Premier League

13 Aug နောက်ဆုံးရ မန်ချက်စတာယူနိုက်တက် အပြောင်းအရွှေ့သတင်းများ

ESPN သတင်းရဲ့ဖော်ပြချက်အရ တနှစ်သာ ကျန်ရှိတော့တဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို ယူနိုက်တက်ဘုတ်အဖွဲ့က သက်တမ်းတိုးဖို့ စာချုပ်ကမ်းလှမ်းထားပေမယ့် အသက် ၂၈ နှစ်သားကို စည်းရုံးဖို့တော့ မျှော်လင့်ချက်ပျောက်ဆုံးနေကြောင်း သိရပြီး နှစ်ရှည်စာချုပ်သစ်တရပ်ဖြစ်ပေါ်လာဖို့ ဆိုင်းငံထားရဦးမယ်လို့ ဆိုသွားခဲ့။

တိုက်စစ်မှူး အန်ထော်နီ မာစီယယ်လ်အတွက် အင်တာမီလန်အသင်းရဲ့ ပေါင်သန်း ၅၀ ကမ်းလှမ်းမှုကို ယူနိုက်တက်ဘက်က ပယ်ချသွားခဲ့တယ်လို့ သိရပြီး ရာသီတာထွက်မှာ ရက်ရှ်ဖို့ဒ်နဲ့ ကာဗာနီတို့ လွဲချော်ဖို့ရှိနေတာကြောင့် ပြင်သစ်သားကို အိုးထရက်ဖို့ဒ်မှာ တရာသီဆက်ထိန်းထားဦးမယ်လို့ Daily Mail က ရေးသားသွားခဲ့။

အသက် ၂၀ နှစ်အရွယ် ကွင်းလယ်လူ ဂျိမ်းစ် ဂါနာဟာ ပွဲထွက်ခွင့်ရဖို့ သံသယရှိနေတာကြောင့် ယူနိုက်တက်က နောက်ဆုံးကမ်းလှမ်းလိုက်တဲ့ စာချုပ်ကို ငြင်းပယ်သွားခဲ့ပြီး နည်းပြ ဆိုးလ်ရှားဘက်က တနှစ်ထပ်တိုးခွင့်ကို အသုံးပြုကာ အသင်းမှာဆက်နေဖို့ စည်းရုံးသွားမယ်လို့ သိရချိန်မှာ အိုးထရက်ဖို့ဒ်မှာ မပျော်ရွှင်တော့တဲ့ လူငယ်ကြယ်ပွင့်လေး အာမက် ဂျယ်လိုကိုတော့ ဒီနွေမှာ အငှားချသွားဖို့ စီစဥ်နေပြီး သူ့ကစားသမားဘဝတိုးတက်ဖို့အတွက် အချိန်ပေးသွားမယ်လို့ သိရ။

ဘောလုံးဝေဖန်သုံးသပ်သူ ဂျေမီ အိုဟာရားက ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ချင်ရင် လမ်းပတ်ကို ရှင်းထုတ်ခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့လမ်းစဥ်ကို အတုယူပြီး အတွေ့အကြုံနုတဲ့ နည်းပြ ဆိုးလ်ရှားကို ထုတ်ပစ်သင့်တယ်လို့ အကြံပေးသွားခဲ့သလို ဒါဟာ ရက်စက်ပေမယ့် သရဲနီလူစာရင်းဟာ နော်ဝေသားကြောင့် တန်ဖိုးနိမ့်နေလို့ ‘Ole Out’ သာဖြစ်သင့်ကြောင်း ဝေဖန်သွားခဲ့။

