မှုကို ထည့်တွက်ဖို့လိုပြီး လူငယ်တွေနဲ့ လုပ်ချင်တိုင်း လုပ်မရဘူးဆိုတာ ချဲလ်ဆီးနဲ့ပွဲမှာ ရှင်းရှင်းလင်းလင်း အဖြေပေါ်သွားခဲ့တာပါ။

အခွင့်အရေးကို အမိအရယူပြီး မျက်ရည်ကျခဲ့သူ ချာလိုဘာ
ထရီဗို ချာလိုဘာကတော့ ပြီးခဲ့တဲ့ ဥရောပါဆူပါဖလားမှာ ပွဲထွက်ခဲ့ပြီး အောင်မြင်မှုရခဲ့သလို ဒီနေ့မှာပဲ ပရီးမီးယားလိဂ်ဆီ ပုံစံကောင်းတွေ သယ်ဆောင်လာနိုင်ခဲ့ပြီး လှပတဲ့ အဝေးကန်ချက်နဲ့ တစ်ဂိုးသွင်းယူအပြီး စိတ်လှုပ်ရှားစွာနဲ့ မျက်ရည်ကျလို့ စီနီယာတွေ ဝိုင်းချော့ခဲ့ရတာပါ။ ဒီပွဲမှာ သူ့အနေနဲ့ ဂိုးပေါက်တည့်မှု ၁၀၀ ရာခိုင်နှုန်း၊ ဘောလုံးသယ်ယူနိုင်မှု ၁၀၀ ရာခိုင်နှုန်း၊ ပေးပို့မှု ၈၁ ကြိမ် (တိကျမှု ၉၃ ရာခိုင်နှုန်း)နဲ့ ခံစစ်စွမ်းဆောင်ရည်ပါ မြင့်မားခဲ့ပြီး သူ့ကို ကျော်ဖြတ်ခံရတာမျိုးလည်း မရှိခဲ့ဘဲ အဖက်ဖက်က တာဝန်ကျေခဲ့တဲ့ ချဲလ်ဆီးတို့ရဲ့ ကြယ်ပွင့်သစ်လည်း ဖြစ်ခဲ့ပါတယ်။

လူကာကူးတပည့်ဖြစ်ဖို့ သေချာသွားတဲ့ ဗာနာ
ချဲလ်ဆီးတိုက်စစ်မှာ သက်ရောက်မှုနည်းပါးလွန်းခဲ့တဲ့ တီမို ဗာနာကတော့ အဆုံးသတ်ပိုင်းဆိုတာ ဘယ်လို၊ နေရာယူမှုဆိုတာ ဘယ်လိုဆိုတာနဲ့ ပရီးမီးယားလိဂ်မှာ ဘွန်ဒက်စ်လီဂါကလို မပြောင်းမလဲ ကစားနေလို့ မရဘူးဆိုတာ သင်ယူရတော့မှာဖြစ်ပြီး အဆိုးဆုံးကတော့ သူ့ရဲ့ နေရာကို လူကာကူးဆီ ဆုံးရှုံးရဖို့ ဖြစ်လာမှာပါပဲ။ တစ်ဖက်အသင်းဂိုးရှေ့မှာ ဒီလောက် ဖိကစားနေတာတောင် ဝိုင်းဝန်းဖန်တီးနေကြတဲ့ ဖြတ်တင်ဘောတွေကို အသုံးမချတတ်တဲ့ ဂျာမန်သားအနေနဲ့ ဝေဖန်သူတွေရဲ့ စကားတွေထဲကနေ အနားပေးခံရတော့မှာလည်းဖြစ်ပြီး ရှေ့လျှောက် ဟင်ဟာတောက်ကျွတ်လုပ်ဖို့ မလိုအပ်တော့ဘဲ အရန်ခုံကိုသာ ပူအောင်ထိုင်ရဖို့ နီးစပ်နေပါတယ်။

