Premier League Transfer News

13 Aug နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ နောက်ဆုံးသတင်းတွေအရ အသင်းရဲ့ ဦးစားပေးပစ်မှတ် မာတင် အော်ဒီဂွါဒ်ကို ဘာနေဗျူးမှာ ပွဲထွက်ခွင့် အာမခံချက်မပေးနိုင်တဲ့ ရီးရဲလ်မက်ဒရစ်ဆီကနေ တစ်ရာသီအငှားနဲ့ နောက်တစ်ကြိမ် ခေါ်ယူနိုင်ဖို့ ကြိုးစားနေပြီး အသင်းခံစစ်မှူးဟောင်း နိုက်ဂျယ်လ် ဝင်းတားဘန်းကလည်း ကွင်းလယ်ဖန်တီးရှင်နေရာကို မဖြစ်မနေ အင်အားဖြည့်သင့်ကြောင်း တိုက်တွန်းထားခဲ့။

– အာဆင်နယ်နည်းစနစ်ဒါရိုက်တာ အီဒူးဟာ ပြီးခဲ့တဲ့ နှစ်နှစ်ကတည်းက အမ်းမရိတ်မှာ နွေရာသီ အပန်းဖြေခရီးထွက်ပြီး ငွေဖြုန်းနေခဲ့တယ်လို့ ရွိုင်းကီးန်က လှောင်ပြောင်ခဲ့ပြီး ဂျေမီ ကာရေဂါကလည်း ချဲလ်ဆီးအသင်းရဲ့ အကျတွေနဲ့ အပယ်ခံတွေကိုလည်း ခေါ်ယူပြီး အမှားတွေ ဆက်တိုက်ကျူးလွန်နေတာ မဟုတ်လားလို့ မေးခွန်းထုတ်သွားခဲ့။

– ပရီးမီးယားလိဂ်က ဂိုးသမားတွေကို မခေါ်ယူနိုင်တဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ နောက်ဆုံးမှာတော့ အေးဂျင့် ဂျော်ရက်ဘ်ချီယန်ကိုပဲ အကူအညီတောင်းရဖို့ ရှိနေပြီး ရာသီသစ် စတင်ဖို့ ၁ ရက်သာ လိုတော့တဲ့အချိန်မှာ အရန်ဂိုးသမား မရှိသေးတဲ့ ခံစစ်အင်အားစုအတွက် ဘာစီလိုနာက ဘရာဇီးလ်သား နီတိုကိုပဲ အကြံကုန် ဂဠုန်ဆားချက်ပြီး ခေါ်ယူသွားရဖို့ ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေးကို သုံးပတ်လောက် ဆုံးရှုံးရဖို့ ရှိနေသလို ဘရာဇီးလ် အိုလံပစ်အသင်းရဲ့ ပြိုင်ပွဲကြို လေ့ကျင့်ခန်း အစီအစဉ်မှာ ဒူးဒဏ်ရာရရှိခဲ့ပြီး အနားယူနေရတဲ့ နောက်ခံလူ ဂါဘရီယယ်လ်ကိုလည်း တူညီတဲ့ ကာလအဖြစ် ဩဂုတ်လကုန်မှာမှ ပြန်လည်အသုံးပြုနိုင်ဖို့ရှိနေ။

– အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ ကစားသမား ၃ ဦးသာ ခေါ်ယူထားနိုင်မှုအတွက် နည်းပြ မီခယ်လ် အာတီတာက အသင်းရဲ့ လုပ်ဆောင်မှုအပေါ် ကာကွယ်ပြောကြားလိုက်ပြီး အရောင်းအဝယ် အဆင်မပြေတဲ့ သမိုင်းတစ်လျှောက် အခက်ခဲဆုံး ဈေးကွက်ကြီးထဲကို မိမိတို့အနေနဲ့ ဝင်ရောက်မိနေခဲ့သလို ဒါကို လိုက်လျောညီထွေ ပြင်ဆင်နိုင်ရလိမ့်မယ်လို့ ပြောကြားသွားခဲ့။

