Match Report Premier League

စလယ်ဆုံး သုံးလုံးပေါင်း မိုးအလင်းကတဲ့ ဇာတ်မင်းသားလေး ဆာလားရဲ့ နိုင်ပွဲနဲ့ လီဗာပူးလ်

ဒီနေ့မှာတော့ လီဗာပူးလ်အသင်းအနေနဲ့ အသင်းအတွက် ဝမ်းသာစရာကောင်းတဲ့ အပေါင်းလက္ခဏာတွေနဲ့အတူ နိုင်ပွဲတစ်ပွဲကို ဖော်ဆောင်နိုင်ခဲ့ပြီး နော့ဝစ်ချ်စီးတီးအသင်းကို အဝေးကွင်းမှာ သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ သူမပါရင် မပြီးတဲ့ အီဂျစ်တိုက်စစ်မှူး ဆာလားရဲ့ ခြေစွမ်းပြမှုတွေနဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ တတိယနေရာကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။

နောက်ခံလူ ဗန်ဒိုက်ရဲ့ ကြံ့ခိုင်မှုအပြည့်နဲ့ နောက်တန်းမှာ မားမားမတ်မတ်ရပ်ခဲ့တာနဲ့ မနှစ်က ညှောင်နာနာရုပ်နဲ့မို့ ဘယ်သူမှ အထင်မကြီးခဲ့တဲ့ ဘယ်နောက်ခံလူ ဆီမီကတ်စ်ရဲ့ အန်ဒီ ရောဘတ်ဆန် မပါနိုင်ချိန်မှာ လောက်လောက်လားလား ဖြည့်ဆည်းနိုင်ခဲ့တာတွေက အသင်းအတွက် ဝမ်းသာစရာ အချက်တွေပဲဖြစ်ပြီး ပုံမှန်ခြေ ပြန်ရနေတဲ့ ဆာလားကတော့ ကိတ်မုန့်ကြီးပေါ်က ချယ်ရီသီးလေးဖြစ်ခဲ့ပါတယ်။

ဘရာဇီးလ်ကစားသမားနှစ်ဦးဖြစ်တဲ့ ကွင်းလယ်လူ ဖာဘင်ညိုနဲ့ တိုက်စစ်မှူး ဖာမီနိုတို့ကို အနားပေးထားခဲ့တာကြောင့် ကွင်းလယ်ကို မီလ်နာ၊ ကီးတားနဲ့ ချိမ်ဘာလိန်တို့ သုံးယောက်တွဲနဲ့ စတင်ခဲ့ရပြီး ဘောလုံးဖြန့်ဝေမှုတွေမှာတော့ အသင်းခေါင်းဆောင် ဟန်ဒါဆန်လောက် မကောင်းခဲ့ပေမယ့် လက်ခံနိုင်တဲ့ ပုံစံကို ပြသနိုင်ခဲ့ကြတာပါ။

ပွဲချိန် ၁၁ မိနစ်မှာ ဆီမီကတ်စ်ရဲ့ ကော်နာကနေ ကီးတား ပြန်တင်ပေးတာကို ဂျိုတာရဲ့ ခေါင်းတိုက်ချက်က ဂိုးဘားပေါ်ကနေ ကျော်သွားခဲ့ပြီး နော့ဝစ်ချ်တို့ရဲ့ တိုက်စစ်ကနေ လီဗာပူးလ် လူကျွံထောင်ချောက်ကို ဖြတ်ထွက်သွားတဲ့ ပုကီရဲ့ ကန်ချက်ကိုတော့ အယ်လစ်ဆန်က ထောင့်ပိတ်ပြီး ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၂၆ မိနစ်မှာတော့ ကားရိုးလမ်းရဲ့ ဂိုးပေါက်ကို လီဗာပူးလ်တို့ စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ညာခြမ်းကနေ အလက်ဇန်းဒါး-အာနိုးလ်ဒ်က ချိုးပေးတာကို ဆာလား ဖမ်းထိန်းရာကနေ ထွက်လာခဲ့တဲ့ ဘောလုံးကို ဒီယိုဂို ဂျိုတာက မနားတမ်း ကန်သွင်းပြီး ဂိုးသမား ကရူးလ်ကို အနိုင်ယူသွားခဲ့တာ ဖြစ်ပါတယ်။

