Bundesliga Premier League Transfer News

မန်ချက်စတာယူနိုက်တက်မှာ ဟားလန်း လာကစားသင့်တဲ့ ခိုင်လုံတဲ့ အချက် ၅ ချက်

ဒီနွေစျေးကွက်မှာ အပြောင်းအရွှေ့ဖြစ်ဖို့ အရမ်းဟော့ခဲ့ပေမယ့် ဒေါ့မွန်မှာပဲ ပျော်ရွှင်နေပါတယ်ဆိုတဲ့ တိုက်စစ် အာလင်း ဟားလန်းကို နောက်နှစ်နွေမှာတော့ စာချုပ်လျော်ကြေး ယူရို ၇၅ သန်းနဲ့ ခေါ်ယူနိုင်ကြတော့မှာပါ။ မန်ချက်စတာယူနိုက်တက်အသင်းဟာ သူ့ကို မခေါ်ယူခင်မှာ ကာဗာနီကို တနှစ်ဆက်ထိန်းထားတာကို တွေ့ရပြီး လာမယ့်နောက်တစ်နှစ် နွေရာသီမှာတော့ အိုးထရက်ဖို့ဒ်မှာ ဟားလန်း လာကစားသင့်ပြီး သရဲနီတို့ကလည်း အပြောင်းအရွှေ့အောင်မြင်နိုင်ဖွယ်ရှိနေတဲ့ အကျိုးအကြောင်းခိုင်လုံတဲ့ အချက် ၅ ချက်ကို မျှဝေပေးချင်ပါတယ်။

နည်းပြ ဆိုးလ်ရှားနဲ့ ဆက်ဆံရေးခိုင်မာမှု
ယူနိုက်တက်နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားရဲ့ မိုလ်ဒီအသင်းက တပည့်ဟောင်းဖြစ်ခဲ့ဖူးပြီး နော်ဝေတိုက်စစ်မှူးကို အသက် ၁၆ နှစ်သားအရွယ်ကတည်းက ခေါ်ယူထားခဲ့ဖူးလို့ သူတို့နှစ်ဦးကြားမှာ ယုံကြည်ချက်ခိုင်မာတဲ့ ဆက်ဆံရေးကောင်းရှိနေပြီး ဆိုးလ်ရှားဟာ သူ့ကို အရာရာ သင်ကြားပြသပေးခဲ့သလို နည်းပြတယောက်အနေနဲ့ရော လေ့ကျင့်ရေးဆရာတယောက်အနေနဲ့ပါ လမ်းညွှန်ပေးခဲ့ဖူးလို့ ဘဝမှာ တန်ဖိုးကြီးတဲ့ပုဂ္ဂိုလ်တဦးပါလို့ ဟားလန်းက ဖွင့်ဟထားခဲ့ဖူးပါတယ်။

နောက်ရာသီမှာ လီဗာပူးလ်တသင်းနဲ့ပဲ အပြိုင်လုရမယ်
ချယ်လ်ဆီးအသင်းက ရိုမီလူ လူကာကူးကို သန်း ၁၀၀ နီးပါးနဲ့ ဝယ်ထားပြီးဖြစ်သလို မန်စီးတီးက ဟာရီကိန်းကို ပိုမျက်စိကျနေတာပါ။ ဘိုင်ယန်မြူးနစ်ကို ရောဘတ် လီဗန်ဒေါ့ဗ်စကီးစွန့်ခွာဖို့ အဝေးကြီးလိုသေးသလို PSG အသင်းမှာလည်း MNM တိုက်စစ်ကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်က ဘာနေဗျူးကို အိပ်မက်မက်နေတဲ့ ခီလီယန် အမ်ဘာပေကိုသာ အဓိကပစ်မှတ်ထားနေချိန်မှာ ဘာစီလိုနာအသင်းကလည်း ဘဏ္ဍာရေးအခြေအနေအရ ချွတ်ခြုံကျနေလို့ လာမယ့်ရာသီမှာ ယူရို ၇၅ သန်းနဲ့ ဟားလန်းကို ခေါ်ယူဖို့ဆိုရင် ယူနိုက်တက်အနေနဲ့ အသင်းကြီးတွေထဲက မိုဟာမက် ဆာလားနေရာ အစားထိုးဖို့ရှိနေတဲ့ လီဗာပူးလ်တသင်းကိုပဲ ယှဥ်ဖိုက်သွားရမှာပါ။

