Other Leagues Premier League

ေပါ့ဘာကို အစားထိုးဖို႔ အိုင္းယက္စ္ကြင္းလယ္လူကို မန္ခ်က္စတာယူႏုိက္တက္ေစာင့္ၾကည့္ေန

ကၽြမ္းက်င္သူေတြက အသင္းမွာ ဆက္ရွိေနဖို႔ တုိက္တြန္းၿပီး ေျခစြမ္းျပသႏုိင္ဖို႔ ေနရာေျပာင္းလဲခ်ထားမွဳေတြနဲ႔အတူ ကစားသမားသစ္ ဘ႐ူႏုိ ဖာနန္ဒက္စ္နဲ႔ အေကာင္းဆုံးအတြဲအဖက္ျဖစ္လာဖို႔ ေမွ်ာ္လင့္ေနၾကေပမယ့္ မန္ခ်က္စတာယူႏုိက္တက္အသင္းကေတာ့ ေပါလ္ ေပါ့ဘာကို အစားထိုးဖို႔ကစားသမားအျဖစ္ အုိင္းယက္စ္ရဲ႕ ဒြန္နီ ဗန္ဒီဘိခ္ကိုေတာင္ ရွာေဖြသတ္မွတ္ထားၿပီးၿပီလို႔ ဆုိပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ လုပ္ေဆာင္မွဳေတြကေတာ့ ပရိသတ္ေတြ မ်က္စိလည္ခ်င္စရာေတြျဖစ္ေနၿပီး ေငြသုံးႏုိင္ေပမယ့္ အေကာင္းဆုံးနဲ႔ အဓိကက်တဲ့ အရာေတြကို ေရြးခ်ယ္လုပ္ေဆာင္ဖို႔ အားနည္းေနသလိုျဖစ္ေနၿပီး ဒါက အသင္းမွာ အားလုံးကို ခ်ိတ္ဆက္ေပးမယ့္ နည္းစနစ္ဒါ႐ိုက္တာ (သုိ႔မဟုတ္) အားကစားဒါ႐ိုက္တာတစ္ဦး ရွိမေနတာေၾကာင့္လုိ႔လည္း ဆုိႏိုင္ပါတယ္။

အသင္းရဲ႕ေနာက္တန္းမွာ အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြဳိင္းယားကို လိုက္လံတြဲဖက္မယ့္ အဆင့္ျမင့္ကစားသမားတစ္ဦး လုိအပ္ေနခ်ိန္မွာ ခံစစ္သမားေတြ အလုံအေလာက္ရွိေနတာမုိ႔ ထပ္မံေခၚယူေတာ့မွာ မဟုတ္ဘူးလုိ႔ အေရအတြက္ကိုသာ ၾကည့္ခဲ့မွဳက နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားကို စိတ္ပ်က္ေစခဲ့ၿပီး အခုလည္း ေပါ့ဘာကို လုံးဝစြန္႔လႊတ္မယ့္ပုံစံကို ျပသေနတာပါ။

ဗန္ဒီဘိခ္ကို ေခၚယူခဲ့မယ္ဆိုရင္ေတာ့ သူ႕အေနနဲ႔ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ Box to Box ကစားသမားစစ္စစ္ ျဖစ္လာဖို႔ ရွိေနၿပီး ဖရက္ဒ္၊ မက္ေတာ္မီေနးနဲ႔ မာတစ္တုိ႔ကေတာ့ ပြဲထြက္ခြင့္အတြက္ ႐ုန္းကန္ၾကရမွာျဖစ္သလို ဖာနန္ဒက္စ္ကေတာ့ ကြင္းလယ္ရဲ႕ထိပ္ဆုံး၊ တုိက္စစ္မွဴးေနာက္က လုိက္ပါကစားသြားဖို႔ ရွိပါတယ္။

