Analysis Article Premier League

ချဲလ်ဆီးရဲ့ တစ်ကျော့ပြန် တိုက်စစ်မှူးသစ် လူကာကူးအကြောင်း သိသင့်သမျှ အရာများ

၂၀၁၁ ခုနှစ် ဩဂုတ်လတုန်းက တစ်ခါတစ်ခေါက် အသင်းကို ရောက်လာဖူးတဲ့ ဒရော့ဘာရဲ့ ပရိသတ်၊ နောက်ပြီးတော့ အသင်းမှာ ကစားရင်း ချဲလ်ဆီးပရိသတ်လို့ ဝန်ခံခဲ့တဲ့ ရိုမီလူ လူကာကူးဆိုတဲ့ တိုက်စစ်မှူးကြီးကို မနေ့က တစ်ကျော့ပြန် ခေါ်ယူနိုင်ခဲ့ပြီး ကလပ်အသင်း ၄ သင်းနဲ့ ခရီးရှည်ကို ဖြတ်သန်းခဲ့အပြီးမှာ ပြန်လည်လက်တွဲလိုက်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

အသင်းနဲ့ ဒုတိယအကြိမ် ကမ်းလှမ်းတဲ့ လက်ကို ဆုပ်ကိုင်ခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် ဘယ်လ်ဂျီယမ်သားကြီးရဲ့ ဖြတ်သန်းလာသမျှ ကစားသမားဘဝအကြောင်းကို ချဲလ်ဆီးအသင်းနဲ့ ဘောလုံးပရိသတ်တွေ ဘယ်လောက်အထိ သိရှိထားသလဲဆိုတာကိုတော့ တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ကြတာမို့ ဗဟုသုတတွေကို ဝေမျှကြည့်ကြရအောင်ပါ။

၁။ ဘောလုံးသမားဘဝအစ
အသက် ၅ နှစ်အရွယ်မှာ ရူပယ်လ်ဘွမ်းအသင်းရဲ့ လူငယ်ကစားသမားဖြစ်လာခဲ့တဲ့ လူကာကူးဟာ လီယာရှာအသင်းကနေ အသက် ၁၃ နှစ်အရွယ် ၂၀၀၆ ခုနှစ်မှာ အန်ဒါလက်ချ်အသင်းကို ရောက်ရှိလာခဲ့ပြီး ၁၆ နှစ်အရွယ်မှာတော့ အသင်းနဲ့ ပွဲထွက်ခွင့်ရသလို ၂၀၀၉-၁၀ ရာသီမှာ အမာခံကစားသမားအဖြစ် ဂိုးသွင်းအများဆုံးလည်း ဖြစ်ခဲ့ပြီး ၁၈ နှစ်အရွယ်မှာတော့ သူ့ရဲ့ Idol ဒီဒီယေး ဒရော့ဘာရှိရာ ချဲလ်ဆီးဆီ ပူးပေါင်းခဲ့တာပါ။

၂။ ချဲလ်ဆီးနဲ့ ထင်သလို မဖြစ်ခဲ့ရသူ
ဒါပေမယ့် ချဲလ်ဆီးအသင်းမှာ တိုက်စစ်မှူးကောင်းတွေ ပေါများနေခဲ့ချိန်မှာ လူကာကူးရဲ့ ပွဲအများစုကတော့ လူစားဝင်ပွဲတွေပဲဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ် ၈ ပွဲလို့ သူ့ပရိုဖိုင်က မှတ်တမ်းမှာ တကယ်တမ်းတော့ တစ်ပွဲပဲ ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ၁၂ ပွဲမှာ ၁ ပွဲမှ ဂိုးမသွင်းနိုင်ခဲ့တဲ့ ၁၈ နှစ် အရွယ် ဘယ်လ်ဂျီယမ်သားအတွက် တစ်ခုတည်းသော ရွေးချယ်မှုက အငှားထွက်ကစားဖို့ပဲဖြစ်ခဲ့ပြီး နောက်ဆုံးမှာ ဝက်စ်ဘရွန်းအသင်းနဲ့ ပူးပေါင်းဖြစ်ခဲ့ပါတယ်။

