Other Premier League Transfer News

12 Aug နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက် သတင်းများ

အင်တာမီလန်အသင်းက ရိုမီလူ လူကာကူးနေရာအစားထိုးပြီး ချိတ်ဆက်နေပြီး အင်္ဂလန်က သရဲနီပရိသတ်တွေကိုယ်တိုင်က အိုးထရက်ဖို့ဒ်မှာ မလိုလားတော့တဲ့ တိုက်စစ်မှူး အန်ထော်နီ မာစီယယ်လ်ဟာ ရာသီသစ်မှာ ယူနိုက်တက်နဲ့အတူ ဆုဖလားတွေကို စိန်ခေါ်ဖို့ အသင့်ဖြစ်နေပြီလို့ ကြုံးဝါးပြီး အပြောင်းအရွှေ့သတင်းတွေကို ပယ်ချသွားခဲ့။

လူ ၁၀ ဦးအထိ ရှင်းထုတ်မယ့် PSG အသင်းရဲ့ အရောင်းစာရင်းထဲ ပါဝင်လာခဲ့တဲ့ စပိန်ကွင်းလယ်လူ အန်ဒါ ဟာရဲရားဟာ အခုနွေရာသီမှာ အသင်းဟောင်းယူနိုက်တက်နဲ့ ပြန်လည်ပူးပေါင်းသွားဖွယ်ရှိနေတယ်လို့ Guardian သတင်းက ဖော်ပြလာခဲ့ပြီး သရဲနီပရိသတ်ကြိုက်ကစားသမားဟာ ကွင်းလယ်ပိုင်းကို အားဖြည့်ချင်နေတဲ့ နည်းပြဆိုးလ်ရှားအတွက် ရွေးချယ်စရာတခုဖြစ်လာ။

BILD သတင်းရဲ့ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ကိုရန်တင် တိုလစ်ဆိုကို ယူနိုက်တက်၊ အာဆင်နယ်၊ ဝက်စ်ဟမ်းတို့ ပရီးမီးယားလိဂ် ၃ သင်းအပြိုင်လိုက်နေတယ်လို့ သိရပြီး ၂၀၁၈ သြဂုတ်လကတည်းက အရွတ်ကြောဒဏ်ရာကြောင့် ရုန်းကန်နေရတဲ့ ပြင်သစ်သားကို အမြန်ရောင်းလိုနေတဲ့ ဂျာမန်ကလပ်ကြောင့် လျှော့စျေး ယူရို ၁၀ သန်းတန်ကြေးနဲ့ သက်သက်သာသာရဖွယ်ရှိနေ။

ယူနိုက်တက်ဘုတ်အဖွဲ့ဟာ ဂျက်စီ လင်ဂတ်၊ အန်ဒရေ ပါရဲရားနဲ့ ဖီးလ်ဂျူံးစ်တို့ကို အရောင်းစာရင်းတင်ထားပြီဖြစ်ပြီး ရလာတဲ့ငွေနဲ့ အပြောင်းအရွှေ့စျေးကွက်မပိတ်ခင် ကွင်းလယ်လူတဦးနဲ့ တိုက်စစ်မှူးတဦးကို အားဖြည့်သွားဖို့ ပြင်ဆင်နေချိန်မှာ အားကစားဒါရိုက်တာ ဂျွန်မာတောက်ရဲ့အစီအစဥ်အရ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး လူကာ ဂျိုဗစ်ကို ပေါင် ၃၅ သန်းနဲ့ ကမ်းလှမ်းသွားတော့မယ်လို့ သိရ။

ယူနိုက်တက်က တောက်လျှောက်ချိတ်ဆက်လာခဲ့တဲ့ ကွင်းလယ်ခံစစ်ကစားသမား ဒက်ကလန် ရိုက်စ်ဟာ ရောင်းရန်မဟုတ်လို့ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မွိုက်စ်က ပယ်ချသွားခဲ့တာကြောင့် ဒီနွေရာသီမှာ လက်လျှော့လိုက်ပြီဖြစ်ပြီး ပေါင်သန်း ၁၀၀ စျေးဖွင့်ထားတဲ့ အင်္ဂလန်သားကို နောက်နှစ်နွေမှသာ ပြန်လည်ကမ်းလှမ်းဖို့ ပြင်ဆင်ထားကြောင်းသိရ။