အာဆင်နယ်စံချိန်ကိုမှ လာဖျက်တဲ့ ခေါင်းဆောင်ဟောင်းကြီး
အာဆင်နယ်အသင်းရဲ့ ကပ္ပတိန်အဖြစ် ချဲလ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကစားသမားဘဝမှာ တစ်ပွဲမှ မရှုံးဖူးသေးတဲ့ ပက်ထရစ် ဗီယာရာဟာ နည်းပြဘဝမှာတော့ ပထမဆုံး တွေ့ဆုံမှုမှာပဲ ရှုံးနိမ့်သွားခဲ့ရပါတယ်။ ဟိုက်ဘာရီရဲ့ ထင်ရှားတဲ့ ပြယုဂ်ဖြစ်ခဲ့သူ ပြင်သစ်သားကြီးဟာ ချဲလ်ဆီးနဲ့ သူ့ရဲ့ ကစားသမားဘဝမှာ ၁၀ ကြိမ် တွေ့ဆုံဖူးရာမှာ ၆ ပွဲနိုင် ၄ ပွဲသရေကျခဲ့ဖူးသူဖြစ်ပြီး သူ့ခေတ်သူ့အခါမှာ ဆရာကျလွန်းခဲ့သူပါ။ ဒါပေမယ့် ဒီနေ့မှာတော့ သမိုင်းကြောင်းတွေက အစဉ်အမြဲ ကောင်းမနေဘူးဆိုတာ ပဲလေ့စ်နဲ့အတူ သင်ခန်းစာရရှိသွားခဲ့ပါတယ်။

စံချိန်ရသွားတဲ့ ဂိုးသွင်းရှင် ကစားသမားသုံးဦး
ဒီနေ့မှာ အဖွင့်ဂိုးကို သွင်းယူပေးခဲ့တဲ့ မားကို့စ် အလွန်ဆိုဟာ ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးအသင်းအတွက် ဖရီးကစ်ဂိုး ၅၀ မြောက်ကို သွင်းယူနိုင်ခဲ့တဲ့သူ ဖြစ်လာခဲ့ပါတယ်။ ဒုတိယဂိုးရှင် ပူလီရှစ်ချ်ကတော့ သူ့ရဲ့ ခရစ္စတယ်လ်ပဲလေ့စ်နဲ့ တွေ့ဆုံတဲ့ နောက်ဆုံး ၅ ပွဲမှာ ၅ ဂိုးအထိ သွင်းယူခဲ့တာ ဖြစ်ပြီး ဒီအရေအတွက်က သူ့ရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးအားလုံးရဲ့ ၃၆ ရာခိုင်နှုန်းလည်းဖြစ်ခဲ့တာပါ။ တတိယဂိုးရှင် ချာလိုဘာကတော့ ချဲလ်ဆီးအသင်းနဲ့ ပထမဆုံးပွဲထွက်ခွင့်မှာ ဂိုးသွင်းယူနိုင်သူတွေထဲမှာ ဒုတိယ အသက်အငယ်ဆုံး ကစားသမားအဖြစ် အသက် ၂၂ နှစ်နဲ့ ရက် ၄၀ အကြာမှာ မှတ်တမ်းဝင်ခဲ့ပြီး သူတို့တွေက လောက်လောက်လားလား ပြောစရာဖြစ်ခဲ့ကြတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