ပထမပိုင်းမှာ ဒီတစ်ဂိုးတည်းနဲ့ပဲ လီဗာပူးလ်တို့ ကျေနပ်ခဲ့ရပြီး ဆီမီကတ်စ်ကတော့ ခံစစ်ပိုင်းမှာ ရောဘတ်ဆန်လောက် မထက်မြက်ပေမယ့် တိုက်စစ်နဲ့ တည်ကန်ဘောတွေမှာတော့ အားကိုးရတဲ့ ပုံစံကို ပြသနိုင်ခဲ့ပြီး ဘယ်ခြမ်းကနေ ထောက်ပံ့မှုတချို့ကိုလည်း ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ နော့ဝစ်ချ်တို့ တိုက်စစ်ဆင်မှုတွေကို ဗန်ဒိုက်နဲ့ မာတစ်တို့အတွဲက အကောင်းဆုံး ထိန်းချုပ်သွားနိုင်ခဲ့ပြီး ပွဲချိန် ၆၁ မိနစ်မှာတော့ ဒီပွဲရဲ့ အလှည့်အပြောင်းဖြစ်ခဲ့တဲ့ လူစားလဲမှုအဖြစ် ဖာဘင်ညိုနဲ့ ဖာမီနိုတို့ကို ချိမ်ဘာလိန်နဲ့ ဂျိုတာတို့အစား လီဗာပူးလ်နည်းပြ ကလော့ပ်က ထည့်သွင်းခဲ့ပါတယ်။

၄ မိနစ်အကြာမှာတော့ ဒီအပြောင်းအလဲက အလုပ်ဖြစ်ခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ဖာမီနို ဆွဲယူလာပြီး ဘယ်ခြမ်းကနေ အတွင်းမှာ ရှိနေတဲ့ မာနေးကို ချိုးပေးရာမှာ ဆီနီဂေါသားရဲ့ ကန်ချက် လူထိထွက်ခဲ့တာကို ဆာလားက ပြန်လည်ရယူပြီး ဂိုးရှေ့ ချိုးပေးခဲ့ရာမှာ လူစားဝင် ဘရာဇီးလ်တိုက်စစ်မှူးက အမှားအယွင်းမရှိ အဆုံးသတ်သွားနိုင်ခဲ့လို့ ပွဲချိန် ၆၅ မိနစ်မှာ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာတော့ ရှေ့က နှစ်ဂိုးစလုံးကို ဖန်တီးပေးထားနိုင်ခဲ့တဲ့ ဆာလားက သူ့ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဆီမီကတ်စ်ရဲ့ ဘယ်ထောင့်ကန်ဘောကနေ ဂစ်ဘ်ဆန်ရဲ့ ခေါင်းတိုက်ရှင်းထုတ်မှုက ရှေ့တည့်တည့်ကျလာခဲ့တာကို အီဂျစ်သားက ဘယ်ခြေနဲ့ အပိုင်ကန်ပြီး အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ နော့ဝစ်ချ်တို့ရဲ့ ထိုးဖောက်မှုတွေကို ဗန်ဒိုက်နဲ့ အယ်လစ်ဆန်တို့ ဦးဆောင်တဲ့ ခံစစ်က ကြံ့ကြံ့ခံ ကာကွယ်သွားနိုင်ခဲ့ပြီး ပွဲချိန်အပြည့်မှာတော့ ရှေ့က ချဲလ်ဆီးနဲ့ တူညီတဲ့ ရလဒ်ဖြစ်တဲ့ သုံးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့သလို ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ တတိယနေရာအထိ တက်လှမ်းလာနိုင်ခဲ့ပါကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီနေ့မှာတော့ လီဗာပူးလ်အသင်းအနေနဲ့ အသင်းအတွက် ဝမ်းသာစရာကောင်းတဲ့ အပေါင်းလက္ခဏာတွေနဲ့အတူ နိုင်ပွဲတစ်ပွဲကို ဖော်ဆောင်နိုင်ခဲ့ပြီး နော့ဝစ်ခ်ျစီးတီးအသင်းကို အဝေးကွင်းမှာ သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ သူမပါရင် မပြီးတဲ့ အီဂျစ်တိုက်စစ်မှူး ဆာလားရဲ့ ခြေစွမ်းပြမှုတွေနဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ တတိယနေရာကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။