– အိုင်းယက်စ်အသင်းရဲ့ ပွဲပယ်ပြစ်ဒဏ်ကျခံနေရပြီး နိုဝင်ဘာလမှာ ပြန်ကစားနိုင်မယ့် ဂိုးသမား အန်ဒရီ အိုနာနာကို ခေါ်ယူဖို့ အာဆင်နယ် အသင်းအပြင် ပြင်သစ်ကလပ် လီယွန်နဲ့ အီတလီကလပ် အင်တာမီလန်အသင်းတွေက စိတ်ဝင်စားနေကြပြီး ဒီနှစ်သင်းရဲ့ ခက်ခဲနေတဲ့ ဘဏ္ဏာရေးအခြေအနေကြောင့် အသာစီးရယူနိုင်ဖို့ ဂန်းနားပရိသတ်တွေ မျှော်လင့်နေကြ။

– ခရစ္စတယ်လ်ပဲလေ့စ်ရဲ့ အမေရိကန်အသင်းပိုင်ရှင်တွေက အသုံးစရိတ် ပေါင်သန်း ၉၀ ထုတ်ပေးထားတယ်လို့ ဘီဘီစီက ဖော်ပြခဲ့အပြီးမှာ အာဆင်နယ်ပရိသတ်တွေအနေနဲ့ အသင်းကနေ သုံးမရတဲ့ ရီးစ် နယ်လ်ဆန်၊ အိန်းစလီ မိတ်လန်းနိုင်းလ်စ်နဲ့ အက်ဒီ နကီးတီးယားတို့ကို ခေါ်ယူသွားပေးပါလို့ လန်ဒန်တောင်ပိုင်းကလပ်မှာ နည်းပြနေတဲ့ ဂန်းနားကပ္ပတိန်ဟောင်း ပက်ထရစ် ဗီယာရာကို တောင်းဆိုခဲ့ကြ။

– တော့တင်ဟမ်ဟော့စပါးစ်ကွင်းလယ်လူဟောင်းနဲ့ Talk Sport ရဲ့ အစီအစဉ်တင်ဆက်သူ ဂျေမီ အိုဟာရာက အာဆင်နယ်အသင်းမှာ ပြဿနာမျိုးစုံရှိနေတဲ့အထဲမှာ နည်းပြ အာတီတာဟာ အကြီးမားဆုံး ပြဿနာဖြစ်ကြောင်းနဲ့ အက်ဖ်အေဖလားကို ယူအပြီး တစ်ရာသီထက် တစ်ရာသီ ပိုကောင်းလာရမယ့်အစား အသင်းကို ဆွဲချနေပုံဟာ ဒီရာသီ အဖွင့်မလှခဲ့ရင်တော့ ထုတ်ပယ်ခံရဖို့တောင် ဖြစ်လာလိမ့်မယ်လို့ ဝေဖန်သွား။

– အာဆင်နယ်အသင်းအနေနဲ့ Homegrown ကစားသမားတစ်ဉီးဖြစ်တဲ့ လက်စတာကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆန်ကို အလိုရှိနေခဲ့ပေမယ့် ဈေးနှုန်းကြီးမြင့်မှုကြောင့် နည်းပြ အာတီတာနဲ့ ဒါရိုက်တာ အီဒူးတို့အနေနဲ့ ပေါင် ၂၅ သန်းတန် လီယွန်ကွင်းလယ်လူ ဟူဆင်းမ် အောဝါနဲ့ပဲ တင်းတိမ်ရနိုင်ကြောင်း မေရာသတင်းဌာန ရေးသား။

– အာဆင်နယ်အသင်းရဲ့ ကစားသမားခေါ်ယူရေး ဌာနအနေနဲ့ အပြောင်းအရွှေ့ မပိတ်ခင်မှာ ကစားသမားသစ် ၃ ဦး ထပ်မံခေါ်ယူသွားဖို့ ပစ်မှတ်ထားနေဆဲဖြစ်ပြီး နည်းပြမကြိုက်တဲ့ တိုက်စစ်မှူး လာကာဇက်နဲ့ နောက်ခံလူ ကိုလာစီနက်ချ်တို့ကိုတော့ ရောမကလပ်တွေဖြစ်တဲ့ ရိုးမားနဲ့ လာဇီယိုတို့ဆီ အသီးသီးပို့ဆောင်နိုင်ဖို့ ချိတ်ဆက်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ ေနာက္ဆုံးသတင္းေတြအရ အသင္းရဲ႕ ဦးစားေပးပစ္မွတ္ မာတင္ ေအာ္ဒီဂြါဒ္ကို ဘာေနဗ်ဴးမွာ ပြဲထြက္ခြင့္ အာမခံခ်က္မေပးႏိုင္တဲ့ ရီးရဲလ္မက္ဒရစ္ဆီကေန တစ္ရာသီအငွားနဲ႔ ေနာက္တစ္ႀကိမ္ ေခၚယူႏိုင္ဖို႔ ႀကိဳးစားေနၿပီး အသင္းခံစစ္မႉးေဟာင္း ႏိုက္ဂ်ယ္လ္ ဝင္းတားဘန္းကလည္း ကြင္းလယ္ဖန္တီးရွင္ေနရာကို မျဖစ္မေန အင္အားျဖည့္သင့္ေၾကာင္း တိုက္တြန္းထားခဲ့။

