Premier League

မက်ဆီကြောင့် အမ်ဘာပေအတွက်ပါ ပျော်ရွှင်ရတယ်လို့ PSG ဥက္ကဋ္ဌထုတ်ဖော်သွားခဲ့

အခုရက်ပိုင်းအတွင်းမှာပဲ အာဂျင်တီးနား GOAT ကြီး လီယွန်နယ် မက်ဆီကို ကနဦး ၂ နှစ်စာချုပ်+တနှစ်ထပ်တိုးခွင့်နဲ့ အပြီးသတ်ခေါ်ယူနိုင်ခဲ့တဲ့ PSG ဥက္ကဋ္ဌက ရီးရဲလ်မက်ဒရစ်ကို အိပ်မက်မက်နေတဲ့ တိုက်စစ်မှူး ခိုင်လျန် အမ်ဘာပေရဲ့အနာဂတ်ဟာလည်း မက်ဆီကြောင့် အရာရာတည်ငြိမ်သွားခဲ့ပြီလို့ ထုတ်ဖော်သွားခဲ့ပါတယ်။

PSG အသင်းအနေနဲ့ သမိုင်းဝင်အပြောင်းအရွှေ့ကြီးတခုကို ဖော်ဆောင်နိုင်ခဲ့ချိန်မှာ မက်ဆီအတွက် သတင်းစာရှင်းလင်းပွဲကျင်းပခဲ့တာဖြစ်ပြီး မိမိတို့ဟာ အခုလုပ်ငန်းစဥ်မှာ FFP ငွေကြေးစည်းမျဥ်းအတိုင်း လိုက်နာခဲ့သလို ဥပဒေကို ချိုးဖောက်ခဲ့ခြင်းမရှိကြောင်း လူသိရှင်ကြား ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် တနှစ်သာကျန်ရှိတော့တဲ့ အမ်ဘာပေရဲ့ စာချုပ်သစ်ကိစ္စအတွက်လည်း အာမခံချက်ပေးသွားခဲ့သလို FFP စည်းမျဥ်းနဲ့ မငြိဖို့အတွက်ဆိုရင် မက်ဆီအနေနဲ့ လစာထပ်တိုးမတောင်းဖို့ကိုပါ အသနားခံမျှော်လင့်မိကြောင်း PSG ဥက္ကဋ္ဌ နက်ဆာ အယ်လ်-ခယ်လိုင်ဖီက အဆိုပါသတင်းစာရှင်းလင်းပွဲမှာ နောက်ပြောင်ကျီစယ်သွားခဲ့ပါသေးတယ်။

” ကျွန်တော်တို့ FFP စည်းမျဥ်းကို အမြဲ​လေးစားပါတယ်။ ဘဏ္ဍာရေးပညာရှင်တွေနဲ့ သေချာဆွေးနွေးတိုင်ပင်ပြီးမှ မက်ဆီကို စာချုပ်ချုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့် မီဒီယာအနေနဲ့ သတင်းဆိုးတွေ ရေးသားမနေဘဲ မက်ဆီရောက်ရှိလာလို့ ပျော်ရွှင်ကြရအောင်ပါ။ အဲ… တခုတော့ရှိတာပေါ့လေ။ မက်ဆီက လစာတိုးမတောင်းဖို့တော့ ဆုတောင်းပါတယ်”

” အမ်ဘာပေက ဆုဖလားတွေကို စိန်ခေါ်နိုင်မယ့်အသင်းမျိုးလိုချင်တယ်လို့ ပြောပါတယ်။ မက်ဆီရောက်ရှိလာလို့ ဒီကိစ္စက ရှင်းလင်းသွားပါပြီ။ အခုထက်ပိုပြီး စိန်ခေါ်နိုင်မယ့်အသင်းမျိုး ရှိဦးမလား? ဒါကြောင့် သူ့အနေနဲ့ အကြောင်းပြချက်မရှိ အသင်းမှာ ဆက်နေသွားတော့မှာပါ” လို့ ခယ်လိုင်ဖီက ပြောကြားသွားခဲ့ပါတယ်။

