Premier League Transfer News

လူကာကူးကို ခေါ်ယူခဲ့ပြီး ပူးပေါင်းခဲ့ပြီဖြစ်ကြောင်း ချဲလ်ဆီးအသင်း တရားဝင်ကြေငြာ

ချဲလ်ဆီးအသင်းအနေနဲ့ အင်တာမီလန်တိုက်စစ်မှူး ရိုမီလူ လူကာကူးကို အသင်းနဲ့ ဒုတိယအကြိမ် ပူးပေါင်းမှုအဖြစ် ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ကလပ်အသင်းရဲ့ ဝက်ဘ်ဆိုက်နဲ့ တွစ်တာအစရှိတဲ့ လူမှုစာမျက်နှာတွေမှာ တရားဝင် ကြေငြာသွားခဲ့ပြီဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ ချဲလ်ဆီးအသင်းက ထွက်ခွာခဲ့တဲ့ ရိုမီလူ လူကာကူးအနေနဲ့ ၇ နှစ်အကြာမှာ ပြန်လည်ပူးပေါင်းနိုင်ခဲ့တာဖြစ်ပြီး အင်တာမီလန်အသင်းဆီကို အနောက်လန်ဒန်သားတွေဆီက နှစ်ကြိမ်တိုင်တိုင် ကမ်းလှမ်းမှုအပြီးမှာတော့ သူတို့ရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ လာရောက်ကူညီနိုင်ဖို့ သဘောတူညီမှု ရခဲ့တာပါ။

ဥရောပရဲ့ တိုးတက်မှုအမြင့်ဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်ဖြစ်တဲ့ လူကာကူးအနေနဲ့ အင်တာမီလန်အသင်းကို ၂၀၁၉ ခုနှစ်မှာ ပြောင်းရွှေ့သွားခဲ့ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက စီးရီးအေသွင်းဂိုး ၂၄ ဂိုးသွင်းယူပေးခဲ့သလို ဒီစွမ်းဆောင်မှုတွေက နီရာဇူရီတို့ကို ၁၁ နှစ်အတွင်း ပထမဆုံး စကူဒက်တိုဖလားကို ဆွတ်ခူးစေခဲ့ပြီး ဂျူဗင်တပ်စ်အသင်းရဲ့ ၁၁ နှစ်အတွင်း စီးရီးအေဖလား ၉ ကြိမ်ရခဲ့တဲ့ အမြင့်ပျံခရီးကို ရိုက်ချဖို့ အကူအညီဖြစ်ခဲ့ပါတယ်။

ငွေကြေးအကျပ်အတည်းရင်ဆိုင်နေရတဲ့ အင်တာမီလန်အသင်းအနေနဲ့ လစာနှုန်းထားကို လျှော့ချဖို့ လိုအပ်လာလို့ ဆုဖလားယူပေးခဲ့တဲ့ မန်နေဂျာ အန်တိုနီယို ကွန်တီနဲ့ပါ လမ်းခွဲထားခဲ့တာဖြစ်ပြီး လူကာကူးကို မရောင်းချချင်ပေမယ့်လည်း အသင်းဟောင်းက ကမ်းလှမ်းမှုကို လက်ခံခဲ့ရပြီး ဘယ်လ်ဂျီယမ်တိုက်စစ်မှူးအနေနဲ့ ချဲလ်ဆီးအသင်းမှာ တစ်နှစ်လုပ်ခ ယူရို ၁၂ သန်း (ပေါင် ၁၀.၁၇ သန်း) ရရှိသွားမှာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ လူကာကူးကို ခိုင်ခိုင်မာမာ နေရာပေးသွားဖို့ ရှိနေသလို အပြောင်းအရွှေ့အကြီးအကဲ မာရီနာ ဂရာနော့ဗ်စကားယာကတော့ “ရိုမီလူဟာ ဂိုးသွင်းစွမ်းရည်အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်လို ဒီလိုမျိုး အင်အားတစ်ရပ်ကို ချန်ပီယံလိဂ်ဘုရင် လူစာရင်းထဲကို ပေါင်းထည့်နိုင်ခဲ့တာ ဂုဏ်ယူမိတယ်လို့ ဆိုခဲ့ပြီး အောင်မြင်မှုတွေအတွက် သူဟာ ကြီးမားတဲ့ အခန်းကဏ္ဍက ပါဝင်မှာဖြစ်ပြီး အိမ်ပြန်ရောက်လာတာကို ကြိုဆိုပါတယ်”လို့ ဘယ်လ်ဂျီယမ်သားနဲ့ အသင်းရဲ့ တရားဝင်ကြေငြာပွဲမှာ ပြောကြားလိုက်ပါတယ်။

