Article Bundesliga La Liga Premier League

ဂွါဒီယိုလာနဲ့မှ ပြဿနာတက်ပြီး ကစားသမားဘဝ ထိခိုက်ခဲ့ကြ ၅ ဦး

မန်ချက်စတာစီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာဟာ အောင်မြင်မှုများစွာကြောင့် ကျော်ကြားသလို သူ့ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အဆန်းထွင်မှုတွေ၊ ခေါင်းမာမှုတွေကြောင့်လည်း ထင်ရှားပြီး ဒီထဲမှာတော့ သူ့အရင်လူတွေနဲ့တုန်းက အကောင်း၊ သူနဲ့ တွေ့မှ ပြဿနာတက်ပြီး ကစားသမားဘဝကို ထိခိုက်မိစေခဲ့သလို တစ်ဆစ်ချိုးပြောင်းလဲခဲ့ရသူတွေလည်း ရှိတဲ့အထဲက ၅ ဦးကို ဖော်ပြလိုက်ပါတယ်။

၅။ ဒန်တေ (ဘိုင်ယန်မြူးနစ်)
၂၀၁၂ နွေရာသီက နည်းပြကြီး ဂျပ် ဟိုင်းကက်စ်ရဲ့ ခေါ်ယူမှုဖြစ်ခဲ့တဲ့ ဘရာဇီးလ်နောက်ခံလူ ဒန်တေဟာ မွန်ချန်ဂလာဘက်ချ်အသင်းကနေ ပြောင်းရွှေ့လာအပြီး ဂျရုမ်း ဘိုတန်နဲ့အတူ ဘိုင်ယန်ခံစစ်မှာ အတွဲညီခဲ့ကြသူတွေဖြစ်ပေမယ့် ဂွါဒီယိုလာ ရောက်လာအပြီးမှာတော့ နှစ်နှစ်တာ လက်တွဲအောင်မြင်မှုတွေအပြီးမှာ အသင်းပွဲထွက်လူစာရင်းက ဖယ်ထုတ်ခံခဲ့ရသလို ဝုလ်ဖ်စ်ဘတ်အသင်းကို ရောင်းချခံခဲ့ရသူလည်းဖြစ်ပါတယ်။

သူတို့ကြားမှာ ဖြစ်ပွားခဲ့တဲ့ အဖုအထစ်တွေအတွက် ဒန်တေပြောတဲ့ စကားကတော့ “သူက သူ့စိတ်နဲ့ မတွေ့ဘူးဆိုရင် ခင်ဗျားကို စကားမပြောတော့ဘူးလေ။ သူ့ကို ကမ္ဘာ့နည်းစနစ်အမြင့်မားဆုံးနဲ့ အကောင်းဆုံးနည်းပြလို့တော့ ခေါ်ကြတာပါပဲ။ ဒါပေမယ့် လူသားဆန်မှုနဲ့ ဆက်ဆံရေး ပိုင်းမှာတော့ တော်တော်လေး ဆိုးရွားတဲ့ လက္ခဏာဆောင်ပါတယ်။ အဲ့ဒါ ကျွန်တော်သိခဲ့ရတဲ့ ဂွါဒီယိုလာပါပဲ”တဲ့။

၄။ ယာယာ တိုရေး (ဘာစီလိုနာ၊ မန်ချက်စတာစီးတီး)
ဘာစီလိုနာအသင်းမှာ ဖရန့် ရိုက်ကတ်လက်ထက်က အမာခံကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ ယာယာ တိုရေးဟာ နည်းပြသစ်အဖြစ် နူးကမ့်ကို ဂွါဒီယိုလာက စိုးမိုးချုပ်ကိုင်ခဲ့ချိန်မှာတော့ အလွယ်တကူ နေရာဖယ်ထုတ်ခံခဲ့ရသလို ပက်ပ်က သူကောင်းကောင်းသိတဲ့ ကစားသမား ဆာဂျီယို ဘူးစကွက်စ်ကို ကွင်းလယ်ဆီ ထည့်သွင်းခဲ့ချိန်မှာ အိုင်ဗရီကို့စ်သားရဲ့ နေရာက ခံစစ်ပိုင်းကို ရောက်သွားခဲ့သလို ၂၀၁၀ မှာ ရောင်းထုတ်ခံခဲ့ရပြီး လူမျိုးရေးခွဲခြားသူအဖြစ် စွပ်စွဲခဲ့တာကြောင့် အငြှိုးအတေးတွေက စတင်ခဲ့တာပါ။