PSG ကစားသမားသစ် မက်ဆီကလည်း နေမာ၊ အမ်ဘာပေတို့နဲ့ တွဲကစားရတော့မှာဖြစ်လို့ အတိုင်းမသိပျော်ရွှင်မိကြောင်း၊ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေနဲ့ အတူကစားရမှာမို့ မယုံကြည်စရာကောင်းတဲ့ အသင်းတခုကို တည်ဆောက်သွားနိုင်တော့မှာဖြစ်ကြောင်း၊ လေ့ကျင့်ရေးဆင်းဖို့ မစောင့်နိုင်တော့လောက်ဖြစ်မိကြောင်း သူ့ရဲ့အတွေ့အကြုံသစ်ကို ဖွင့်ဟသွားခဲ့ပါသေးတယ်။

PSG အသင်းဟာ မက်ဆီအပြင် ဂိုးသမား ဒွန်နရမ်မာ၊ ညာနောက်ခံလူ ဟာကီမီး၊ ကွင်းလယ်လူ ဗိုင်နယ်လ်ဒမ်၊ ဗဟိုခံစစ်မှူး ဆာဂျီယို ရာမို့စ်တို့လို ကမ္ဘာ့ထိပ်သီးတွေကို ဒီနွေမှာ အားဖြည့်ထားပြီးဖြစ်တာကြောင့် ကမ္ဘာ့အတောင့်တင်းဆုံးလူစာရင်းကို ပိုင်ဆိုင်ခွင့်ရထားပြီဖြစ်သလို မက်ဆီပြင်းပြနေတဲ့ ဆန္ဒအတိုင်း ဥရောပချန်ပီယံလိဂ်ဖလားကို အပိုင်သိမ်းဖို့ကိုလည်း အထူးမျှော်လင့်ခံထားရပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အခုရက္ပိုင္းအတြင္းမွာပဲ အာဂ်င္တီးနား GOAT ႀကီး လီယြန္နယ္ မက္ဆီကို ကနဦး ၂ ႏွစ္စာခ်ဳပ္+တႏွစ္ထပ္တိုးခြင့္နဲ႔ အၿပီးသတ္ေခၚယူႏိုင္ခဲ့တဲ့ PSG ဥကၠ႒က ရီးရဲလ္မက္ဒရစ္ကို အိပ္မက္မက္ေနတဲ့ တိုက္စစ္မႉး ခိုင္လ်န္ အမ္ဘာေပရဲ႕အနာဂတ္ဟာလည္း မက္ဆီေၾကာင့္ အရာရာတည္ၿငိမ္သြားခဲ့ၿပီလို႔ ထုတ္ေဖာ္သြားခဲ့ပါတယ္။

PSG အသင္းအေနနဲ႔ သမိုင္းဝင္အေျပာင္းအေ႐ႊ႕ႀကီးတခုကို ေဖာ္ေဆာင္ႏိုင္ခဲ့ခ်ိန္မွာ မက္ဆီအတြက္ သတင္းစာရွင္းလင္းပြဲက်င္းပခဲ့တာျဖစ္ၿပီး မိမိတို႔ဟာ အခုလုပ္ငန္းစဥ္မွာ FFP ေငြေၾကးစည္းမ်ဥ္းအတိုင္း လိုက္နာခဲ့သလို ဥပေဒကို ခ်ိဳးေဖာက္ခဲ့ျခင္းမရွိေၾကာင္း လူသိရွင္ၾကား ေျပာၾကားသြားခဲ့ပါတယ္။

ဒါ့အျပင္ တႏွစ္သာက်န္ရွိေတာ့တဲ့ အမ္ဘာေပရဲ႕ စာခ်ဳပ္သစ္ကိစၥအတြက္လည္း အာမခံခ်က္ေပးသြားခဲ့သလို FFP စည္းမ်ဥ္းနဲ႔ မၿငိဖို႔အတြက္ဆိုရင္ မက္ဆီအေနနဲ႔ လစာထပ္တိုးမေတာင္းဖို႔ကိုပါ အသနားခံေမွ်ာ္လင့္မိေၾကာင္း PSG ဥကၠ႒ နက္ဆာ အယ္လ္-ခယ္လိုင္ဖီက အဆိုပါသတင္းစာရွင္းလင္းပြဲမွာ ေနာက္ေျပာင္က်ီစယ္သြားခဲ့ပါေသးတယ္။

