Analysis Premier League

ပရီးမီးယားလိဂ်ရာသီသစ်မှာ စျေးဦးပေါက်ပြီး စောစောစီးစီးအထုတ်ခံရမယ့် နည်းပြ ၅ ဦး

၅။ နူနို အက်စ်ပီရီတို ဆန်တို
မော်ရင်ညိုနေရာ ဆက်ခံသူဖြစ်လာခဲ့တဲ့ ပေါ်တူဂီသားကတော့ ရာသီသစ်မစခင်မှာပဲ တော့တင်ဟမ်ဟော့စပါးစ်ကနေ အထုတ်ခံရဖို့ ရောက်ရောက်ချင်းပဲ ဆောက်နဲ့ထွင်းပြီး တစ်ပေးခံထားရပါပြီ။ ပရီးမီးယားလိဂ်အဖွင့် ၁၀ ပွဲမှာ မန်ချက်စတာစီးတီး၊ သူ့အသင်းဟောင်း ဝုလ်ဗ်စ်၊ ချယ်လ်ဆီး၊ အာဆင်နယ်၊ ဝက်စ်ဟမ်း၊ မန်ချက်စတာယူနိုက်တက်တို့နဲ့ ပွဲကျပ်တွေကလည်း စောင့်ဆိုင်းနေတာပါ။

ဝုလ်ဗ်စ်မှာ သူ့ရဲ့ ပဲ့ကိုင်မှုက မဆိုးလှပေမယ့် နောက်ဆုံးရာသီမှာတော့ ခြေချော်လက်ချော်နိုင်ခဲ့ပြီးနောက်မှာ စပါးစ်အသင်းက ပေးအပ်လာမယ့် ပရီးမီးယားလိဂ်နဲ့ ပြိုင်ပွဲသစ် ယူရိုပါကွန်ဖရင့်စ်လိဂ်ကို တစ်ပြိုင်နက်တည်း ကစားရမယ့် ဖိအားကတော့ အတော်လေးခြောက်လှန့်နေသလို သူတို့ဥက္ကဌ ဒန်နီယယ် လီဗိုင်းရဲ့ တဇွတ်ထိုးနိုင်မှုကြောင့်လည်း စောစောစီးစီး အထုတ်ခံမယ်လို့ ခန့်မှန်းထားကြပါတယ်။

၄။ ဘရူနို လာဂျေး
နူနို ဆန်တိုနေရာကို ဆက်ခံခဲ့တဲ့ ဝုလ်ဗ်စ်နည်းပြသစ် ဘရူနို လာဂျေးကတော့ သူ့နည်းပြချုပ်ဘဝရဲ့ မှတ်တမ်းတွေက သိပ်ပြီး အကောင်းကြီးထဲမှာ မပါဝင်သလို နောက်ဆုံးအနေနဲ့ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းမှာ နောက်ဆုံး ၁၃ ပွဲကို ၂ ပွဲသာ နိုင်ပွဲရရှိခဲ့တာကြောင့် သမိုင်းဝင်အဆိုးရွားဆုံး ပုံစံနဲ့ အထုတ်ခံခဲ့ရပါတယ်။

ဝံပုလွေတွေ ပရီးမီးယားလိဂ်ကို တန်းတက်လာကတည်းက သူ့ခြေသူလက် ဆက်တိုက်လုပ်ဆောင်လာခဲ့တဲ့ လူဟောင်းနည်းပြရဲ့ အရိပ်က လွှမ်းမိုးနေမှာဖြစ်သလို အဓိကဂိုးသမား ရူအီ ပက်ထရီစီယိုကိုလည်း ရိုးမားဆီ လက်လွှတ်ခဲ့ရတာကြောင့် လက်စတာ၊ စပါးစ်၊ မန်ချက်စတာယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်အဖွင့် ၃ ပွဲဆက် ကစားရမယ့် ဖိအားကို ဘယ်လိုကိုင်တွယ်သွားမလဲလို့ စောင့်ကြည့်ခံအနေအထားမှာ ရှိနေပါတယ်။