၃။ ဘယ်အသင်းတွေမှာ ကစားသမားဘဝကို ဆက်လက်ဖြတ်သန်းခဲ့သလဲ
ချဲလ်ဆီးကို ၂၀၁၃-၁၄ ရာသီမှာ နှစ်ပွဲ ပြန်မကစားခင် ဝက်စ်ဘရွန်းအသင်းကို ၂၀၁၂-၁၃ ရာသီမှာ အငှားထွက်ကစားခဲ့တဲ့ လူကာကူးဟာ ဘက်ဂီတွေနဲ့ ပထမဆုံးပွဲမှာပဲ လူစားဝင်ပြီး လီဗာပူးလ်ဘက်ကို တစ်ဂိုးသွင်းယူနိုင်ခဲ့သလို တစ်ရာသီလုံးမှာတော့ ပရီးမီးယားလိဂ် ၃၅ ပွဲမှာ ၁၇ ဂိုး ရှာဖွေနိုင်ခဲ့တာပါ။

နောက်တစ်ရာသီမှာတော့ နွေရာသီအပြောင်းအရွှေ့ နောက်ဆုံးရက်မှာ အဲဗာတန်အသင်းဆီ ထပ်မံအငှားထွက်ခဲ့ပြီး ပထမဆုံး ကစားခွင့်ရတဲ့ ဝက်စ်ဟမ်းနဲ့ အဝေးကွင်းပွဲစဉ်ရဲ့ ဒုတိယပိုင်းအစမှာ ခရိုအေးရှားတိုက်စစ်မှူး နီကီဆာ ယီလာဗစ်ချ်အစား လူစားဝင်ပြီး အသင်းအတွက် သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရရှိစေမယ့် အဖိုးတန်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

၃၁ ပွဲမှာ ၁၅ ဂိုးသွင်းယူပြီး တော်ဖီကြိုက်သွားခဲ့တဲ့ လူကာကူးကို ချဲလ်ဆီးတို့က ပေါင် ၂၈ သန်းနဲ့ အပြီးသတ် ရောင်းချလိုက်ပြီး အဲ့ဒီတုန်းက အဲဗာတန်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်ခဲ့သလို အသင်းအတွက် ၁၆၆ ပွဲမှာ ၈၇ ဂိုး သွင်းယူနိုင်ခဲ့ပြီးတဲ့ ၂၀၁၇ ခုနှစ် နွေမှာတော့ မန်ချက်စတာယူနိုက်တက်က ခေါ်ယူခဲ့သလို အင်တာမီလန်အသင်းကိုလည်း နှစ်ရာသီအကြာမှာ ပြောင်းရွှေ့ကစားဖြစ်ခဲ့ပါတယ်။

၄။ လူကာကူးရဲ့ ပရီးမီးယားလိဂ်မှတ်တမ်းက ဘယ်လိုလဲ
လူကာကူးဟာ ချဲလ်ဆီးအတွက် လူစားဝင်ပွဲလေးတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ ၁၈ နှစ်အရွယ်မှာ လျှော့တွက်ခံခဲ့ရပေမယ့် ဝက်စ်ဘရွန်း၊ အဲဗာတန်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေမှာတော့ သူ့ရဲ့ မှတ်တမ်းက လှပခဲ့ပါတယ်။ တစ်ရာသီကို အနည်းဆုံး ပရီးမီးယားလိဂ် ၁၀ ဂိုးနဲ့အထက် သွင်းယူခဲ့တဲ့ ဘယ်လ်ဂျီယမ်သားဟာ အသင်းတိုင်းနဲ့ ပွဲဦးထွက်မှုတိုင်းမှာ ဂိုးရရှိခဲ့ပြီး ၂၅၂ ပွဲမှာ ၁၁၃ ဂိုး မှတ်တမ်းဝင်ထားခဲ့သူလည်းဖြစ်ပါတယ်။

ဂိုးသွင်းနှုန်း တစ်ပွဲပျမ်းမျှကို ၀.၄၅ ဂိုးရှိတဲ့ လူကာကူးဟာ အဲဗာတန်အသင်းရဲ့ ပရီးမီးယားလိဂ်တစ်ရာသီမှာ ဂိုးသွင်းအများဆုံးတိုက်စစ်မှူးအဖြစ် ၂၀၁၆-၁၇ ရာသီမှာ ၂၅ ဂိုးနဲ့ ရပ်တည်နိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းမှာလည်း နည်းပြ ဂျိုဆေး မော်ရင်ညိုလက်ထက်မှာ ရုန်းကန်ခဲ့ရပေမယ့် ၆၆ ပွဲမှာ ၂၈ ဂိုး ရှာဖွေနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်နဲ့ ပြိုင်ပွဲစုံ တွေ့ဆုံမှုမှာ ရလဒ်အကောင်းဆုံး ပြိုင်ဘက်အသင်းကတော့ ဝက်စ်ဟမ်းဖြစ်ပြီး ၁၅ ပွဲမှာ ၁၁ ဂိုးသွင်း၊ ၄ ဂိုး ဖန်တီးနိုင်ခဲ့တာပါ။