PSG ကွင်းလယ်လူ အန်ဒါ ဟာရဲရားက အသင်း​ဟောင်းယူနိုက်တက်နဲ့ ပြန်လည်ပူးပေါင်းမယ့် သတင်းတွေဟာ လှိုင်နေပေမယ့် နည်းပြ ဆိုးလ်ရှားကို အထင်မကြီးတဲ့ အသက် ၃၁ နှစ်အရွယ် စပိန်သားအနေနဲ့ သူ့အနာဂတ်ကို အိုးထရက်ဖို့ဒ်မှာ ကုန်ဆုံးလိုစိတ်မရှိဘူးလို့ သတ်မှတ်ခံထားရကြောင့် သရဲနီပရိသတ်တို့ ရင်ခံသွားခဲ့ရ။

မန်ချက်စတာယူနိုက်တက်နဲ့ အချိန်အတန်ကြာ ချိတ်ဆက်လာခဲ့တဲ့ ဘာစီလိုနာတိုက်စစ်မှူး အွန်ထွာ ဂရိဇ်မန်းဟာ သရဲနီတို့ရဲ့တိုက်စစ်ကို အခြေခံကျကျ ပြောင်းလဲသွားစေလိမ့်လို့ ပြင်သစ်သားချင်းဖြစ်တဲ့ ယူနိုက်တက်တိုက်စစ်မှူး လူးဝစ္စ ဆာဟာက ယုံကြည်နေပြီး စျေးကွက်မပိတ်ခင် ပေါ့ဘာနဲ့ အမြန်ဆုံးပူးပေါင်းခိုင်းဖို့ တိုက်တွန်းသွားခဲ့။

သရဲနီဂန္ထဝင်ကစားသမားဟောင်းတွေဖြစ်တဲ့ ရွိုင်ကိန်းနဲ့ ဂယ်ရီ နဗီးလ်တို့က ယူနိုက်တက်အနေနဲ့ ​ကွင်းလယ်အဖျက်မှာ မက်ဖရက်ဒ်အတွဲ (မက်တော်မီနေး+ဖရက်ဒ်) ကိုသာ အားကိုးနေရင်တော့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်ဖို့ ကျဆုံးသွားလိမ့်မယ်လို့ သတိပေးသွားခဲ့ပြီး ကမ္ဘာ့အဆင့်ကွင်းလယ်ခံစစ်ကစားသမားတဦးကို အမြန်ဆုံးဝယ်ယူဖို့ တွန်းအားပေးသွားခဲ့။

ရာဖေးလ် ဗာရွန်းကို တရားဝင်ကစားသမားအဖြစ် အတည်ပြုကြေငြာဖို့ ကြန့်ကြာနေခြင်းဟာ မန်ချက်စတာယူနိုက်တက်လူမှုကွန်ရက်အဖွဲ့က အချိန်ဆွဲနေတာကြောင့် မေးကြည့်သင့်တယ်လို့ အပြောင်းအရွှေ့သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက နောက်ပြောင်သွားခဲ့ပြီး နောက်ဆုံးသတင်းတွေအရ ပြင်သစ်သားကို Official ကြေငြာဖို့ တရက်နောက်ဆုတ်ထားကြောင်း ဖော်ပြနေကြ။

မန်ချက်စတာစီးတီးအသင်းက ရာသီသစ်အတွက် အထူးရိုက်ကူးထားခဲ့တဲ့ ” ကန့်လန့်ကာနောက်ကွယ်က မှတ်တမ်းဗွီဒီယို ” မှာ နည်းပြ ဂွာဒီယိုလာအနေနဲ့ ယူနိုက်တက်နဲ့ လိဒ်စ်ယူနိုက်တက်ပွဲစဥ်အတွက် စိတ်လှုပ်ရှားနေကြောင်း တွေ့ရှိခဲ့ရပြီး လိဒ်စ်နည်းပြ မာဆယ်လို ဘီယယ်လ်ဆာရဲ့အမည်ကို သံကုန်ဟစ်ပြီး ယူနိုက်တက်အသင်းကို ကလိသွားခဲ့။