၃။ စတိဗ် ဘရုစ်
ပြီးခဲ့တဲ့ရာသီက ၁၁ ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ နယူးကာဆယ်ကို တန်းဆင်းဇုန်အန္တရာယ်ကနေ လက်မတင်လေး ကယ်တင်နိုင်ခဲ့တဲ့ နည်းပြကြီးက ဒီရာသီမှာလည်း လက်မထောင်ဖို့ မဖြစ်နိုင်ဘူးလို့ ယူဆခံထားရပါတယ်။ ဘာကြောင့်လဲဆိုတော့ အသင်းပိုင်ကစားသမားတွေထက် အာဆင်နယ်ကနေ အငှားလာကစားသူ ဂျိုးဝီလော့ခ်ရဲ့ အစွမ်းအစကသာ အဓိကကျနေခဲ့တာကြောင့်ပါ။

အခုချိန်မှာတော့ ဂန်းနားသားကို ပေါင် ၂၂ သန်းနဲ့ ဝယ်ယူရရှိနိုင်ဖို့ အလားအလာကောင်းနေခံတာတောင်မှ စတိဗ် ဘရုစ်တယောက် အသက်ဆက်နိုင်ဖို့ကတော့ ထင်သလောက် မလွယ်ကူဘဲ ဘဏ္ဍာရေးအခြေအနေ ယိမ်းယိုင်နေတဲ့ နယူးကာဆယ်မှာ လူသစ်များများစားစား ရောက်မလာနိုင်တော့တာကြောင့် သူ့နည်းပြဘဝက ခပ်မြန်မြန်ပဲ အဆုံးသတ်မယ်လို့ အလေးပေးခံနေရပါတယ်။

၂။ ဇစ္စကို မူညော့ဇ်
ဝက်ဖို့ဒ်အသင်းက မနှစ်က ဒီဇင်ဘာမှာ နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တဲ့ ဗလင်စီယာတောင်ပံကစားသမားဟောင်းဖြစ်ပြီး ကစာသမားဘဝမှာ ထူးချွန်ခြင်းမရှိခဲ့တဲ့ စပိန်သားအနေနဲ့ ကီကေး ဆန်ချက်ဇ် ဖလောရက်စ်နဲ့ ဟာဗီ ဂါစီယာတို့လို ဝါရင့်နည်းပြတွေတောင်မှ ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်ခဲ့ရတဲ့ အီတလီပိုင်ရှင်တွေရဲ့ လက်ထဲမှာ သက်ဆိုးရှည်နိုင်ပါ့မလားဆိုတာကတော့ ရင်လေးစရာဖြစ်နေခဲ့ပါတယ်။

အသင်းရဲ့ စီမံခန့်ခွဲမှု ဒါရိုက်တာဖြစ်သလို ပိုင်ရှင်လည်းဖြစ်တဲ့ ဂီနို ပေါ့ဇိုကတော့ ဝက်ဖို့ဒ်အသင်းကို အရာရာ မျက်စိဒေါက်ထောက်ကြည့်နေတာဖြစ်ပြီး ၂၀၁၈ ကနေ ၂၀၂၀ အထိ နည်းပြ ၆ ဦးအထိ ပြောင်းလဲခဲ့ပြီး အဝင်အထွက်ကြမ်းနေခဲ့တာဖြစ်သလို ပရီးမီးယားလိဂ်အဖွင့် ၁ လခွဲအတွင်း ရလဒ်မကောင်းရင်တော့ ခပ်မြန်မြန်ပဲ ဇစ္စကိုရဲ့ နေရာကို အစားထိုးဖို့ ဝန်မလေးမယ့်သူမျိုးလည်း ဖြစ်နေပါတယ်။