၅။ ဘယ်လ်ဂျီယမ်နဲ့ နိုင်ငံတကာ မှတ်တမ်း
အသင်းအတွက် ၉၈ ပွဲမှာ ၆၄ ဂိုးသွင်းယူပေးထားတဲ့ လူကာကူးဟာ ဒုတိယနေရာက ချဲလ်ဆီးကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ အသင်းဖော် အီဒင် ဟာဇတ်ရဲ့ ၃၂ ဂိုးထက် နှစ်ဆသာလွန်အောင် ခြေစွမ်းပြထားခဲ့ပြီး ပျမ်းမျှ တစ်ပွဲကို ၀.၆၅ ဂိုး ရှာဖွေထားနိုင်ခဲ့သူပါ။ ၂၀၁၈ ခုနှစ်အတွင်းကစားခဲ့တဲ့ ၁၄ ပွဲမှာ ၁၄ ဂိုး ရရှိခဲ့တာကတော့ သူ့ရဲ့ အကောင်းဆုံးမှတ်တမ်းဖြစ်ပြီး ယူရိုပြိုင်ပွဲမှာလည်း ၄ ဂိုးသွင်းယူခဲ့တဲ့ ဘယ်လ်ဂျီယမ်သားရဲ့ နိုင်ငံတကာအောင်မြင်မှု ကတော့ ၂၀၁၈ ကမ္ဘာ့ဖလား တတိယနေရာနဲ့ ကျေနပ်ခဲ့ရမှုပဲဖြစ်ခဲ့ပါတယ်။

၆။ ဘယ်လိုကစားဟန်နဲ့ တိုက်စစ်မှူးမျိုးလဲ
ဘယ်ခြေကို ပိုမိုအသုံးချလေ့ရှိပြီး နောက်ပိုင်းနှစ်တွေမှာ ညာခြေကန်ချက်လည်း တိကျလာခဲ့ပေမယ့် ဦးစားပေးခြေနဲ့ ဂိုးသွင်းယူနိုင်ဖို့ ဂိုးရှေ့ အလယ်တည့်တည့်နဲ့ ညာယွန်းယွန်းတွေမှာ နေရာယူတတ်သလို လိုအပ်ရင် ညာတောင်ပံကနေ Inverted Winger ဆန်ဆန် Wide Target Man အဖြစ်လည်း ကစားပြီး ဂိုးသွင်းခြေ ပုံမှန်ပြသနိုင်တဲ့ အထောင်တိုက်စစ်မှူးကောင်းဖြစ်ပါတယ်။

လူကာကူးရဲ့ ကွင်းတွင်းကြံ့ခိုင်မှုကတော့ အပြစ်အနာအဆာ နည်းပါးလွန်းလှပြီး သူ့ရဲ့ ထင်မှတ်မထားတဲ့ အားနည်းတတ်မှုကတော့ အစာခြေစနစ်ပိုင်းဖြစ်ပြီး အင်တာမီလန်မှာ ဒါကို ကုသခဲ့ရသလို မော်ရင်ညိုရဲ့ မန်ယူနိုက်တက်မှာ သူ့ကို ဝိတ်တင်ခိုင်းခဲ့တာကို ပြန်ချရစဉ်မှာ ဖြစ်ခဲ့ပုံလည်း ပေါ်ပါတယ်။ လော်တာရို မာတီနက်ဇ်နဲ့ အတွဲညီခဲ့တဲ့ အင်တာမီလန်ခြေစွမ်းကတော့ ချဲလ်ဆီးပရိသတ်တွေ အားတက်စရာဖြစ်ပြီး တူဟယ်လ်ရဲ့ ကစားကွက်မှာလည်း ခြေစွမ်းပြဖို့ မျှော်လင့်နိုင်မှာပါ။