မန်ချက်ယူနိုက်တက်နဲ့ တောက်လျှောက်ချိတ်ဆက်နေပြီး ရင်းနေးအသင်းကနေ ထွက်ခွာလိုနေကြောင်း ရင်းနေးအားကစားဒါရိုက်တာကအတည်ပြုထားတဲ့ ရင်းနေးကွင်းလယ်လူ အီဒူယာဒို ကာမာဗင်ဂါကို အပြောင်းအရွှေ့နောက်ဆုံးနေ့ မတိုင်ခင် ကစားသမားရဲ့အေးဂျင့် ဂျိုနသန် ဘားနတ်က ပေါင် ၂၄.၃ သန်းနဲ့ အိုးထရက်ဖို့ဒ်ဆီ အရောက်ပို့ပေးသွားနိုင်လိမ့်မည်ဟု နာမည်ကြီးဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက ခန့်မှန်းသွားခဲ့။

ယူနိုက်တက်ဘုတ်အဖွဲ့အနေနဲ့ အန်ဒရေ ပါရဲရားကို ရောင်းချပြီး ကွင်းလယ်ပစ်မှတ် ၃ ဦးဖြစ်တဲ့ အက်ဒွာဒို ကာမာဗင်ဂါနဲ့ ဆာအူးလ် ညီးရက်ဇ်တို့ထဲက တဦးကို အပြောင်းအရွှေ့တံခါးမပိတ်ခင် အိုးထရက်ဖို့ဒ်ဆီ ခေါ်ဆောင်နိုင်ဖို့ ညှိနှိုင်းမှုအဆင့်တွေကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း ESPN က ဖော်ပြသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ESPN သတင္းရဲ႕ေဖာ္ျပခ်က္အရ တႏွစ္သာ က်န္ရွိေတာ့တဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို ယူႏိုက္တက္ဘုတ္အဖြဲ႕က သက္တမ္းတိုးဖို႔ စာခ်ဳပ္ကမ္းလွမ္းထားေပမယ့္ အသက္ ၂၈ ႏွစ္သားကို စည္း႐ုံးဖို႔ေတာ့ ေမွ်ာ္လင့္ခ်က္ေပ်ာက္ဆုံးေနၾကာင္း သိရၿပီး ႏွစ္ရွည္စာခ်ဳပ္သစ္တရပ္ျဖစ္ေပၚလာဖို႔ ဆိုင္းငံထားရဦးမယ္လို႔ ဆိုသြားခဲ့။

တိုက္စစ္မႉး အန္ေထာ္နီ မာစီယယ္လ္အတြက္ အင္တာမီလန္အသင္းရဲ႕ ေပါင္သန္း ၅၀ ကမ္းလွမ္းမႈကို ယူႏိုက္တက္ဘက္က ပယ္ခ်သြားခဲ့တယ္လို႔ သိရၿပီး ရာသီတာထြက္မွာ ရက္ရွ္ဖို႔ဒ္နဲ႔ ကာဗာနီတို႔ လြဲေခ်ာ္ဖို႔ရွိေနတာေၾကာင့္ ျပင္သစ္သားကို အိုးထရက္ဖို႔ဒ္မွာ တရာသီဆက္ထိန္းထားဦးမယ္လို႔ Daily Mail က ေရးသားသြားခဲ့။

အသက္ ၂၀ ႏွစ္အ႐ြယ္ ကြင္းလယ္လူ ဂ်ိမ္းစ္ ဂါနာဟာ ပြဲထြက္ခြင့္ရဖို႔ သံသယရွိေနတာေၾကာင့္ ယူႏိုက္တက္က ေနာက္ဆုံးကမ္းလွမ္းလိုက္တဲ့ စာခ်ဳပ္ကို ျငင္းပယ္သြားခဲ့ၿပီး နည္းျပ ဆိုးလ္ရွားဘက္က တႏွစ္ထပ္တိုးခြင့္ကို အသုံးျပဳကာ အသင္းမွာဆက္ေနဖို႔ စည္း႐ုံးသြားမယ္လို႔ သိရခ်ိန္မွာ အိုးထရက္ဖို႔ဒ္မွာ မေပ်ာ္႐ႊင္ေတာ့တဲ့ လူငယ္ၾကယ္ပြင့္ေလး အာမက္ ဂ်ယ္လိုကိုေတာ့ ဒီေႏြမွာ အငွားခ်သြားဖို႔ စီစဥ္ေနၿပီး သူ႔ကစားသမားဘဝတိုးတက္ဖို႔အတြက္ အခ်ိန္ေပးသြားမယ္လို႔ သိရ။

