Premier League

ကစားသမားေတြ အသားက်ေအာင္ ခ်စ္ၾကည္ေရးပြဲေတြ ကစားဖို႔ ပရီးမီးယားလိဂ္အသင္းေတြ စဥ္းစားေန

ပရီးမီးယားလိဂ္အသင္းေတြအေနနဲ႔ လာမယ့္ ဇြန္လထဲမွာ ေဘာလုံးပြဲေတြကို စတင္ကစားႏိုင္ဖို႔ ျပင္ဆင္မွဳေတြ ျပဳလုပ္ေနၿပီျဖစ္ၿပီး ဒီအထဲမွာ ေလ့က်င့္ခန္းအစီအစဥ္ေတြအျပင္ ကစားသမားေတြရဲ႕ ပရိသတ္မပါတဲ့ ကြင္းေတြနဲ႔ ရင္းႏွီးမွဳ ရဖို႔အတြက္ကိုလည္း ထည့္သြင္းစဥ္းစားထားခဲ့တယ္လို႔ ဆုိပါတယ္။

အားေပးသံေတြနဲ႔ သီခ်င္းဆုိသံေတြ ဆူညံတက္ၾကြေနတဲ့ ပြဲေန႔တစ္ေန႔ဟာ အားလုံးအတြက္ စိတ္လွဳပ္ရွားစရာ ေန႔တစ္ေန႔နဲ႔ အခိုက္အတန္႔လည္းျဖစ္ၿပီး အေဝးကြင္း ကစားသမားေတြအေနနဲ႔ ရင္ဆုိင္ရခက္ခဲတဲ့ အခ်ိန္ေတြလည္း ရွိတတ္သလို တြန္းအားေပးမွဳနဲ႔ တိုက္ပြဲဝင္စိတ္ ေတြကို ဖန္တီးေပးတဲ့ ပတ္ဝန္းက်င္လည္းျဖစ္ပါတယ္။

လာမယ့္ ပရီးမီးယားလိဂ္လက္က်န္ပြဲစဥ္ေတြကို ျပန္လည္ကစားရာမွာေတာ့ ကြင္းပိတ္ၿပီး ကစားမွာျဖစ္တဲ့အျပင္ ကြင္းထဲကို လိုအပ္သူေတြသာ ထည့္သြင္းမွာျဖစ္လို႔ လူဦးေရ ၅၀၀ ခန္႔သာ ကြင္းထဲရွိႏုိင္ခ်ိန္မွာ ကစားသမားေတြအေနနဲ႔ ဒါကို အသားက်ဖို႔နဲ႔ အာ႐ုံစူးစိုက္ၿပီး ကစားတတ္ေစဖို႔ လက္ရွိ အေနအထားမွာ ခ်စ္ၾကည္ေရးပြဲေတြ စမ္းသပ္ကစားဖို႔ လုပ္ေဆာင္ေနတယ္လုိ႔ ဆိုပါတယ္။

ပြဲစဥ္ေတြ ျပန္လည္စတင္ဖို႔ တစ္လေက်ာ္ လိုေသးတဲ့အခ်ိန္မွာ ပရီးမီးယားလိဂ္အသင္းအခ်င္းခ်င္း ခ်စ္ၾကည္ေရး ေျခစမ္းပြဲေတြကို မၾကာခင္မွာ စမ္းသပ္ကစားသြားဖို႔ ရွိေနၿပီး ရပ္နားေနရတဲ့ ပထမတန္းနဲ႔ ဒုတိယတန္းက အသင္းေတြနဲ႔ ေျခစြမ္းသြားတာမ်ဳိးလည္း ျဖစ္ႏိုင္တယ္လို႔ ေဒးလီးေမးလ္က ေရးသားခဲ့ပါတယ္။