သူ႔အဆင့္အတန္းကို သက္ေသျပႏိုင္ခဲ့တဲ့ အလြန္ဆို
ၿပီးခဲ့တဲ့ ရာသီက နည္းျပေဟာင္း ဖရန႔္ လမ္းပတ္လက္ထက္မွာ ေရာင္းထုတ္ခံရေတာ့မယ္တကဲကဲျဖစ္ေနတဲ့ ေနာက္ခံလူ မားကို႔စ္ အလြန္ဆိုကေတာ့ ရာသီႀကိဳမွာ တူဟယ္လ္ရဲ႕ အမာခံစာရင္းထဲကို တျဖည္းျဖည္းဝင္ေရာက္လာခဲ့သလို ဒီေန႔မွာလည္း ပြဲထြက္ခြင့္ရၿပီး သူ႔ရဲ႕ သပ္ရပ္တိက်တဲ့ ဖရီးကစ္က ပဲေလ့စ္ဂိုးသမား ဂြိဳင္တာကို ငုတ္တုတ္ေမ့ေစခဲ့တာပါ။ နည္းျပရဲ႕ ယုံၾကည္မႈကို ျပန္ေပးဆပ္ခဲ့တဲ့ စပိန္သားအေနနဲ႔ ဒီအတိုင္း ဆက္သြားရင္ ဦးစားေပးေနာက္ခံလူ ဘန္ ေခ်းလ္ဝဲလ္ကိုပါ ျဖဳတ္ခ်ႏိုင္မလားဆိုတာ စိတ္ဝင္စားစရာလည္းျဖစ္ေနခဲ့ပါတယ္။

တိုက္စစ္အတြက္ ေနရာဦးလိုက္တဲ့ ပူလီရွစ္ခ်္
အေမရိကန္သားကေတာ့ ဒီေန႔မွာ စားရကံႀကဳံလို႔ မုတ္ဆိတ္ပ်ားစြဲခဲ့ၿပီး ဂိုးမသြင္းႏိုင္လို႔ ေဝဖန္ခံေနရတဲ့ တီမို ဗာနာဆီကေန ျမစ္ဖ်ားခံခဲ့တဲ့ ေဘာလုံးကို ေကာက္စားၿပီး ဒီရာသီကို အဖြင့္လွႏိုင္ခဲ့ပါတယ္။ လူကာကူး၊ ဗာနာ၊ ဟာဗတ္ဇ္၊ ေမဆန္ေမာင့္၊ ဇီးယက္ရွ္တို႔နဲ႔ လုရမယ့္ တိုက္စစ္ပိုင္းအတြက္ ပရီးမီးယားလိဂ္ဂိုးတစ္ဂိုးဆိုတာက အေရးပါၿပီး လြန္ခဲ့တဲ့ ရာသီက အသင္းရဲ႕ ဂိုးအမ်ားဆုံးသြင္းသူ ေဂ်ာ္ဂ်င္ညိဳရဲ႕ ခုနစ္ပုံတစ္ပုံဆိုတာက ေနရာတစ္ေနရာအတြက္ အမွတ္ေပး စဥ္းစားဖို႔အတြက္ လုပ္ျပႏိုင္ခဲ့တာလို႔လည္း ဆိုရမွာပါ။

လုပ္တတ္ကိုင္တတ္ဖို႔ အမ်ားႀကီးလိုေသးတဲ့ ဗီယာရာ
အာဆင္နယ္အသင္းကပၸတိန္ေဟာင္းကို ဝုန္းခနဲ ဒိုင္းခနဲ အင္နဲ႔အားနဲ႔ ပရီးမီးယားလိဂ္မွာ ပြဲထြက္လာမယ္လို႔ ထင္တဲ့သူေတြကို ေနာက္လန္သြားေစခဲ့တဲ့ပြဲတစ္ပြဲ ျဖစ္ခဲ့ပါတယ္။ ႐ြိဳင္းေဟာ့ဆန္လက္ထက္က ဝါရင့္ေတြကို ေခါက္ပစ္ခဲ့တဲ့ ဗီယာရာရဲ႕ အသင္းကေတာ့ လူေ႐ြးခ်ယ္မႈကလည္း ကေမာက္ကမျဖစ္ခဲ့သလို ခံစစ္ပိုင္းမွာလည္း စည္းလုံးမႈ နည္းခဲ့ၿပီး ေနာက္ဆုံးမွာ ေရာက္လာတာ မၾကာေသးတဲ့ ယိုအာခင္မ္ အန္ဒါဆန္ကိုပါ ထည့္ခဲ့ရပါတယ္။ သူ႔အေနနဲ႔ အသင္းရဲ႕ တည္ၿငိမ္မႈကို ထည့္တြက္ဖို႔လိုၿပီး လူငယ္ေတြနဲ႔ လုပ္ခ်င္တိုင္း လုပ္မရဘူးဆိုတာ ခ်ဲလ္ဆီးနဲ႔ပြဲမွာ ရွင္းရွင္းလင္းလင္း အေျဖေပၚသြားခဲ့တာပါ။