ေဘာလုံးေဝဖန္သုံးသပ္သူ ေဂ်မီ အိုဟာရားက ယူႏိုက္တက္အေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခ်င္ရင္ လမ္းပတ္ကို ရွင္းထုတ္ခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းရဲ႕လမ္းစဥ္ကို အတုယူၿပီး အေတြ႕အႀကဳံႏုတဲ့ နည္းျပ ဆိုးလ္ရွားကို ထုတ္ပစ္သင့္တယ္လို႔ အႀကံေပးသြားခဲ့သလို ဒါဟာ ရက္စက္ေပမယ့္ သရဲနီလူစာရင္းဟာ ေနာ္ေဝသားေၾကာင့္ တန္ဖိုးနိမ့္ေနလို႔ ‘Ole Out’ သာျဖစ္သင့္ေၾကာင္း ေဝဖန္သြားခဲ့။

PSG ကြင္းလယ္လူ အန္ဒါ ဟာရဲရားက အသင္း​ေဟာင္းယူႏိုက္တက္နဲ႔ ျပန္လည္ပူးေပါင္းမယ့္ သတင္းေတြဟာ လႈိင္ေနေပမယ့္ နည္းျပ ဆိုးလ္ရွားကို အထင္မႀကီးတဲ့ အသက္ ၃၁ ႏွစ္အ႐ြယ္ စပိန္သားအေနနဲ႔ သူ႔အနာဂတ္ကို အိုးထရက္ဖို႔ဒ္မွာ ကုန္ဆုံးလိုစိတ္မရွိဘူးလို႔ သတ္မွတ္ခံထားရေၾကာင့္ သရဲနီပရိသတ္တို႔ ရင္ခံသြားခဲ့ရ။

ယူႏိုက္တက္နဲ႔ အခ်ိန္အတန္ၾကာ ခ်ိတ္ဆက္လာခဲ့တဲ့ ဘာစီလိုနာတိုက္စစ္မႉး အြန္ထြာ ဂရိဇ္မန္းဟာ သရဲနီတို႔ရဲ႕တိုက္စစ္ကို အေျခခံက်က် ေျပာင္းလဲသြားေစလိမ့္လို႔ ျပင္သစ္သားခ်င္းျဖစ္တဲ့ ယူႏိုက္တက္တိုက္စစ္မႉး လူးဝစၥ ဆာဟာက ယုံၾကည္ေနၿပီး ေစ်းကြက္မပိတ္ခင္ ေပါ့ဘာနဲ႔ အျမန္ဆုံးပူးေပါင္းခိုင္းဖို႔ တိုက္တြန္းသြားခဲဲ့။

သရဲနီဂႏၴဝင္ကစားသမားေဟာင္းေတြျဖစ္တဲ့ ႐ြိဳင္ကိန္းနဲ႔ ဂယ္ရီ နဗီးလ္တို႔က ယူႏိုက္တက္အေနနဲ႔ ​ကြင္းလယ္အဖ်က္မွာ မက္ဖရက္ဒ္အတြဲ (မက္ေတာ္မီေနး+ဖရက္ဒ္) ကိုသာ အားကိုးေနရင္ေတာ့ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို စိန္ေခၚဖို႔ က်ဆုံးသြားလိမ့္မယ္လို႔ သတိေပးသြားခဲ့ၿပီး ကမာၻ႔အဆင့္ကြင္းလယ္ခံစစ္ကစားသမားတဦးကို အျမန္ဆုံးဝယ္ယူဖို႔ တြန္းအားေပးသြားခဲ့။