လူကာကူးကတော့ “အကောင်းဆုံးအသင်းမှာ ပြန်လည်ကစားရလို့ ဂုဏ်ယူမိသလို ချဲလ်ဆီးနဲ့ကြားက ဆက်ဆံရေးကောင်းဟာ အများကြီး အဓိပ္ပါယ်ရှိသလို ကလေးကတည်းက အားပေးခဲ့ရတဲ့ အသင်းကို ခရီးရှည်ကြီးနှင်အပြီး ပြန်ပူးပေါင်းနိုင်ခဲ့ချိန်မှာ ဆုဖလားတွေကို ရယူပေးသွားမှာပါ။ ဒီအသင်းကို ခွဲခွာအပြီးမှာ အနိမ့်အမြင့် အတက်အကျတွေအများကြီးနဲ့ ရင်ဆိုင်အပြီးမှာတော့ ဆုဖလားတွေကို ထပ်မံရယူပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ”လို့ ပြောကြားသွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ လာမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် စနေနေ့မှာ လန်ဒန်ပြိုင်ဘက် ခရစ္စတယ်လ်ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲအမီ လူကာကူးကို အသုံးပြုလာမလားတော့ စောင့်ကြည့်ရမှာဖြစ်ပြီး တမ်မီ အေဘရာဟမ်ကို ရောင်းချနိုင်ဖို့ အပြီးမသတ်သေးခင်မှာ ကျောနံပါတ် ၉ ကတော့ မလစ်လပ်သေးတာမို့ အသင်းဘက်က ဘယ်လိုစီစဉ်လာမလဲဆိုတာတေ့ စိတ်ဝင်စားစရာကျန်ရှိနေသေးကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ အင္တာမီလန္တိုက္စစ္မႉး ႐ိုမီလူ လူကာကူးကို အသင္းနဲ႔ ဒုတိယအႀကိမ္ ပူးေပါင္းမႈအျဖစ္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၉၇.၅ သန္းနဲ႔ ေခၚယူႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း ကလပ္အသင္းရဲ႕ ဝက္ဘ္ဆိုက္နဲ႔ တြစ္တာအစရွိတဲ့ လူမႈစာမ်က္ႏွာေတြမွာ တရားဝင္ ေၾကျငာသြားခဲ့ၿပီျဖစ္ပါတယ္။

၂၀၁၄ ခုႏွစ္မွာ ခ်ဲလ္ဆီးအသင္းက ထြက္ခြာခဲ့တဲ့ ႐ိုမီလူ လူကာကူးအေနနဲ႔ ၇ ႏွစ္အၾကာမွာ ျပန္လည္ပူးေပါင္းႏိုင္ခဲ့တာျဖစ္ၿပီး အင္တာမီလန္အသင္းဆီကို အေနာက္လန္ဒန္သားေတြဆီက ႏွစ္ႀကိမ္တိုင္တိုင္ ကမ္းလွမ္းမႈအၿပီးမွာေတာ့ သူတို႔ရဲ႕ တိုက္စစ္ပိုင္းကို အားျဖည့္ဖို႔ လာေရာက္ကူညီႏိုင္ဖို႔ သေဘာတူညီမႈ ရခဲ့တာပါ။

ဥေရာပရဲ႕ တိုးတက္မႈအျမင့္ဆုံး တိုက္စစ္မႉးေတြထဲက တစ္ေယာက္ျဖစ္တဲ့ လူကာကူးအေနနဲ႔ အင္တာမီလန္အသင္းကို ၂၀၁၉ ခုႏွစ္မွာ ေျပာင္းေ႐ႊ႕သြားခဲ့ၿပီး ၿပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းက စီးရီးေအသြင္းဂိုး ၂၄ ဂိုးသြင္းယူေပးခဲ့သလို ဒီစြမ္းေဆာင္မႈေတြက နီရာဇူရီတို႔ကို ၁၁ ႏွစ္အတြင္း ပထမဆုံး စကူဒက္တိုဖလားကို ဆြတ္ခူးေစခဲ့ၿပီး ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ၁၁ ႏွစ္အတြင္း စီးရီးေအဖလား ၉ ႀကိမ္ရခဲ့တဲ့ အျမင့္ပ်ံခရီးကို ႐ိုက္ခ်ဖို႔ အကူအညီျဖစ္ခဲ့ပါတယ္။