၁။ ပက်ထရစ် ဗီယာရာ
အာဆင်နယ်ဂန္ထဝင် ကွင်းလယ်ကစားသမားဟောင်းကြီးကို ပရီးမီးယားလိဂ်မြက်ခင်းစိမ်းမှာ တကျော့ပြန်မြင်တွေ့ရတော့မှာဖြစ်ပြီး ခရစ္စတယ်လ် ပဲလေ့စ်အသင်းကို နည်းပြသစ်အဖြစ် တာဝန်ယူဆောင်ရွက်လာခဲ့တာဖြစ်ပါတယ်။ နည်းပြဘဝအစကို မန်ချက်စတာစီးတီးက ထွက်ခွာအပြီး သူတို့ရဲ့ City Football Group အဖွဲ့ဝင် မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးနဲ့ တာထွက်ခဲ့သလို သိပ်အားရစရာတော့ မရှိခဲ့ပါဘူး။

ပြင်သစ်လီဂူးကလပ် နိစ်နည်းပြဘဝမှာတော့ အခြေအနေကောင်းခဲ့ပေမယ့် ငါးပွဲဆက်ရှုံးပွဲတွေ့ပြီး ယူရိုပါလိဂ်အုပ်စုကနေ လှည့်ပြန်ခဲ့ရတာကြောင့် ရာထူးက အထုတ်ခံခဲ့ရပြီး တတိယမြောက်အသင်းအနေနဲ့ ပဲ့လေ့စ်ကို ကိုင်တွယ်ဖို့ ဖြစ်လာချိန်မှာ ပရီးမီးယားလိဂ်ရဲ့ဖိအားကတော့ အမြင့်ဆုံးဖြစ်နေတာပါ။ လူသစ်တွေနဲ့ လူငယ်ခြေတက်တွေကို ခေါ်ယူပြင်ဆင်ထားတဲ့ ကစားသမားအဝင်ပိုင်းကတော့ မဆိုးလှတာကြောင့် ဗီယာရာကိုတော့ စိတ်နည်းနည်းရှည်ပေးတတ်တဲ့ လန်ဒန် တောင်ပိုင်းကလပ်မှာ ဒီငါးယောက်ထဲက အန္တရာယ်အနည်းဆုံးအဖြစ် စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဒါပေမယ့် သူဖြတ်သန်းရမယ့် ရာသီအစ ခရီးလမ်းကတော့ ကြမ်းတမ်းနေပြီး ချယ်လ်ဆီး၊ ဝက်စ်ဟမ်း၊ စပါးစ်၊ လီဗာပူးလ်၊ လက်စတာစီးတီး၊ အာဆင်နယ်၊ မန်ချက်စတာစီးတီးတို့နဲ့ ထိပ်တိုက်ကစားရမယ့် တာထွက် ၁၀ ပွဲက သူ့ရဲ့ EPL နည်းပြဘဝကို တစ်ခန်းရပ်သွားနိုင်ဖွယ်ရှိနေတယ်လို့ ထင်ကြေးပေးနေကြသလို တာထွက်နှေးမယ်လို့ ယူဆခံထားရတဲ့ ပဲလေ့စ်ကတော့ ပြီးခဲ့တဲ့ရာသီက ရှက်ဖီးလ်ဒ်ယူနိုက်တက်လို အဖြစ်ဆိုးမျိုးနဲ့ ကြုံသွားရမလားလို့လည်း မေးခွန်းတွေ ရှိနေခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၅။ ႏူႏို အက္စ္ပီရီတို ဆန္တို
ေမာ္ရင္ညိဳေနရာ ဆက္ခံသူျဖစ္လာခဲ့တဲ့ ေပၚတူဂီသားကေတာ့ ရာသီသစ္မစခင္မွာပဲ ေတာ့တင္ဟမ္ေဟာ့စပါးစ္ကေန အထုတ္ခံရဖို႔ ေရာက္ေရာက္ခ်င္းပဲ ေဆာက္နဲ႔ထြင္းၿပီး တစ္ေပးခံထားရပါၿပီ။ ပရီးမီးယားလိဂ္အဖြင့္ ၁၀ ပြဲမွာ မန္ခ်က္စတာစီးတီး၊ သူ႔အသင္းေဟာင္း ဝုလ္ဗ္စ္၊ ခ်ယ္လ္ဆီး၊ အာဆင္နယ္၊ ဝက္စ္ဟမ္း၊ မန္ခ်က္စတာယူႏိုက္တက္တို႔နဲ႔ ပြဲက်ပ္ေတြကလည္း ေစာင့္ဆိုင္းေနတာပါ။

