Match Report Premier League

တီမို ဗာနာ ဂိုးမသွင်းပေမယ့် ပြတ်သားတဲ့ နိုင်ပွဲကို ရှာဖွေနိုင်ခဲ့တဲ့ တူဟယ်လ်ရဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ နည်းပြသစ် ပက်ထရစ် ဗီယာရာရဲ့ ခရစ္စတယ်လ်ပဲလေ့စ်ကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရပြီး သီယာဂို ဆေးလ်ဗား မပါဝင်နိုင်သေးတဲ့ နောက်တန်းမှာ သူတို့ရဲ့ လူငယ် ခြေတက် ချာလိုဘာကို ခရစ္စတင်ဆန်၊ ရူဒီဂါတို့နဲ့တွဲပြီး ဆက်လက်သုံးစွဲခဲ့သလို အသင်းခေါင်းဆောင် အက်ဇ်ပီလီကွေတာကတော့ ညာနောက်ခံမှာ ပါဝင်လာခဲ့ပြီး ဘယ်ခြမ်းမှာတော့ မားကို့စ် အလွန်ဆိုကို ထုတ်သုံးခဲ့ပါတယ်။

ကွင်းလယ်မှာ အန်ဂိုလို ကွန်တေကို အနားပေးထားခဲ့ပြီး ဂျော်ဂျင်ညိုနဲ့ ကိုဗာချစ်တို့ကို အထိုင်ထားခဲ့သလို ရှေ့မှာတော့ တီမို ဗာနာကို ပူလီရှစ်ချ်၊ မေဆန်မောင့်တို့နဲ့ ရံကစားခဲ့တဲ့ ချဲလ်ဆီးတိုက်စစ်က အရမ်းကြီးတော့ မကောင်းခဲ့ပေမယ့် ပဲလေ့စ်ရဲ့ ခံစစ်ကတော့ သူတို့ရဲ့ ပြိုင်ဘက် မဟုတ်ခဲ့တာကြောင့် အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ သက်တောင့်သက်သာပဲ ကစားသွားနိုင်ခဲ့တာပါ။

တောင်ပံသမားတွေဖြစ်ကြတဲ့ ရှလုနဲ့ ရီးဒဗောလ်ကို ကွင်းလယ်မှာ မက်ခါသာနဲ့ အတူသုံးခဲ့တဲ့ ဗီယာရာကတော့ အာဆင်ဝင်းဂါးရဲ့ အမူအကျင့်ကို ဆက်ခံရရှိခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး ကွင်းလယ်သမားစစ်စစ်တွေရဲ့ အမြင်မရှိတဲ့သူနှစ်ဦးက ချဲလ်ဆီးနဲ့ ယှဉ်ရာမှာ တစ်ဆင့်မက နိမ့်ပါးနေခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၁၄ မိနစ်မှာ မေဆန်မောင့်ရဲ့ ဖရီးကစ်ကို ဂိုးသမား ဂွိုင်တာ ပုတ်ထုတ်ခဲ့ရသလို တီမို ဗာနာကတော့ လွဲလွဲလေးလည်း ကောင်းပါတယ်ပဲ ဖြစ်နေခဲ့တာကြောင့် ဂိုးနဲ့ ဝေးနေခဲ့ပြီး ပွဲချိန် ၂၆ မိနစ်မှာမှ ပဲလေ့စ်ဂိုးဧရိယာထိပ် ညာဘက်ခြမ်းမှာ ရတဲ့ ဖရီးကစ်ကို မားကို့စ် အလွန်ဆိုက တိုက်ရိုက် ကန်သွင်းပြီး ချဲလ်ဆီးတို့အတွက် အဖွင့်ဂိုး ရယူနိုင်ခဲ့တာပါ။

ပွဲချိန် မိနစ် ၄၀ မှာတော့ မေဆန်မောင့်ရဲ့ ဖြတ်တင်ဘောကို တီမို ဗာနာ ပိတ်ဖို့ ကြိုးစားတာကို လှဲချကာကွယ်ခဲ့တဲ့ ဂိုးသမား ဂွိုင်တာဆီက ဖမ်းမမိဘဲ ပြန်ထွက်လာတဲ့ ဘောလုံးကို နောက်က လိုက်ပါလာတဲ့ ပူလီရှစ်ချ်က အနီးကပ် ကန်သွင်းပြီး ချဲလ်ဆီးတို့ကို ဒုတိယဂိုး ရယူပေးခဲ့လို့ ဦးဆောင်မှုက ပြတ်သားလာခဲ့ပါတယ်။