ရာဖေးလ် ဗာရွန်းရဲ့ ဆေးစစ်မှုအဆင့်ဟာ အောင်မြင်စွာပြီးစီးသွားခဲ့ပြီဖြစ်လို့ ယူနိုက်တက်အသင်းနဲ့ ကနဦး ၄ နှစ်+၁ နှစ်သက်တမ်းတိုးခွင့်နဲ့ စာချုပ်ချုပ်ဆိုတော့မှာဖြစ်ပြီး ယူနိုက်တက်ကစားသမားသစ်အဖြစ် နာရီပိုင်းအတွင်း တရားဝင်ကြေငြာသွားတော့မယ်လို့ အားကစားသတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အတည်ပြုသွားခဲ့ပေမယ့် ကြန့်ကြာမှုကြောင့် အိုးထရက်ဖို့ဒ်ကွင်းရှေ့က ရုပ်ပုံအသစ်မှာ မပါဝင်နိုင်ခဲ့တဲ့အတွက် ပရိသတ်တွေက မကျေမနပ်ဖြစ်နေ။

လိဒ်စ်ယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲကစားမယ့် ယူနိုက်တက်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ဂျေဒန် ဆန်ချိုပါဝင်လာမယ်လို့ The Sun သတင်းက အတည်ပြုသွားခဲ့ပြီး တိုက်စစ်ပိုင်းမှာ အင်္ဂလန်သားနဲ့အတူ မေဆန် ဂရင်းဝုဒ်၊ ဘရူနို ဖာနန်ဒက်စ်တို့က တွဲဖက်လာမှာဖြစ်သလို ရာသီအဖွင့်ကို လွဲချော်မယ့် ကာဗာနီနေရာမှာ အန်သော်နီ မာစီယယ်လ်က အထောင်တိုက်စစ်​ကို ဦးဆောင်သွားမယ်လို့ သိရ။

Betfair က ပြုလုပ်ခဲ့တဲ့ စစ်တမ်းကောက်ယူမှုအရ နည်းပြ အိုလေ ဂန်းနား ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းကို ရာသီသစ်ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် ဦးဆောင်သွားနိုင်လိမ့်မယ်လို့ ၃၈ ရာခိိုင်နှုန်းက ထောက်ခံခဲ့ကြောင်း ဖော်ပြခဲ့ပြီး ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဒီမီတာ ဘာဘာတော့ဗ်ကလည်း ချန်ပီယံဖြစ်မယ်ဆိုတဲ့အချက်ကို အားပါးတရမှတ်ချက်ပေးသွား။

အသင်းသစ်ရှာဖို့ ဗျာများနေတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာနဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားတို့ရဲ့ ဆက်ဆံရေးဟာ တင်းမာမှုတစုံတရာမရှိဘဲ နော်ဝေသားအနေနဲ့ ပေါ့ဘာကို သူ့ရဲ့အဓိကညာလက်ရုံးအဖြစ် သတ်မှတ်ထားကြောင်း သိရပြီး ၂၀၂၂ နွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ မဆုံးရှုံးရဖို့အရေး စာချုပ်သစ်အတွက် အားစိုက်စည်းရုံးနေသလို ပြင်သစ်သားရဲ့စိတ်လည်လာမှုကို စိတ်ရှည်ထားကြောင်းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အင္တာမီလန္အသင္းက ႐ိုမီလူ လူကာကူးေနရာအစားထိုးၿပီး ခ်ိတ္ဆက္ေနၿပီး အဂၤလန္က သရဲနီပရိသတ္ေတြကိုယ္တိုင္က အိုးထရက္ဖို႔ဒ္မွာ မလိုလားေတာ့တဲ့ တိုက္စစ္မႉး အန္ေထာ္နီ မာစီယယ္လ္ဟာ ရာသီသစ္မွာ ယူႏိုက္တက္နဲ႔အတူ ဆုဖလားေတြကို စိန္ေခၚဖို႔ အသင့္ျဖစ္ေနၿပီလို႔ ႀကဳံးဝါးၿပီး အေျပာင္းအေ႐ႊ႕သတင္းေတြကို ပယ္ခ်သြားခဲ့။