၇၊ ဆုဖလားမှတ်တမ်း
လူကာကူးရဲ့ ဆုဖလားမှတ်တမ်းကတော့ နည်းပါးလွန်းခဲ့ပြီး မန်ယူနိုက်တက်မှာလည်း မော်ရင်ညိုရဲ့ ခေတ်ကောင်းကို မမီလိုက်တဲ့ သူ့အနေနဲ့ အင်တာမီလန်နဲ့ စီးရီးအေ စကူဒက်တိုအောင်မြင်မှုက ပထမဆုံးဆုဖလားဖြစ်ခဲ့တာပါ။ တစ်ဦးချင်းအနေနဲ့တော့ ၂၀၁၀ ဘယ်လ်ဂျီယမ်လိဂ် ဂိုးသွင်းဘုရင်၊ ၂၀၁၅ ယူရိုပါလိဂ် ဂိုးသွင်းဘုရင်၊ ၂၀၁၈ ကမ္ဘာ့ဖလား ကြေးဖိနပ်ဆု၊ စီးရီးအေရဲ့ ၂၀၂၀-၂၁ တန်ဖိုးအရှိဆုံး ကစားသမားဆုတွေကို ရရှိခဲ့ပြီး ချဲလ်ဆီးမှာတော့ နောက်ထပ်အောင်မြင်မှုတွေကို တစ်ကျော့ပြန် ပူးပေါင်းမှုနဲ့အတူ ရယူဖို့ စိတ်အားထက်သန်နေမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၂၀၁၁ ခုႏွစ္ ဩဂုတ္လတုန္းက တစ္ခါတစ္ေခါက္ အသင္းကို ေရာက္လာဖူးတဲ့ ဒေရာ့ဘာရဲ႕ ပရိသတ္၊ ေနာက္ၿပီးေတာ့ အသင္းမွာ ကစားရင္း ခ်ဲလ္ဆီးပရိသတ္လို႔ ဝန္ခံခဲ့တဲ့ ႐ိုမီလူ လူကာကူးဆိုတဲ့ တိုက္စစ္မႉးႀကီးကို မေန႔က တစ္ေက်ာ့ျပန္ ေခၚယူႏိုင္ခဲ့ၿပီး ကလပ္အသင္း ၄ သင္းနဲ႔ ခရီးရွည္ကို ျဖတ္သန္းခဲ့အၿပီးမွာ ျပန္လည္လက္တြဲလိုက္ႏိုင္ခဲ့ၿပီပဲျဖစ္ပါတယ္။

အသင္းနဲ႔ ဒုတိယအႀကိမ္ ကမ္းလွမ္းတဲ့ လက္ကို ဆုပ္ကိုင္ခဲ့တဲ့ အသက္ ၂၈ ႏွစ္အ႐ြယ္ ဘယ္လ္ဂ်ီယမ္သားႀကီးရဲ႕ ျဖတ္သန္းလာသမွ် ကစားသမားဘဝအေၾကာင္းကို ခ်ဲလ္ဆီးအသင္းနဲ႔ ေဘာလုံးပရိသတ္ေတြ ဘယ္ေလာက္အထိ သိရွိထားသလဲဆိုတာကိုေတာ့ တစ္ဦးနဲ႔တစ္ဦး မတူညီႏိုင္ၾကတာမို႔ ဗဟုသုတေတြကို ေဝမွ်ၾကည့္ၾကရေအာင္ပါ။

၁။ ေဘာလုံးသမားဘဝအစ
အသက္ ၅ ႏွစ္အ႐ြယ္မွာ ႐ူပယ္လ္ဘြမ္းအသင္းရဲ႕ လူငယ္ကစားသမားျဖစ္လာခဲ့တဲ့ လူကာကူးဟာ လီယာရွာအသင္းကေန အသက္ ၁၃ ႏွစ္အ႐ြယ္ ၂၀၀၆ ခုႏွစ္မွာ အန္ဒါလက္ခ်္အသင္းကို ေရာက္ရွိလာခဲ့ၿပီး ၁၆ ႏွစ္အ႐ြယ္မွာေတာ့ အသင္းနဲ႔ ပြဲထြက္ခြင့္ရသလို ၂၀၀၉-၁၀ ရာသီမွာ အမာခံကစားသမားအျဖစ္ ဂိုးသြင္းအမ်ားဆုံးလည္း ျဖစ္ခဲ့ၿပီး ၁၈ ႏွစ္အ႐ြယ္မွာေတာ့ သူ႔ရဲ႕ Idol ဒီဒီေယး ဒေရာ့ဘာရွိရာ ခ်ဲလ္ဆီးဆီ ပူးေပါင္းခဲ့တာပါ။