ဖြတ်တင်ဘောတွေကို ပိတ်သွင်းဖို့ ကြိုးစားရာမှာ တီမို ဗာနာဟာ တစ်ဆင့်နိမ့်နေသေးတာကို တွေ့မြင်ရပြီး ဂိုးရှေ့က အန္တရာယ်အများဆုံး နေရာမျိုးတွေမှာ ရှိမနေသလို သူ့ရဲ့ အဆုံးသတ်ပုံတွေကလည်း ထက်မြက်မှု မရှိတာကြောင့် ပထမပိုင်းမှာ အိမ်ရှင်တွေ နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ အနိုင်ယူနိုင်ခဲ့တာပါ။

ဒုတိယပိုင်းအစမှာရတဲ့ ဖရီးကစ်ကိုတော့ အလွန်ဆိုက ဖြုန်းတီးပစ်ခဲ့ပြီး ရှားရှားပါးပါးရတဲ့ ဇာဟာရဲ့ အခွင့်အရေးကိုတော့ ရူဒီဂါနဲ့အဖွဲ့က ပိတ်ဆို့သွားနိုင်ခဲ့သလို ပွဲချိန် ၅၈ မိနစ်မှာတော့ လက်ပစ်ဘောကနေ အပေးအယူလုပ်ပြီး ရလာတဲ့ ဘောလုံးကို နောက်ခံလူ ချာလိုဘာက အနိမ့်ဘော ထောင့်ဖြတ်ကန်သွင်းခဲ့ရာမှာ ပဲလေ့စ်ဂိုးသမားနဲ့ နောက်တန်းတွေ မကာကွယ်နိုင်ခဲ့ဘဲ ချဲလ်ဆီးတို့ တတိယဂိုး ရရှိခဲ့ပါတယ်။

ပဲလေ့စ်တို့ကတော့ ဒီပွဲအတွက် နည်းစနစ်ပိုင်းရော ဗျူဟာပိုင်းပါ မှန်ကန်တဲ့ ရွေးချယ်မှုမျိုး မလုပ်နိုင်ခဲ့ဘဲ နည်းပြ ဗီယာရာအနေနဲ့တော့ သူ့လူတွေ ပွဲကြီးတွေမျိုးမှာ ဘယ်လိုမျိုး တုံ့ပြန်တယ်ဆိုတာကို ကောင်းကောင်းသိသွားနိုင်ခဲ့သလို ပွဲထွက်ပါဝင်မလာခဲ့တဲ့ ဘန်တီကီ၊ အန်ဒါဆန်တို့လို ကစားသမားတွေကို နောက်မှ လိုက်ထည့်ခဲ့ပေမယ့်လည်း ဟိုမရောက် ဒီမရောက်ပဲဖြစ်ခဲ့ရတာပါ။

ဒီနောက်ပိုင်းမှာတော့ အက်ဇ်ပီလီကွေတာအစား ရီးစ်ဂျိမ်းစ်၊ ပူလီရှစ်ချ်အစား ဟာဗတ်ဇ်၊ အလွန်ဆိုအစား အီမာဆန်တို့ လူစားဝင်ကစားခဲ့ပြီး တီမို ဗာနာကို တိုက်စစ်မှာ ဆက်ထားခဲ့ပေမယ့် ဂျာမန်သားအနေနဲ့ နေရာယူပုံအလွဲတွေနဲ့ပဲ ပျော်မွေ့နေတဲ့အတွက် ဘာမှ ထူးမလာတော့ဘဲ ချဲလ်ဆီးတို့ ဒီရလဒ်အတိုင်း ကျေနပ်ခဲ့ရသလို ပွဲချိန်အပြည့်မှာ သုံးဂိုး-ဂိုးမရှိနဲ့ အမှားအယွင်းမရှိ အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။

ချဲလ်ဆီးပရိသတ်တွေအနေနဲ့တော့ ဒီနေ့ရလဒ်အတွက် ကျေနပ်စရာဖြစ်ခဲ့ပေမယ့် တိုက်စစ်နဲ့ ဧရိယာထဲက အဆုံးသတ်တွေအတွက်တော့ ဒီထက် ပိုကောင်းဖို့ မျှော်လင့်နေကြဦးမှာဖြစ်ပြီး နည်းပြ တူဟယ်လ်အနေနဲ့ တိုက်စစ်မှူးသစ် လူကာကူးနဲ့အတူ လာမယ့်ပွဲတွေမှာ ပြင်ဆင်နိုင်ဖို့ လုပ်ဆောင်ရဦးမှာဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ နည္းျပသစ္ ပက္ထရစ္ ဗီယာရာရဲ႕ ခရစၥတယ္လ္ပဲေလ့စ္ကို အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့ရၿပီး သီယာဂို ေဆးလ္ဗား မပါဝင္ႏိုင္ေသးတဲ့ ေနာက္တန္းမွာ သူတို႔ရဲ႕ လူငယ္ ေျခတက္ ခ်ာလိုဘာကို ခရစၥတင္ဆန္၊ ႐ူဒီဂါတို႔နဲ႔တြဲၿပီး ဆက္လက္သုံးစြဲခဲ့သလို အသင္းေခါင္းေဆာင္ အက္ဇ္ပီလီေကြတာကေတာ့ ညာေနာက္ခံမွာ ပါဝင္လာခဲ့ၿပီး ဘယ္ျခမ္းမွာေတာ့ မားကို႔စ္ အလြန္ဆိုကို ထုတ္သုံးခဲ့ပါတယ္။