ဝုလ္ဗ္စ္မွာ သူ႔ရဲ႕ ပဲ့ကိုင္မႈက မဆိုးလွေပမယ့္ ေနာက္ဆုံးရာသီမွာေတာ့ ေျခေခ်ာ္လက္ေခ်ာ္ႏိုင္ခဲ့ၿပီးေနာက္မွာ စပါးစ္အသင္းက ေပးအပ္လာမယ့္ ပရီးမီးယားလိဂ္နဲ႔ ၿပိဳင္ပြဲသစ္ ယူ႐ိုပါကြန္ဖရင့္စ္လိဂ္ကို တစ္ၿပိဳင္နက္တည္း ကစားရမယ့္ ဖိအားကေတာ့ အေတာ္ေလးေျခာက္လွန႔္ေနသလို သူတို႔ဥကၠဌ ဒန္နီယယ္ လီဗိုင္းရဲ႕ တဇြတ္ထိုးႏိုင္မႈေၾကာင့္လည္း ေစာေစာစီးစီး အထုတ္ခံမယ္လို႔ ခန႔္မွန္းထားၾကပါတယ္။

၄။ ဘ႐ူႏို လာေဂ်း
ႏူႏို ဆန္တိုေနရာကို ဆက္ခံခဲ့တဲ့ ဝုလ္ဗ္စ္နည္းျပသစ္ ဘ႐ူႏို လာေဂ်းကေတာ့ သူ႔နည္းျပခ်ဳပ္ဘဝရဲ႕ မွတ္တမ္းေတြက သိပ္ၿပီး အေကာင္းႀကီးထဲမွာ မပါဝင္သလို ေနာက္ဆုံးအေနနဲ႔ ေပၚတူဂီကလပ္ ဘင္ဖီကာအသင္းမွာ ေနာက္ဆုံး ၁၃ ပြဲကို ၂ ပြဲသာ ႏိုင္ပြဲရရွိခဲ့တာေၾကာင့္ သမိုင္းဝင္အဆိုး႐ြားဆုံး ပုံစံနဲ႔ အထုတ္ခံခဲ့ရပါတယ္။

ဝံပုေလြေတြ ပရီးမီးယားလိဂ္ကို တန္းတက္လာကတည္းက သူ႔ေျခသူလက္ ဆက္တိုက္လုပ္ေဆာင္လာခဲ့တဲ့ လူေဟာင္းနည္းျပရဲ႕ အရိပ္က လႊမ္းမိုးေနမွာျဖစ္သလို အဓိကဂိုးသမား ႐ူအီ ပက္ထရီစီယိုကိုလည္း ႐ိုးမားဆီ လက္လႊတ္ခဲ့ရတာေၾကာင့္ လက္စတာ၊ စပါးစ္၊ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ပရီးမီးယားလိဂ္အဖြင့္ ၃ ပြဲဆက္ ကစားရမယ့္ ဖိအားကို ဘယ္လိုကိုင္တြယ္သြားမလဲလို႔ ေစာင့္ၾကည့္ခံအေနအထားမွာ ရွိေနပါတယ္။