ဘော်ဒါ ဆန်ချိုနဲ့ ပြန်လက်တွဲရမယ့် အခွင့်အရေး
ယူနိုက်တက်က ဒေါ့မွန်ကနေ ဂျေဒန် ဆန်ချိုကို ခေါ်ယူလိုက်ချိန်မှာ အိုးထရက်ဖို့ဒ်ရပ်ဝန်းမှာတော့ ဟားလန်းအပြောင်းအရွှေ့အတွက် ပိုပြီးသွေးဆူစရာ ဖြစ်လာပါတယ်။ ဂျာမန်မြေမှာ အတက်ကြွဆုံးနဲ့ သိပ်ကို အပေးအယူမျှပြီး လက်တွဲညီခဲ့ကြတဲ့အတွဲအနေနဲ့ တသင်းတည်းမှာ ပြန်ကစားချင်ကြဦးမှာပါ။

ဟားလန်းရဲ့ ဂိုးဆာလောင်မှုကို ဆန်ချိုရဲ့ဖန်တီးမှုက မီးစာဖြည့်ပေးသလို ပြီးခဲ့တဲ့ရာသီက နှစ်ဦးပေါင်း ၅၂ ဂိုးရခဲ့အပြီး မိမိနဲ့သိပ်ကိုနားလည်မှုရှိတဲ့ အင်္ဂလန်သားနဲ့ ခွဲခွာရလို့ ဝမ်းနည်းမိကြောင်း နော်ဝေသားက ထုတ်ဖော်သွားခဲ့ချိန်မှာ အိုးထရက်ဖို့ဒ်ခရီးကို နောက်ကနေ လိုက်လာမလားလို့ ​မျှော်လင့်ခံထားရတာကလည်း ဘာမဆိုဖြစ်လာနိုင်တဲ့ ဘောလုံးလောကမှာ မဆန်းဘူးလို့ ဆိုရမှာပါ။

ယူနိုက်တက်ဂန္ထဝင်တယောက်အဖြစ် သူကောင်းပြုခံရမယ်
“ဆန်ချိုကို လွမ်းရင်တော့ လာလိုက်တော့”လို့ တောင်းဆိုခံထားရချိန်မှာ ဟားလန်းအတွက် နောက်ထပ်အခွင့်အရေးတခုက ဖခင်ဖြစ်သူ ကစားခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်မှာ ခြေချခွင့်ရမှာပါ။ ဒါ့အပြင် အင်္ဂလန်ပရိသတ်တွေရဲ့ သူတို့အချစ်တော်ကို အားပေးမှုတန်ဖိုးက အတော်လေးကြီးမားပါတယ်။

ဒါကို ဟားလန်းတယောက် ဖခင်ရဲ့အတွေ့အကြုံနဲ့ ကောင်းကောင်းသိရှိပြီးဖြစ်သလို ယူနိုက်တက်ဂန္ထဝင်တယောက်ဖြစ်လာမယ်ဆိုရင်တော့ သူ့ရဲ့နာမည်ကို သီချင်းလုပ်ဆိုနေမယ့် အိပ်မက်ပြဇာတ်ရုံထဲက အသံတွေက ဘယ်တော့မှ စဲသွားမှာမဟုတ်သလို မျိုးဆက်သစ်သူရဲကောင်းတဦးအဖြစ် ကိုးကွယ်ခံရပြီး သူကောင်းပြုခံရဦးမှာပါ။

မန်စီးတီးနဲ့ လိဒ်စ်တို့အတွက် ခါးသီးစရာဖြစ်လာမယ်
မန်ယူနိုက်တက်ပရိသတ်တွေအတွက် အချိုပေါ် သကာလောင်းမယ့် အခွင့်ထူးမျိုးဖြစ်ပြီး ဖခင်ဖြစ်သူ အယ်လ်ဖင်း ကစားခဲ့ဖူးတဲ့ မန်စီးတီးနဲ့ လိဒ်စ်တို့ကို ချက်ကောင်းထိုးမယ့် အပြောင်းအရွှေ့အဖြစ်လည်း မျှော်လင့်နေကြသလို ရာဇဝင်ပြိုင်ဘက်နဲ့ မြို့ခံပြိုင်ဘက်တွေကို ဟားလန်းတယောက်တည်းနဲ့ အခါးသီးဆုံးဖြစ်သွားစေမယ့် ဆန္ဒပြင်းပြမှုကြောင့်လည်း သူ့ကို လက်ဦးမှု ရယူသင့်တယ်လို့ ဆိုရမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေႏြေစ်းကြက္မွာ အေျပာင္းအေ႐ႊ႕ျဖစ္ဖို႔ အရမ္းေဟာ့ခဲ့ေပမယ့္ ေဒါ့မြန္မွာပဲ ေပ်ာ္႐ႊင္ေနပါတယ္ဆိုတဲ့ တိုက္စစ္ အာလင္း ဟားလန္းကို ေနာက္ႏွစ္ေႏြမွာေတာ့ စာခ်ဳပ္ေလ်ာ္ေၾကး ယူ႐ို ၇၅ သန္းနဲ႔ ေခၚယူႏိုင္ၾကေတာ့မွာပါ။ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ သူ႔ကို မေခၚယူခင္မွာ ကာဗာနီကို တႏွစ္ဆက္ထိန္းထားတာကို ေတြ႕ရၿပီး လာမယ့္ေနာက္တစ္ႏွစ္ ေႏြရာသီမွာေတာ့ အိုးထရက္ဖို႔ဒ္မွာ ဟားလန္း လာကစားသင့္ၿပီး သရဲနီတို႔ကလည္း အေျပာင္းအေ႐ႊ႕ေအာင္ျမင္ႏိုင္ဖြယ္ရွိေနတဲ့ အက်ိဳးအေၾကာင္းခိုင္လုံတဲ့ အခ်က္ ၅ ခ်က္ကို မွ်ေဝေပးခ်င္ပါတယ္။

