Article Other Premier League
၂၀၂၁-၂၂ ရာသီသစ်မှာ “အာဆင်နယ်တို့ လုပ်ပြလိမ့်မယ်”လို့ ခန့်မှန်းခံထားရတဲ့ အချက် ၅ ချက်
အခုလာမယ့် ပရီးမီးယားလိဂ်ရာသီသစ်အတွက် အသင်းတိုင်းက သွေးပူနေကြပြီဖြစ်ပြီး လာမယ့် ၁၄ ရက်နေ့ကစလို့ အဖွင့်ပွဲစဥ်ကို စိန်ခေါ်ရတော့မှာဖြစ်ပြီး ဘရန့်ဖို့ဒ်နဲ့ ကစားရမယ့် အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက အဆင့် ၈ နဲ့ ရာသီသိမ်းပြီး ၂၆ နှစ်အတွင်း ပထမဆုံး ဥရောပတန်းမဝင်ခဲ့တဲ့ ကျိန်စာဆိုးကို ရာသီသစ်မှာ ချေဖျက်ပြရတော့မှာကြောင့် “အာဆင်နယ်တို့ လုပ်ပြပါလိမ့်မယ်”လို့ ခန့်မှန်းခံထားရတဲ့ အချက် ၅ ချက်ကိုလည်း တင်ဆက်ပေးဖို့ ဖြစ်လာပါတယ်။
ဒေါင်းတင်မောင်းတင်ပြန်လာမယ့် သောမတ်စ် ပါတေး
တာထွက်ရာသီမှာတော့ ဒဏ်ရာကြောင့် ခြေစွမ်းငုပ်ခဲ့ရတဲ့ ကွင်းလယ်လူ ပါတေးကို ဒီရာသီမှာတော့ ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်လာပြီး နည်းပြမီခေးလ် အာတီတာရဲ့ အဓိကအခန်းကဏ္ဍဖြစ်လာမယ်လို့ ​မျှော်မှန်းထားကြပါတယ်။ အက်သလက်တီကို မက်ဒရစ်မှာ ပြသခဲ့တဲ့ ဂါနာသားရဲ့ ကွင်းလယ်ခံစစ်ပိုင်း ကစားအားကို အမြင့်ဆုံး မြင်တွေ့ရဖို့လည်း ဂန်းနားတို့ တောင့်တထားပါတယ်။ ယခုအခါမှာတော့ ချဲလ်ဆီးအသင်းနဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ၃ ပတ် အနားယူနေရပါတယ်။
အကယ်ဒမီထုတ်ကုန်တွေကို အာတီတာ မြေတောင်မြှောက်မယ်
ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အတွက် အမြတ်အထွက်ဆုံးက လူငယ်ခြေတက်​လေးတွေဖြစ်တဲ့ ဘူကာယို ဆာကာနဲ့ အီမီးလ် စမစ်ရိုးတို့ရဲ့ တောက်ပမှုဖြစ်ပြီး အခုလာမယ့်ရာသီသစ်မှာလည်း အကယ်ဒမီထုတ်ကုန်လေးတွေဖြစ်တဲ့ ဖိုလာရင် ဘာလိုဂွန်၊ မီဂွယ်လ် အာဇီးတို့ ပထမအသင်းလူစာရင်းတို့ကို အာတီတာတယောက် ဆက်လက်မြေတောင်မြှောက်ပေးသွားဖို့လည်း ခန့်မှန်းထားကြပါတယ်။
ဆာကာနဲ့ စမစ်ရိုးတို့ ထိုးဖောက်မယ့် ရာသီသစ်