မန်ချက်စတာစီးတီးမှာ သူတို့ ပြန်လည်ဆုံတွေ့ချိန်မှာတော့ အိုင်ဗရီကို့စ်သားနဲ့ သူတို့ကြားမှာ စကားမပြောဘူးလို့ သိရပြီး တိုရေးအနေနဲ့ အသင်းဥက္ကဋ္ဌ ခယ်လ်ဒွန်း အယ်လ်မူဘာရက်အပြင် တာဝန်ရှိသူတွေနဲ့ သူတို့နှစ်ဦးကြား ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘဲ ဂွါဒီယိုလာအနေနဲ့ “အာဖရိကသားတွေနဲ့ ပြဿနာရှိတဲ့ သူ့ကို လူမည်းကစားသမား ၅ ယောက် ကွင်းထဲ သွင်းပေးတဲ့နေ့မှာ ဂုဏ်ပြုပြီး ကိတ်မုန့်တစ်လုံး ပို့ပေးလိုက်ဦးမယ်”ဆိုတဲ့ စကားအပေါ် စိတ်ကွက်နေခဲ့တာလည်းဖြစ်နိုင်ပါတယ်။

၃။ ဇလာတန် အီဘရာဟီမိုဗစ်ချ် (ဘာစီလိုနာ)
နှုတ်ရေးကြွယ်လှတဲ့ ဆွီဒင်သားကြီးနဲ့ ဘာဘာညာညာကြားတာ မကြိုက်တဲ့ ဂွါဒီယိုလာတို့ကြားမှာ ပြဿနာတက်ခဲ့မယ်ဆိုတာကတော့ မြေကြီးလက်ခတ်မလွဲဘဲဖြစ်ပါလိမ့်မယ်။ အီဗရာဟီမိုဗစ်ချ်ကတော့ သူ့ကို ဦးစားမပေးဘဲ တောင်ပံမှာ ကစားရတာ မကြိုက်တဲ့ မက်ဆီက အတွင်းဝင်ဖို့ တောင်းဆိုလာခဲ့ချိန်မှာ သူ့ကို အပြင်ထွက်ကစားဖို့ ညွှန်ကြားခဲ့တဲ့ စပိန်နည်းစနစ်မှူးနဲ့ ပြဿနာတက်ခဲ့ပြီး မျက်နှာလိုက်တာလားလို့ နှုတ်လှန်ထိုးခဲ့ပြီး အေစီမီလန်ကို အငှားနဲ့ ထွက်သွားခဲ့တာပါ။

“သုံးစားမရတဲ့ နည်းပြမျိုးတွေနဲ့လည်း ကျွန်တော့်ဘဝမှာ ဆုံဖူးတာပါပဲ။ သူတို့လောက် မဆိုးပေမယ့် ဂွါဒီယိုလာကတော့ ရင့်ကျက်မှု အနည်းဆုံးလို့ပဲ ပြောရမှာဖြစ်ပြီး ပြဿနာတွေကို ဘယ်လို ဖြေရှင်းရမယ်ဆိုတာကို မသိတဲ့ သူမျိုးပါ”လို့ မက်ဆီကို ဦးစားပေးပြီး သူ့ကို အနစ်နာခံခိုင်းချိန်မှာ ကွင်းထဲမှာ ဘယ်လိုကစားရမှာလဲဆိုပြီး သဘောထားကွဲလွဲခဲ့တာလည်းဖြစ်ပါတယ်။

၂။ ဆမ်မြူယယ်လ် အီတူး (ဘာစီလိုနာ)
ဘာစီလိုနာမှာ နည်းပြသစ် ဂွါဒီယိုလာ မရောက်ခင်အထိ စတားဖြစ်ခဲ့ပြီး ဖလားတွေ အကြိမ်ကြိမ်ယူပေးခဲ့တဲ့ ကင်းမရွန်းတိုက်စစ်မှူးဟာ နူးကမ့်မှာ ဆက်လက်ပြီး တစ်ရာသီထက် ပိုကစားဖို့ မတတ်နိုင်တော့ဘဲ သူ့ရဲ့ နောက်ဆုံးရာသီမှာ ဖလားသုံးလုံးရခဲ့ပေမယ့် ပီချီချီဆုမှာတော့ ဒီယေဂို ဖော်လန်ကို ရှုံးနိမ့်ခဲ့အပြီးမှာ အီဘရာဟီမိုဗစ်ချ်ကို ခေါ်ဖို့ အလိုက်ပေးခံရပြီး အင်တာမီလန်ကို ထွက်ခွာခဲ့ရသူဖြစ်ပါတယ်။