ပွဲချိန် ၁၁ မိနစ်မှာ ဆီမီကတ်စ်ရဲ့ ကော်နာကနေ ကီးတား ပြန်တင်ပေးတာကို ဂျိုတာရဲ့ ခေါင်းတိုက်ချက်က ဂိုးဘားပေါ်ကနေ ကျော်သွားခဲ့ပြီး နော့ဝစ်ခ်ျတို့ရဲ့ တိုက်စစ်ကနေ လီဗာပူးလ် လူကျွံထောင်ချောက်ကို ဖြတ်ထွက်သွားတဲ့ ပုကီရဲ့ ကန်ချက်ကိုတော့ အယ်လစ်ဆန်က ထောင့်ပိတ်ပြီး ကာကွယ်သွားနိုင်ခဲ့ပါတယ်။



ဒုတိယပိုင်းမှာတော့ နော့ဝစ်ခ်ျတို့ တိုက်စစ်ဆင်မှုတွေကို ဗန်ဒိုက်နဲ့ မာတစ်တို့အတွဲက အကောင်းဆုံး ထိန်းချုပ်သွားနိုင်ခဲ့ပြီး ပွဲချိန် ၆၁ မိနစ်မှာတော့ ဒီပွဲရဲ့ အလှည့်အပြောင်းဖြစ်ခဲ့တဲ့ လူစားလဲမှုအဖြစ် ဖာဘင်ညိုနဲ့ ဖာမီနိုတို့ကို ချိမ်ဘာလိန်နဲ့ ဂျိုတာတို့အစား လီဗာပူးလ်နည်းပြ ကလော့ပ်က ထည့်သွင်းခဲ့ပါတယ်။

၎ မိနစ်အကြာမှာတော့ ဒီအပြောင်းအလဲက အလုပ်ဖြစ်ခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ဖာမီနို ဆွဲယူလာပြီး ဘယ်ခြမ်းကနေ အတွင်းမှာ ရှိနေတဲ့ မာနေးကို ချိုးပေးရာမှာ ဆီနီဂေါသားရဲ့ ကန်ချက် လူထိထွက်ခဲ့တာကို ဆာလားက ပြန်လည်ရယူပြီး ဂိုးရှေ့ ချိုးပေးခဲ့ရာမှာ လူစားဝင် ဘရာဇီးလ်တိုက်စစ်မှူးက အမှားအယွင်းမရှိ အဆုံးသတ်သွားနိုင်ခဲ့လို့ ပွဲချိန် ၆၅ မိနစ်မှာ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။


ဒီနောက်ပိုင်းမှာတော့ နော့ဝစ်ခ်ျတို့ရဲ့ ထိုးဖောက်မှုတွေကို ဗန်ဒိုက်နဲ့ အယ်လစ်ဆန်တို့ ဦးဆောင်တဲ့ ခံစစ်က ကြံ့ကြံ့ခံ ကာကွယ်သွားနိုင်ခဲ့ပြီး ပွဲချိန်အပြည့်မှာတော့ ရှေ့က ချဲလ်ဆီးနဲ့ တူညီတဲ့ ရလဒ်ဖြစ်တဲ့ သုံးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့သလို ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ တတိယနေရာအထိ တက်လှမ်းလာနိုင်ခဲ့ပါကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.