– အာဆင္နယ္နည္းစနစ္ဒါ႐ိုက္တာ အီဒူးဟာ ၿပီးခဲ့တဲ့ ႏွစ္ႏွစ္ကတည္းက အမ္းမရိတ္မွာ ေႏြရာသီ အပန္းေျဖခရီးထြက္ၿပီး ေငြျဖဳန္းေနခဲ့တယ္လို႔ ႐ြိဳင္းကီးန္က ေလွာင္ေျပာင္ခဲ့ၿပီး ေဂ်မီ ကာေရဂါကလည္း ခ်ဲလ္ဆီးအသင္းရဲ႕ အက်ေတြနဲ႔ အပယ္ခံေတြကိုလည္း ေခၚယူၿပီး အမွားေတြ ဆက္တိုက္က်ဴးလြန္ေနတာ မဟုတ္လားလို႔ ေမးခြန္းထုတ္သြားခဲ့။

– ပရီးမီးယားလိဂ္က ဂိုးသမားေတြကို မေခၚယူႏိုင္တဲ့ နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ ေနာက္ဆုံးမွာေတာ့ ေအးဂ်င့္ ေဂ်ာ္ရက္ဘ္ခ်ီယန္ကိုပဲ အကူအညီေတာင္းရဖို႔ ရွိေနၿပီး ရာသီသစ္ စတင္ဖို႔ ၁ ရက္သာ လိုေတာ့တဲ့အခ်ိန္မွာ အရန္ဂိုးသမား မရွိေသးတဲ့ ခံစစ္အင္အားစုအတြက္ ဘာစီလိုနာက ဘရာဇီးလ္သား နီတိုကိုပဲ အႀကံကုန္ ဂဠဳန္ဆားခ်က္ၿပီး ေခၚယူသြားရဖို႔ ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးကို သုံးပတ္ေလာက္ ဆုံးရႈံးရဖို႔ ရွိေနသလို ဘရာဇီးလ္ အိုလံပစ္အသင္းရဲ႕ ၿပိဳင္ပြဲႀကိဳ ေလ့က်င့္ခန္း အစီအစဥ္မွာ ဒူးဒဏ္ရာရရွိခဲ့ၿပီး အနားယူေနရတဲ့ ေနာက္ခံလူ ဂါဘရီယယ္လ္ကိုလည္း တူညီတဲ့ ကာလအျဖစ္ ဩဂုတ္လကုန္မွာမွ ျပန္လည္အသုံးျပဳႏိုင္ဖို႔ရွိေန။

– အေျပာင္းအေ႐ႊ႕ ေဈးကြက္အတြင္းမွာ ကစားသမား ၃ ဦးသာ ေခၚယူထားႏိုင္မႈအတြက္ နည္းျပ မီခယ္လ္ အာတီတာက အသင္းရဲ႕ လုပ္ေဆာင္မႈအေပၚ ကာကြယ္ေျပာၾကားလိုက္ၿပီး အေရာင္းအဝယ္ အဆင္မေျပတဲ့ သမိုင္းတစ္ေလွ်ာက္ အခက္ခဲဆုံး ေဈးကြက္ႀကီးထဲကို မိမိတို႔အေနနဲ႔ ဝင္ေရာက္မိေနခဲ့သလို ဒါကို လိုက္ေလ်ာညီေထြ ျပင္ဆင္ႏိုင္ရလိမ့္မယ္လို႔ ေျပာၾကားသြားခဲ့။