အခြင့္အေရးကို အမိအရယူၿပီး မ်က္ရည္က်ခဲ့သူ ခ်ာလိုဘာ
ထရီဗို ခ်ာလိုဘာကေတာ့ ၿပီးခဲ့တဲ့ ဥေရာပါဆူပါဖလားမွာ ပြဲထြက္ခဲ့ၿပီး ေအာင္ျမင္မႈရခဲ့သလို ဒီေန႔မွာပဲ ပရီးမီးယားလိဂ္ဆီ ပုံစံေကာင္းေတြ သယ္ေဆာင္လာႏိုင္ခဲ့ၿပီး လွပတဲ့ အေဝးကန္ခ်က္နဲ႔ တစ္ဂိုးသြင္းယူအၿပီး စိတ္လႈပ္ရွားစြာနဲ႔ မ်က္ရည္က်လို႔ စီနီယာေတြ ဝိုင္းေခ်ာ့ခဲ့ရတာပါ။ ဒီပြဲမွာ သူ႔အေနနဲ႔ ဂိုးေပါက္တည့္မႈ ၁၀၀ ရာခိုင္ႏႈန္း၊ ေဘာလုံးသယ္ယူႏိုင္မႈ ၁၀၀ ရာခိုင္ႏႈန္း၊ ေပးပို႔မႈ ၈၁ ႀကိမ္ (တိက်မႈ ၉၃ ရာခိုင္ႏႈန္း)နဲ႔ ခံစစ္စြမ္းေဆာင္ရည္ပါ ျမင့္မားခဲ့ၿပီး သူ႔ကို ေက်ာ္ျဖတ္ခံရတာမ်ိဳးလည္း မရွိခဲ့ဘဲ အဖက္ဖက္က တာဝန္ေက်ခဲ့တဲ့ ခ်ဲလ္ဆီးတို႔ရဲ႕ ၾကယ္ပြင့္သစ္လည္း ျဖစ္ခဲ့ပါတယ္။

လူကာကူးတပည့္ျဖစ္ဖို႔ ေသခ်ာသြားတဲ့ ဗာနာ
ခ်ဲလ္ဆီးတိုက္စစ္မွာ သက္ေရာက္မႈနည္းပါးလြန္းခဲ့တဲ့ တီမို ဗာနာကေတာ့ အဆုံးသတ္ပိုင္းဆိုတာ ဘယ္လို၊ ေနရာယူမႈဆိုတာ ဘယ္လိုဆိုတာနဲ႔ ပရီးမီးယားလိဂ္မွာ ဘြန္ဒက္စ္လီဂါကလို မေျပာင္းမလဲ ကစားေနလို႔ မရဘူးဆိုတာ သင္ယူရေတာ့မွာျဖစ္ၿပီး အဆိုးဆုံးကေတာ့ သူ႔ရဲ႕ ေနရာကို လူကာကူးဆီ ဆုံးရႈံးရဖို႔ ျဖစ္လာမွာပါပဲ။ တစ္ဖက္အသင္းဂိုးေရွ႕မွာ ဒီေလာက္ ဖိကစားေနတာေတာင္ ဝိုင္းဝန္းဖန္တီးေနၾကတဲ့ ျဖတ္တင္ေဘာေတြကို အသုံးမခ်တတ္တဲ့ ဂ်ာမန္သားအေနနဲ႔ ေဝဖန္သူေတြရဲ႕ စကားေတြထဲကေန အနားေပးခံရေတာ့မွာလည္းျဖစ္ၿပီး ေရွ႕ေလွ်ာက္ ဟင္ဟာေတာက္ကြၽတ္လုပ္ဖို႔ မလိုအပ္ေတာ့ဘဲ အရန္ခုံကိုသာ ပူေအာင္ထိုင္ရဖို႔ နီးစပ္ေနပါတယ္။