အီတူးကတော့ တစ်ရာသီသာ လက်တွဲခဲ့ရတဲ့ နည်းပြအတွက် နည်းစနစ်နဲ့ ကစားကွက်ကို ကြိုက်ပေမယ့် လူကို မကြိုက်ဘူးလို့ ပွင့်ပွင်းလင်းလင်း ဝေဖန်သွားခဲ့ပြီး ဘယ်လောက်ကောင်းတယ်ပြောပြော သူလည်း ရှုံးတတ်တာပဲ မဟုတ်လားလို့ အသေးစိတ်မပြောပေမယ့် ကလိသွားခဲ့သလို သူ့လို ဂိုးသွင်းရှင်ကို တန်ဖိုးမထားဘဲ စွန့်ပစ်ခဲ့တာအတွက် စိတ်နာနေပုံလည်း ပေါ်နေခဲ့တာပါ။

၁။ ဂျိုးဟတ် (မန်ချက်စတာစီးတီး)
တစ်ချက်တည်း ဒဲ့ပြောရမယ်ဆိုရင်တော့ ဂျိုးဟတ်ရဲ့ အစ်တီဟတ်က ၁၂ နှစ်တာ ကစားသမားဘဝကို ရပ်တန့်ပစ်ခဲ့သူဟာ ဂွါဒီယိုလာပါပဲ။ သူ့ရဲ့ နည်းစနစ်နဲ့ ကိုက်တဲ့ Sweeper Keeper မဟုတ်တဲ့ အချက်နဲ့ စီးရီးအေကလပ် တိုရီနိုကို အငှားချလိုက်ပြီး ပိုဆိုးတာက နောက်တစ်နှစ်မှာလည်း ဝက်စ်ဟမ်းကို အငှား ထပ်မံသွားကစားခဲ့ရသလို နောက်ဆုံးမှာတော့ အင်္ဂလန်လက်ရွေးစင်အသင်းကပါ နေရာပျောက်ဆုံးခဲ့ရသလို ၂၀၁၈ ခုနှစ် နွေမှာတော့ ဘန်လေဆီ လွင့်ပါးခဲ့ရပြီး ဘဝပျက်ခဲ့ရတာပါ။

“ကျွန်တော့်အနေနဲ့ ကစားသမားဘဝ ကုန်ဆုံးတဲ့အထိ မန်ချက်စတာစီးတီးအသင်းမှာ ကစားချင်ခဲ့တာပါ။ ဒါပေမယ့် သူနဲ့ စကားပြောအပြီးမှာ ဘယ်လိုပဲ ဘယ်နှစ်ခါပြန်တွေးတွေး ကျွန်တော့်အတွက် နေရာမရှိဘူးလို့ သိလိုက်ရတယ်။ သူ ကျွန်တော့်ကို ဘာကြောင့် ရှင်းထုတ်ခဲ့လဲဆိုတာကတော့ နားမလည်နိုင်ပါဘူး… ဂရုလည်း စိုက်မနေချင်တော့ပါဘူး”ဆိုတာက ဒီ ၅ ဦးစာရင်းထဲမှာ အဆိုးရွားဆုံး ထိခိုက်ခဲ့ရတဲ့ ဂျိုးဟတ်ရဲ့ စကားပဲဖြစ်ပြီး ဂွါဒီယိုလာရဲ့ ရက်စက်မှုကိုပါ မြင်သာစေခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးနည္းျပ ပက္ပ္ ဂြါဒီယိုလာဟာ ေအာင္ျမင္မႈမ်ားစြာေၾကာင့္ ေက်ာ္ၾကားသလို သူ႔ရဲ႕ နည္းစနစ္ပိုင္းဆိုင္ရာ အဆန္းထြင္မႈေတြ၊ ေခါင္းမာမႈေတြေၾကာင့္လည္း ထင္ရွားၿပီး ဒီထဲမွာေတာ့ သူ႔အရင္လူေတြနဲ႔တုန္းက အေကာင္း၊ သူနဲ႔ ေတြ႕မွ ျပႆနာတက္ၿပီး ကစားသမားဘဝကို ထိခိုက္မိေစခဲ့သလို တစ္ဆစ္ခ်ိဳးေျပာင္းလဲခဲ့ရသူေတြလည္း ရွိတဲ့အထဲက ၅ ဦးကို ေဖာ္ျပလိုက္ပါတယ္။