နည္းျပ ဆိုးလ္ရွားနဲ႔ ဆက္ဆံေရးခိုင္မာမႈ
ယူႏိုက္တက္နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားရဲ႕ မိုလ္ဒီအသင္းက တပည့္ေဟာင္းျဖစ္ခဲ့ဖူးၿပီး ေနာ္ေဝတိုက္စစ္မႉးကို အသက္ ၁၆ ႏွစ္သားအ႐ြယ္ကတည္းက ေခၚယူထားခဲ့ဖူးလို႔ သူတို႔ႏွစ္ဦးၾကားမွာ ယုံၾကည္ခ်က္ခိုင္မာတဲ့ ဆက္ဆံေရးေကာင္းရွိေနၿပီး ဆိုးလ္ရွားဟာ သူ႔ကို အရာရာ သင္ၾကားျပသေပးခဲ့သလို နည္းျပတေယာက္အေနနဲ႔ေရာ ေလ့က်င့္ေရးဆရာတေယာက္အေနနဲ႔ပါ လမ္းၫႊန္ေပးခဲ့ဖူးလို႔ ဘဝမွာ တန္ဖိုးႀကီးတဲ့ပုဂၢိဳလ္တဦးပါလို႔ ဟားလန္းက ဖြင့္ဟထားခဲ့ဖူးပါတယ္။

ေနာက္ရာသီမွာ လီဗာပူးလ္တသင္းနဲ႔ပဲ အၿပိဳင္လုရမယ္
ခ်ယ္လ္ဆီးအသင္းက ႐ိုမီလူ လူကာကူးကို သန္း ၁၀၀ နီးပါးနဲ႔ ဝယ္ထားၿပီးျဖစ္သလို မန္စီးတီးက ဟာရီကိန္းကို ပိုမ်က္စိက်ေနတာပါ။ ဘိုင္ယန္ျမဴးနစ္ကို ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးစြန္႔ခြာဖို႔ အေဝးႀကီးလိုေသးသလို PSG အသင္းမွာလည္း MNM တိုက္စစ္ကို ပိုင္ဆိုင္ထားၿပီျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္က ဘာေနဗ်ဴးကို အိပ္မက္မက္ေနတဲ့ ခီလီယန္ အမ္ဘာေပကိုသာ အဓိကပစ္မွတ္ထားေနခ်ိန္မွာ ဘာစီလိုနာအသင္းကလည္း ဘ႑ာေရးအေျခအေနအရ ခြၽတ္ၿခဳံက်ေနလို႔ လာမယ့္ရာသီမွာ ယူ႐ို ၇၅ သန္းနဲ႔ ဟားလန္းကို ေခၚယူဖို႔ဆိုရင္ ယူႏိုက္တက္အေနနဲ႔ အသင္းႀကီးေတြထဲက မိုဟာမက္ ဆာလားေနရာ အစားထိုးဖို႔ရွိေနတဲ့ လီဗာပူးလ္တသင္းကိုပဲ ယွဥ္ဖိုက္သြားရမွာပါ။