အုိင္းယက္စ္လူငယ္အကယ္ဒမီထြက္ ဗန္ဒီဘိခ္ဟာ အသင္းႀကီးနဲ႔အတူ ၁၇၅ ပြဲ ကစားထားရာမွာ ၄၁ ဂိုးသြင္း ၃၄ ဂိုး ဖန္တီးႏိုင္ခဲ့ၿပီး လက္ရွိ ဥေရာပရဲ႕ အေကာင္းဆုံးကြင္းလယ္လူတစ္ဦးအျဖစ္ စာရင္းဝင္ေနတဲ့ အသက္ ၂၃ ႏွစ္သားကိုေတာ့ ယူႏုိက္တက္ပရိသတ္ေတြက ေပါ့ဘာအလြန္မွာ တစ္ခဲနက္ ႀကဳိဆုိၾကႏုိင္ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ကျွမ်းကျင်သူတွေက အသင်းမှာ ဆက်ရှိနေဖို့ တိုက်တွန်းပြီး ခြေစွမ်းပြသနိုင်ဖို့ နေရာပြောင်းလဲချထားမှုတွေနဲ့အတူ ကစားသမားသစ် ဘရူနို ဖာနန်ဒက်စ်နဲ့ အကောင်းဆုံးအတွဲအဖက်ဖြစ်လာဖို့ မျှော်လင့်နေကြပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းကတော့ ပေါလ် ပေါ့ဘာကို အစားထိုးဖို့ကစားသမားအဖြစ် အိုင်းယက်စ်ရဲ့ ဒွန်နီ ဗန်ဒီဘိခ်ကိုတောင် ရှာဖွေသတ်မှတ်ထားပြီးပြီလို့ ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လုပ်ဆောင်မှုတွေကတော့ ပရိသတ်တွေ မျက်စိလည်ချင်စရာတွေဖြစ်နေပြီး ငွေသုံးနိုင်ပေမယ့် အကောင်းဆုံးနဲ့ အဓိကကျတဲ့ အရာတွေကို ရွေးချယ်လုပ်ဆောင်ဖို့ အားနည်းနေသလိုဖြစ်နေပြီး ဒါက အသင်းမှာ အားလုံးကို ချိတ်ဆက်ပေးမယ့် နည်းစနစ်ဒါရိုက်တာ (သို့မဟုတ်) အားကစားဒါရိုက်တာတစ်ဦး ရှိမနေတာကြောင့်လို့လည်း ဆိုနိုင်ပါတယ်။

အသင်းရဲ့နောက်တန်းမှာ အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားကို လိုက်လံတွဲဖက်မယ့် အဆင့်မြင့်ကစားသမားတစ်ဦး လိုအပ်နေချိန်မှာ ခံစစ်သမားတွေ အလုံအလောက်ရှိနေတာမို့ ထပ်မံခေါ်ယူတော့မှာ မဟုတ်ဘူးလို့ အရေအတွက်ကိုသာ ကြည့်ခဲ့မှုက နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားကို စိတ်ပျက်စေခဲ့ပြီး အခုလည်း ပေါ့ဘာကို လုံးဝစွန့်လွှတ်မယ့်ပုံစံကို ပြသနေတာပါ။

ဗန်ဒီဘိခ်ကို ခေါ်ယူခဲ့မယ်ဆိုရင်တော့ သူ့အနေနဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ Box to Box ကစားသမားစစ်စစ် ဖြစ်လာဖို့ ရှိနေပြီး ဖရက်ဒ်၊ မက်တော်မီနေးနဲ့ မာတစ်တို့ကတော့ ပွဲထွက်ခွင့်အတွက် ရုန်းကန်ကြရမှာဖြစ်သလို ဖာနန်ဒက်စ်ကတော့ ကွင်းလယ်ရဲ့ထိပ်ဆုံး၊ တိုက်စစ်မှူးနောက်က လိုက်ပါကစားသွားဖို့ ရှိပါတယ်။

အိုင်းယက်စ်လူငယ်အကယ်ဒမီထွက် ဗန်ဒီဘိခ်ဟာ အသင်းကြီးနဲ့အတူ ၁၇၅ ပွဲ ကစားထားရာမှာ ၄၁ ဂိုးသွင်း ၃၄ ဂိုး ဖန်တီးနိုင်ခဲ့ပြီး လက်ရှိ ဥရောပရဲ့ အကောင်းဆုံးကွင်းလယ်လူတစ်ဦးအဖြစ် စာရင်းဝင်နေတဲ့ အသက် ၂၃ နှစ်သားကိုတော့ ယူနိုက်တက်ပရိသတ်တွေက ပေါ့ဘာအလွန်မှာ တစ်ခဲနက် ကြိုဆိုကြနိုင်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.