” ကြၽန္ေတာ္တို႔ FFP စည္းမ်ဥ္းကို အၿမဲ​ေလးစားပါတယ္။ ဘ႑ာေရးပညာရွင္ေတြနဲ႔ ေသခ်ာေဆြးေႏြးတိုင္ပင္ၿပီးမွ မက္ဆီကို စာခ်ဳပ္ခ်ဳပ္ခဲ့ၾကတာျဖစ္ပါတယ္။ ဒါေၾကာင့္ မီဒီယာအေနနဲ႔ သတင္းဆိုးေတြ ေရးသားမေနဘဲ မက္ဆီေရာက္ရွိလာလို႔ ေပ်ာ္႐ႊင္ၾကရေအာင္ပါ။ အဲ… တခုေတာ့ရွိတာေပါ့ေလ။ မက္ဆီက လစာတိုးမေတာင္းဖို႔ေတာ့ ဆုေတာင္းပါတယ္”

” အမ္ဘာေပက ဆုဖလားေတြကို စိန္ေခၚႏိုင္မယ့္အသင္းမ်ိဳးလိုခ်င္တယ္လို႔ ေျပာပါတယ္။ မက္ဆီေရာက္ရွိလာလို႔ ဒီကိစၥက ရွင္းလင္းသြားပါၿပီ။ အခုထက္ပိုၿပီး စိန္ေခၚႏိုင္မယ့္အသင္းမ်ိဳး ရွိဦးမလား? ဒါေၾကာင့္ သူ႔အေနနဲ႔ အေၾကာင္းျပခ်က္မရွိ အသင္းမွာ ဆက္ေနသြားေတာ့မွာပါ” လို႔ ခယ္လိုင္ဖီက ေျပာၾကားသြားခဲ့ပါတယ္။

PSG ကစားသမားသစ္ မက္ဆီကလည္း ေနမာ၊ အမ္ဘာေပတို႔နဲ႔ တြဲကစားရေတာ့မွာျဖစ္လို႔ အတိုင္းမသိေပ်ာ္႐ႊင္မိေၾကာင္း၊ ကမာၻ႔အေကာင္းဆုံးကစားသမားေတြနဲ႔ အတူကစားရမွာမို႔ မယုံၾကည္စရာေကာင္းတဲ့ အသင္းတခုကို တည္ေဆာက္သြားႏိုင္ေတာ့မွာျဖစ္ေၾကာင္း၊ ေလ့က်င့္ေရးဆင္းဖို႔ မေစာင့္ႏိုင္ေတာ့ေလာက္ျဖစ္မိေၾကာင္း သူ႔ရဲ႕အေတြ႕အႀကဳံသစ္ကို ဖြင့္ဟသြားခဲ့ပါေသးတယ္။

PSG အသင္းဟာ မက္ဆီအျပင္ ဂိုးသမား ဒြန္နရမ္မာ၊ ညာေနာက္ခံလူ ဟာကီမီး၊ ကြင္းလယ္လူ ဗိုင္နယ္လ္ဒမ္၊ ဗဟိုခံစစ္မႉး ဆာဂ်ီယို ရာမို႔စ္တို႔လို ကမာၻ႔ထိပ္သီးေတြကို ဒီေႏြမွာ အားျဖည့္ထားၿပီးျဖစ္တာေၾကာင့္ ကမာၻ႔အေတာင့္တင္းဆုံးလူစာရင္းကို ပိုင္ဆိုင္ခြင့္ရထားၿပီျဖစ္သလို မက္ဆီျပင္းျပေနတဲ့ ဆႏၵအတိုင္း ဥေရာပခ်န္ပီယံလိဂ္ဖလားကို အပိုင္သိမ္းဖို႔ကိုလည္း အထူးေမွ်ာ္လင့္ခံထားရၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.