ကြင္းလယ္မွာ အန္ဂိုလို ကြန္ေတကို အနားေပးထားခဲ့ၿပီး ေဂ်ာ္ဂ်င္ညိဳနဲ႔ ကိုဗာခ်စ္တို႔ကို အထိုင္ထားခဲ့သလို ေရွ႕မွာေတာ့ တီမို ဗာနာကို ပူလီရွစ္ခ်္၊ ေမဆန္ေမာင့္တို႔နဲ႔ ရံကစားခဲ့တဲ့ ခ်ဲလ္ဆီးတိုက္စစ္က အရမ္းႀကီးေတာ့ မေကာင္းခဲ့ေပမယ့္ ပဲေလ့စ္ရဲ႕ ခံစစ္ကေတာ့ သူတို႔ရဲ႕ ၿပိဳင္ဘက္ မဟုတ္ခဲ့တာေၾကာင့္ အိမ္ကြင္း စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ သက္ေတာင့္သက္သာပဲ ကစားသြားႏိုင္ခဲ့တာပါ။

ေတာင္ပံသမားေတြျဖစ္ၾကတဲ့ ရွလုနဲ႔ ရီးဒေဗာလ္ကို ကြင္းလယ္မွာ မက္ခါသာနဲ႔ အတူသုံးခဲ့တဲ့ ဗီယာရာကေတာ့ အာဆင္ဝင္းဂါးရဲ႕ အမူအက်င့္ကို ဆက္ခံရရွိခဲ့တယ္လို႔ ဆိုရမွာျဖစ္ၿပီး ကြင္းလယ္သမားစစ္စစ္ေတြရဲ႕ အျမင္မရွိတဲ့သူႏွစ္ဦးက ခ်ဲလ္ဆီးနဲ႔ ယွဥ္ရာမွာ တစ္ဆင့္မက နိမ့္ပါးေနခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၄ မိနစ္မွာ ေမဆန္ေမာင့္ရဲ႕ ဖရီးကစ္ကို ဂိုးသမား ဂြိဳင္တာ ပုတ္ထုတ္ခဲ့ရသလို တီမို ဗာနာကေတာ့ လြဲလြဲေလးလည္း ေကာင္းပါတယ္ပဲ ျဖစ္ေနခဲ့တာေၾကာင့္ ဂိုးနဲ႔ ေဝးေနခဲ့ၿပီး ပြဲခ်ိန္ ၂၆ မိနစ္မွာမွ ပဲေလ့စ္ဂိုးဧရိယာထိပ္ ညာဘက္ျခမ္းမွာ ရတဲ့ ဖရီးကစ္ကို မားကို႔စ္ အလြန္ဆိုက တိုက္႐ိုက္ ကန္သြင္းၿပီး ခ်ဲလ္ဆီးတို႔အတြက္ အဖြင့္ဂိုး ရယူႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၄၀ မွာေတာ့ ေမဆန္ေမာင့္ရဲ႕ ျဖတ္တင္ေဘာကို တီမို ဗာနာ ပိတ္ဖို႔ ႀကိဳးစားတာကို လွဲခ်ကာကြယ္ခဲ့တဲ့ ဂိုးသမား ဂြိဳင္တာဆီက ဖမ္းမမိဘဲ ျပန္ထြက္လာတဲ့ ေဘာလုံးကို ေနာက္က လိုက္ပါလာတဲ့ ပူလီရွစ္ခ်္က အနီးကပ္ ကန္သြင္းၿပီး ခ်ဲလ္ဆီးတို႔ကို ဒုတိယဂိုး ရယူေပးခဲ့လို႔ ဦးေဆာင္မႈက ျပတ္သားလာခဲ့ပါတယ္။