အခုရာသီမှာ ဒီအင်္ဂလန်သားလေးတွေက စပိန်နည်းပြရဲ့ကစားဟန်မှာ အသက်သွေးကြောဖြစ်လာဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့ရာသီက အသင်းရဲ့ အကောင်းဆုံး ကစားသမားဆုရခဲ့တဲ့ ဆာကာ၊ ကျောနံပါတ် ၁၀ နဲ့အတူ စာချုပ်သစ်ချုပ်ဆိုထားတဲ့ အီမီးလ် စမစ်ရိုးတို့ဟာ အာတီတာရဲ့ယုံကြည်မှုကို အပြည့်အဝ ပြန်လည်ပေးဆပ်ပြီး အထူးခြားဆုံး ထိုးဖောက်လာမယ့် ရာသီအဖြစ် သတ်မှတ်ခံထားရပြီဖြစ်ပါတယ်။
အစွန်းနှစ်ဖက်ထွက်နေတဲ့ ပေပေ လူသစ်စိတ်သစ်နဲ့ ပြန်လာမယ်
ပေါင် ၇၂ သန်းတန် ကစားသမားအကြောင်းကို ပြောရင် သူ့ကို အားကိုးပြီး ခေါ်ယူခဲ့တဲ့ စျေးနှုန်း​က အတော်လေးမြင့်မားခဲ့သလောက် မျှော်လင့်ချက်ဖိအားကလည်း ကြောက်ခမန်းလိလိ ရှိခဲ့တာပါ။ ဒါတွေအတွက် နီကိုလာ ပေပေတစ်ယောက် သက်သေပြလာနိုင်မယ့် ရာသီအဖြစ် အာဆင်နယ်ပရိသတ်တွေက စောင့်ဆိုင်းနေပါတယ်။
ဒါ့အပြင် အိုင်ဗရီကို့စ်သားရဲ့ ပြဿနာဖြစ်တဲ့ ခြေစွမ်းနှစ်မျိုးကို နှစ်ကိုယ်ခွဲပြီး ပြသနေလေသလားလို့ ထင်မှတ်ရလောက်တဲ့ မတည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကိုလည်း အစွန်းနှစ်ဖက်ထွက်ခြင်းကနေ စိတ်အာရုံပြန်လည်စုစည်းပြီး ပြင်သစ်လိဂ်မှာ ကြွေတက်ခဲ့သလို ပေါက်ကွဲမှု အစစ်အမှန်မျိုးနဲ့ ရာသီသစ်မှာ လူသစ်စိတ်သစ်နဲ့ ပြန်လာဖို့လည်း ရှိနေပါတယ်။
ဥရောပဝင်ခွင့် ပြန်ယူမယ်
အသင့်သုံးလို့ရမယ့် လူသစ်ကစားသမားအဖြစ် အနည်းဆုံး ၄ ဦးလောက် ဖြည့်တင်းနိုင်မယ်လို့ ယူဆထားတဲ့ အာတီတာကတော့ ပေါင်သန်း ၅၀ တန် ဘန်ဝှိုက် တစ်ဦးတည်းကိုသာ အင်အားဖြည့်တင်းနိုင်ခဲ့ပြီး နူနို တာဗာရက်စ်၊ အဲလ်ဘတ် ဆမ်ဘီ လိုကွန်ဂါတို့ကိုတော့ လူငယ်သွေးသစ်လေးတွေအနေနဲ့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်သလို အဆိုးမြင်တယ်ပဲဆိုဆို လိုအပ်ချက် တပုံတပင်ဖြစ်နေတယ်လို့ သတ်မှတ်ခံထားရတဲ့ လူစာရင်းနဲ့ အာဆင်နယ်တို့ ဥရောပဝင်ခွင့်ကို ပြန်လည်ရဖို့ ရာသီရှည်ခရီးကို ဖြတ်သန်းရလိမ့်မယ်လို့ တွက်ချက်ခံရပါသေးတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: အခုလာမယ့် ပရီးမီးယားလိဂ်ရာသီသစ်အတွက် အသင်းတိုင်းက သွေးပူနေကြပြီဖြစ်ပြီး လာမယ့် ၁၄ ရက်နေ့ကစလို့ အဖွင့်ပွဲစဉ်ကို စိန်ခေါ်ရတော့မှာဖြစ်ပြီး ဘရန့်ဖို့ဒ်နဲ့ ကစားရမယ့် အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက အဆင့် ၈ နဲ့ ရာသီသိမ်းပြီး ၂၆ နှစ်အတွင်း ပထမဆုံးဥရောပတန်းမဝင်ခဲ့တဲ့ ကျိန်စာဆိုးကို ရာသီသစ်မှာ ချေဖျက်ပြရတော့မှာကြောင့် “အာဆင်နယ်တို့ လုပ်ပြပါလိမ့်မယ်” လို့ ခန့်မှန်းခံထားရတဲ့ အချက် ၅ ချက်ကိုလည်း တင်ဆက်ပေးဖို့ ဖြစ်လာပါတယ်။
ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အတွက် အမြတ်အထွက်ဆုံးက လူငယ်ခြေတက်​လေးတွေဖြစ်တဲ့ ဘူကာယို ဆာကာနဲ့ အီမီးလ် စမစ်သ်ရိုးတို့ရဲ့ တောက်ပမှုဖြစ်ပြီး အခုလာမယ့်ရာသီသစ်မှာလည်း အကယ်ဒမီထုတ်ကုန်လေးတွေဖြစ်တဲ့ ဖိုလာရင် ဘာလိုဂွန်၊ မီဂွယ်လ် အာဇီးတို့ ပထမအသင်းလူစာရင်းတို့ကို အာတီတာတယောက် ဆက်လက်မြေတောင်မြှောက်ပေးသွားဖို့လည်း ခန့်မှန်းထားကြပါတယ်။
ပေါင် ၇၂ သန်းတန် ကစားသမားအကြောင်းကိုပြောရင် သူ့ကို အားကိုးပြီး ခေါ်ယူခဲ့တဲ့ ဈေးနှုန်း​က အတော်လေးမြင့်မားခဲ့သလောက် မျှော်လင့်ချက်ဖိအားကလည်း ကြောက်ခမန်းလိလိ ရှိခဲ့တာပါ။ ဒါတွေအတွက် နီကိုလာ ပေပေ တယောက် သက်သေပြလာနိုင်မယ့် ရာသီအဖြစ် အာဆင်နယ်ပရိသတ်တွေက စောင့်ဆိုင်းနေပါတယ်။
ဒါ့အပြင် အိုင်ဗရီကို့်စသားရဲ့ ပြဿနာဖြစ်တဲ့ ခြေစွမ်းနှစ်မျိုးကို နှစ်ကိုယ်ခွဲပြီး ပြသနေလေသလားလို့ ထင်မှတ်ရလောက်တဲ့ မတည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကိုလည်း အစွန်းနှစ်ဖက်ထွက်ခြင်းကနေ စိတ်အာရုံပြန်လည်စုစည်းပြီး ပြင်သစ်လိဂ်မှာ ကြွေတက်ခဲ့သလို ပေါက်ကွဲမှုအစစ်အမှန်မျိုးနဲ့ ရာသီသစ်မှာ လူသစ်စိတ်သစ်နဲ့ ပြန်လာဖို့လည်း ရှိနေပါတယ်။
အသင့်သုံးလို့ရမယ့် လူသစ်ကစားသမားအဖြစ် အနည်းဆုံး ၄ ဦးလောက် ဖြည့်တင်းနိုင်မယ်လို့ ယူဆထားတဲ့ အာတီတာကတော့ ပေါင်သန်း ၅၀ တန် ဘန်ဝှိုက်တဦးတည်းကိုသာ အင်အားဖြည့်တင်းနိုင်ခဲ့ပြီး နူနို တာဗာရက်စ်၊ အဲလ်ဘတ် ဆမ်ဘီ လိုကွန်ဂါတို့ကိုတော့ လူငယ်သွေးသစ်လေးတွေအနေနဲ့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်သလို အဆိုးမြင်တယ်ပဲဆိုဆို လိုအပ်ချက်တပုံတပင်ဖြစ်နေတယ်လို့ သတ်မှတ်ခံထားရတဲ့ လူစာရင်းနဲ့ အာဆင်နယ်တို့ ဥရောပဝင်ခွင့်ကို ပြန်လည်ရဖို့ ရာသီရှည်ခရီးကို ဖြတ်သန်းရလိမ့်မယ်လို့ တွက်ချက်ခံရပါသေးတယ်။
REF: INTERNET SOURCES
SPORTS A2Z.