ေငြေၾကးအက်ပ္အတည္းရင္ဆိုင္ေနရတဲ့ အင္တာမီလန္အသင္းအေနနဲ႔ လစာႏႈန္းထားကို ေလွ်ာ့ခ်ဖို႔ လိုအပ္လာလို႔ ဆုဖလားယူေပးခဲ့တဲ့ မန္ေနဂ်ာ အန္တိုနီယို ကြန္တီနဲ႔ပါ လမ္းခြဲထားခဲ့တာျဖစ္ၿပီး လူကာကူးကို မေရာင္းခ်ခ်င္ေပမယ့္လည္း အသင္းေဟာင္းက ကမ္းလွမ္းမႈကို လက္ခံခဲ့ရၿပီး ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉးအေနနဲ႔ ခ်ဲလ္ဆီးအသင္းမွာ တစ္ႏွစ္လုပ္ခ ယူ႐ို ၁၂ သန္း (ေပါင္ ၁၀.၁၇ သန္း) ရရွိသြားမွာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ လူကာကူးကို ခိုင္ခိုင္မာမာ ေနရာေပးသြားဖို႔ ရွိေနသလို အေျပာင္းအေ႐ႊ႕အႀကီးအကဲ မာရီနာ ဂရာေနာ့ဗ္စကားယာကေတာ့ “႐ိုမီလူဟာ ဂိုးသြင္းစြမ္းရည္အေကာင္းဆုံး ကစားသမားတစ္ဦးျဖစ္လို ဒီလိုမ်ိဳး အင္အားတစ္ရပ္ကို ခ်န္ပီယံလိဂ္ဘုရင္ လူစာရင္းထဲကို ေပါင္းထည့္ႏိုင္ခဲ့တာ ဂုဏ္ယူမိတယ္လို႔ ဆိုခဲ့ၿပီး ေအာင္ျမင္မႈေတြအတြက္ သူဟာ ႀကီးမားတဲ့ အခန္းက႑က ပါဝင္မွာျဖစ္ၿပီး အိမ္ျပန္ေရာက္လာတာကို ႀကိဳဆိုပါတယ္”လို႔ ဘယ္လ္ဂ်ီယမ္သားနဲ႔ အသင္းရဲ႕ တရားဝင္ေၾကျငာပြဲမွာ ေျပာၾကားလိုက္ပါတယ္။

လူကာကူးကေတာ့ “အေကာင္းဆုံးအသင္းမွာ ျပန္လည္ကစားရလို႔ ဂုဏ္ယူမိသလို ခ်ဲလ္ဆီးနဲ႔ၾကားက ဆက္ဆံေရးေကာင္းဟာ အမ်ားႀကီး အဓိပၸါယ္ရွိသလို ကေလးကတည္းက အားေပးခဲ့ရတဲ့ အသင္းကို ခရီးရွည္ႀကီးႏွင္အၿပီး ျပန္ပူးေပါင္းႏိုင္ခဲ့ခ်ိန္မွာ ဆုဖလားေတြကို ရယူေပးသြားမွာပါ။ ဒီအသင္းကို ခြဲခြာအၿပီးမွာ အနိမ့္အျမင့္ အတက္အက်ေတြအမ်ားႀကီးနဲ႔ ရင္ဆိုင္အၿပီးမွာေတာ့ ဆုဖလားေတြကို ထပ္မံရယူေပးဖို႔ အဆင္သင့္ျဖစ္ေနပါၿပီ”လို႔ ေျပာၾကားသြားခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ လာမယ့္ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္အျဖစ္ စေနေန႔မွာ လန္ဒန္ၿပိဳင္ဘက္ ခရစၥတယ္လ္ပဲေလ့စ္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ပြဲအမီ လူကာကူးကို အသုံးျပဳလာမလားေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး တမ္မီ ေအဘရာဟမ္ကို ေရာင္းခ်ႏိုင္ဖို႔ အၿပီးမသတ္ေသးခင္မွာ ေက်ာနံပါတ္ ၉ ကေတာ့ မလစ္လပ္ေသးတာမို႔ အသင္းဘက္က ဘယ္လိုစီစဥ္လာမလဲဆိုတာေတ့ စိတ္ဝင္စားစရာက်န္ရွိေနေသးေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.