La Liga Premier League Serie A

ေလာ္တာ႐ို မာတီနက္ဇ္အတြက္ သုံးပြင့္ဆုိင္ၿပဳိင္ပြဲဝင္ရမယ့္ ခ်ဲလ္ဆီး

အင္တာမီလန္အသင္းရဲ႕ အာဂ်င္တီးနားတုိက္စစ္မွဴး ေလာ္တာ႐ို မာတီနက္ဇ္ကို ေခၚယူႏုိင္ဖို႔ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေဈးကြက္ထဲမွာ ပရီးမီးယားလိဂ္ၿပဳိင္ဘက္ မန္ခ်က္စတာယူႏုိက္တက္၊ စပိန္အင္အားႀကီး ဘာစီလုိနာအသင္းအတို႔နဲ႔ သုံးပြင့္ဆုိင္ ယွဥ္ၿပဳိင္သြားရဖြယ္ရွိေနပါတယ္။

ဒီအသက္ ၂၂ ႏွစ္အရြယ္ အာဂ်င္တီးနားတုိက္စစ္မွဴးဟာ အင္တာမီလန္အသင္းမွာ အသစ္ေရာက္ရွိလာခဲ့တဲ့ တုိက္စစ္မွဴး ႐ိုမီလူ လူကာကူးနဲ႔ အတြဲအဖက္ညီညီ ေျခစြမ္းျပသေနသူလည္းျဖစ္ၿပီး ဒီရာသီၿပဳိင္ပြဲစုံ ၂၇ ပြဲမွာ ၁၆ ဂိုး သြင္းယူေပးထားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

အာဂ်င္တီးနားကလပ္ ေရးဆင္းအသင္းကေန ေျပာင္းေရႊ႕ေၾကး ယူ႐ို ၂၂.၇ သန္းနဲ႔ ေရာက္ရွိလာခဲ့တဲ့ မာတီနက္ဇ္ဟာ အသင္းကို ေရာက္စျဖစ္တဲ့ ၿပီးခဲ့တဲ့ ရာသီမွာ ေျခစြမ္းသာမန္သာ ရွိခဲ့ေပမယ့္ ဒီရာသီမွာေတာ့ သူ႕ရဲ႕ လ်င္ျမန္သြက္လက္တဲ့ ကစားပုံက အသင္းႀကီးေတြကို မ်က္စိက်ေစႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

အင္တာမီလန္အသင္းရဲ႕ အေနအထားကလည္း အရင္လို သူ႕ဆီကို ကစားသမားေတြ သြားေရာက္ရတဲ့ ထိပ္တန္းအသင္းႀကီးအေျခအေနမွာ မရွိေတာ့ဘဲ သူ႕ရဲ႕အထက္မွာ လာလီဂါနဲ႔ ပရီးမီးယားလိဂ္အသင္းႀကီးေတြက ပိုမိုျမင့္မားတဲ့ ပုံစံရွိေနၿပီမို႔ သူတို႔ရဲ႕ ကစားသမားေခၚယူမွဳနဲ႔ ထိန္းသိမ္းႏုိင္မွဳေတြဟာလည္း ေစာင့္ၾကည့္သူေတြအတြက္ သိသာလာခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းကေတာ့ မာတီနက္ဇ္ကို ကစားသမားအလိုက္ေပးၿပီး ကမ္းလွမ္းသြားမယ္လို႔ သိရၿပီး အင္တာမီလန္က စိတ္ဝင္စားေနတဲ့ အိုလီဗီေယး ဂ်ီ႐ူး၊ အငွားခ်ထားတဲ့ ဗစ္တာ မုိးဆက္စ္တုိ႔ ျဖစ္ႏုိင္သလို ဘာစီလိုနာကေတာ့ လီယြန္နယ္ မက္ဆီနဲ႔ တြဲဖက္ကစားဖို႔ ေခၚယူမွာျဖစ္လို႔ က်န္တဲ့ မန္ခ်က္စတာ ယူႏုိက္တက္အသင္းကေရာ ဘယ္လိုလုပ္ေဆာင္သြားမလဲဆိုတာ စိတ္ဝင္စားစရာလည္းျဖစ္ေနေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: အင်တာမီလန်အသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ကို ခေါ်ယူနိုင်ဖို့ ချဲလ်ဆီးအသင်းအနေနဲ့ ဈေးကွက်ထဲမှာ ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်၊ စပိန်အင်အားကြီး ဘာစီလိုနာအသင်းအတို့နဲ့ သုံးပွင့်ဆိုင် ယှဉ်ပြိုင်သွားရဖွယ်ရှိနေပါတယ်။

ဒီအသက် ၂၂ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးဟာ အင်တာမီလန်အသင်းမှာ အသစ်ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူးနဲ့ အတွဲအဖက်ညီညီ ခြေစွမ်းပြသနေသူလည်းဖြစ်ပြီး ဒီရာသီပြိုင်ပွဲစုံ ၂၇ ပွဲမှာ ၁၆ ဂိုး သွင်းယူပေးထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အာဂျင်တီးနားကလပ် ရေးဆင်းအသင်းကနေ ပြောင်းရွှေ့ကြေး ယူရို ၂၂.၇ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ မာတီနက်ဇ်ဟာ အသင်းကို ရောက်စဖြစ်တဲ့ ပြီးခဲ့တဲ့ ရာသီမှာ ခြေစွမ်းသာမန်သာ ရှိခဲ့ပေမယ့် ဒီရာသီမှာတော့ သူ့ရဲ့ လျင်မြန်သွက်လက်တဲ့ ကစားပုံက အသင်းကြီးတွေကို မျက်စိကျစေနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အင်တာမီလန်အသင်းရဲ့ အနေအထားကလည်း အရင်လို သူ့ဆီကို ကစားသမားတွေ သွားရောက်ရတဲ့ ထိပ်တန်းအသင်းကြီးအခြေအနေမှာ မရှိတော့ဘဲ သူ့ရဲ့အထက်မှာ လာလီဂါနဲ့ ပရီးမီးယားလိဂ်အသင်းကြီးတွေက ပိုမိုမြင့်မားတဲ့ ပုံစံရှိနေပြီမို့ သူတို့ရဲ့ ကစားသမားခေါ်ယူမှုနဲ့ ထိန်းသိမ်းနိုင်မှုတွေဟာလည်း စောင့်ကြည့်သူတွေအတွက် သိသာလာခဲ့ပါတယ်။

ချဲလ်ဆီးအသင်းကတော့ မာတီနက်ဇ်ကို ကစားသမားအလိုက်ပေးပြီး ကမ်းလှမ်းသွားမယ်လို့ သိရပြီး အင်တာမီလန်က စိတ်ဝင်စားနေတဲ့ အိုလီဗီယေး ဂျီရူး၊ အငှားချထားတဲ့ ဗစ်တာ မိုးဆက်စ်တို့ ဖြစ်နိုင်သလို ဘာစီလိုနာကတော့ လီယွန်နယ် မက်ဆီနဲ့ တွဲဖက်ကစားဖို့ ခေါ်ယူမှာဖြစ်လို့ ကျန်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကရော ဘယ်လိုလုပ်ဆောင်သွားမလဲဆိုတာ စိတ်ဝင်စားစရာလည်းဖြစ်နေကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.