ေဘာ္ဒါ ဆန္ခ်ိဳနဲ႔ ျပန္လက္တြဲရမယ့္ အခြင့္အေရး
ယူႏိုက္တက္က ေဒါ့မြန္ကေန ေဂ်ဒန္ ဆန္ခ်ိဳကို ေခၚယူလိုက္ခ်ိန္မွာ အိုးထရက္ဖို႔ဒ္ရပ္ဝန္းမွာေတာ့ ဟားလန္းအေျပာင္းအေ႐ႊ႕အတြက္ ပိုၿပီးေသြးဆူစရာ ျဖစ္လာပါတယ္။ ဂ်ာမန္ေျမမွာ အတက္ႂကြဆုံးနဲ႔ သိပ္ကို အေပးအယူမွ်ၿပီး လက္တြဲညီခဲ့ၾကတဲ့အတြဲအေနနဲ႔ တသင္းတည္းမွာ ျပန္ကစားခ်င္ၾကဦးမွာပါ။

ဟားလန္းရဲ႕ ဂိုးဆာေလာင္မႈကို ဆန္ခ်ိဳရဲ႕ဖန္တီးမႈက မီးစာျဖည့္ေပးသလို ၿပီးခဲ့တဲ့ရာသီက ႏွစ္ဦးေပါင္း ၅၂ ဂိုးရခဲ့အၿပီး မိမိနဲ႔သိပ္ကိုနားလည္မႈရွိတဲ့ အဂၤလန္သားနဲ႔ ခြဲခြာရလို႔ ဝမ္းနည္းမိေၾကာင္း ေနာ္ေဝသားက ထုတ္ေဖာ္သြားခဲ့ခ်ိန္မွာ အိုးထရက္ဖို႔ဒ္ခရီးကို ေနာက္ကေန လိုက္လာမလားလို႔ ​ေမွ်ာ္လင့္ခံထားရတာကလည္း ဘာမဆိုျဖစ္လာႏိုင္တဲ့ ေဘာလုံးေလာကမွာ မဆန္းဘူးလို႔ ဆိုရမွာပါ။

ယူႏိုက္တက္ဂႏၴဝင္တေယာက္အျဖစ္ သူေကာင္းျပဳခံရမယ္
“ဆန္ခ်ိဳကို လြမ္းရင္ေတာ့ လာလိုက္ေတာ့”လို႔ ေတာင္းဆိုခံထားရခ်ိန္မွာ ဟားလန္းအတြက္ ေနာက္ထပ္အခြင့္အေရးတခုက ဖခင္ျဖစ္သူ ကစားခဲ့ဖူးတဲ့ ပရီးမီးယားလိဂ္မွာ ေျခခ်ခြင့္ရမွာပါ။ ဒါ့အျပင္ အဂၤလန္ပရိသတ္ေတြရဲ႕ သူတို႔အခ်စ္ေတာ္ကို အားေပးမႈတန္ဖိုးက အေတာ္ေလးႀကီးမားပါတယ္။

ဒါကို ဟားလန္းတေယာက္ ဖခင္ရဲ႕အေတြ႕အႀကဳံနဲ႔ ေကာင္းေကာင္းသိရွိၿပီးျဖစ္သလို ယူႏိုက္တက္ဂႏၴဝင္တေယာက္ျဖစ္လာမယ္ဆိုရင္ေတာ့ သူ႔ရဲ႕နာမည္ကို သီခ်င္းလုပ္ဆိုေနမယ့္ အိပ္မက္ျပဇာတ္႐ုံထဲက အသံေတြက ဘယ္ေတာ့မွ စဲသြားမွာမဟုတ္သလို မ်ိဳးဆက္သစ္သူရဲေကာင္းတဦးအျဖစ္ ကိုးကြယ္ခံရၿပီး သူေကာင္းျပဳခံရဦးမွာပါ။

မန္စီးတီးနဲ႔ လိဒ္စ္တို႔အတြက္ ခါးသီးစရာျဖစ္လာမယ္
မန္ယူႏိုက္တက္ပရိသတ္ေတြအတြက္ အခ်ိဳေပၚ သကာေလာင္းမယ့္ အခြင့္ထူးမ်ိဳးျဖစ္ၿပီး ဖခင္ျဖစ္သူ အယ္လ္ဖင္း ကစားခဲ့ဖူးတဲ့ မန္စီးတီးနဲ႔ လိဒ္စ္တို႔ကို ခ်က္ေကာင္းထိုးမယ့္ အေျပာင္းအေ႐ႊ႕အျဖစ္လည္း ေမွ်ာ္လင့္ေနၾကသလို ရာဇဝင္ၿပိဳင္ဘက္နဲ႔ ၿမိဳ႕ခံၿပိဳင္ဘက္ေတြကို ဟားလန္းတေယာက္တည္းနဲ႔ အခါးသီးဆုံးျဖစ္သြားေစမယ့္ ဆႏၵျပင္းျပမႈေၾကာင့္လည္း သူ႔ကို လက္ဦးမႈ ရယူသင့္တယ္လို႔ ဆိုရမွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.