၃။ စတိဗ္ ဘ႐ုစ္
ၿပီးခဲ့တဲ့ရာသီက ၁၁ ပြဲဆက္ ရႈံးနိမ့္ခဲ့တဲ့ နယူးကာဆယ္ကို တန္းဆင္းဇုန္အႏၲရာယ္ကေန လက္မတင္ေလး ကယ္တင္ႏိုင္ခဲ့တဲ့ နည္းျပႀကီးက ဒီရာသီမွာလည္း လက္မေထာင္ဖို႔ မျဖစ္ႏိုင္ဘူးလို႔ ယူဆခံထားရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အသင္းပိုင္ကစားသမားေတြထက္ အာဆင္နယ္ကေန အငွားလာကစားသူ ဂ်ိဳးဝီေလာ့ခ္ရဲ႕ အစြမ္းအစကသာ အဓိကက်ေနခဲ့တာေၾကာင့္ပါ။

အခုခ်ိန္မွာေတာ့ ဂန္းနားသားကို ေပါင္ ၂၂ သန္းနဲ႔ ဝယ္ယူရရွိႏိုင္ဖို႔ အလားအလာေကာင္းေနခံတာေတာင္မွ စတိဗ္ ဘ႐ုစ္တေယာက္ အသက္ဆက္ႏိုင္ဖို႔ကေတာ့ ထင္သေလာက္ မလြယ္ကူဘဲ ဘ႑ာေရးအေျခအေန ယိမ္းယိုင္ေနတဲ့ နယူးကာဆယ္မွာ လူသစ္မ်ားမ်ားစားစား ေရာက္မလာႏိုင္ေတာ့တာေၾကာင့္ သူ႔နည္းျပဘဝက ခပ္ျမန္ျမန္ပဲ အဆုံးသတ္မယ္လို႔ အေလးေပးခံေနရပါတယ္။

၂။ ဇစၥကို မူေညာ့ဇ္
ဝက္ဖို႔ဒ္အသင္းက မႏွစ္က ဒီဇင္ဘာမွာ နည္းျပသစ္အျဖစ္ ခန္႔အပ္ခဲ့တဲ့ ဗလင္စီယာေတာင္ပံကစားသမားေဟာင္းျဖစ္ၿပီး ကစာသမားဘဝမွာ ထူးခြၽန္ျခင္းမရွိခဲ့တဲ့ စပိန္သားအေနနဲ႔ ကီေကး ဆန္ခ်က္ဇ္ ဖေလာရက္စ္နဲ႔ ဟာဗီ ဂါစီယာတို႔လို ဝါရင့္နည္းျပေတြေတာင္မွ ဖုတ္လႈိက္ဖုတ္လႈိက္ျဖစ္ခဲ့ရတဲ့ အီတလီပိုင္ရွင္ေတြရဲ႕ လက္ထဲမွာ သက္ဆိုးရွည္ႏိုင္ပါ့မလားဆိုတာကေတာ့ ရင္ေလးစရာျဖစ္ေနခဲ့ပါတယ္။

အသင္းရဲ႕ စီမံခန္႔ခြဲမႈ ဒါ႐ိုက္တာျဖစ္သလို ပိုင္ရွင္လည္းျဖစ္တဲ့ ဂီႏို ေပါ့ဇိုကေတာ့ ဝက္ဖို႔ဒ္အသင္းကို အရာရာ မ်က္စိေဒါက္ေထာက္ၾကည့္ေနတာျဖစ္ၿပီး ၂၀၁၈ ကေန ၂၀၂၀ အထိ နည္းျပ ၆ ဦးအထိ ေျပာင္းလဲခဲ့ၿပီး အဝင္အထြက္ၾကမ္းေနခဲ့တာျဖစ္သလို ပရီးမီးယားလိဂ္အဖြင့္ ၁ လခြဲအတြင္း ရလဒ္မေကာင္းရင္ေတာ့ ခပ္ျမန္ျမန္ပဲ ဇစၥကိုရဲ႕ ေနရာကို အစားထိုးဖို႔ ဝန္မေလးမယ့္သူမ်ိဳးလည္း ျဖစ္ေနပါတယ္။