လူ ၁၀ ဦးအထိ ရွင္းထုတ္မယ့္ PSG အသင္းရဲ႕ အေရာင္းစာရင္းထဲ ပါဝင္လာခဲ့တဲ့ စပိန္ကြင္းလယ္လူ အန္ဒါ ဟာရဲရားဟာ အခုေႏြရာသီမွာ အသင္းေဟာင္းယူႏိုက္တက္နဲ႔ ျပန္လည္ပူးေပါင္းသြားဖြယ္ရွိေနတယ္လို႔ Guardian သတင္းက ေဖာ္ျပလာခဲ့ၿပီး သရဲနီပရိသတ္ႀကိဳက္ကစားသမားဟာ ကြင္းလယ္ပိုင္းကို အားျဖည့္ခ်င္ေနတဲ့ နည္းျပဆိုးလ္ရွားအတြက္ ေ႐ြးခ်ယ္စရာတခုျဖစ္လာ။

BILD သတင္းရဲ႕ေဖာ္ျပခ်က္အရ ဘိုင္ယန္ျမဴးနစ္ကြင္းလယ္လူ ကိုရန္တင္ တိုလစ္ဆိုကို ယူႏိုက္တက္၊ အာဆင္နယ္၊ ဝက္စ္ဟမ္းတို႔ ပရီးမီးယားလိဂ္ ၃ သင္းအၿပိဳင္လိုက္ေနတယ္လို႔ သိရၿပီး ၂၀၁၈ ၾသဂုတ္လကတည္းက အ႐ြတ္ေၾကာဒဏ္ရာေၾကာင့္ ႐ုန္းကန္ေနရတဲ့ ျပင္သစ္သားကို အျမန္ေရာင္းလိုေနတဲ့ ဂ်ာမန္ကလပ္ေၾကာင့္ ေလွ်ာ့ေစ်း ယူ႐ို ၁၀ သန္းတန္ေၾကးနဲ႔ သက္သက္သာသာရဖြယ္ရွိေန။

ယူႏိုက္တက္ဘုတ္အဖြဲ႕ဟာ ဂ်က္စီ လင္ဂတ္၊ အန္ဒေရ ပါရဲရားနဲ႔ ဖီးလ္ဂ်ဴံးစ္တို႔ကို အေရာင္းစာရင္းတင္ထားၿပီျဖစ္ၿပီး ရလာတဲ့ေငြနဲ႔ အေျပာင္းအေ႐ႊ႕ေစ်းကြက္မပိတ္ခင္ ကြင္းလယ္လူတဦးနဲ႔ တိုက္စစ္မႉးတဦးကို အားျဖည့္သြားဖို႔ ျပင္ဆင္ေနခ်ိန္မွာ အားကစားဒါ႐ိုက္တာ ဂြၽန္မာေတာက္ရဲ႕အစီအစဥ္အရ ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉး လူကာ ဂ်ိဳဗစ္ကို ေပါင္ ၃၅ သန္းနဲ႔ ကမ္းလွမ္းသြားေတာ့မယ္လို႔ သိရ။

ယူႏိုက္တက္က ေတာက္ေလွ်ာက္ခ်ိတ္ဆက္လာခဲ့တဲ့ ကြင္းလယ္ခံစစ္ကစားသမား ဒက္ကလန္ ႐ိုက္စ္ဟာ ေရာင္းရန္မဟုတ္လို႔ ဝက္စ္ဟမ္းနည္းျပ ေဒးဗစ္မြိဳက္စ္က ပယ္ခ်သြားခဲ့တာေၾကာင့္ ဒီေႏြရာသီမွာ လက္ေလွ်ာ့လိုက္ၿပီျဖစ္ၿပီး ေပါင္သန္း ၁၀၀ ေစ်းဖြင့္ထားတဲ့ အဂၤလန္သားကို ေနာက္ႏွစ္ေႏြမွသာ ျပန္လည္ကမ္းလွမ္းဖို႔ ျပင္ဆင္ထားေၾကာင္းသိရ။