၅။ ဒန္ေတ (ဘိုင္ယန္ျမဴးနစ္)
၂၀၁၂ ေႏြရာသီက နည္းျပႀကီး ဂ်ပ္ ဟိုင္းကက္စ္ရဲ႕ ေခၚယူမႈျဖစ္ခဲ့တဲ့ ဘရာဇီးလ္ေနာက္ခံလူ ဒန္ေတဟာ မြန္ခ်န္ဂလာဘက္ခ်္အသင္းကေန ေျပာင္းေ႐ႊ႕လာအၿပီး ဂ်႐ုမ္း ဘိုတန္နဲ႔အတူ ဘိုင္ယန္ခံစစ္မွာ အတြဲညီခဲ့ၾကသူေတြျဖစ္ေပမယ့္ ဂြါဒီယိုလာ ေရာက္လာအၿပီးမွာေတာ့ ႏွစ္ႏွစ္တာ လက္တြဲေအာင္ျမင္မႈေတြအၿပီးမွာ အသင္းပြဲထြက္လူစာရင္းက ဖယ္ထုတ္ခံခဲ့ရသလို ဝုလ္ဖ္စ္ဘတ္အသင္းကို ေရာင္းခ်ခံခဲ့ရသူလည္းျဖစ္ပါတယ္။

သူတို႔ၾကားမွာ ျဖစ္ပြားခဲ့တဲ့ အဖုအထစ္ေတြအတြက္ ဒန္ေတေျပာတဲ့ စကားကေတာ့ “သူက သူ႔စိတ္နဲ႔ မေတြ႕ဘူးဆိုရင္ ခင္ဗ်ားကို စကားမေျပာေတာ့ဘူးေလ။ သူ႔ကို ကမာၻ႔နည္းစနစ္အျမင့္မားဆုံးနဲ႔ အေကာင္းဆုံးနည္းျပလို႔ေတာ့ ေခၚၾကတာပါပဲ။ ဒါေပမယ့္ လူသားဆန္မႈနဲ႔ ဆက္ဆံေရး ပိုင္းမွာေတာ့ ေတာ္ေတာ္ေလး ဆိုး႐ြားတဲ့ လကၡဏာေဆာင္ပါတယ္။ အဲ့ဒါ ကြၽန္ေတာ္သိခဲ့ရတဲ့ ဂြါဒီယိုလာပါပဲ”တဲ့။

၄။ ယာယာ တိုေရး (ဘာစီလိုနာ၊ မန္ခ်က္စတာစီးတီး)
ဘာစီလိုနာအသင္းမွာ ဖရန႔္ ႐ိုက္ကတ္လက္ထက္က အမာခံကစားသမားတစ္ဦးျဖစ္ခဲ့တဲ့ ယာယာ တိုေရးဟာ နည္းျပသစ္အျဖစ္ ႏူးကမ့္ကို ဂြါဒီယိုလာက စိုးမိုးခ်ဳပ္ကိုင္ခဲ့ခ်ိန္မွာေတာ့ အလြယ္တကူ ေနရာဖယ္ထုတ္ခံခဲ့ရသလို ပက္ပ္က သူေကာင္းေကာင္းသိတဲ့ ကစားသမား ဆာဂ်ီယို ဘူးစကြက္စ္ကို ကြင္းလယ္ဆီ ထည့္သြင္းခဲ့ခ်ိန္မွာ အိုင္ဗရီကို႔စ္သားရဲ႕ ေနရာက ခံစစ္ပိုင္းကို ေရာက္သြားခဲ့သလို ၂၀၁၀ မွာ ေရာင္းထုတ္ခံခဲ့ရၿပီး လူမ်ိဳးေရးခြဲျခားသူအျဖစ္ စြပ္စြဲခဲ့တာေၾကာင့္ အျငႇိဳးအေတးေတြက စတင္ခဲ့တာပါ။