– အိုင္းယက္စ္အသင္းရဲ႕ ပြဲပယ္ျပစ္ဒဏ္က်ခံေနရၿပီး ႏိုဝင္ဘာလမွာ ျပန္ကစားႏိုင္မယ့္ ဂိုးသမား အန္ဒရီ အိုနာနာကို ေခၚယူဖို႔ အာဆင္နယ္ အသင္းအျပင္ ျပင္သစ္ကလပ္ လီယြန္နဲ႔ အီတလီကလပ္ အင္တာမီလန္အသင္းေတြက စိတ္ဝင္စားေနၾကၿပီး ဒီႏွစ္သင္းရဲ႕ ခက္ခဲေနတဲ့ ဘဏၰာေရးအေျခအေနေၾကာင့္ အသာစီးရယူႏိုင္ဖို႔ ဂန္းနားပရိသတ္ေတြ ေမွ်ာ္လင့္ေနၾက။

– ခရစၥတယ္လ္ပဲေလ့စ္ရဲ႕ အေမရိကန္အသင္းပိုင္ရွင္ေတြက အသုံးစရိတ္ ေပါင္သန္း ၉၀ ထုတ္ေပးထားတယ္လို႔ ဘီဘီစီက ေဖာ္ျပခဲ့အၿပီးမွာ အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ အသင္းကေန သုံးမရတဲ့ ရီးစ္ နယ္လ္ဆန္၊ အိန္းစလီ မိတ္လန္းႏိုင္းလ္စ္နဲ႔ အက္ဒီ နကီးတီးယားတို႔ကို ေခၚယူသြားေပးပါလို႔ လန္ဒန္ေတာင္ပိုင္းကလပ္မွာ နည္းျပေနတဲ့ ဂန္းနားကပၸတိန္ေဟာင္း ပက္ထရစ္ ဗီယာရာကို ေတာင္းဆိုခဲ့ၾက။

– ေတာ့တင္ဟမ္ေဟာ့စပါးစ္ကြင္းလယ္လူေဟာင္းနဲ႔ Talk Sport ရဲ႕ အစီအစဥ္တင္ဆက္သူ ေဂ်မီ အိုဟာရာက အာဆင္နယ္အသင္းမွာ ျပႆနာမ်ိဳးစုံရွိေနတဲ့အထဲမွာ နည္းျပ အာတီတာဟာ အႀကီးမားဆုံး ျပႆနာျဖစ္ေၾကာင္းနဲ႔ အက္ဖ္ေအဖလားကို ယူအၿပီး တစ္ရာသီထက္ တစ္ရာသီ ပိုေကာင္းလာရမယ့္အစား အသင္းကို ဆြဲခ်ေနပုံဟာ ဒီရာသီ အဖြင့္မလွခဲ့ရင္ေတာ့ ထုတ္ပယ္ခံရဖို႔ေတာင္ ျဖစ္လာလိမ့္မယ္လို႔ ေဝဖန္သြား။

– အာဆင္နယ္အသင္းအေနနဲ႔ Homegrown ကစားသမားတစ္ဉီးျဖစ္တဲ့ လက္စတာကြင္းလယ္လူ ဂ်ိမ္းစ္ မက္ဒီဆန္ကို အလိုရွိေနခဲ့ေပမယ့္ ေဈးႏႈန္းႀကီးျမင့္မႈေၾကာင့္ နည္းျပ အာတီတာနဲ႔ ဒါ႐ိုက္တာ အီဒူးတို႔အေနနဲ႔ ေပါင္ ၂၅ သန္းတန္ လီယြန္ကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါနဲ႔ပဲ တင္းတိမ္ရႏိုင္ေၾကာင္း ေမရာသတင္းဌာန ေရးသား။

– အာဆင္နယ္အသင္းရဲ႕ ကစားသမားေခၚယူေရး ဌာနအေနနဲ႔ အေျပာင္းအေ႐ႊ႕ မပိတ္ခင္မွာ ကစားသမားသစ္ ၃ ဦး ထပ္မံေခၚယူသြားဖို႔ ပစ္မွတ္ထားေနဆဲျဖစ္ၿပီး နည္းျပမႀကိဳက္တဲ့ တိုက္စစ္မႉး လာကာဇက္နဲ႔ ေနာက္ခံလူ ကိုလာစီနက္ခ်္တို႔ကိုေတာ့ ေရာမကလပ္ေတြျဖစ္တဲ့ ႐ိုးမားနဲ႔ လာဇီယိုတို႔ဆီ အသီးသီးပို႔ေဆာင္ႏိုင္ဖို႔ ခ်ိတ္ဆက္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.