၂။ ခ်ဲလ္ဆီးနဲ႔ ထင္သလို မျဖစ္ခဲ့ရသူ
ဒါေပမယ့္ ခ်ဲလ္ဆီးအသင္းမွာ တိုက္စစ္မႉးေကာင္းေတြ ေပါမ်ားေနခဲ့ခ်ိန္မွာ လူကာကူးရဲ႕ ပြဲအမ်ားစုကေတာ့ လူစားဝင္ပြဲေတြပဲျဖစ္ခဲ့ၿပီး ပရီးမီးယားလိဂ္ ၈ ပြဲလို႔ သူ႔ပ႐ိုဖိုင္က မွတ္တမ္းမွာ တကယ္တမ္းေတာ့ တစ္ပြဲပဲ ပြဲထြက္ခြင့္ရခဲ့တာျဖစ္ပါတယ္။ ၁၂ ပြဲမွာ ၁ ပြဲမွ ဂိုးမသြင္းႏိုင္ခဲ့တဲ့ ၁၈ ႏွစ္ အ႐ြယ္ ဘယ္လ္ဂ်ီယမ္သားအတြက္ တစ္ခုတည္းေသာ ေ႐ြးခ်ယ္မႈက အငွားထြက္ကစားဖို႔ပဲျဖစ္ခဲ့ၿပီး ေနာက္ဆုံးမွာ ဝက္စ္ဘ႐ြန္းအသင္းနဲ႔ ပူးေပါင္းျဖစ္ခဲ့ပါတယ္။

၃။ ဘယ္အသင္းေတြမွာ ကစားသမားဘဝကို ဆက္လက္ျဖတ္သန္းခဲ့သလဲ
ခ်ဲလ္ဆီးကို ၂၀၁၃-၁၄ ရာသီမွာ ႏွစ္ပြဲ ျပန္မကစားခင္ ဝက္စ္ဘ႐ြန္းအသင္းကို ၂၀၁၂-၁၃ ရာသီမွာ အငွားထြက္ကစားခဲ့တဲ့ လူကာကူးဟာ ဘက္ဂီေတြနဲ႔ ပထမဆုံးပြဲမွာပဲ လူစားဝင္ၿပီး လီဗာပူးလ္ဘက္ကို တစ္ဂိုးသြင္းယူႏိုင္ခဲ့သလို တစ္ရာသီလုံးမွာေတာ့ ပရီးမီးယားလိဂ္ ၃၅ ပြဲမွာ ၁၇ ဂိုး ရွာေဖြႏိုင္ခဲ့တာပါ။

ေနာက္တစ္ရာသီမွာေတာ့ ေႏြရာသီအေျပာင္းအေ႐ႊ႕ ေနာက္ဆုံးရက္မွာ အဲဗာတန္အသင္းဆီ ထပ္မံအငွားထြက္ခဲ့ၿပီး ပထမဆုံး ကစားခြင့္ရတဲ့ ဝက္စ္ဟမ္းနဲ႔ အေဝးကြင္းပြဲစဥ္ရဲ႕ ဒုတိယပိုင္းအစမွာ ခ႐ိုေအးရွားတိုက္စစ္မႉး နီကီဆာ ယီလာဗစ္ခ်္အစား လူစားဝင္ၿပီး အသင္းအတြက္ သုံးဂိုး-ႏွစ္ဂိုးနဲ႔ အႏိုင္ရရွိေစမယ့္ အဖိုးတန္ဂိုးကို သြင္းယူေပးႏိုင္ခဲ့ပါတယ္။

၃၁ ပြဲမွာ ၁၅ ဂိုးသြင္းယူၿပီး ေတာ္ဖီႀကိဳက္သြားခဲ့တဲ့ လူကာကူးကို ခ်ဲလ္ဆီးတို႔က ေပါင္ ၂၈ သန္းနဲ႔ အၿပီးသတ္ ေရာင္းခ်လိုက္ၿပီး အဲ့ဒီတုန္းက အဲဗာတန္ရဲ႕ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးျဖစ္ခဲ့သလို အသင္းအတြက္ ၁၆၆ ပြဲမွာ ၈၇ ဂိုး သြင္းယူႏိုင္ခဲ့ၿပီးတဲ့ ၂၀၁၇ ခုႏွစ္ ေႏြမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္က ေခၚယူခဲ့သလို အင္တာမီလန္အသင္းကိုလည္း ႏွစ္ရာသီအၾကာမွာ ေျပာင္းေ႐ႊ႕ကစားျဖစ္ခဲ့ပါတယ္။