၁။ ပက္ထရစ္ ဗီယာရာ
အာဆင္နယ္ဂႏၴဝင္ ကြင္းလယ္ကစားသမားေဟာင္းႀကီးကို ပရီးမီးယားလိဂ္ျမက္ခင္းစိမ္းမွာ တေက်ာ့ျပန္ျမင္ေတြ႕ရေတာ့မွာျဖစ္ၿပီး ခရစၥတယ္လ္ ပဲေလ့စ္အသင္းကို နည္းျပသစ္အျဖစ္ တာဝန္ယူေဆာင္႐ြက္လာခဲ့တာျဖစ္ပါတယ္။ နည္းျပဘဝအစကို မန္ခ်က္စတာစီးတီးက ထြက္ခြာအၿပီး သူတို႔ရဲ႕ City Football Group အဖြဲ႕ဝင္ ေမဂ်ာလိဂ္ကလပ္ နယူးေယာက္စီးတီးနဲ႔ တာထြက္ခဲ့သလို သိပ္အားရစရာေတာ့ မရွိခဲ့ပါဘူး။

ျပင္သစ္လီဂူးကလပ္ နိစ္နည္းျပဘဝမွာေတာ့ အေျခအေနေကာင္းခဲ့ေပမယ့္ ငါးပြဲဆက္ရႈံးပြဲေတြ႕ၿပီး ယူ႐ိုပါလိဂ္အုပ္စုကေန လွည့္ျပန္ခဲ့ရတာေၾကာင့္ ရာထူးက အထုတ္ခံခဲ့ရၿပီး တတိယေျမာက္အသင္းအေနနဲ႔ ပဲ့ေလ့စ္ကို ကိုင္တြယ္ဖို႔ ျဖစ္လာခ်ိန္မွာ ပရီးမီးယားလိဂ္ရဲ႕ဖိအားကေတာ့ အျမင့္ဆုံးျဖစ္ေနတာပါ။ လူသစ္ေတြနဲ႔ လူငယ္ေျခတက္ေတြကို ေခၚယူျပင္ဆင္ထားတဲ့ ကစားသမားအဝင္ပိုင္းကေတာ့ မဆိုးလွတာေၾကာင့္ ဗီယာရာကိုေတာ့ စိတ္နည္းနည္းရွည္ေပးတတ္တဲ့ လန္ဒန္ ေတာင္ပိုင္းကလပ္မွာ ဒီငါးေယာက္ထဲက အႏၲရာယ္အနည္းဆုံးအျဖစ္ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ဒါေပမယ့္ သူျဖတ္သန္းရမယ့္ ရာသီအစ ခရီးလမ္းကေတာ့ ၾကမ္းတမ္းေနၿပီး ခ်ယ္လ္ဆီး၊ ဝက္စ္ဟမ္း၊ စပါးစ္၊ လီဗာပူးလ္၊ လက္စတာစီးတီး၊ အာဆင္နယ္၊ မန္ခ်က္စတာစီးတီးတို႔နဲ႔ ထိပ္တိုက္ကစားရမယ့္ တာထြက္ ၁၀ ပြဲက သူ႔ရဲ႕ EPL နည္းျပဘဝကို တစ္ခန္းရပ္သြားႏိုင္ဖြယ္ရွိေနတယ္လို႔ ထင္ေၾကးေပးေနၾကသလို တာထြက္ေႏွးမယ္လို႔ ယူဆခံထားရတဲ့ ပဲေလ့စ္ကေတာ့ ၿပီးခဲ့တဲ့ရာသီက ရွက္ဖီးလ္ဒ္ယူႏိုက္တက္လို အျဖစ္ဆိုးမ်ိဳးနဲ႔ ႀကဳံသြားရမလားလို႔လည္း ေမးခြန္းေတြ ရွိေနခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.