မန္ခ်က္စတာစီးတီးမွာ သူတို႔ ျပန္လည္ဆုံေတြ႕ခ်ိန္မွာေတာ့ အိုင္ဗရီကို႔စ္သားနဲ႔ သူတို႔ၾကားမွာ စကားမေျပာဘူးလို႔ သိရၿပီး တိုေရးအေနနဲ႔ အသင္းဥကၠ႒ ခယ္လ္ဒြန္း အယ္လ္မူဘာရက္အျပင္ တာဝန္ရွိသူေတြနဲ႔ သူတို႔ႏွစ္ဦးၾကား ဆက္ဆံေရးကို ျပန္လည္တည္ေဆာက္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း မေအာင္ျမင္ခဲ့ဘဲ ဂြါဒီယိုလာအေနနဲ႔ “အာဖရိကသားေတြနဲ႔ ျပႆနာရွိတဲ့ သူ႔ကို လူမည္းကစားသမား ၅ ေယာက္ ကြင္းထဲ သြင္းေပးတဲ့ေန႔မွာ ဂုဏ္ျပဳၿပီး ကိတ္မုန႔္တစ္လုံး ပို႔ေပးလိုက္ဦးမယ္”ဆိုတဲ့ စကားအေပၚ စိတ္ကြက္ေနခဲ့တာလည္းျဖစ္ႏိုင္ပါတယ္။

၃။ ဇလာတန္ အီဘရာဟီမိုဗစ္ခ်္ (ဘာစီလိုနာ)
ႏႈတ္ေရးႂကြယ္လွတဲ့ ဆြီဒင္သားႀကီးနဲ႔ ဘာဘာညာညာၾကားတာ မႀကိဳက္တဲ့ ဂြါဒီယိုလာတို႔ၾကားမွာ ျပႆနာတက္ခဲ့မယ္ဆိုတာကေတာ့ ေျမႀကီးလက္ခတ္မလြဲဘဲျဖစ္ပါလိမ့္မယ္။ အီဗရာဟီမိုဗစ္ခ်္ကေတာ့ သူ႔ကို ဦးစားမေပးဘဲ ေတာင္ပံမွာ ကစားရတာ မႀကိဳက္တဲ့ မက္ဆီက အတြင္းဝင္ဖို႔ ေတာင္းဆိုလာခဲ့ခ်ိန္မွာ သူ႔ကို အျပင္ထြက္ကစားဖို႔ ၫႊန္ၾကားခဲ့တဲ့ စပိန္နည္းစနစ္မႉးနဲ႔ ျပႆနာတက္ခဲ့ၿပီး မ်က္ႏွာလိုက္တာလားလို႔ ႏႈတ္လွန္ထိုးခဲ့ၿပီး ေအစီမီလန္ကို အငွားနဲ႔ ထြက္သြားခဲ့တာပါ။

“သုံးစားမရတဲ့ နည္းျပမ်ိဳးေတြနဲ႔လည္း ကြၽန္ေတာ့္ဘဝမွာ ဆုံဖူးတာပါပဲ။ သူတို႔ေလာက္ မဆိုးေပမယ့္ ဂြါဒီယိုလာကေတာ့ ရင့္က်က္မႈ အနည္းဆုံးလို႔ပဲ ေျပာရမွာျဖစ္ၿပီး ျပႆနာေတြကို ဘယ္လို ေျဖရွင္းရမယ္ဆိုတာကို မသိတဲ့ သူမ်ိဳးပါ”လို႔ မက္ဆီကို ဦးစားေပးၿပီး သူ႔ကို အနစ္နာခံခိုင္းခ်ိန္မွာ ကြင္းထဲမွာ ဘယ္လိုကစားရမွာလဲဆိုၿပီး သေဘာထားကြဲလြဲခဲ့တာလည္းျဖစ္ပါတယ္။