၄။ လူကာကူးရဲ႕ ပရီးမီးယားလိဂ္မွတ္တမ္းက ဘယ္လိုလဲ
လူကာကူးဟာ ခ်ဲလ္ဆီးအတြက္ လူစားဝင္ပြဲေလးေတြနဲ႔ ျဖတ္သန္းခဲ့ရတဲ့ ၁၈ ႏွစ္အ႐ြယ္မွာ ေလွ်ာ့တြက္ခံခဲ့ရေပမယ့္ ဝက္စ္ဘ႐ြန္း၊ အဲဗာတန္နဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းေတြမွာေတာ့ သူ႔ရဲ႕ မွတ္တမ္းက လွပခဲ့ပါတယ္။ တစ္ရာသီကို အနည္းဆုံး ပရီးမီးယားလိဂ္ ၁၀ ဂိုးနဲ႔အထက္ သြင္းယူခဲ့တဲ့ ဘယ္လ္ဂ်ီယမ္သားဟာ အသင္းတိုင္းနဲ႔ ပြဲဦးထြက္မႈတိုင္းမွာ ဂိုးရရွိခဲ့ၿပီး ၂၅၂ ပြဲမွာ ၁၁၃ ဂိုး မွတ္တမ္းဝင္ထားခဲ့သူလည္းျဖစ္ပါတယ္။

ဂိုးသြင္းႏႈန္း တစ္ပြဲပ်မ္းမွ်ကို ၀.၄၅ ဂိုးရွိတဲ့ လူကာကူးဟာ အဲဗာတန္အသင္းရဲ႕ ပရီးမီးယားလိဂ္တစ္ရာသီမွာ ဂိုးသြင္းအမ်ားဆုံးတိုက္စစ္မႉးအျဖစ္ ၂၀၁၆-၁၇ ရာသီမွာ ၂၅ ဂိုးနဲ႔ ရပ္တည္ႏိုင္ခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းမွာလည္း နည္းျပ ဂ်ိဳေဆး ေမာ္ရင္ညိဳလက္ထက္မွာ ႐ုန္းကန္ခဲ့ရေပမယ့္ ၆၆ ပြဲမွာ ၂၈ ဂိုး ရွာေဖြႏိုင္ခဲ့ပါတယ္။ ပရီးမီးယားလိဂ္နဲ႔ ၿပိဳင္ပြဲစုံ ေတြ႕ဆုံမႈမွာ ရလဒ္အေကာင္းဆုံး ၿပိဳင္ဘက္အသင္းကေတာ့ ဝက္စ္ဟမ္းျဖစ္ၿပီး ၁၅ ပြဲမွာ ၁၁ ဂိုးသြင္း၊ ၄ ဂိုး ဖန္တီးႏိုင္ခဲ့တာပါ။

၅။ ဘယ္လ္ဂ်ီယမ္နဲ႔ ႏိုင္ငံတကာ မွတ္တမ္း
အသင္းအတြက္ ၉၈ ပြဲမွာ ၆၄ ဂိုးသြင္းယူေပးထားတဲ့ လူကာကူးဟာ ဒုတိယေနရာက ခ်ဲလ္ဆီးကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ အသင္းေဖာ္ အီဒင္ ဟာဇတ္ရဲ႕ ၃၂ ဂိုးထက္ ႏွစ္ဆသာလြန္ေအာင္ ေျခစြမ္းျပထားခဲ့ၿပီး ပ်မ္းမွ် တစ္ပြဲကို ၀.၆၅ ဂိုး ရွာေဖြထားႏိုင္ခဲ့သူပါ။ ၂၀၁၈ ခုႏွစ္အတြင္းကစားခဲ့တဲ့ ၁၄ ပြဲမွာ ၁၄ ဂိုး ရရွိခဲ့တာကေတာ့ သူ႔ရဲ႕ အေကာင္းဆုံးမွတ္တမ္းျဖစ္ၿပီး ယူ႐ိုၿပိဳင္ပြဲမွာလည္း ၄ ဂိုးသြင္းယူခဲ့တဲ့ ဘယ္လ္ဂ်ီယမ္သားရဲ႕ ႏိုင္ငံတကာေအာင္ျမင္မႈ ကေတာ့ ၂၀၁၈ ကမာၻ႔ဖလား တတိယေနရာနဲ႔ ေက်နပ္ခဲ့ရမႈပဲျဖစ္ခဲ့ပါတယ္။

