Premier League

လာမယ့္ရာသီမွာ ေငြသုံးၾကမ္းမယ့္ ပရီးမီးယားလိဂ္ငါးသင္းထဲ နယူးကာဆယ္လ္ ပါဝင္လာမည္

ေဆာ္ဒီအိမ္ေရွ႕မင္းသား မိုဟာမက္ ဘင္ဆယ္လ္မန္း ဦးေဆာင္တဲ့ ေဆာ္ဒီလုပ္ငန္းစုရဲ႕ ေပါင္သန္း ၃၀၀ တန္ လႊဲေျပာင္းမွဳ ၿပီးတာနဲ႔ လာမယ့္ ရာသီမွာ ေငြသုံးၾကမ္းမယ့္ ပရီးမီးယားလိဂ္ ၅ သင္းထဲမွာ နယူးကာဆယ္လ္ယူႏိုက္တက္လည္း ပါဝင္လာဖို႔ ရွိေနေၾကာင္း သည္ဆန္းသတင္းဌာနက ေဖာ္ျပလုိက္ပါတယ္။

ၿဗိတိန္ႏုိင္ငံရဲ႕ ဥပေဒေၾကာင္းအရ တရားဝင္မွတ္ပုံတင္ဖို႔ေတြ လိုအပ္ေနေသးတဲ့ နယူးကာဆယ္လ္အသင္းကို လႊဲေျပာင္းဝယ္ယူမွဳအတြက္ အဂၤလိပ္အမ်ဳိးသမီးလုပ္ငန္းရွင္ အမန္ဒါ စေတ့ဗ္လီက ဦးေဆာင္ေနၿပီး လာမယ့္ရာသီမွာ အသင္းကို ႀကီးႀကီးမားမား ျပဳျပင္ေျပာင္းလဲမွဳေတြနဲ႔ အသြင္သစ္ကို ျမင္ေတြ႕ရဖို႔ ရွိေနတာပါ။

သည္ဆန္း လာမယ့္ရာသီမွာ ပရီးမီးယားလိဂ္ရဲ႕ ေငြသုံးမယ့္အသင္းေတြဟာ မန္ခ်က္စတာၿမဳိ႕ခံႏွစ္သင္း၊ ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္တုိ႔ျဖစ္ၾကၿပီး သူတုိ႔နဲ႔အတူ နယူးကာဆယ္လ္ပါ ပါဝင္လာေတာ့မယ္လို႔ ဆုိခဲ့တာျဖစ္သလို လက္ရွိမွာလည္း နာပုိလီရဲ႕ ကူလီေဘလီလို ကစားသမားေကာင္းတခ်ဳိ႕ကို ခ်ိတ္ဆက္ေနတဲ့ သတင္းေတြ ထြက္ေပၚေနခဲ့ၿပီျဖစ္ပါတယ္။

နည္းျပရာထူးအတြက္ေတာ့ လိဂ္ခ်န္ပီယံရွစ္အသင္းေတြနဲ႔ အလယ္အလတ္အသင္းေတြကိုသာ ကိုင္တြယ္ဖူးၿပီး ေလာက္ေလာက္လားလား လုပ္မျပႏိုင္ဖူးတဲ့ စတိဗ္ ဘ႐ုစ္ကို ဆက္ထားမယ္ဆုိတာကေတာ့ လူတုိင္းရယ္မယ့္ ဟာသလိုျဖစ္ၿပီး ေနာက္ဆုံးသတင္းေတြအရေတာ့ စပါးစ္အသင္းက ထြက္ခြာထားတဲ့ ေမာ္ရီစီယို ပိုခ်က္တီႏိုကို တစ္ႏွစ္လုပ္ခ ေပါင္ ၁၉ သန္းနဲ႔ ခန္႔အပ္သြားမယ္လုိ႔ သိရပါတယ္။