ျဖတ္တင္ေဘာေတြကို ပိတ္သြင္းဖို႔ ႀကိဳးစားရာမွာ တီမို ဗာနာဟာ တစ္ဆင့္နိမ့္ေနေသးတာကို ေတြ႕ျမင္ရၿပီး ဂိုးေရွ႕က အႏၲရာယ္အမ်ားဆုံး ေနရာမ်ိဳးေတြမွာ ရွိမေနသလို သူ႔ရဲ႕ အဆုံးသတ္ပုံေတြကလည္း ထက္ျမက္မႈ မရွိတာေၾကာင့္ ပထမပိုင္းမွာ အိမ္ရွင္ေတြ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ပဲ အႏိုင္ယူႏိုင္ခဲ့တာပါ။

ဒုတိယပိုင္းအစမွာရတဲ့ ဖရီးကစ္ကိုေတာ့ အလြန္ဆိုက ျဖဳန္းတီးပစ္ခဲ့ၿပီး ရွားရွားပါးပါးရတဲ့ ဇာဟာရဲ႕ အခြင့္အေရးကိုေတာ့ ႐ူဒီဂါနဲ႔အဖြဲ႕က ပိတ္ဆို႔သြားႏိုင္ခဲ့သလို ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ လက္ပစ္ေဘာကေန အေပးအယူလုပ္ၿပီး ရလာတဲ့ ေဘာလုံးကို ေနာက္ခံလူ ခ်ာလိုဘာက အနိမ့္ေဘာ ေထာင့္ျဖတ္ကန္သြင္းခဲ့ရာမွာ ပဲေလ့စ္ဂိုးသမားနဲ႔ ေနာက္တန္းေတြ မကာကြယ္ႏိုင္ခဲ့ဘဲ ခ်ဲလ္ဆီးတို႔ တတိယဂိုး ရရွိခဲ့ပါတယ္။

ပဲေလ့စ္တို႔ကေတာ့ ဒီပြဲအတြက္ နည္းစနစ္ပိုင္းေရာ ဗ်ဴဟာပိုင္းပါ မွန္ကန္တဲ့ ေ႐ြးခ်ယ္မႈမ်ိဳး မလုပ္ႏိုင္ခဲ့ဘဲ နည္းျပ ဗီယာရာအေနနဲ႔ေတာ့ သူ႔လူေတြ ပြဲႀကီးေတြမ်ိဳးမွာ ဘယ္လိုမ်ိဳး တုံ႔ျပန္တယ္ဆိုတာကို ေကာင္းေကာင္းသိသြားႏိုင္ခဲ့သလို ပြဲထြက္ပါဝင္မလာခဲ့တဲ့ ဘန္တီကီ၊ အန္ဒါဆန္တို႔လို ကစားသမားေတြကို ေနာက္မွ လိုက္ထည့္ခဲ့ေပမယ့္လည္း ဟိုမေရာက္ ဒီမေရာက္ပဲျဖစ္ခဲ့ရတာပါ။

ဒီေနာက္ပိုင္းမွာေတာ့ အက္ဇ္ပီလီေကြတာအစား ရီးစ္ဂ်ိမ္းစ္၊ ပူလီရွစ္ခ်္အစား ဟာဗတ္ဇ္၊ အလြန္ဆိုအစား အီမာဆန္တို႔ လူစားဝင္ကစားခဲ့ၿပီး တီမို ဗာနာကို တိုက္စစ္မွာ ဆက္ထားခဲ့ေပမယ့္ ဂ်ာမန္သားအေနနဲ႔ ေနရာယူပုံအလြဲေတြနဲ႔ပဲ ေပ်ာ္ေမြ႕ေနတဲ့အတြက္ ဘာမွ ထူးမလာေတာ့ဘဲ ခ်ဲလ္ဆီးတို႔ ဒီရလဒ္အတိုင္း ေက်နပ္ခဲ့ရသလို ပြဲခ်ိန္အျပည့္မွာ သုံးဂိုး-ဂိုးမရွိနဲ႔ အမွားအယြင္းမရွိ ေအာင္ပြဲခံႏိုင္ခဲ့ၾကပါတယ္။

ခ်ဲလ္ဆီးပရိသတ္ေတြအေနနဲ႔ေတာ့ ဒီေန႔ရလဒ္အတြက္ ေက်နပ္စရာျဖစ္ခဲ့ေပမယ့္ တိုက္စစ္နဲ႔ ဧရိယာထဲက အဆုံးသတ္ေတြအတြက္ေတာ့ ဒီထက္ ပိုေကာင္းဖို႔ ေမွ်ာ္လင့္ေနၾကဦးမွာျဖစ္ၿပီး နည္းျပ တူဟယ္လ္အေနနဲ႔ တိုက္စစ္မႉးသစ္ လူကာကူးနဲ႔အတူ လာမယ့္ပြဲေတြမွာ ျပင္ဆင္ႏိုင္ဖို႔ လုပ္ေဆာင္ရဦးမွာျဖစ္ေၾကာင္း သုံးသပ္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.