Other Leagues Premier League

ကစားသမားဘဝ ခြေလှမ်းသစ်အတွက် အဆင်သင့်ပဲလို့ အသိပေးလိုက်တဲ့ ချဲလ်ဆီးပစ်မှတ် အိုနာနာ

အိုင်းယက်စ်အသင်းနဲ့အတူ နောက်ဆုံးရာသီမှာ ချန်ပီယံဆု ရယူနိုင်ဖို့ ပစ်မှတ်ထားခဲ့ပေမယ့် ဒတ်ခ်ျဘောလုံးအဖွဲ့ချုပ်ရဲ့ နယ်သာလန်နိုင်ငံအတွင်း ဘောလုံးပြိုင်ပွဲတွေအားလုံးကို ဖျက်သိမ်းမှုနဲ့အတူ မချင့်မရဲဖြစ်ခဲ့ရတဲ့ ဂိုးသမား အန်ဒရီ အိုနာနာတစ်ယောက်တော့ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖို့ အသိပေးလိုက်ပြီဖြစ်ပါတယ်။



ဘာစီလိုနာရဲ့ လာမာစီယာအကယ်ဒမီထွက် ကစားသမားကို လက်ရှိမှာတော့ လိုချင်တဲ့ ဥရောပအသင်း ၅ သင်းလောက် ရှိနေပြီး အသင်းရဲ့ ကစားသမားတွေကို ပြုစုပျိုးထောင်ပြီး ရောင်းချတတ်တဲ့ အိုင်းယက်စ်အသင်းရဲ့ မူဝါဒအရတော့ မက်သစ် ဒီလစ်ခ်ျ၊ ဖရန်ကီ ဒီဂျောင်နဲ့ ဟာကင်မ် ဇီယက်ခ်ျတို့ရဲ့ နောက်ကို လိုက်ဖို့ ရှိနေပါတယ်။

၂၀၂၂ ခုနှစ်အထိ အိုင်းယက်စ်အသင်းနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ ဂိုးသမားအနေနဲ့ လက်ရှိတန်ကြေး ပေါင် ၃၅ သန်း ရှိနေတယ်လို့ သိရပြီး သူက သူ့ရဲ့ အနာဂတ်ကို မသိသေးပေမယ့် ရည်မှန်းချက်တွေအတွက်တော့ ထွက်ခွာဖို့ ရှိတယ်လို့ ဆိုခဲ့သလို အသင်းဖော် ဇီယက်ခ်ျက ခေါ်ယူပေးဖို့ တောင်းဆိုခံထားရတဲ့ ချဲလ်ဆီးအသင်းနဲ့ ပူးပေါင်းနိုင်ဖို့တော့ အများက ခန့်မှန်းနေကြကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
SPORTS A2Z.

UNICODE: အိုင်းယက်စ်အသင်းနဲ့အတူ နောက်ဆုံးရာသီမှာ ချန်ပီယံဆု ရယူနိုင်ဖို့ ပစ်မှတ်ထားခဲ့ပေမယ့် ဒတ်ချ်ဘောလုံးအဖွဲ့ချုပ်ရဲ့ နယ်သာလန်နိုင်ငံအတွင်း ဘောလုံးပြိုင်ပွဲတွေအားလုံးကို ဖျက်သိမ်းမှုနဲ့အတူ မချင့်မရဲဖြစ်ခဲ့ရတဲ့ ဂိုးသမား အန်ဒရီ အိုနာနာတစ်ယောက်တော့ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖို့ အသိပေးလိုက်ပြီဖြစ်ပါတယ်။

ဒီနှစ် နယ်သာလန် ပထမတန်းမှာ ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တဲ့ အိုင်းယက်စ်အသင်းအတွက် Clean Sheet ၁၅ ပွဲနဲ့အတူ လက်စွမ်းပြခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် ကင်းမရွန်းဂိုးသမားက သူ့အနေနဲ့ ကစားသမားဘဝရဲ့ နောက်ထပ်ခြေလှမ်းသစ်တစ်လှမ်းကို လှမ်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ ချဲလ်ဆီးအပါအဝင် စိတ်ဝင်စားနေတဲ့ အသင်းတွေကို အသိပေးခဲ့တာပါ။

“ကျွန်တော့်ကို အထင်တော့ မလွဲစေချင်ပါဘူး။ အိုင်းယက်စ်အသင်းကို ကျွန်တော် ချစ်သလို အရမ်းလည်း ကျေးဇူးတင်မိပါတယ်။ ဒါပေမယ့် ငါးနှစ်ကြာတဲ့အချိန်မှာ ကျွန်တော့်အနေနဲ့ နောက်ထပ် လှေကားထစ်တစ်ထစ်၊ ခြေလှမ်းသစ်တစ်လှမ်းကို လှမ်းဖို့ အချိန်ကို ရောက်လာပြီလို့ ထင်မိပါတယ်”လို့ အိုနာနာက ပြောကြားလိုက်ပါတယ်။

ဘာစီလိုနာရဲ့ လာမာစီယာအကယ်ဒမီထွက် ကစားသမားကို လက်ရှိမှာတော့ လိုချင်တဲ့ ဥရောပအသင်း ၅ သင်းလောက် ရှိနေပြီး အသင်းရဲ့ ကစားသမားတွေကို ပြုစုပျိုးထောင်ပြီး ရောင်းချတတ်တဲ့ အိုင်းယက်စ်အသင်းရဲ့ မူဝါဒအရတော့ မက်သစ် ဒီလစ်ချ်၊ ဖရန်ကီ ဒီဂျောင်နဲ့ ဟာကင်မ် ဇီယက်ချ်တို့ရဲ့ နောက်ကို လိုက်ဖို့ ရှိနေပါတယ်။

၂၀၂၂ ခုနှစ်အထိ အိုင်းယက်စ်အသင်းနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ ဂိုးသမားအနေနဲ့ လက်ရှိတန်ကြေး ပေါင် ၃၅ သန်း ရှိနေတယ်လို့ သိရပြီး သူက သူ့ရဲ့ အနာဂတ်ကို မသိသေးပေမယ့် ရည်မှန်းချက်တွေအတွက်တော့ ထွက်ခွာဖို့ ရှိတယ်လို့ ဆိုခဲ့သလို အသင်းဖော် ဇီယက်ချ်က ခေါ်ယူပေးဖို့ တောင်းဆိုခံထားရတဲ့ ချဲလ်ဆီးအသင်းနဲ့ ပူးပေါင်းနိုင်ဖို့တော့ အများက ခန့်မှန်းနေကြကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.