အာဆင္နယ္စံခ်ိန္ကိုမွ လာဖ်က္တဲ့ ေခါင္းေဆာင္ေဟာင္းႀကီး
အာဆင္နယ္အသင္းရဲ႕ ကပၸတိန္အျဖစ္ ခ်ဲလ္ဆီးအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ကစားသမားဘဝမွာ တစ္ပြဲမွ မရႈံးဖူးေသးတဲ့ ပက္ထရစ္ ဗီယာရာဟာ နည္းျပဘဝမွာေတာ့ ပထမဆုံး ေတြ႕ဆုံမႈမွာပဲ ရႈံးနိမ့္သြားခဲ့ရပါတယ္။ ဟိုက္ဘာရီရဲ႕ ထင္ရွားတဲ့ ျပယုဂ္ျဖစ္ခဲ့သူ ျပင္သစ္သားႀကီးဟာ ခ်ဲလ္ဆီးနဲ႔ သူ႔ရဲ႕ ကစားသမားဘဝမွာ ၁၀ ႀကိမ္ ေတြ႕ဆုံဖူးရာမွာ ၆ ပြဲႏိုင္ ၄ ပြဲသေရက်ခဲ့ဖူးသူျဖစ္ၿပီး သူ႔ေခတ္သူ႔အခါမွာ ဆရာက်လြန္းခဲ့သူပါ။ ဒါေပမယ့္ ဒီေန႔မွာေတာ့ သမိုင္းေၾကာင္းေတြက အစဥ္အၿမဲ ေကာင္းမေနဘူးဆိုတာ ပဲေလ့စ္နဲ႔အတူ သင္ခန္းစာရရွိသြားခဲ့ပါတယ္။

စံခ်ိန္ရသြားတဲ့ ဂိုးသြင္းရွင္ ကစားသမားသုံးဦး
ဒီေန႔မွာ အဖြင့္ဂိုးကို သြင္းယူေပးခဲ့တဲ့ မားကို႔စ္ အလြန္ဆိုဟာ ပရီးမီးယားလိဂ္မွာ ခ်ဲလ္ဆီးအသင္းအတြက္ ဖရီးကစ္ဂိုး ၅၀ ေျမာက္ကို သြင္းယူႏိုင္ခဲ့တဲ့သူ ျဖစ္လာခဲ့ပါတယ္။ ဒုတိယဂိုးရွင္ ပူလီရွစ္ခ်္ကေတာ့ သူ႔ရဲ႕ ခရစၥတယ္လ္ပဲေလ့စ္နဲ႔ ေတြ႕ဆုံတဲ့ ေနာက္ဆုံး ၅ ပြဲမွာ ၅ ဂိုးအထိ သြင္းယူခဲ့တာ ျဖစ္ၿပီး ဒီအေရအတြက္က သူ႔ရဲ႕ ပရီးမီးယားလိဂ္သြင္းဂိုးအားလုံးရဲ႕ ၃၆ ရာခိုင္ႏႈန္းလည္းျဖစ္ခဲ့တာပါ။ တတိယဂိုးရွင္ ခ်ာလိုဘာကေတာ့ ခ်ဲလ္ဆီးအသင္းနဲ႔ ပထမဆုံးပြဲထြက္ခြင့္မွာ ဂိုးသြင္းယူႏိုင္သူေတြထဲမွာ ဒုတိယ အသက္အငယ္ဆုံး ကစားသမားအျဖစ္ အသက္ ၂၂ ႏွစ္နဲ႔ ရက္ ၄၀ အၾကာမွာ မွတ္တမ္းဝင္ခဲ့ၿပီး သူတို႔ေတြက ေလာက္ေလာက္လားလား ေျပာစရာျဖစ္ခဲ့ၾကတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.