နယူးကာဆယ္လ္အသင္းကို ေဆာ္ဒီလုပ္ငန္းရွင္ေတြရဲ႕ ေက်ာေထာက္ေနာက္ခံနဲ႔ အာရပ္ကမာၻမွာလည္း အေရာင္းျမႇင့္တင္ေရးနဲ႔ ပရိသတ္ ရွာေဖြမွဳေတြ ျပဳလုပ္သြားႏုိင္သလို ကန္႔ကြက္ေနတဲ့ ကာတာအသိုင္းအဝိုင္းကိုလည္း ေဆာ္ဒီအင္အားစုေတြက ဝိုင္းဝန္းတုိက္ခိုက္ၿပီး ပရီးမီးယားလိဂ္ရဲ႕ ႐ုပ္သံထုတ္လႊင့္ခြင့္ကိုပါ ရယူသြားမယ္လို႔ ဆုိထားတာေၾကာင့္ ရာသီသစ္မွာ ငွက္က်ားေတြ ဘယ္ေလာက္အေကာင္ႀကီးလာမလဲဆုိတာကိုေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်း ဦးဆောင်တဲ့ ဆော်ဒီလုပ်ငန်းစုရဲ့ ပေါင်သန်း ၃၀၀ တန် လွှဲပြောင်းမှု ပြီးတာနဲ့ လာမယ့် ရာသီမှာ ငွေသုံးကြမ်းမယ့် ပရီးမီးယားလိဂ် ၅ သင်းထဲမှာ နယူးကာဆယ်လ်ယူနိုက်တက်လည်း ပါဝင်လာဖို့ ရှိနေကြောင်း သည်ဆန်းသတင်းဌာနက ဖော်ပြလိုက်ပါတယ်။

ဗြိတိန်နိုင်ငံရဲ့ ဥပဒေကြောင်းအရ တရားဝင်မှတ်ပုံတင်ဖို့တွေ လိုအပ်နေသေးတဲ့ နယူးကာဆယ်လ်အသင်းကို လွှဲပြောင်းဝယ်ယူမှုအတွက် အင်္ဂလိပ်အမျိုးသမီးလုပ်ငန်းရှင် အမန်ဒါ စတေ့ဗ်လီက ဦးဆောင်နေပြီး လာမယ့်ရာသီမှာ အသင်းကို ကြီးကြီးမားမား ပြုပြင်ပြောင်းလဲမှုတွေနဲ့ အသွင်သစ်ကို မြင်တွေ့ရဖို့ ရှိနေတာပါ။

သည်ဆန်း လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ရဲ့ ငွေသုံးမယ့်အသင်းတွေဟာ မန်ချက်စတာမြို့ခံနှစ်သင်း၊ ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ဖြစ်ကြပြီး သူတို့နဲ့အတူ နယူးကာဆယ်လ်ပါ ပါဝင်လာတော့မယ်လို့ ဆိုခဲ့တာဖြစ်သလို လက်ရှိမှာလည်း နာပိုလီရဲ့ ကူလီဘေလီလို ကစားသမားကောင်းတချို့ကို ချိတ်ဆက်နေတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ပြီဖြစ်ပါတယ်။

နည်းပြရာထူးအတွက်တော့ လိဂ်ချန်ပီယံရှစ်အသင်းတွေနဲ့ အလယ်အလတ်အသင်းတွေကိုသာ ကိုင်တွယ်ဖူးပြီး လောက်လောက်လားလား လုပ်မပြနိုင်ဖူးတဲ့ စတိဗ် ဘရုစ်ကို ဆက်ထားမယ်ဆိုတာကတော့ လူတိုင်းရယ်မယ့် ဟာသလိုဖြစ်ပြီး နောက်ဆုံးသတင်းတွေအရတော့ စပါးစ်အသင်းက ထွက်ခွာထားတဲ့ မော်ရီစီယို ပိုချက်တီနိုကို တစ်နှစ်လုပ်ခ ပေါင် ၁၉ သန်းနဲ့ ခန့်အပ်သွားမယ်လို့ သိရပါတယ်။

နယူးကာဆယ်လ်အသင်းကို ဆော်ဒီလုပ်ငန်းရှင်တွေရဲ့ ကျောထောက်နောက်ခံနဲ့ အာရပ်ကမ္ဘာမှာလည်း အရောင်းမြှင့်တင်ရေးနဲ့ ပရိသတ် ရှာဖွေမှုတွေ ပြုလုပ်သွားနိုင်သလို ကန့်ကွက်နေတဲ့ ကာတာအသိုင်းအဝိုင်းကိုလည်း ဆော်ဒီအင်အားစုတွေက ဝိုင်းဝန်းတိုက်ခိုက်ပြီး ပရီးမီးယားလိဂ်ရဲ့ ရုပ်သံထုတ်လွှင့်ခွင့်ကိုပါ ရယူသွားမယ်လို့ ဆိုထားတာကြောင့် ရာသီသစ်မှာ ငှက်ကျားတွေ ဘယ်လောက်အကောင်ကြီးလာမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.