ရာေဖးလ္ ဗာ႐ြန္းကို တရားဝင္ကစားသမားအျဖစ္ အတည္ျပဳေၾကျငာဖို႔ ၾကန္႔ၾကာေနျခင္းဟာ ယူႏိုက္တက္လူမႈကြန္ရက္အဖြဲ႕က အခ်ိန္ဆြဲေနတာေၾကာင့္ ေမးၾကည့္သင့္တယ္လို႔ အေျပာင္းအေ႐ႊ႕သတင္းေထာက္ ဖာဘရီဇီယို ႐ိုမာႏိုက ေနာက္ေျပာင္သြားခဲ့ၿပီး ေနာက္ဆုံးသတင္းေတြအရ ျပင္သစ္သားကို Official ေၾကျငာဖို႔ တရက္ေနာက္ဆုတ္ထားေၾကာင္း ေဖာ္ျပေနၾက။

မန္ခ်က္စတာစီးတီးအသင္းက ရာသီသစ္အတြက္ အထူး႐ိုက္ကူးထားခဲ့တဲ့ ” ကန္႔လန္႔ကာေနာက္ကြယ္က မွတ္တမ္းဗြီဒီယို ” မွာ နည္းျပ ဂြာဒီယိုလာအေနနဲ႔ ယူႏိုက္တက္နဲ႔ လိဒ္စ္ယူႏိုက္တက္ပြဲစဥ္အတြက္ စိတ္လႈပ္ရွားေနေၾကာင္း ေတြ႕ရွိခဲ့ရၿပီး လိဒ္စ္နည္းျပ မာဆယ္လို ဘီယယ္လ္ဆာရဲ႕အမည္ကို သံကုန္ဟစ္ၿပီး ယူႏိုက္တက္အသင္းကို ကလိသြားခဲ့။

မန္ခ်က္ယူႏိုက္တက္နဲ႔ ေတာက္ေလွ်ာက္ခ်ိတ္ဆက္ေနၿပီး ရင္းေနးအသင္းကေန ထြက္ခြာလိုေနေၾကာင္း ရင္းေနးအားကစားဒါ႐ိုက္တာကအတည္ျပဳထားတဲ့ ရင္းေနးကြင္းလယ္လူ အီဒူယာဒို ကာမာဗင္ဂါကို အေျပာင္းအေ႐ႊ႕ေနာက္ဆုံးေန႔ မတိုင္ခင္ ကစားသမားရဲ႕ေအးဂ်င့္ ဂ်ိဳနသန္ ဘားနတ္က ေပါင္ ၂၄.၃ သန္းနဲ႔ အိုးထရက္ဖို႔ဒ္ဆီ အေရာက္ပို႔ေပးသြားႏိုင္လိမ့္မည္ဟု နာမည္ႀကီးဂ်ာနယ္လစ္ ဖာဘရီဇီယို ႐ိုမာႏိုက ခန႔္မွန္းသြားခဲ့။

ယူႏိုက္တက္ဘုတ္အဖြဲ႕အေနနဲ႔ အန္ဒေရ ပါရဲရားကို ေရာင္းခ်ၿပီး ကြင္းလယ္ပစ္မွတ္ ၃ ဦးျဖစ္တဲ့ အက္ဒြာဒို ကာမာဗင္ဂါနဲ႔ ဆာအူးလ္ ညီးရက္ဇ္တို႔ထဲက တဦးကို အေျပာင္းအေ႐ႊ႕တံခါးမပိတ္ခင္ အိုးထရက္ဖို႔ဒ္ဆီ ေခၚေဆာင္ႏိုင္ဖို႔ ညႇိႏႈိင္းမႈအဆင့္ေတြကို အရွိန္ျမႇင့္လုပ္ေဆာင္ေနေၾကာင္း ESPN က ေဖာ္ျပသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.