Premier League

၃၀.၄.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ကဆုန္လဆန္း ၉ ရက္၊ ၾကာသပေတးေန႔။

၃၀.၄.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ကဆုန္လဆန္း ၉ ရက္၊ ၾကာသပေတးေန႔၊ ရက္ရာဇာ။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
ညေန ၁၅:၃၈ အထိ တိထီ ၇ လုံး။ ေက်ာ္လွ်င္ ၈ လုံး။ ၈ လုံးတြင္ အၿမိတၱယုဂ္၊ လႊသြားယုဂ္ႏွင့္ အဆိပ္ယုဂ္၊ ယုဂ္မ်ား ေရာေထြးမွဳမ်ားသည္။ ေသခ်ာစြာ ပရိကံျပဳၿပီးမွ မိမိအလိုရွိရာကို အာ႐ုံစူးစိုက္လုပ္ေဆာင္ပါ။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၂:၅၁ အထိ ဖုသွ်နကၡတ္။ ေက်ာ္လွ်င္ အႆလိႆနကၡတ္။ ည ၂၁:၀၇ အထိ သူလယုဂ္၊ နာက်င္ခံစားရျခင္း၊ ျငင္းခုံရျခင္း၊ ေဆြးေႏြးမွဳမ်ား၊ သေဘာတူညီမွဳမ်ား ျပဳလုပ္ျခင္းမ်ဳိး ေရွာင္ၾကဥ္ပါ။ ေက်ာ္လွ်င္ ဂ႑ယုဂ္၊ အႏၲရာယ္၊ အတားအဆီး၊ အဖ်က္ႏွင့္ ႀကဳံမည္။ မိမိ၏ မေကာင္းေသာ ဝါသနာမ်ား၊ စြဲလမ္းမွဳမ်ားေၾကာင့္ အလုပ္ ထိခိုက္တတ္၍ ဆႏၵကို သိကၡာျဖင့္ ထိန္းပါ။

တစ္ေန႔တာ က႐ိုဏ္း။
ညေန ၁၅:၃၈ အထိ ဝါဏိဇၨက႐ိုဏ္း၊ စီးပြားေရးႏွင့္ ဆက္သြယ္ဆက္ဆံေရးအလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း၊ ခ်မ္းသာျပည့္စုံရန္ စီစဥ္ႏိုင္။ နံနက္ ၃:၀၇ အထိ ဝိႆတိက႐ိုဏ္း၊ မိမိကိုယ္ကို ယုံၾကည္မွဳျဖင့္ ရန္မ်ားအား ေက်ာ္ျဖတ္အႏိုင္ယူႏုိင္။ ေက်ာ္လွ်င္ ဗဘက႐ိုဏ္း၊ က်က္သေရရွိ၊ လုပ္ငန္းေဆာင္တာအမ်ဳိးမ်ဳိးႏွင့္ က်န္းမာေရးကိစၥအဝဝ လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္အေရာင္။
ညေန ၁၅:၃၈ အထိ ေျမာက္ႏွင့္ အေနာက္၊ အဝါေရာင္။ ေက်ာ္လွ်င္ အေရွ႕ေျမာက္ႏွင့္ ေျမာက္၊ မိုးျပာေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၃၀.၄.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ ကြာသပတေးနေ့၊ ရက်ရာဇာ။

တစ်နေ့တာ တိထီနှင့် ယုဂ်။
ညနေ ၁၅:၃၈ အထိ တိထီ ၇ လုံး။ ကျော်လျှင် ၈ လုံး။ ၈ လုံးတွင် အမြိတ္တယုဂ်၊ လွှသွားယုဂ်နှင့် အဆိပ်ယုဂ်၊ ယုဂ်များ ရောထွေးမှုများသည်။ သေချာစွာ ပရိကံပြုပြီးမှ မိမိအလိုရှိရာကို အာရုံစူးစိုက်လုပ်ဆောင်ပါ။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၂:၅၁ အထိ ဖုသျှနက္ခတ်။ ကျော်လျှင် အဿလိဿနက္ခတ်။ ည ၂၁:၀၇ အထိ သူလယုဂ်၊ နာကျင်ခံစားရခြင်း၊ ငြင်းခုံရခြင်း၊ ဆွေးနွေးမှုများ၊ သဘောတူညီမှုများ ပြုလုပ်ခြင်းမျိုး ရှောင်ကြဉ်ပါ။ ကျော်လျှင် ဂဏ္ဍယုဂ်၊ အန္တရာယ်၊ အတားအဆီး၊ အဖျက်နှင့် ကြုံမည်။ မိမိ၏ မကောင်းသော ဝါသနာများ၊ စွဲလမ်းမှုများကြောင့် အလုပ် ထိခိုက်တတ်၍ ဆန္ဒကို သိက္ခာဖြင့် ထိန်းပါ။

တစ်နေ့တာ ကရိုဏ်း။
ညနေ ၁၅:၃၈ အထိ ဝါဏိဇ္ဇကရိုဏ်း၊ စီးပွားရေးနှင့် ဆက်သွယ်ဆက်ဆံရေးအလုပ်များ လုပ်ဆောင်ရန်ကောင်း၊ ချမ်းသာပြည့်စုံရန် စီစဉ်နိုင်။ နံနက် ၃:၀၇ အထိ ဝိဿတိကရိုဏ်း၊ မိမိကိုယ်ကို ယုံကြည်မှုဖြင့် ရန်များအား ကျော်ဖြတ်အနိုင်ယူနိုင်။ ကျော်လျှင် ဗဘကရိုဏ်း၊ ကျက်သရေရှိ၊ လုပ်ငန်းဆောင်တာအမျိုးမျိုးနှင့် ကျန်းမာရေးကိစ္စအဝဝ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန်အရောင်။
ညနေ ၁၅:၃၈ အထိ မြောက်နှင့် အနောက်၊ အဝါရောင်။ ကျော်လျှင် အရှေ့မြောက်နှင့် မြောက်၊ မိုးပြာရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)