၆။ ဘယ္လိုကစားဟန္နဲ႔ တိုက္စစ္မႉးမ်ိဳးလဲ
ဘယ္ေျခကို ပိုမိုအသုံးခ်ေလ့ရွိၿပီး ေနာက္ပိုင္းႏွစ္ေတြမွာ ညာေျခကန္ခ်က္လည္း တိက်လာခဲ့ေပမယ့္ ဦးစားေပးေျခနဲ႔ ဂိုးသြင္းယူႏိုင္ဖို႔ ဂိုးေရွ႕ အလယ္တည့္တည့္နဲ႔ ညာယြန္းယြန္းေတြမွာ ေနရာယူတတ္သလို လိုအပ္ရင္ ညာေတာင္ပံကေန Inverted Winger ဆန္ဆန္ Wide Target Man အျဖစ္လည္း ကစားၿပီး ဂိုးသြင္းေျခ ပုံမွန္ျပသႏိုင္တဲ့ အေထာင္တိုက္စစ္မႉးေကာင္းျဖစ္ပါတယ္။

လူကာကူးရဲ႕ ကြင္းတြင္းႀကံ့ခိုင္မႈကေတာ့ အျပစ္အနာအဆာ နည္းပါးလြန္းလွၿပီး သူ႔ရဲ႕ ထင္မွတ္မထားတဲ့ အားနည္းတတ္မႈကေတာ့ အစာေျခစနစ္ပိုင္းျဖစ္ၿပီး အင္တာမီလန္မွာ ဒါကို ကုသခဲ့ရသလို ေမာ္ရင္ညိဳရဲ႕ မန္ယူႏိုက္တက္မွာ သူ႔ကို ဝိတ္တင္ခိုင္းခဲ့တာကို ျပန္ခ်ရစဥ္မွာ ျဖစ္ခဲ့ပုံလည္း ေပၚပါတယ္။ ေလာ္တာ႐ို မာတီနက္ဇ္နဲ႔ အတြဲညီခဲ့တဲ့ အင္တာမီလန္ေျခစြမ္းကေတာ့ ခ်ဲလ္ဆီးပရိသတ္ေတြ အားတက္စရာျဖစ္ၿပီး တူဟယ္လ္ရဲ႕ ကစားကြက္မွာလည္း ေျခစြမ္းျပဖို႔ ေမွ်ာ္လင့္ႏိုင္မွာပါ။

၇၊ ဆုဖလားမွတ္တမ္း
လူကာကူးရဲ႕ ဆုဖလားမွတ္တမ္းကေတာ့ နည္းပါးလြန္းခဲ့ၿပီး မန္ယူႏိုက္တက္မွာလည္း ေမာ္ရင္ညိဳရဲ႕ ေခတ္ေကာင္းကို မမီလိုက္တဲ့ သူ႔အေနနဲ႔ အင္တာမီလန္နဲ႔ စီးရီးေအ စကူဒက္တိုေအာင္ျမင္မႈက ပထမဆုံးဆုဖလားျဖစ္ခဲ့တာပါ။ တစ္ဦးခ်င္းအေနနဲ႔ေတာ့ ၂၀၁၀ ဘယ္လ္ဂ်ီယမ္လိဂ္ ဂိုးသြင္းဘုရင္၊ ၂၀၁၅ ယူ႐ိုပါလိဂ္ ဂိုးသြင္းဘုရင္၊ ၂၀၁၈ ကမာၻ႔ဖလား ေၾကးဖိနပ္ဆု၊ စီးရီးေအရဲ႕ ၂၀၂၀-၂၁ တန္ဖိုးအရွိဆုံး ကစားသမားဆုေတြကို ရရွိခဲ့ၿပီး ခ်ဲလ္ဆီးမွာေတာ့ ေနာက္ထပ္ေအာင္ျမင္မႈေတြကို တစ္ေက်ာ့ျပန္ ပူးေပါင္းမႈနဲ႔အတူ ရယူဖို႔ စိတ္အားထက္သန္ေနမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.