၂။ ဆမ္ျမဴယယ္လ္ အီတူး (ဘာစီလိုနာ)
ဘာစီလိုနာမွာ နည္းျပသစ္ ဂြါဒီယိုလာ မေရာက္ခင္အထိ စတားျဖစ္ခဲ့ၿပီး ဖလားေတြ အႀကိမ္ႀကိမ္ယူေပးခဲ့တဲ့ ကင္းမ႐ြန္းတိုက္စစ္မႉးဟာ ႏူးကမ့္မွာ ဆက္လက္ၿပီး တစ္ရာသီထက္ ပိုကစားဖို႔ မတတ္ႏိုင္ေတာ့ဘဲ သူ႔ရဲ႕ ေနာက္ဆုံးရာသီမွာ ဖလားသုံးလုံးရခဲ့ေပမယ့္ ပီခ်ီခ်ီဆုမွာေတာ့ ဒီေယဂို ေဖာ္လန္ကို ရႈံးနိမ့္ခဲ့အၿပီးမွာ အီဘရာဟီမိုဗစ္ခ်္ကို ေခၚဖို႔ အလိုက္ေပးခံရၿပီး အင္တာမီလန္ကို ထြက္ခြာခဲ့ရသူျဖစ္ပါတယ္။

အီတူးကေတာ့ တစ္ရာသီသာ လက္တြဲခဲ့ရတဲ့ နည္းျပအတြက္ နည္းစနစ္နဲ႔ ကစားကြက္ကို ႀကိဳက္ေပမယ့္ လူကို မႀကိဳက္ဘူးလို႔ ပြင့္ပြင္းလင္းလင္း ေဝဖန္သြားခဲ့ၿပီး ဘယ္ေလာက္ေကာင္းတယ္ေျပာေျပာ သူလည္း ရႈံးတတ္တာပဲ မဟုတ္လားလို႔ အေသးစိတ္မေျပာေပမယ့္ ကလိသြားခဲ့သလို သူ႔လို ဂိုးသြင္းရွင္ကို တန္ဖိုးမထားဘဲ စြန႔္ပစ္ခဲ့တာအတြက္ စိတ္နာေနပုံလည္း ေပၚေနခဲ့တာပါ။

၁။ ဂ်ိဳးဟတ္ (မန္ခ်က္စတာစီးတီး)
တစ္ခ်က္တည္း ဒဲ့ေျပာရမယ္ဆိုရင္ေတာ့ ဂ်ိဳးဟတ္ရဲ႕ အစ္တီဟတ္က ၁၂ ႏွစ္တာ ကစားသမားဘဝကို ရပ္တန႔္ပစ္ခဲ့သူဟာ ဂြါဒီယိုလာပါပဲ။ သူ႔ရဲ႕ နည္းစနစ္နဲ႔ ကိုက္တဲ့ Sweeper Keeper မဟုတ္တဲ့ အခ်က္နဲ႔ စီးရီးေအကလပ္ တိုရီႏိုကို အငွားခ်လိုက္ၿပီး ပိုဆိုးတာက ေနာက္တစ္ႏွစ္မွာလည္း ဝက္စ္ဟမ္းကို အငွား ထပ္မံသြားကစားခဲ့ရသလို ေနာက္ဆုံးမွာေတာ့ အဂၤလန္လက္ေ႐ြးစင္အသင္းကပါ ေနရာေပ်ာက္ဆုံးခဲ့ရသလို ၂၀၁၈ ခုႏွစ္ ေႏြမွာေတာ့ ဘန္ေလဆီ လြင့္ပါးခဲ့ရၿပီး ဘဝပ်က္ခဲ့ရတာပါ။

“ကြၽန္ေတာ့္အေနနဲ႔ ကစားသမားဘဝ ကုန္ဆုံးတဲ့အထိ မန္ခ်က္စတာစီးတီးအသင္းမွာ ကစားခ်င္ခဲ့တာပါ။ ဒါေပမယ့္ သူနဲ႔ စကားေျပာအၿပီးမွာ ဘယ္လိုပဲ ဘယ္ႏွစ္ခါျပန္ေတြးေတြး ကြၽန္ေတာ့္အတြက္ ေနရာမရွိဘူးလို႔ သိလိုက္ရတယ္။ သူ ကြၽန္ေတာ့္ကို ဘာေၾကာင့္ ရွင္းထုတ္ခဲ့လဲဆိုတာကေတာ့ နားမလည္ႏိုင္ပါဘူး… ဂ႐ုလည္း စိုက္မေနခ်င္ေတာ့ပါဘူး”ဆိုတာက ဒီ ၅ ဦးစာရင္းထဲမွာ အဆိုး႐ြားဆုံး ထိခိုက္ခဲ့ရတဲ့ ဂ်ိဳးဟတ္ရဲ႕ စကားပဲျဖစ္ၿပီး ဂြါဒီယိုလာရဲ႕ ရက္စက္မႈကိုပါ ျမင္သာေစခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.