ရာေဖးလ္ ဗာ႐ြန္းရဲ႕ ေဆးစစ္မႈအဆင့္ဟာ ေအာင္ျမင္စြာၿပီးစီးသြားခဲ့ၿပီျဖစ္လို႔ ယူႏိုက္တက္အသင္းနဲ႔ ကနဦး ၄ ႏွစ္+၁ ႏွစ္သက္တမ္းတိုးခြင့္နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုေတာ့မွာျဖစ္ၿပီး ယူႏိုက္တက္ကစားသမားသစ္အျဖစ္ နာရီပိုင္းအတြင္း တရားဝင္ေၾကျငာသြားေတာ့မယ္လို႔ အားကစားသတင္းေထာက္ ဖာဘရီဇီယို ႐ိုမာႏိုက အတည္ျပဳသြားခဲ့ေပမယ့္ ၾကန႔္ၾကာမႈေၾကာင့္ အိုးထရက္ဖို႔ဒ္ကြင္းေရွ႕က ႐ုပ္ပုံအသစ္မွာ မပါဝင္ႏိုင္ခဲ့တဲ့အတြက္ ပရိသတ္ေတြက မေက်မနပ္ျဖစ္ေန။

လိဒ္စ္ယူႏိုက္တက္အသင္းနဲ႔ ပရီးမီးယားလိဂ္အဖြင့္ပြဲကစားမယ့္ ယူႏိုက္တက္အသင္းရဲ႕ ပြဲထြက္လူစာရင္းမွာ ေဂ်ဒန္ ဆန္ခ်ိဳပါဝင္လာမယ္လို႔ The Sun သတင္းက အတည္ျပဳသြားခဲ့ၿပီး တိုက္စစ္ပိုင္းမွာ အဂၤလန္သားနဲ႔အတူ ေမဆန္ ဂရင္းဝုဒ္၊ ဘ႐ူႏို ဖာနန္ဒက္စ္တို႔က တြဲဖက္လာမွာျဖစ္သလို ရာသီအဖြင့္ကို လြဲေခ်ာ္မယ့္ ကာဗာနီေနရာမွာ အန္ေသာ္နီ မာစီယယ္လ္က အေထာင္တိုက္စစ္​ကို ဦးေဆာင္သြားမယ္လို႔ သိရ။

Betfair က ျပဳလုပ္ခဲ့တဲ့ စစ္တမ္းေကာက္ယူမႈအရ နည္းျပ အိုေလ ဂန္းနား ဆိုးလ္ရွားဟာ ယူႏိုက္တက္အသင္းကို ရာသီသစ္ရဲ႕ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေအာင္ ဦးေဆာင္သြားႏိုင္လိမ့္မယ္လို႔ ၃၈ ရာခိိုင္ႏႈန္းက ေထာက္ခံခဲ့ေၾကာင္း ေဖာ္ျပခဲ့ၿပီး ယူႏိုက္တက္တိုက္စစ္မႉးေဟာင္း ဒီမီတာ ဘာဘာေတာ့ဗ္ကလည္း ခ်န္ပီယံျဖစ္မယ္ဆိုတဲ့အခ်က္ကို အားပါးတရမွတ္ခ်က္ေပးသြား။

အသင္းသစ္ရွာဖို႔ ဗ်ာမ်ားေနတဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာနဲ႔ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားတို႔ရဲ႕ ဆက္ဆံေရးဟာ တင္းမာမႈတစုံတရာမရွိဘဲ ေနာ္ေဝသားအေနနဲ႔ ေပါ့ဘာကို သူ႔ရဲ႕အဓိကညာလက္႐ုံးအျဖစ္ သတ္မွတ္ထားေၾကာင္း သိရၿပီး ၂၀၂၂ ေႏြမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ မဆုံးရႈံးရဖို႔အေရး စာခ်ဳပ္သစ္အတြက္ အားစိုက္စည္း႐ုံးေနသလို ျပင္သစ္သားရဲ႕စိတ္လည္လာမႈကို စိတ္ရွည္ထားေၾကာင္းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.