ျဖစ္ႏုိင္တာကေတာ့ လီဗာပူးလ္အသင္းနဲ႔ ေဒသခ်င္းကပ္လ်က္ရွိတဲ့ ပထမတန္းက ထရန္မဲ႐ိုဗာစ္နဲ႔ ေျခစမ္းတာမ်ဳိး၊ ခ်ဲလ္ဆီးနဲ႔ ခ်န္ပီယံရွစ္က ဘရန္႔ဖို႔ဒ္တုိ႔ ေျခစမ္းတာမ်ဳိးလည္းျဖစ္ႏိုင္ၿပီး ၿပီးခဲ့တဲ့ ရာသီႀကဳိကလို အာဆင္နယ္နဲ႔ ခရစၥတယ္လ္ပဲေလ့စ္တုိ႔ရဲ႕ ကြင္းပိတ္ေျခစမ္းမွဳမ်ဳိးေတြလည္း ရွိလာႏုိင္ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်အသင်းတွေအနေနဲ့ လာမယ့် ဇွန်လထဲမှာ ဘောလုံးပွဲတွေကို စတင်ကစားနိုင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေပြီဖြစ်ပြီး ဒီအထဲမှာ လေ့ကျင့်ခန်းအစီအစဉ်တွေအပြင် ကစားသမားတွေရဲ့ ပရိသတ်မပါတဲ့ ကွင်းတွေနဲ့ ရင်းနှီးမှု ရဖို့အတွက်ကိုလည်း ထည့်သွင်းစဉ်းစားထားခဲ့တယ်လို့ ဆိုပါတယ်။

အားပေးသံတွေနဲ့ သီချင်းဆိုသံတွေ ဆူညံတက်ကြွနေတဲ့ ပွဲနေ့တစ်နေ့ဟာ အားလုံးအတွက် စိတ်လှုပ်ရှားစရာ နေ့တစ်နေ့နဲ့ အခိုက်အတန့်လည်းဖြစ်ပြီး အဝေးကွင်း ကစားသမားတွေအနေနဲ့ ရင်ဆိုင်ရခက်ခဲတဲ့ အချိန်တွေလည်း ရှိတတ်သလို တွန်းအားပေးမှုနဲ့ တိုက်ပွဲဝင်စိတ် တွေကို ဖန်တီးပေးတဲ့ ပတ်ဝန်းကျင်လည်းဖြစ်ပါတယ်။

လာမယ့် ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်တွေကို ပြန်လည်ကစားရာမှာတော့ ကွင်းပိတ်ပြီး ကစားမှာဖြစ်တဲ့အပြင် ကွင်းထဲကို လိုအပ်သူတွေသာ ထည့်သွင်းမှာဖြစ်လို့ လူဦးရေ ၅၀၀ ခန့်သာ ကွင်းထဲရှိနိုင်ချိန်မှာ ကစားသမားတွေအနေနဲ့ ဒါကို အသားကျဖို့နဲ့ အာရုံစူးစိုက်ပြီး ကစားတတ်စေဖို့ လက်ရှိ အနေအထားမှာ ချစ်ကြည်ရေးပွဲတွေ စမ်းသပ်ကစားဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ပွဲစဉ်တွေ ပြန်လည်စတင်ဖို့ တစ်လကျော် လိုသေးတဲ့အချိန်မှာ ပရီးမီးယားလိဂ်အသင်းအချင်းချင်း ချစ်ကြည်ရေး ခြေစမ်းပွဲတွေကို မကြာခင်မှာ စမ်းသပ်ကစားသွားဖို့ ရှိနေပြီး ရပ်နားနေရတဲ့ ပထမတန်းနဲ့ ဒုတိယတန်းက အသင်းတွေနဲ့ ခြေစွမ်းသွားတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဒေးလီးမေးလ်က ရေးသားခဲ့ပါတယ်။

ဖြစ်နိုင်တာကတော့ လီဗာပူးလ်အသင်းနဲ့ ဒေသချင်းကပ်လျက်ရှိတဲ့ ပထမတန်းက ထရန်မဲရိုဗာစ်နဲ့ ခြေစမ်းတာမျိုး၊ ချဲလ်ဆီးနဲ့ ချန်ပီယံရှစ်က ဘရန့်ဖို့ဒ်တို့ ခြေစမ်းတာမျိုးလည်းဖြစ်နိုင်ပြီး ပြီးခဲ့တဲ့ ရာသီကြိုကလို အာဆင်နယ်နဲ့ ခရစ္စတယ်လ်ပဲလေ့စ်တို့ရဲ့ ကွင်းပိတ်ခြေစမ်းမှုမျိုးတွေလည်း ရှိလာနိုင်ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.